နီလာပန်းတောင်း ကျောက်ပန်းတောင်း

(The Mog Nation Wiki, an archive)


နီလာပန်းတောင်း ကျောက်ပန်းတောင်း

သည်ကိုးစက္ကန့် ဗီဒီယို ကလစ်ရဲ့ နောက်ခံမှာမြင်နေရတဲ့ ပြာမှိုင်းမှိုင်းတောင်ကြောဟာ နီလာပန်းတောင်းကျောက်ပန်းတောင်းလို့ ခေါ်ကြတဲ့ မြေသားနဲ့ ကျောက်သားတောင်ကြော ဖြစ်ပါတယ်။ အလျား ရှစ်မိုင်ခန့် အနံ နှစ်မိုင်ခန့်ရှိတဲ့ သည်ကျောက်ပန်းတောင်းတောင်ကြောဟာ ပလက်ဝမြို့နယ် သမိန်မြို့ (ခမီးအခေါ် ဆမီးမြို့)အနီးမှာ တည်ရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်ကျော်လောက်က ကံရာဇာကြီးမင်းဟာ မိဘုရားစောစစ်ရဲ့ သမီးတော်နှစ်ပါးနဲ့ ပေါင်းဖက်ပြီး မြို့နန်းတည်ကာ ရခိုင်တို့ရဲ့ ဒုတိယ ဓညဝတီ မင်းဆက်ကို စတင် တည်ထောင်ခဲ့တဲ့နေရာ အဖြစ် သိရှိကြပါတယ်။

ရခိုင်တို့ရဲ့ ဒုတိယ ဓညဝတီခေတ်ကို တည်ထောင်သူ ကံရာဇာကြီးဟာ တကောင်း အဘိရာဇာရဲ့ သားကြီးဖြစ်ပြီး ကံရာဇာငယ်ရဲ့ အစ်ကို ဖြစ်ပါတယ်။

လေးကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် ပလက်ဝမြို့နယ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ စာပေဟောပြောပွဲ ဟောပြောဖို့အသွား လမ်းခရီးမှာ ဒီ ကိုးစက္ကန့် ဗီဒီယို ကလစ်ငယ်ကို ယမန်နေ့ (၀၇-၀၅-၂၀၁၇) ရက်နေ့ မွန်းလွဲမှာ မျက်တောင်နှစ်ခတ်စာမျှ ရိုက်ကူး ပြီး ကျောက်ပန်းတောင်းကို မှတ်တမ်းယူခဲ့တာ ဖြစ်ပါတယ်။

ညနေပိုင်းမှာ “မိုးလင်းရာဇာ” ဆိုတဲ့ခေါင်းစဉ် နဲ့ ရခိုင့်တော်လှန်ရေးသမိုင်းအကျဉ်းကို ကျွန်တော် ဟောပြောခဲ့ပါတယ်။

ကျော်ဇောဦး
၀၈-၀၅-၂၀၁၇



The Mog Nation Wiki

Leave a comment