(The Mog Nation Wiki, an archive)

ရက္ခိုင့်တပ်တော်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (၁၉၇၈- )
ဗိုလ်ချုပ်ထွန်းမြတ်နိုင် (Twan Mrat Naing) သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သော ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ် ဖြစ်သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ရက္ခိုင့်တပ်တော်ကို စတင်တည်ထောင်ခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဦးဆောင်ခဲ့သူဖြစ်သည်။
နောက်ခံ
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဦးရွှေမြအောင်နှင့် ဒေါ်မမြသန်းတို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်တွင် ၁၉၇၈ ခုနှစ်၌ မွေးဖွားခဲ့သည်။ ဒဿမတန်းကို စစ်တွေမြို့ အထက(၂)ကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ဥပဒေမေဂျာကို စစ်တွေတက္ကသိုလ်တွင် လေ့လာသင်ယူခဲ့သည်။ ဘွဲ့ရပြီးနောက် အချိန်ပိုင်း အင်္ဂလိပ်စာဆရာ၊ ဧည့်လမ်းညွှန် လုပ်ကိုင်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်ထောင်နိုင်ရန်အတွက် နယ်စပ်ဒေသများသို့ ဆက်သွယ်ခဲ့သည်။ ၂၀၀၉ ခုနှစ် တွင် ရက္ခိုင့်တပ်မတော် နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ကို လူ ၂၆ ဦးနှင့် စတင်တည်ထောင်ခဲ့ကြသည်။ ကိုထွန်းမြတ်နိုင်သည် ဗမာအစိုးရကို သူပုန်လုပ်ပြီး လက်နက်ကိုင်တော်လှန်ဖို့ အိပ်မက်ကြီးတစ်ခုရှိခဲ့သည်။ သူသည် ၁၉၉၈ ခုနှစ်က ဘင်္ဂါလားဒေ့ချ်နိုင်ငံမှ ရခိုင်ပြည်တပ်မတော် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ဆက်သွယ်ခဲ့သည်။ အိန္ဒိယအစိုးရက ခိုင်ရာဇာတို့ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် (ကို)ထွန်းမြတ်နိုင် ရခိုင်ကိုပြန်လာပြီး စစ်တွေ တက္ကသိုလ်မှ ဘာသာစကားများကို သင်တန်းတက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ရခိုင်လူငယ်များစုဟာ လက်နက်ကိုင် အဖွဲ့အစည်း ကို ထည်ထောင်ဖို့ ဆွေးနွေးကြခဲ့သည်။ ၂၀၀၈မှ ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်ချုပ်နှင့် ဆက်သွယ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော်ကို အောင်မြင်စွာ စတည်ထောင်ခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်က လက်နက်များ မထုတ်ပေးသေးစဉ်ကာလအတွင်း (ကို)ထွန်းမြတ်နိုင်နှင့် (ကို)ဇော်မျိုးသက် (ခေါ်) ညိုထွန်းအောင် တို့သည် ဒုက္ခမြောက်များစွာ နှင့် ကြုံခဲ့သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွန်ဖက်ဒရယ် စနစ်ကို သဘောကျသည်။
မိသားစု
ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာ ညီအစ်ကိုမောင်နှမ စုစုပေါင်း ၇ ဦး ရှိသည်။ မွေးချင်းမောင်နှမ ၇ ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးမှာ (မ)နှင်းဇာဖြူဖြစ်ပြီး ရခိုင်ပြည်နယ်လွှတ်တော် (ဒုတိယအကြိမ်) ဥက္ကဋ္ဌ ဖြစ်ခဲ့သူ၏ သမီးတော်စပ်သည်။
End Notes / External Links
- source: ထွန်းမြတ်နိုင် | ဝီကီပီးဒီးယား ၊ ၂၀၂၁ ဒီဇင်ဘာလ (၁၅) ရက်
- Twan Mrat Naing
- Last updated on 15th December 2021
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter