(The Mog Nation Wiki, an archive)
ရှေးရခိုင်တို့၏ဂုဏ်ဆောင် ပိသုကာလက်ရာတစ်ခုဖြစ်ပြီး မြောက်ဦးမြို့ သျှစ်သောင်းဘုရား၏ အနောက်ဘက်အနီး ပေ ၂၀ ခန့်မြင့်သော ကုန်းတော်ပေါ်တွင် တည်ရှိသည်။ ကျောက်ပြားခင်း၊ ကျောက်ပြားမိုး၊ သပ်စီပေါင်းခုံး စနစ်တို့ဖြင့် တည်ဆောက်ထားသည်။ တောင်မြောက် ပေ ၁၁၀၊ အရှေ့ အနောက် ၁၃၇ ပေရှိပြီး၊ ဉာဏ်တော် ပေ ၆ဝ မျှသာ မြင့်သည်။
သိမ်တော်ကြီးသည် အောက်ခံကျောင်းပေါ်၌ အလယ်စေတီကို အရန်စေတီလေးဆူက ရန်ထားပုံ ဖြစ်သည်။ စေတီများမှာ သပိတ်မှောက်ပုံပေါ်၌ ကုဗပုံဓါတုဂဗ္ဘ ဆင့်ထားဟန် ဖြစ်သည်။ ဂူဝင်လမ်း တစ်ခုတည်းသာရှိပြီး၊ လက်ျာရစ် ခရုပတ်လှိုဏ်လမ်းနှစ်ထပ် ရှိသည်။ လှိုဏ်နံရံများတွင် ဂူကျောင်းငယ် ၁၄၆ ကျောင်း ရှိကြသည်။ ဂူမျက်နှာစာ၌ ကုသိုလ်ရှင် ဇနီးမောင်နှံတို့က ပူဇော်နေကြဟန် ကျောက်ဆစ်ရုပ်ကြွ ၃၃ဝ ကျော် ပါရှိသည်။ လှိုဏ်ပတ်အဆုံးတွင် အာရုံခံအဆောင်နှင့် ဆင်းတုတော်ကြီး ကိန်းဝပ်သည်။
ပုထိုးတော်ကြီး၏ အနောက်တောင်ထောင့်တွင် ကပ်လျက် ဥပုသ်ဆောင်တော်ကို ထားရှိသည်။ မင်းဖလောင်းသည် သူ၏အုပ်ချုပ်ရေး အသားတကျ ဖြစ်လာစေရန် ရိုးရာအရ ထုတ်ကန်သည့်အနေဖြင့် ၁၅၇၁ ခုနှစ်တွင် တည်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ထုက္ကန်သိမ်ဟု တွင်သည်။ ရှေးအခါက သိမ်တော်အထဲ၌ ဓမ္မသဘင် ကျင်းပခဲ့ကြ၏။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် – အောင်လှသိန်း (၂၀၁၅)
End Notes/External Links
- ထုက္ကန်သိမ် | Arakan Wikipedia
- Last updated on 6th January 2022


The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter