(The Mog Nation Wiki, an archive)

ဦးကျော်ဇောဦးသည် ရခိုင့်ဦးဆောင်ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သည်။
ဦးကျော်ဇာဦးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ တစ်ဦးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ရွေးကောက်ခံခဲ့ရပြီးနောက် ရခိုင်အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ကာ ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်နှင့်အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။
ဦးကျော်ဇောဦးသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များကြားနာစုံစမ်းရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ကူးယူကိုးကား
- ကျော်ဇောဦး (မြန်မာဝီကီပီးဒီးယား ဆောင်းပါး) ၊ ၂၀၂၁ ဒီဇင်ဘာလ (၁၅) ရက်
End Notes / External Links
- Kyaw Zaw Oo | The Mog Nation Wiki
- Last updated on 15th December 2021
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter