(The Mog Nation Wiki, an archive)
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်၍ မေလ ၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့သည်။ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ကို ယခုလ ၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၈ ဖြင့် ရရှိခဲ့သည်။ ပါတီတွင် ဥက္ကဋ္ဌ တဦး၊ ဒု ဥက္ကဋ္ဌ ၄ ဦး (ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူ၊ ဦးအောင်ဘန်းသာ)၊ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ တွဲဘက်အတွင်းရေးမှူး ၄ ဦး (ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦသာထွန်းလှ၊ ခိုင်ပြည်စိုးတို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ပါတီရုံးချုပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားရှိကာ ရခိုင်လူမျိုး အများစုရှိသော ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိကထား ယှဉ်ပြိုင်ခဲ့သည်။

End Notes / External Links
- edited by Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Last updated on 21st December 2021