ရန္တပိုစာချုပ်

(The Mog Nation Wiki, an archive)

ရန္တပိုစာချုပ်သည် ခရစ်နှစ် ၁၈၁၅-ခုနှစ်၊ ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ် – မြန်မာစစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့၏တောင်ဘက် မိုင် (၄ဝ)ခန့်ကွာ၍ မြင်းခြံမြို့အထက် (၆)မိုင်ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်တွင်သည်။ ထိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် (ခရစ် ၁၈၂၆-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီဘော်ကံဘက်(ဆာအာခီဗေဒကင်းဗဲ)၊ အရေးပိုင်ရော်ဘစ်စံ(ရောဗတ်ဆန်)၊ တိုက်သမ္ဗာန်အုပ်ချုပ်သူ မင်းစပ်(ချတ်) တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ်ထားကြသည်။

စာချုပ်ပါ အချက်များမှာ –

  1. မြန်မာက ရခိုင်၊ တနင်္သာရီ၊ အာသံကို ဗြိတိသျှတို့ထံ ပေးရမည်။
  2. မဏိပူရ၊ ကချာနှင့် ဂျိန်းတိယ နယ်များသို့ မြန်မာတို့ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။
  3. စစ်လျော်ကြေးငွေ ၁ ကုဋေကို အရစ်ကျ ပေးဆပ်ရမည်။
  4. အင်းဝတွင် ဗြိတိသျှ ကိုယ်စားလှယ် ထားခွင့်ပြုကာ၊ ကလကတ္တားတွင် မြန်မာသံ နေခွင့်ပြုသည်။
  5. ကူးသန်း ရောင်းဝယ်ရေး အတွက် စာချုပ် သီးခြား ချုပ်ဆိုမည်။ စသည်တို့ ဖြစ်သည်။

နိုင်ငံတကာရေးရာ အဆင့်အတန်းနှင့် ယှဉ်သော် စာချုပ်ပါအချက်များသည် ပြင်းထန်လှသည်ဟု မဆိုသာပေ။ ဗြိတိသျှတို့သည် စစ်အတွင်း၌ လူပေါင်း ၁၅,၀၀၀ ဆုံးရှုံးခဲ့၍၊ စတာလင်ပေါင် (၁၃)သန်း သို့မဟုတ် ငွေသိန်းပေါင်း ၁,၃၀၀ သုံးစွဲခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာတို့အဖို့ ထိုထက်ပို၍လည်း ပေးဆပ်နိုင်ခြင်း မရှိချေ။ ဤအခြေတွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်လည်း မဖြစ်နိုင်သေးပေ။

ရခိုင်နှင့် တနင်္သာရီဒေသကို ရခြင်းဖြင့် နောက်စစ်ပွဲများ ထပ်မံ ဖြစ်ပွားလျှင် မြန်မာနိုင်ငံတွင်းသို့ တဖက်တချက်မှ အလွယ်တကူ ဝင်ရောက်နိုင်သည်ဟု ဗြိတိသျှတို့က ယူဆသည်။ ထို့ပြင် ဒေသနှစ်ခုမှ မကြာမီ အကျိုးအမြတ်များစွာ ခံစားရလိမ့်မည် ဟုလည်း ဗြိတိသျှတို့က မျှော်လင့်ကြသည်။

မြန်မာမင်းဘက်မှ ကြည့်လျှင် ဆုံးရှုံး လက်လွှတ်ရသော နယ်မြေများအတွက် မထောင်းသာလှသည်ကို တွေ့ရသည်။ ရခိုင်နှင့် တနင်္သာရီတို့ကို ပိုင်ဆိုင်ထားရခြင်းမှာ မြန်မာမင်းအဖို့ ဝန်ထုတ်ဝန်ပိုးသဖွယ် ရှိနေ၍ ထိုဒေသနှစ်ခုကို ဗြိတိသျှ လက်တွင်းသို့ အပ်လိုက်ရသော အခါ မြန်မာမင်းသည် မြန်မာနိုင်ငံ ပြည်မတွင် ပိုမို အာရုံ စူးစိုက်နိုင်၍ အကျိုးခံစားဖွယ် ရှိသည်။

နောက်ခံသမိုင်း

ခရစ် ၁၈၁၉ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ဘိုးတော်မင်းတရားခေါ် ဗဒုံမင်း နတ်ပြည်စံလွန်တော်မူရာ မြေးတော် စစ်ကိုင်းမင်းက ဆက်ခံ စိုးစံခဲ့သည်။ နောင်တွင် ဘကြီးတော်မင်းတရားဟု အမည်တွင်သော မင်း စစ်ကိုင်းမင်း နန်းတက်သောအခါ ဗဒုံမင်း၏ ဆိုးမွေ ကောင်းမွေ အားလုံးကို ဆက်ခံခဲ့ရသည်။ ဗဒုံမင်းလက်က ယိုးဒယား(ထိုင်း) နှင့် စစ်အကြိမ်ကြိမ် ဆင်နွှဲခဲ့သဖြင့် မြန်မာပြည်သူပြည်သားတို့ စိတ်ရော ကိုယ်ပါ နွမ်းနယ်လျက်ရှိကာ စီးပွားရေးလည်း ကျဆင်းခဲ့သည်။ စစ်ကိုင်းမင်းအဖို့ ဤပြဿနာကိုသာမက ဗြိတိသျှ – မြန်မာ နယ်စပ် မပြေလည်မှုများကိုလည်း ရင်ဆိုင်ရသေးသည်။

စစ်ကိုင်းမင်းနန်းတက်ချိန်တွင် ဥရောပ၌ နပိုလီယန် စစ်ပွဲပြီးသည်မှာ ၄ နှစ်မျှ ရှိလေပြီ။ ဗြိတိသျှတို့မှာ အောင်နိုင်သူများ ဖြစ်ရကား ပိုမို၍ နယ်ချဲ့မာန်တက်လာကြသည်။ ဥရောပတိုက်၌ ပြိုင်ဘက်ရှင်းလျှက် အရှေ့တစ်လွှား၌ ပြိုင်ဘက်များကို ဖယ်ရှားကာ ရသမျှနယ်တို့ကို ကိုလိုနီအဖြစ် သိမ်းယူရန် စိုင်းပြင်းလျက် ရှိကြသည်။ ပြင်သစ်တို့မှာမူ ဥရောပနှင့် အိန္ဒိယတွင် စစ်ရေးအရ အင်္ဂလိပ်တို့ကို အလျှော့ပေးခဲ့ရသော်လည်း ကိုလိုနီရှာဖွေပွဲတွင် အပြိုင်ကြဲရန် အားခဲဆဲပင် ရှိသည်။

ဗဒုံမင်းလက်ထက်မှပင် စတင်၍ ရခိုင် စစ်တကောင်း နယ်စပ်ပြဿနာနှင့် စပ်လျှဉ်း၍ ဗြိတိသျှ မြန်မာ ဆက်ဆံရေး တင်းမာလာခဲ့ရာ ဗဒုံမင်းလက်ထက် ၁၈၁၃ ခုနှစ်က မြန်မာတို့ နန်းတင်ပေးခဲ့သော မဏိပူရစော်ဘွား မာဂျစ်ဆင်း(Marijit Singh) သည် စစ်ကိုင်းမင်း၏ ရာဇဘိသိက်သွန်းပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ ယင်းသို့ ပျက်ကွက်သည်မှာ တော်လှန်ခြားနားခြင်း ဖြစ်သည်ဟု စစ်ကိုင်းမင်းက မှတ်ယူသည်။ ထို့ကြောင့် နန်းတက်သည့် ၁၈၁၉ ခုနှစ်တွင်ပင် မဏိပူရသို့ မြန်မာတပ်များကို စေလွှတ်သည်။ မာဂျစ်ဆင်းသည် မြန်မာတပ်များ၏ တိုက်ခိုက်မှုကို မခံမရပ်နိုင်ဘဲ ကချာ (Cachar) နယ်သို့ ထွက်ပြေးသွားသည်။ ကချာနယ်မှာ ဗြိတိသျှပိုင် ဆီလဟတ် (Sylhet) နယ်နှင့် ကျောခိုင်းနံစပ် ဖြစ်သည်။ ကချာနယ်တွင် မာဂျစ်ဆင်း၏ တပ်များက လုယက်သောင်းကျန်းကြသည်။ ထို့ကြောင့် ကချာစော်ဘွား ဂေါဝိန္ဒချန္ဒရာ (Govinda Chandra) သည် ဗြိတိသျှပိုင်နက်အတွင်းသို့ ပြေးဝင်ကာ ဗြိတိသျှတို့ထံမှ အကူအညီကို တောင်းခံလေသည်။

အိန္ဒိယဘုရင်ခံချုပ်သည် စစ်တကောင်းနယ်၏ နောက်ဖေးတံခါးပေါက်သဖွယ်ဖြစ်သော ကချာနယ်ကို သိမ်းပိုက်ရန် ရှေးမဆွကပင် စီစဉ်ပြီးဖြစ်သည်။ ကချာနယ်အတွင်း၌ အချင်းချင်း မညီမညွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူရန် မိမိမည်သို့ စီစဉ်ထားကြောင်း ၁၈၂၃ ခုနှစ် ဇွန်လခန့်ကပင် အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်သည်။ မြန်မာတို့ကလည်း ဤအချက်ကို ရိပ်စားမိသောကြောင့် ကချာနယ်ဘက်သို့ အာရုံစူးစိုက်လာပြီး ၁၈၂၃ ခု နိုဝင်ဘာလတွင် ဆီလဟတ်နယ်နှင့် အာသံနယ်စပ် တစ်လျှောက်၌ တပ်အင်အား အခိုင်အမာ ချထားလိုက်သည်။ ကချာနယ်ကို မတိုက်ခိုက်ရန် မြန်မာတပ်မှူးအား ဗြိတိသျှတို့က ချက်ချင်းပင် စကားဆိုလာသည်။ ကချာနယ်ကို ကာကွယ်စောင့်ရှောက်ပေးရေးနှင့် နေသားတကျ ရှိအောင် စီစဉ်ပေးရေးအတွက် ဝင်ရောက်စွတ်ဖက်ရန် အခွင့်အရေးမှာ ဗြိတိသျှအစိုးရ၌သာ ရှိသည်ဟု အကြောင်းပြလေသည်။

ဗြိတိသျှတို့သည် မြန်မာများလက်တွင်းသို့ ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ကြသည်။ ကချာနယ် ကျသွားလျှင် ဘင်္ဂလားနယ် အရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူ တိုက်ခိုက်နိုင်မည်ဟု ယူဆကြသည်။ ထို့ကြောင့် ကချာနယ်ကို မြန်မာတို့ထက် လက်ဦးအောင် သိမ်းပိုက်လိုက်ပြီး အစောင့်အရှောက်ခံ နယ်တစ်နယ်အဖြစ် ကြေညာလိုက်ကြသည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့ မြန်မာတပ်များ ဝင်ရောက်ကာ မာဂျစ်ဆင်း၏ တပ်များကို တိုက်ခိုက်သည်။ ကချာနယ်တွင် ထိုစဉ်က ဗြိတိသျှတပ်များ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှတပ်များနှင့် မြန်မာတပ်များ ရင်ဆိုင်တွေ့ကာ တိုက်ပွဲများ ဖြစ်ပွားသည်။ ၁၈၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိသျှတို့ဘက်မှ အထိနာ၍ ခံစစ်အဖြစ်သာ ရပ်ခံကြသည်။

ဤသို့ဖြင့် မဏိပူရအရေးအခင်းမှ ကချာအရေးသို့ ကူးပြောင်းသွားပြီး ဗြိတိသျှတို့နှင့် မသင့်မတင့် ဖြစ်ရသည့် အခြေသို့ ရောက်ရှိခဲ့ရပေသည်။

၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်အင်းဟတ် (Lord Amherst) က မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင် ကြေညာသည်။ ထို့နောက် အာသံ၊ မဏိပူရ၊ ပန်းဝါ ဒေသများ၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားသည်။ ဤတိုက်ပွဲများသည် ဗြိတိသျှတို့အား တပ်လန်အောင် ဦးဆောင်တိုက်သူများမှာ မဟာဗန္ဓုလနှင့်နှင့် မင်းကြီးမဟသီဟသူရ (မြဝတီမင်းကြီးဦးစ) တို့ ဖြစ်သည်။ မဟာဗန္ဓုလတပ်များက ပန်းဝါကို သိမ်းပိုက်လိုက်သောအခါ ကာလကတ္တား၌ ရုတ်ရုတ်သဲသဲ ထိတ်လန့်တုန်လှုပ် ရှိခဲ့ကြလေသည်။

မင်းကြီးမဟာသီဟသူရသည် ပန်းဝါတွင် အောင်ပွဲဆင်လိုက်ပြီးနောက် “စစ်တကောင်းမြို့သို့ ချီတက်သိမ်းယူဦးမည် ရှိသည်ကို မချီမတက် မသိမ်းမယူနှင့်၊ တပ်မက အကြိမ်ကြိမ် လာရောက်သောကြောင့် မချီမတက် ရင်ဆိုင်နေရသည်” ဟု ဆိုရာ မဟာဗန္ဓုလက “ ပန်းဝါအရပ်တွင် တပ်အပြီးအပိုင် တည်လုပ်ပြီးလျှင် မျိုးရိက္ခာသွင်း၍ မိုးတွင်းကာလကို ရပ်နေရမည်” ဆင့်ဆိုမှာထားသောကြောင့် ပန်းဝါ အနီးအပါး ဘလောင်ချိပ်၊ ဟရဆင်း၊ မဟာခိုကျွန်း ကျေးရွာများမှာ ရှိသည့် ဆန်စပါးများကို စုပုံ၍ တပ်ခိုင်တပ်လုံတည်ပြီးလျှင် အတွင်းဝန်မင်းကြီး မဟာသီဟသူရ၊ မင်းကြီးမဟာမင်းလှရာဇာ၊ ဓညဝတီမြို့ဝန် မဟာမင်းကြီး ကျော်စွာတို့ သုံးတပ် ရပ်နေရ၏။

ဗြိတိသျှတို့သည် မူလ စစ်ရေး အစီအစဉ်အတိုင်း ရခိုင်၊မဏိပူရဒေသတို့၌ စစ်တစ်မျက်နှာ ဖွင့်တိုက်နေစဉ် စစ်သည်ပေါင်း ၁၁၅ဝဝ ဖြင့် ဆာအာချီဘောကင်းဘဲလ်ကို ရန်ကုန်သို့ ရေကြောင်းဖြင့် ချီတက်စေသည်။ ဤရေကြောင်းချီတပ်များက မာန်အောင်ကျွန်း၊ မော်တင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကို သိမ်းပိုက်လိုက်ကြသည်။ ပန်းဝါသို့ မင်းကြီးမဟာသီဟသူရ ချီတက်တိုက်ခိုက်ရခြင်းမပြုမှီ မဟာဗန္ဓုလသည် “စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင်သော်လည်း ကုလားတို့ ငြိမ်ဝပ်မည် မဟုတ်၊ ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါး နှောင့်ယှက်ရန် ရှိသည်။ ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့် ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ သင့်ပါမည့်အကြောင်း” ကြိုတင်၍ စစ်ကိုင်းမင်းထံ လျှောက်ထားလိုက်လေသည်။ ထိုလျှောက်ထားချက်အတိုင်း စစ်ကိုင်းမင်းက ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်နှင့် ဝန်ကြီး သတိုးမဟာသေနာပတိ တို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းစေသည်။

၁၈၂၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့ ရောက်လာသောအခါ မြန်မာတို့ဘက်မှ မြို့စောင့်တပ်မျှသာ ရှိ၍ မြို့တွင်းမှ ဆုတ်ပေးခဲ့ရသည်။ ထို့နောက် မြန်မာတပ်များသည် ကြည်မြင့်တိုင်တွင် ခံတပ် အခိုင်အခံ့ဆောက်လုပ်ကာ စစ်ပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က စစ်မျက်နှာ၌ အရေးမလှဖြစ်နေ၍ မဟာဗန္ဓုလသည် အုပ်စီးမပျက် တပ်များကို ကွပ်ကဲ၍ ရုတ်ခြည်း ရောက်ရှိလာသောအခါ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။

ဗြိတိသျှတို့၏ လက်နက်နှင့် မြန်မာတပ်များ ကိုင်ဆောင်သော လက်နက်ချင်းကား မယှဉ်သာအောင် ကွာခြားသောကြောင့် မဟာဗန္ဓုလသည် ရပ်တန့်မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့ ဆုတ်ပေးခဲ့ရလေသည်။ ထို့နောက် ဓနုဖြူခံတပ်တွင် စစ်သည်များကို ကွပ်ကဲနေသော နယ်ချဲ့အင်္ဂလိပ် ပစ်ခတ်ခဲ့သော ဗုံးဆန်ထိမှန်၍ ၁၈၂၅ ခု ဧပြီလ ၁ ရက်နေ့တွင် ကျဆုံးသွားခဲ့ရလေသည်။

မဟာဗန္ဓုလ ကျဆုံးပြီ ဆိုသည့်နောက် မြန်မာတပ်များသည် ဓနုဖြူမြို့ကို လက်လွှတ်လိုက်ရ၍ အထက်ပိုင်းသို့ ဆုတ်ခွာပေးခဲ့ကြရလေသည်။ မင်းကြီး သတိုးသုဓမ္မမဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက် ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ကြည်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ ဆက်လက် ချီတက်ကြသည်။ မြန်မာတပ်များသည် ပြည်မြို့အနီးတစ်ဝိုက်မှ ဆီးဆို့ခုခံကြသည်။

သို့သော် ဗြိတိသျှတို့က စစ်နှစ်ဖက်ညှပ်ကာ ခဲယမ်းမီးကျောက်တို့ကို သုံး၍ တိုက်ခိုက်မှုကြောင့် ပြည်မြို့မှ မြန်မာတပ်များ ဆုတ်ခွာ၍ ဝက်ထီးကန်အရပ်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်သို့ ချီတက် တိုက်ခိုက်သော ကာနယ်မက်ဒူးဝေါ (Col.Mc Dowall) ၏ ဗြိတိသျှတပ်များသည် အထိနာလှ၏။ ဤတိုက်ပွဲ၌ ဗိုလ်မှူးကြီး မက်ဒူးဝေါ အပါအဝင် အင်္ဂလိပ်အရာရှိ ငါးယောက်နှင့်တကွ အင်္ဂလိပ်စစ်သား အမြောက်အမြား၊ ကုလားစစ်ဗာရီ အမြောက်အမြား ကျဆုံးလေသည်။ ဗြိတိသျှတို့ မခံမရပ်နိုင်တော့ဘဲ ပြည်မြို့သို့ ပြန်လည်ဆုတ်ခွာကြရသည်။ သို့သော် များမကြာမီကပင် အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ ဗြိတိသျှတို့က တိုက်ခိုက်သောအခါ မြန်မာတပ်များ ဆုတ်ရလေ၏။ ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့တပ်မတော်သည် မြေထဲ မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆမိတ်ခုံ အစရှိသည့် မြို့ရွာများမှ ခုခံတိုက်ခိုက်နိုင်သမျှ တိုက်ခိုက်ရင်း အခြေအနေအရ အဆင့်ဆင့် ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ်များသည် ရန္တပိုရွာ အထိ ချီတက်နိုင်ခဲ့ကြလေသည်။ ထိုအခါ မြန်မာ့လွှတ်တော်သည် အခြေအနေအမှန်ကို သိလာသည့်အလျောက် စစ်ပြေငြိမ်းစကားဆိုရန် စစ်ကိုင်းမင်းအား တိုက်တွန်းလေတော့သည်။ ထို့ကြောင့် ယုဒသန် (Dr.Adoniram Judson) နှင့် ဒေါက်တာ ပရိုက် (Dr.Price) တို့ကို ဗြိတိသျှတပ်များ ရှိရာသို့ စေလွှတ်၍ စစ်ပြေငြိမ်းရေး အစီအစဉ်ကို ဆွေးနွေးစေသည်။

ဤသို့ဖြင့် မြန်မာအစိုးရက အာဏာကုန် လွဲအပ် အပ်နှင်းထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ဗန့်ကျီဝန် အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူရတို့သည် ဆာအာချီ ဘောကင်းဘဲလ် အပါအဝင် အခြားအင်္ဂလိပ်အရာရှိတို့နှင့် ရန္တပိုရွာတွင် တွေ့ဆုံကာ နောင်တွင် ရန္တပိုစာချုပ် ဟု ထင်ရှားသည့် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ဤစာအုပ်ဖြင့် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲသည် ၁၈၂၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့လေသည်။

ရန္တပိုစာချုပ်၏ ပုရပိုက်ပါ မူရင်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် –

(၁) ရန္တပိုရွာမှာ ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ သက္ကရာဇ် ၁၁၈၇ ခု တပေါင်း လပြည့်ကျော် ၃ ရက်နေ့၊ ဘိလပ်အရေးပိုင် ဗိုလ်ချုပ်မင်းတို့နှင့် မြန်မာအရေးပိုင်၊ လယ်ကိုင်းမြို့စား ဝန်ကြီးမင်း၊ ရွှေခွန်ဝန်၊ အတွင်းဝန်မင်းကြီးတို့သည် အချင်းချင်း စိတ်သဘောတူ၍ ပြောဆိုကြသည့် စကား။

ပြည်ကြီး နှစ်ပြည်၊ တိုင်းကြီး နှစ်တိုင်း၊ ခိုက်ရန် မဖြစ်မပွားကြအောင်၊ မကောင်းကြံ လူဆိုးများ၊ အချင်းချင်း မသင့်မတင့် ရန်မဖြစ်ရအောင်၊ ပြည်ကြီးနှစ်ပြည်၊ တိုင်းကြီးနှစ်တိုင်း၊ မကောင်းသောအကျိုး မရောက်မရှိရအောင်၊ ပြည်မြို့မှာ အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ မထွက်မသွားမှီ၊ ပြည်မြို့ပတ်လည် ခရီး သုံးသောင်းကွာအတွင်း မြန်မာတပ် မချီမတက်စေရ ဆင့်ဆို သိမ်းဆည်းပါ ဆိုသည့်အတိုင်း သိမ်းဆည်းပါမည်။ ၎င်းရန်ကုန်မြို့မှာ အင်္ဂလိပ် ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ အင်္ဂလိပ်မြို့သို့ မစုန်မသွားမှီ ရန်ကုန်မြို့ပတ်လည် ခရီးလေးသောင်းကွာ၊ မြန်မာတပ် မချီမတက်စေရ။ ဆင့်ဆိုသိမ်းဆည်းပါ ဆိုသည့်အတိုင်း သိမ်းဆည်း ပါမည်။ ၎င်းဧရာဝတီမြစ်တွင်း အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့က လှေတက် သမ္ဗာန်နောက်ကျန်၍နေလျှင် မသိမ်းမယူ မတားမဆည်းပါနှင့်။ သူခိုး လူဆိုးတို့ကိုလည်း မတိုက်မယူစေရ ဆင့်ဆိုမစပြီးလျှင် ရန်ကုန်မြို့ဖြစ်စေ၊ ပင်လယ်ရောက်ဖြစ်စေ၊ ဘုန်းတော်ကို ခိုလှုံ၍ ကောင်းကောင်းလာရောက်ပါစေ ဆိုသည့်အတိုင်း မြန်မာအရေးပိုင် လယ်ကိုင်းမြို့စားကြီး ရွှေခွန်ဝန် အတွင်းဝန်မင်းကြီးတို့က အသာအယာ လာရောက်စေမည်။

၁။ လယ်ကိုင်းမြို့စားဝန်ကြီး။

၂။ ရွှေခွန်ဝန် အတွင်းဝန်။

အိန္ဒိယတိုင်းကို အစိုးရသော အင်္ဂလိပ်ကုမ္ပဏီ (East India Company) ဘုရင်က ခန့်ထားသော အရေးပိုင် ဗိုလ်မှူးမင်းကြီး မှူးမတ်ကြီး အာစီသောကပ်ဘက် (Archibald Campbell)၊ အရေးပိုင်မင်း ရောအစ်စံ (Robertson)၊ ဧရာဝတီမြစ်တွင်းရှိသော အင်္ဂလိပ်တိုက်၊ သမ္ဗန်များကို အုပ်စိုးသော မင်းဆက် (Capt.Richart Birch) တို့နှင့် မြန်မာရှင်ဘုရင်ခန့်ထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ရွှေခွန် (ဗန့်ကျီ)ဝန် မင်းကြီးမဟာမင်းလှသီဟသူတို့က သက္ကရာဇ် ၁၁၈၇ ခု တပေါင်းလပြည့်ကျော် ၄ ရက်နေ့ (ခရစ် ၁၈၂၆ ခု ဖေဖော်ဝါရီလ ၂၄ ရက်)၊ (ရန္တပို)မှာတွေ့၍ ကုမ္ပဏီမင်း၊ မြန်မာဘုရင်အချင်းချင်း စစ်ငြိမ်း၍ မိတ်သဟာယဘွဲ့သော စာချုပ်စကား။

စာချုပ်

  • (၁) အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ်ငြိမ်း၍ မိတ်သဟာယ အစဉ်အဆက် ဖြစ်စေ။
  • (၂) မြန်မာရှင်ဘုရင်က အာသံပြည်မြို့ရွာ၊ အက္ကပတ်ပြည် (ကချာ)၊ ဝေသာလီပြည် (ဂျိန်တိယ) တို့ကို အစိုးရ မပိုင်၊ နောက်တစ်ဖန် မစီရင်ရ။ မဏိပူရမြို့မှာလည်း ဂမ္ဘီရရှိန်တို့သည် မိမိပြည်သို့ ပြန်၍ မင်းပြုလိုလျှင်၊ မြန်မာဘုရင်က အဆီးအတား အနှောင့်အရှက်မပြု နေရမည်။
  • (၃) နောက် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို မငြင်းခုံရအောင် အင်္ဂလိပ်တို့ကအောင်ခဲ့သော ရခိုင် ရမ်းဗြဲ မာန်အောင် သံတွဲတည်းဟူသော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍၊ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ၊ ရိုးမ၊ ဘိုးခေါင်တောင်တန်း၊ မော်တင်စွန်းစေတီကြီးထိ စပ်ကြားအပိုင်း အခြားဖြစ်စေ။ နောက်အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင်၊ အင်္ဂလိပ်မင်း မြန်မာမင်းတို့က ခန့်ထားသောသူတို့သည် အထက်နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်စေ။ ခန့်ထားသော သူတို့လည်း အရာရှိ မှူးမတ်သူကောင်း ဖြစ်စေရမည်။
  • (၄) မြန်မာရှင်ဘုရင်သည် အင်္ဂလိပ်မင်းကို ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီမြို့ရွာ နယ်နိမိတ် တောင်ကမ်း ကျွန်းများနှင့်တကွ အပိုင်ပေးသည်။ သံလွင်မြစ်အပိုင်းအခြား ဖြစ်စေရမည်။ နောက်မှ အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင် အထက်က ပြဆိုခဲ့ပြီးသည့်အတိုင်း စီရင်စေ။
  • (၅) မြန်မာရှင်ဘုရင်သည် ပြည်ကြီးနှစ်ပြည် အစဉ်မိတ်ဖွဲ့ စေချင်သော စေတနာထင်ရှားစေခြင်းငှာ၊ ၎င်း အင်္ဂလိပ်က စစ်တိုက်၍ ကုန်ကျသော စရိတ်အနက်၊ အနည်းငယ် ပြေကြေအောင် ကျပ်သုံး ဒင်္ဂါးပြားရေ တစ်ကုဋေပေးရမည်။
  • (၆) ယခုစစ်တိုက်ကြသည်အတွင်း ကုလားဘက် ဝင်သော မြန်မာ၊ မြန်မာဘက်ဝင်သောကုလားတို့ကို အလိုလို ဝင်သည်ဖြစ်စေ၊ အနိုင်အထက်ပြု၍ ဝင်သည်ဖြစ်စေ ဝင်ရောက်မှုအတွက် ရာဇဝတ်ပြစ်ဒဏ် အနှောင့်အယှက် မရှိစေရ။
  • (၇) ပြည်ကြီးနှစ်ပြည် ယခုဖွဲ့သော မိတ်သဟာယ မြဲစေခြင်းငှာ၊ အင်္ဂလိပ်အရာရှိတစ်ယောက်၊ အခြွေ အရံ ၅ဝ လက်နက်ကိရိယာအစုံနှင့် မြန်မာမြို့တော်မှာ ဖြစ်စေ၊ မြန်မာ အရာရှိတစ်ယောက်၊ အခြွေအရံ လူ ၅ဝ လက်နက်အစုံနှင့် ကုမ္မဏီဘုရင်မြို့တော်မှာဖြစ်စေ၊ ကုလားပြည်ရှိ မြန်မာမင်း၊ မြန်မာပြည်ရှိ ကုလားမင်းတို့သည် မိမိတို့နေရန် အိမ်ကို ဝယ်လိုလျှင် ဝယ်၍နေစေ။ အသစ်တည်လိုကလည်း တည်လုပ်စေ။ ၎င်းနိုင်ငံနှစ်ပါး အကျိုးစီးပွားကို ဖြစ်ထွန်းစေခြင်းငှာ၊ ရွှေလမ်းငွေလမ်းဖွင့်၍ အချင်းချင်း ဖောက်ကားရောင်းဝယ်မှုနှင့် ဆိုင်သော စာချုပ်ကို ထပ်၍ လုပ်စေရမည်။
  • (၈) စစ်မရှိ မတိုက်မီ၊ ကြွေးဟောင်းရှိသမျှ မင်းအရာရှိ ဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသားဆိုင်သည်ဖြစ်စေ သစ္စာရှိသည့်အတိုင်း ကုန်အောင် ဆပ်ပေးစေရမည်။ ကြွေးတင်ပြီးမှ ဖြစ်သည်ဆို၍ မကပ်မခိုစေရ။ သူ့ဥစ္စာကို အသိမ်းအယူ မရှိစေရ။ အင်္ဂလိပ်ရှင်ဘုရင်ကျွန်တို့သည် မြန်မာနိုင်ငံတွင် သေ၍ အမွေခံမရှိလျှင်၊ ကျန်ရစ်သော ဥစ္စာပစ္စည်းများကို မြန်မာနိုင်ငံတွင်းရှိ အင်္ဂလိပ်အရေးပိုင်လက်သို့ ကုလားဖြူထုံးစံအတိုင်း အပ်ရမည်။ မြန်မာကိုလည်း ထိုနည်းအတူ ဖြစ်စေရမည်။
  • (၉) အင်္ဂလိပ် သင်္ဘောများကို မြန်မာမြို့ဆိပ်သို့ ဝင်ရောက်လျှင်၊ တက်မချွတ် အမြောက်မချဘဲ နေသကဲ့သို့ အင်္ဂလိပ်မြို့ဆိပ်သို့ ဝင်ရောက်လာသော မြန်မာသင်္ဘောများသည်လည်း အနှောင့်အယှက်မရှိဘဲ နေစေရမည်။
  • (၁ဝ) အင်္ဂလိပ်မင်းနှင့် မိတ်သာဟာယဖွဲ့သော ယိုးဒယားဘုရင်သည် အင်္ဂလိပ်ဘက်သို့ စစ်ကူဝင်လာ သည်မှာ ယခုပြု လုပ်ကြသော မိတ်သဟာယစာချုပ်အပါအဝင် ဖြစ်ရမည်။
  • (၁၁) ယခုပြုလုပ်သော မိတ်သဟာယ စာချုပ်ကို မြန်မာဘုရင် ခန့်ထားတော်မူသည့် အရေးပိုင်သံတမန်တို့က လက်မှတ်တံဆိပ် ခတ်မှတ်ရမည်။ အချုပ်နှင့်ထားသော အင်္ဂလိပ်လူမျိုးများနှင့် အင်္ဂလိပ်တိုင်းသားကုလားလူမျိုး ရှိသမျှတို့ကို အင်္ဂလိပ် အရေးပိုင် သံတော်လက်သို့ အပ်ရမည်။ ၎င်းအတိုင်း အိန္ဒိယကုမ္ပဏီအစိုးရက ခံဝန်ပြု၍ လက်မှတ်တံဆိပ်ခတ်သော စာချုပ်ကို လေးလအတွင်း မြန်မာဘုရင်လက်တော်သို့ပြန်၍ ပေးလိုက်ရမည်အပြင်၊ အင်္ဂလိပ်မင်းချုပ်ထားသည့် မြန်မာတို့ကိုလည်း မြန်မာမင်းထံသို့ အပ်ပေးရမည်။ ၎င်းစာချုပ်အတိုင်း မြန်မာမှူးမတ်များနှင့် အင်္ဂလိပ်တို့ ရေးကူးကြသည်။

စစ်ပြေငြိမ်းရန် ပြောဆိုရာ၌ မြန်မာတို့ဘက်က ဆရာ ယုဒသန် (ဒေါက်တာဂျပ်ဆင်)နှင့် ဆရာပရိုက်တို့ စကားပြန် အဖြစ်ဖြင့် ပါလာသည်၊ စာချုပ်ကို လက်မှတ်ထိုးပြီးသောအခါ အင်္ဂလိပ်တပ်များ ရန်ကုန်သို့ ပြန်ကြသည်။ ဒုတိယအရစ် ပေးပြီးသောအခါ အင်္ဂလိပ်တို့ ရန်ကုန်က ထွက်ခွာသွားကြ လေသည်။

နောက်ထပ်၍ ချုပ်သော စကားအကျယ်

အင်္ဂလိပ် အရေးပိုင် သံတမန်တို့က စစ်ပြေငြိမ်းစေချင်သော စေတနာ အလို ထင်ရှားစေရအောင် ၎င်းအထက်၊ ပဉ္စမစာချုပ် လာသည့်အတိုင်း၊ မြန်မာရှင်ဘုရင် ဒင်္ဂါးပြားရေ တကုဋေကို ပေးရမည်ဆိုသော် အလွယ်တကူ ပေးရအောင်၊ ၎င်းဒင်္ဂါး တကုဋေတည်းဟူသော မြန်မာအချိန် ငွေကောင်း ၇၅ဝဝဝ အနက်တွင် ၄ ပုံ တပုံ တည်းဟူသော ၁၈၇၅ဝ ကို ပေးပြီးမှ အင်္ဂလိပ်ဘက်က ရန်ကုန်မြို့တိုင် ဆုတ်သွားလိမ့်မည်။ ယခုနေ့မှစ၍ ရက်ပေါင်း ၁ဝဝ အတွင်း ၁၈၇၅ဝ ကို ထပ်၍ပေးလျှင် အင်္ဂလိပ်ဘက်၊ မြန်မာနိုင်ငံထဲမှ အလျင်အမြန် ထွက်သွားလိမ့်မည်။ ကျန်ငွေ ၂ ပုံမှာ ယခုနေ့မှစ၍ တစ်နှစ်အတွင်း တပုံ၊ ၎င်းနှစ်အတွင်း တပုံကို မြန်မာနိုင်ငံအတွင်း နေရသော အင်္ဂလိပ်မင်း အရာရှိတွင် ပေးရမည်။

လယ်ကိုင်းမြို့စားဝန်ကြီး။ ၁။

ရွှေခွန်ဝန် အတွင်းဝန် ။ ၁။

(မူရင်းပုရပိုက်ပါ စာလုံးပေါင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။)


– TEXT –

Treaty of Yandaboo, 24 February 1826

TREATY of PEACE between the HONORABLE EAST INDIA COMPANY on the one part, and HIS MAJESTY the KING of AVA on the other, settled MAJOR-GENERAL SIR ARCHIBALD CAMPBELL, K.C.B., and K.C.T.S., COMMANDING the EXPEDITION, and SENIOR COMMISSIONER in PEGU and AVA; THOMAS CAMPBELL ROBERTSON, ESQ., CIVIL COMMISSIONER in PEGU and AVA; and HENRY DUCIE CHAD, ESQ., CAPTAIN, COMMANDING BRITANNIC MAJESTY’S and the HONORABLE COMPANY’S NAVAL FORCE the IRRAWADDY RIVER, on the part of the Honorable Company; and by MENGYEE-MAHA-MEN-KYAN-TEN WOONGYEE, LORD of LAYKAING, and MENGYEE-MARA-HLAH-THUO-HAH-THOO-ATWEN-WOON, LORD of the REVENUE, on the part of the King of Ava; who have each communicated to the other their full powers, agreed to and executed at Yandaboo in the Kingdom of Ava, on this Twenty-fourth day of February, in the year of Our Lord One Thousand Eight Hundred and Twenty-six, corresponding with the Fourth day of the decrease of the Moon Taboung, in the year One Thousand One Hundred and Eighty-seven Gaudma Era, 1826.

ARTICLE 1.

There shall be perpetual peace and friendship between the Honorable Company on the one part, and His Majesty the King of Ava on the other.

ARTICLE 2.

His Majesty the King of Ava renounces all claims upon, and will abstain from all future interference with, the principality of Assam and its dependencies, and also with the contiguous petty States of Cachar and Jyntia. With regard to Munnipoor it is stipulated, that should Ghumbheer Sing desire to return to that country, he shall be recognized by the King of Ava as Rajah thereof.

ARTICLE 3.

To prevent all future disputes respecting the boundary line between the two great Nations, the British Government will retain the conquered Provinces of Arracan, including the four divisions of Arracan, Ramree, Cheduba, and Sandoway, and His Majesty the King of Ava cedes all right thereto. The Unnoupectoumien or Arakan Mountains (known in Arakan by the name of the Yeomatoung or Pokhingloung Range) will henceforth form the boundary between the two great Nations on that side. Any doubts regarding the said line of demarcation will be settled by Commissioners appointed by the respective governments fur that purpose, such Commissioners from both powers to be of suitable and corresponding rank.

ARTICLE 4.

His Majesty the King of Ava cedes to the British Government the conquered Provinces of Yeh, Tavoy, and Mergui and Tenasserim, with the islands and dependencies thereunto appertaining, taking the Salween River as the line of demarcation on that frontier ; any doubts regarding their boundaries will be settled as specified in the concluding part of Article third.

ARTICLE 5.

In proof of the sincere disposition of the Burmese Government to maintain the relations of peace and amity between the Nations, and as part indemnification to the British Government for the expenses of the War, His Majesty the King of Ava agrees to pay the sum of one crore of Rupees.

ARTICLE 6.

No person whatever, whether native or foreign, is hereafter to be molested by either party, on account of the part which he map have taken or have been compelled to take in the present war.

ARTICLE 7.

In order to cultivate and improve the relations of amity and peace hereby established between the two governments, it is agreed that accredited ministers, retaining an escort or safeguard of fifty men, from each shall reside at the Durbar of the other, who shall be permitted to purchase, or to build a suitable place of residence, of permanent materials ; and a Commercial Treaty, upon principles of reciprocal advantage, will be entered into by the two high contracting powers.

ARTICLE 8.

All public and private debts contracted by either government, or by the subjects of either government, with the others previous to the war, to be recognized and liquidated upon the same principles of honor and good faith as if hostilities had not taken place between the two Nations, and no advantage shall be taken by either party of the period that may have elapsed since the debts were incurred, or in consequence of the war ; and according to the universal law of Nations, it is further stipulated, that the property of all British subjects who may die in the dominions of His Majesty the King of Ava., shall, in the absence of legal heirs, be placed in the hands of the British Resident or Consul in the said dominions, who will dispose of the same according to the tenor of the British law. In like manner the property of Burmese subjects dying under the same circumstances, in and part of the British dominions, shall be made over to the minister or other authority delegated by His Burmese Majesty to the Supreme Government of India.

ARTICLE 9.

The Kink of Ava will abolish all exactions upon British ships or vessels in Burman ports, that are not required from Burmah ships or vessels in British port nor shall ships or vessels, the property of British subjects, whether European or Indian, entering the Rangoon River or other Burman ports, be required to land their guns, or unship their rudders, or to do any other act not required of Burmese ships or vessels in British ports.

ARTICLE 10.

The good and faithful Ally of the British Government, His Majesty the King of Siam, having taken a part in the present War, will, to the fullest extent, as far as regards His Majesty and his subjects, be included in the above Treaty.

ARTICLE 11.

This Treaty to be ratified by the Burmese authorities competent in the like cases, and the Ratification to be accompanied by all British, whether Europe or Native, American, and other prisoners, who will be delivered over to the British Commissioners ; the British Commissioners on their part engaging that the said Treaty shall be ratified by the Right Honorable the Governor-General in Council ,and the Ratification shall be delivered to His Majesty the King of Ava in four months, or sooner if possible, and all the Burmese prisoners shall, in like manner be delivered over to their own Government as soon as they arrive from Bengal.

ARCHIBALD CAMPBELL.

LARGEEN MEONJA,

Woonghee.

T. C. ROBERTSON,
Civil Commissioner.

SEAL OF THE LOTOO.

HY. D. CHADS,

Captain, Royal Navy.

SHWAGUM WOON,

Atawoon.

ADDITIONAL ARTICLE.

The British Commissioners being most anxiously desirous to manifest the sincerity of their wish for peace, and to make the immediate execution of the fifth Article of this Treaty as little irksome or inconvenient as possible to His Majesty the King of Ava, consent to the following arrangements, with respect to the division of the sum total, as specified in the Article before referred to, into instalments, viz., upon the payment of twenty-five lacks of Rupees, or one-fourth of the sum total (the other Articles of the Treaty being executed), the Army will retire to Rangoon. Upon the further payment of a similar sum at that place within one hundred days from this date, with the proviso as above, the Army will evacuate the dominions of His Majesty the King of Ava with the least possible delay, leaving the remaining moiety of the sum total to be paid by equal annual instalments in two years, from this Twenty-fourth day of February 1826 A.D., through the Consul or Resident in Ava or Pegu, on the part of the Honorable the East India Company.

ARCHIBALD CAMPBELL.

LARGEEN MEONJA,

Woongee.

T. C. ROBERTSON,
Civil Commissioner.

SEAL OF THE  LOTOO

HY. D. CHADS,

Captain, Royal Navy.

SHWWAGUM WOON,

Atawoon

Ratified by the Governor-General in Council, at Fort William in Bengal, this Eleventh day of April, in the Year of our Lord One Thousand Eight Hundred and Twenty-six.

AMHERST.

COMBERMERE.

J. H. HARINGTON.

W. B. BAYLEY.


treaty of Yandaboo

Yandaboo monument inscription

Yandaboo monument

Yandaboo village

Yandaboo on palm-leaf_ page 1 ( source: Sara Kyaw Maung)
Yandaboo on palm-leaf_ page 2 ( source: Sara Kyaw Maung)
Yandaboo on palm-leaf_ page 3 ( source: Sara Kyaw Maung)
The Mog Nation Wiki