နတ်မြစ်

(The Mog Nation Wiki, an archive)

နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် နှစ်နိုင်ငံနယ်နမိတ် စည်းအဖြစ် သတ်မှတ်ထားသော မြစ်ဖြစ်သည်။ နတ်မြစ်ကို အင်္ဂလိပ်ဘာသာဖြင့် Naf River ၊ ရခိုင်ဘာသာဖြင့် နတ်မြစ်၊ ဘင်္ဂါလီဘာသာဖြင့် : নাফ নদী (အသံထွက်-နတ်နဒီ) ဟူ၍ အသီးသီးခေါ်ဆိုကြသည်။ ၎င်းမြစ်သည် ကို့စ်ဘဇာ ပြည်နယ် အရှေ့တောင်ဘက်အစွန်ဆုံးမှ ရခိုင်ပြည်နယ်ခြား တစ်လျောက်လုံးတွင် တည်ရှိပိုင်းခြားထားသည်။ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ မြစ်ဝှမ်းအကျယ်မှာ ၁.၆၁ ကီလိုမီတာမှ ၃.၂၂ ကီလိုမီတာခန့်ရှိသည်။ မြစ်သည်ဒီရေ၏အကျိုးသက်ရောက်မှုကိုလည်း ခံရသည်။ ရခိုင်ပြည် မောင်တောမြို့၏ အရှေ့ဘက် ကမ်းပါးအဖြစ် နှင့် ကို့စ်ဘောက်ဇာပြည်နယ် တက်နက် သည် အနောက်ဘက် မြစ်ကမ်းပါးအဖြစ်ရှိနေကြသည်။ မြစ်၏ယေဘူယျအနက်မှာ ၁၂၈ ပေ(၃၀မီတာ) နှင့် အနက်ဆုံးနေရာတွင် ပေ ၄၀၀ (၁၂၀ မီတာ) အထိရှိသည်ကို တွေ့ရသည်။

မိုင် ၅၀ မျှ ရှည်သည်။ ဒီရေသည် ၄၅ မိုင်အထိ ရောက်သည်။ မြစ်ဝမှ ၂၄ မိုင်တွင် မြို့သစ်ချောင်းက စီးဝင်သည်။ ရခိုင်ဘက်ကမ်းတွင် ဒီရေချောင်းမြောင်း ပေါများသည်။ ဒီရေ လွှမ်းမိုးမှုကြောင့် စပါးဖြစ်ထွန်းမှုနည်းသဖြင့် ငတ်မြစ်ဟု တွင်ခဲ့သည်။ နတ်မြစ်မှ အနောက်ဘက်ရှိ ရခိုင်ကိုးကွယ်မှုဝင် နတ်တောင်ကို အစွဲပြုထားသည်။ မြစ်ဝတွင် ရှင်မဖြူကျွန်း ရှိခဲ့သည်။

နတ်မြစ် (Naf River) ၏တည်ရှိနေပုံ
ကိုးကား

၁။ နတ်မြစ် | Wikipedia

  • Last updated on 6th January 2022

နတ်မြစ်



The Mog Nation Wiki