(The Mog Nation Wiki, an archive)
ကိုဩဒိနိတ်: 20°12′35″N 92°44′9″E
မယူမြစ်သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တွင်း စီးဆင်းသော မြစ်တသွယ် ဖြစ်၍ ကုလားတန်မြစ်၊ လေးမြို့မြစ်တို့၏နောက် တတိယစွဲသည်။ မြောက်ဘက်ရှိ တောင်များ၌ မြစ်ဖျားခံသည်။ ကုလား တန်မြစ်၏ အနောက်ဘက်ကျ၍ နတ်မြစ်၏ အရှေ့ဘက် ဖြစ်သည်။
မယူမြစ်သည် အထက်ပိုင်းတွင် ကုလားပန်းဇင် ချောင်းဟု တွင်သည်။ အရှေ့ဘက်တွင် စိုင်တင်ချောင်းနှင့် ရီချောင်းတို့ပေါင်းဆုံလာသောချောင်းသည် ကုလားပန်းဇင် ချောင်းနှင့် ဘုံညိုလိပ်အနီးတွင် ပေါင်းဆုံသည်။ ထို့နောက်တွင် မြစ်သည် တဖြည်းဖြည်း ကျယ်လာပြီးလျှင် စစ်တွေမြို့ အထက်ဘက်တွင် ဘင်္ဂလားအော်တွင်းသို့စီးဝင်သည်။[၁] မယူမြစ် သည် ၉၆ မိုင်မျှ ရှည်လျားသည်။ စစ်တွေမြို့မှ ၇၅ မိုင်ခန့် ကွာဝေးသော ဘူးသီးတောင်မြို့အထိ မယူမြစ်စဉ်တစ်လျှောက် လှေသဘော်ငယ်များ သွားလာနိုင်သည်။ မယူမြစ်ပေါ်တွင် တည်ရှိသော ထင်ရှား သည့် မြို့များမှာ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့များဖြစ်သည်။ ဘူးသီးတောင်မြို့သည် မယူမြစ်၏ အထက် ပိုင်းဖြစ်သော ကုလားပန်းဇင်ချောင်း၏ အနောက်ဘက် လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိသည်။
ရသေ့တောင် မြို့မှာမူကား အရှေ့ဘက်ဖြစ်သော လက်ဝဲဘက် ကမ်း အထက်ဘက် ၁ဝ မိုင်ကျော်လောက်တွင် တည်ရှိသည်။ မယူ မြစ်ဝှမ်းမှ ဆန်စပါးများ ထွက်သည်။ မယူမြစ်၏ အနောက်ဘက်ရှိ နတ်မြစ်နှင့် မယူမြစ်တို့ အကြားတွင် မယူမြစ်ဝအထိ မယူတောင်တန်းကြီး တည်ရှိ၏။ မယူတောင်တန်းအဆုံး၊ မယူမြစ်နှင့် ဘင်္ဂလားအော် အကြားရှိ မယူကျွန်းဆွယ်သည် ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်တလင်း ဖြစ်ခဲ့လေသည်။[၂]
ကိုးကား
- ↑ Mayu River –။ Arakanrivers.net။ 6 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 November 2014 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
End Notes and External links
- source: “မယူမြစ်” | ၀ီကီပီးဒီးယား
- “မယူမြစ် ငိုနီယင့်” | posted by Soe Thant Aung on Facebook
မြစ်ဖျားခံရာ | ![]() |
---|---|
စီးဝင်ရာနေရာ | ဘင်္ဂလား ပင်လယ်အော်![]() ![]() |

A photo of Mayu river taken by Soe Thant Aung
Tag: Rathedaung

Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter