(The Mog Nation Wiki, an archive)

ကျောက်ပန်းတောင် (သို့မဟုတ်) ကျောက်ပန်းတောင်းတောင်
ကျောက်ပန်းတောင် (အင်္ဂလိပ်: Flat-topped Rocky Mountain) သို့မဟုတ် ကီမိုတောင် (အင်္ဂလိပ်: Kimo Mountain) သည် ပလက်ဝမြို့နယ် တွင် တည်ရှိသည်။ တောင်အမြင့်မှာ ၄,၂၆၉ ပေ (၁,၃၀၁ မီတာ) ဖြစ်သည်။ ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှ (၁၀) မိုင်အကွာတွင် တည်ရှိသည်။
ပေါ်လွင်မှု | ၄,၂၆၉ ft (၁,၃၀၁ m) |
---|---|
ကိုဩဒိနိတ် | 21°19′51″N 93°01′32″E |
ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။
ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ (သို့) အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို တစ်ဖက်တစ်ချက်စီတွင် တောင်ပူစာငယ် နှစ်လုံးဖြင့် ပိုင်းခြားထားသည်။ အနောက်ဘက်ရှိ တောင်ပူစာငယ်၏ အမြင့် မှာ ၄၂၆၉ ပေ ရှိပြီး အရှေ့ဘက်တောင်ပူစာငယ်၏ အမြင့်မှာ ၃၃၇၃ ပေ ရှိသည်။ တောင်၏ ၁၅ မိုင်ဝန်းကျင် ပတ်လည်အတွင်း တစ်တောင်နှင့်တစ်တောင် အကွာအဝေးနှင့် အရွယ်အစားတူညီသည့် တောင်ပူစာငယ် ၈၈ လုံးဖြင့်လည်း ဝန်းရံထားသည်။


ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ချင်းတောင်တန်းပေါ်မှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်မည့် ကျောက်ပန်းတောင်းတောင်။ Myanmar Digital News (၃ မတ် ၂၀၁၈)။
End Notes and External links
- ” နီလာပန်းတောင်း ကျောက်ပန်းတောင်း ” | The Mog Nation Wiki
- Credits for most photos in this article go to Myanmar Real Image Travel and Tours. This is their Facebook post.
- Last updated on 5th April 2022













Tag: ကျောက်ပန်းတောင်
Tag: Paletwa

Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter