ကုလားတန်မြစ်

(The Mog Nation Wiki, an archive)

ကုလားတန်မြစ်ကို ပစ္စပနဒီ ဟု လည်းခေါ်ကြသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်း သည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မျှ စီးဆင်းလာပြီးနောက် ရခိုင်ပြည် စစ်တွေမြို့အနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။

မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီသြဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။ ရခိုင်ပြည် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ်ပေါ်စေသည်။ လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသတလျှောက် တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးများသည်လည်း ဤမြစ်ကို မှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တလျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်း တစ်သန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။

ကုလားတန်မြစ်သည် ရခိုင်ပြည်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း ဖြစ်သည်။ ထူးခြားထင်ရှားသည့်အချက် တစ်ချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ) အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။


ကုလားတန်မြစ်ကြောင်း အိန္ဒိယမှ စစ်တွေမြစ်ဝအထိ စီးဆင်းရာပြသည့် ဗီဒီယို



The Mog Nation Wiki