(The Mog Nation Wiki, an archive)
စစ်တွေတက္ကသိုလ် (အင်္ဂလိပ်: Sittwe University) သည် ရခိုင်ပြည် စစ်တွေမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
ပြည်ထောင်စုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (ဖဆပလအစိုးရလက်ထက်) ၁၉၅၄ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည် ရခိုင်ပြည်နယ်၏ ပထမဆုံး ကောလိပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်း အဆင့်မြင့်ပညာသင်ယူနိုင်ရေးအတွက် တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် (၂)နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးသည်။ ထိုစဉ်က အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်က စစ်တွေကောလိပ်ကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့သည်။ စစ်တွေကောလိပ်စဖွင့်သည်နှင့် ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မြင့်ဖြစ်သည်။ ၁၉၇၇ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် (၂)နှစ်သင်ကောလိပ်မှ (၄)နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ ထပ်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ဘာသာရပ်ပေါင်း ၁၃ ခုအားသင်ကြားပိုချလျက်ရှိရာ နေ့သင်တန်းနှင့် အဝေးသင်သင်တန်းများဖွင့်လှစ်လျက်ရှိသည်။
End Notes/External Links
- စစ်တွေတက္ကသိုလ် | ၀ီကီပီးဒီးယား
- edited by Kyaw Zaw Oo
- Last updated on 28th Dec 2021





The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter