အာနန္ဒစန္ဒြကျောက်စာ

(The Mog Nation Wiki, an archive)

အာနန္ဒစန္ဒြကျောက်စာတိုင်မှာ ဝေသာလီမြို့ဟောင်းမှ သျှစ်သောင်းပုထိုးတော်ကြီးသို့ အေဒီ ၁၅၃၆ ခုနှစ်တွင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) မှ ပြောင်းရွှေ့စိုက်ထူထားခြင်း ဖြစ်သည်။ ကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အိန္ဒိယ မြောက်ပိုင်းသုံး ရှေးအက္ခရာများဖြင့် ကျောက်တိုင်တစ်တိုင်တည်းတွင် အေဒီ ၆၀၀ မှ အေဒီ ၁၀၀၀ အတွင်း အနှစ် ၂၀၀ မျှစီခြား၍ ဗြာဟ္မီပွား အက္ခရာသုံးမျိုးဖြင့် ရေးထိုးထားသော အလွန်ရှားပါးသော ကျောက်စာတိုင် ဖြစ်သည်။[၁] ရခိုင်မင်းဆက်များ အကြောင်းကို ဖော်ပြထားပြီး ကျောက်စာရေးထိုးခိုင်းသူ အာနန္ဒစန္ဒြ အမည်ရှိသောမင်း၏ အကြောင်းကို ကြေညာသော ဩဘာစာဖြစ်သည်။[၂]

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီ (MOWCAP) ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေအစည်းအဝေးကို မေ ၂၉ ရက်မှ ဇွန် ၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။[၂]

အာနန္ဒစန္ဒြကျောက်စာကို ၂၀၀၈ နှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီသို့လည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်နိုင်ရေး တင်သွင်းသွားမည်ဖြစ်သည်။[၂]

ကိုးကား

  1.  မန္တလေးနေ့စဉ်သတင်းစာ၊ (၁၀.၆.၂၀၁၈) စာ-၂
  2. ↑ Jump up to:၂.၀ ၂.၁ ၂.၂ မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာအား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ။ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး (၇ ဇွန် ၂၀၁၈)။ 2 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. အာနန္ဒစန္ဒြကျောက်စာ | ၀ီကီးပီးဒီးယား
  4. အာနန္ဒစန္ဒြမင်းကျောက်စာတိုင် | မောင်ဖြူ (ကြွီတဲကျွန်း)
  5. The-Anandacandra-Stone-Inscription-2018.pdf – mowcap
  6. Ancient Vesali: Second Capital of the Rakhine Kingdom
  7. The Anandacandra Stone Inscription (2018) | Memory of the World Committee for Asia and the Pacific, UNESCO
  8. သျှစ်သောင်းဘုရားတွင်ရှိသော အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်

  • Last updated on 17th February 2022


list of monarchs 1_ by မောင်ဖြူ (ကြွီတဲကျွန်း)
list of monarchs 2_ by မောင်ဖြူ (ကြွီတဲကျွန်း)
list of monarchs 3_ by မောင်ဖြူ (ကြွီတဲကျွန်း)

The Mog Nation Wiki