ဘစော၊ ဦး

(The Mog Nation Wiki, an archive)

သာသနာရေးဝန်ကြီး ဦးဘစော (၁၉၁၄-၁၉၉၁)

ဦးဘစောကို ၁၇ နိုဝင်ဘာ ၁၉၁၄ခုနှစ်တွင် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊ အောင်စေတီရပ်၌ အဖဦးလူဖြူ၊ အမိဒေါ်ငွေမဖြူတို့က ဖွားမြင်ခဲ့ပါတယ်။
ငယ်စဉ်က ပုလုပ်တောင်ကျောင်း အလယ်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ရမ်းဗြဲမြို့ အစိုးရ ဟိုက်စကူးလ်ကျောင်းတွင်လည်း ဆယ်တန်းအထိ ပညာသင်ယူခဲ့ပါတယ်။ ထို့နောက် သိရီလကာင်္နိုင်ငံ ကိုလံဘိုမြို့ အာနန္ဒာကောလိပ် စီနီယာ ကင်းဘရစ်တန်း၌ ဆက်လက် ပညာဆည်းပူးခဲ့ပါတယ်။
၁၉၄၃ – ၁၉၄၄ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ လေနတ်သား သတင်းစဉ်ထုတ်ဝေရေး အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ Burma Patriဝtic Force တွင်လည်း ဦးသိန်းဖေမြင့်အတူ တက်ကြွစွာပါဝင်ခဲ့ပါတယ်။
တော်လှန်ရေးကာလတွင် လေထီးဖြင့် ချင်းတောင်ဘက် ပလက်ဝသို့ ဆင်းသက်ခဲ့ပြီး စစ်ပြီးခေတ်တွင် ကျောက်ဖြူခရိုင် ဖဆပလ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။
ထို့နောက် ၁၉၅၂ တွင် သာသနာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၁ခုနှစ် စက်တင်ဘာ ၁၅ တွင် နိုင်ငံတော်ဘာသာ ချီးမြှောက်ထောက်ပံ့ရေး အက်ဥပဒေကို လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
၁၉၆၂မှာတော့ နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အငြိမ်းစားယူပြီး နောက်ပိုင်းမှာတော့ ကျောက်ဖြူမြို့နယ်တွင် ပြန်လည်နေထိုင်ပြီး အသက်၇၇ နှစ်အရွယ် ၁၉၉၁ခုနှစ် မှာကွယ်လွန်ခဲ့ပါတယ်။



The Mog Nation Wiki