(The Mog Nation Wiki, an archive)

စစ်တကောင်းမြို့ သည် ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး၊ ပင်လယ်ဆိပ်ကမ်း မြို့ ဖြစ်သည်။ ထိုမြို့၏ အမည်သည် ရခိုင်ဝေါဟာရ ဖြစ်သည်။ ရခိုင်သမိုင်း အထောက်အထားများအရ စစ်တကောင်းမြို့ပါဝင်သော ဘင်္ဂလားဒေသကို ဝေသာလီခေတ် ရခိုင်ဘုရင် မဟာတိုင်းစန္ဒြားမင်းကြီး၏ သားတော် အိမ်ရှေ့မင်း သူရိယစန္ဒြားက သိမ်းပိုက်ခဲ့သည်။ ဝေသာလီ နောက်ဆုံးမင်းဆက် စူဠစန္ဒြားသည် ဘင်္ဂလားကို စစ်ထိုးစဉ်၊ ပညာရှိများ လျှောက်ထားချက်အရ စစ်မထိုးပဲ ရခိုင်ပြည်သို့ ပြန်လာကြောင်း၊ စစ်မတိုက်ကောင်းဟု ပညာရှိတို့ ပြောစကားမှ စစ်တကောင်းဖြစ်လာကြောင်း ဖြင့်လည်း ငမဲရာဇဝင်က ပြဆိုသည်။ စစ်တကောင်းမြို့သည် ဝေသာလီကို ဆက်ခံသော လေးမြို့ခေတ်နှင့် မြောက်ဦးခေတ် တို့တွင် ရခိုင်ဘုရင့်နိုင်ငံ၏ ပိုင်နက် နယ်မြေ ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တစ်မြို့ ဖြစ်နေစေကာမူ မူရင်း ရခိုင်အမည် ဖြစ်သော စစ်တကောင်း အမည်တွင်နေခြင်း ဖြစ်သည်။
“A History of Chittagong” ကို ပြုစုရေးသားသူ Dr. Suniti Bhushan Qanungo ၏ တင်ပြချက်မှာ – “စစ်တကောင်း” ဟူသောအမည် ဖြစ်ပေါ်လာပုံကို ကွဲပြားစွာပြောကြားမှုများ ရှိနေနိုင်သော်လည်း အခိုင်အမာ အတည်တကျလက်ခံကြသည့် အယူအဆမှာ ရခိုင်ဘုရင်တစ်ပါးက မိမိစစ်တိုက်ခြင်း၏ အကန့်အသတ်နေရာအဖြစ် “စစ်မတိုက်ကောင်း” (to make war is improper) ဟုသတ်မှတ် ခေါ်တွင်စေခြင်းမှ ဆင်းသက်လာသည် ဆိုသော အယူအဆဖြစ်သည် ဟု တင်ပြသည်။ ဗမာဘုရင်က “ဒဂုံ” ကို “ရန်ကုန်” ဟု ပြောင်းလဲ သမုတ်ခြင်းနှင့် နှိုင်းယှဉ်ပြသည်။


End Notes And External Links
- A History of Chittagong, Volume I (authored by: Dr. Suniti Bhushan Qanungo)
- Source: စစ်တကောင်းမြို့ | ဝီကီပီးဒီးယား
- Last updated on 16th March, 2022.

A History of Chittagong, Volume I (authored by: Dr. Suniti Bhushan Qanungo)

Zia Memorial Museum

Chittagong Naval Area

Port of Chittagong

Shah Amanat Bridge
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter