(The Mog Nation Wiki, an archive)

ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင် ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ
ဘဒ္ဒ န္တ စန္ဒြမဏိ လောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ်ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှာ ၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။
မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင်ဘာကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင်သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင်
ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။
သီရိလင်္ကာနိုင်ငံသား အသျှင်အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ သျှင်သာမဏေဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊နိုဝင်ဘာလ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာဟိ ဦးသာဒိုးဝေနှင့် ပြည်တွင်းအခွန်အရာဟိတဦး
လိုက်ပါပို့ဆောင်၍ အိန္ဒယနိုင်ငံသို့ ရောက်ဟိလာခသည်။ ထိုနောက် ရည်မှန်းချက်ကြီးမားစွာဖြင့် ဟန္ဒီ၊သက္ကစသော ဘာသန္တရစာပီများကို အားကြိုးမာန်တက် လေ့လာသင်ယူခပြီး ၁၂၆၉ ခုနှစ်၊ တပို့လဆန်း (၉)ရက်နိန့်တွင် ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းရို့၏ ပစ္စယာနုဂ္ဂဟရို့ဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံပန်းဝါမြို့တွင် ရဟန်းအဖြစ်သို့ ရောက်ဟိတော်မူခသည်။
ဆရာတော်ဘုရား၏တသက်တာအံ့ချီးဖွယ်ရာသာသနာပြုပရဟိတလုပ်ငန်းများမှာများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နီခသော မိဇ္ဈိမဒေသ အိနိ္ဒနိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကိုရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခသည်။ ရတနာဂီရိတွင် သီပေါမင်းကြီးနှင့် အိနိ္ဒနိုင်ငံ၌ သာသနာရေးကိစ္စများကို အကြိမ်ကြိမ်ဆွေးနွေးတော်မူခသည်။
သံေ၀ဇနိယဌာနများတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းများကိုတည်ဆောက်တော်မူခသည်။ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်ရို့ကို ဖွင့်ပီးခပြီး အခမဲ့ ဆီးပီးခန်းများကိုလည်း ဖွင့်ပီးခသည် ဓမ္မပဒ၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်နှင့် သိဂိ ၤတိသုတ်ရို့ကိုဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နှင့်”အဉ္ဇနနိဒါန်း အမည်ဟိ စာအုပ်ရို့ကို သက္ကတဘာသာမှ မြန်မာဘာသာသို့လည်းလောင်း၊ ဒေသခံများ သာသနာပြုရာတွင် လွယ်ကူချောမွိ့စီရန် အခြားစာ အုပ်များကို ဟိန္ဒီဘာသာသို့လည်းကောင်း ပြန်ဆိုရွီးသားတော်မူခသည်။
ဘိက္ခုသစ္စဝံသ၊ စာပီပညာသျှင်ဒေါက်တာရာဟုလာသံကိစ္စည်း၊ ဒေါက်တာ ဗုဒ္ဓရက္ခိတ၊ဘိက္ခုကဿပ(ယ္ခုနာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ ဘိက္ခုအာနန္ဒာကောသလ္လ၊ဘိက္ခု အဉ္ဇုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်ရဟန်းတော်များ မွီးထုပ်ပီးခပါသည်။
မြန်မာနိုင်ငံတွင်ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိနိ္ဒယရဟန်းတော် များ၏ကိုယ်စားကြွရောက်တော်မူခပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခသောကမ်ဘာ့ဗုဒ္ဓဘာသာ အစည်းအေ၀းသို့လည်းတက်ရောက်တော်မူခသည်။
၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်နိ့တွင် အိနိ္ဒယနိုင်ငံ ဗဟိုတရား ရေးရာ၀န်ကြီး ဒေါက်တာအမေ္ဗဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာ၀င်၆သိန်းကျော်ရို့အားအိန္ဒိယနိုင်ငံနာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းပီးတော်မူခရေအတွက် ဗုဒ္ဓဘာသာ၀င်များနှင့် ဗုဒ္ဓဘာသာကို စိတ်၀င်စားသူ ကမ္ဘာသူ ကမ္ဘာသားများ၏ အံ့ချီးထောပနာပြုမှုများကို အကြီးအကျယ်ရဟိ တော်မူခသည်။
ဤမျှကြီးကျယ်သောသာသနာပြုလုပ်ငန်းများပရဟိတလုပ်ငန်းများကို ဆောင်ရွက်တော်မူခသောကမ်ဘာ့သာသနာပြုဆရာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်သည် ၁၉၇၂ ခုနှစ်၊ မေလ (ဂ)ရက်နိ့တွင်
အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာ ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခပါသည်။
ဆရာတော်ဘုရားပျံလွန်တော် မူခြင်းကြောင့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ကြီး နန်းစာဖြင့် (၅၆၉)စောင်နှင့်၊ လက်ရေးမူဖြင့် (၇၀၉)စောင်ရို့ကို ပို့ပီးခကတ်ပါသည်။
ထို (၁၂၇၈)စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာများရောက်ဟိလာခြင်းက ဆရာတော်ဘုရားကြီးအား ကမ်ဘာကမည်ရွှေ့မည်မျှလေးစားကြည်ညိုကြသည်၊ မည်ရွှေ့မည်မျှတန်ဖိုးထားကြသည်ကိုသက်သီသာဓကမီးမောင်းထိုးပြခြင်း
ပင်ဖြစ်ပါသည်။
ဝန်ခံချက်။ ။ ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း(CSWA) မှရွီးသားတင်ပြချက်ကို ပြန်ကူးပနာ ရခိုင်ပိုင်တတ်နိုင်သလောက်ပြန်ဆိုထားပါသည်။
End Notes and External links
- source: “ကမ်ဘာ့သာသနာပြု ကျေးဇူးတော်ရှင် ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတၳုပ္ပုတ္တိအကျဉ်း” | on Facebook
- Last updated on 27th May 2022
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter