(The Mog Nation Wiki, an archive)
ရှေးရခိုင်တွင် ထုထည်အကြီးမားဆုံးသော ပိသုကာ ဖြစ်သည်။ မြောက်ဦးနန်းတော်ကုန်းမှ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ တောင်မြောက် ပေ ၁၂၀၊ အရှေ့အနောက် ပေ ၂၃၀ ခန့် ရှိပြီး ပေ ၅၀ မျှ မြင့်သည်။ ပစ္စယာကိုးဆင့်ပါ တံတိုင်းသုံးထပ်က အာရုံခံရင်ပြင်နှင့် အဋ္ဌဂံပုံ အလယ်စေတီတို့ကို ရန်ထားဟန်ဖြစ်သည်။ တံတိုင်းတစ်ဘက်စီတွင် လှိုဏ်နှစ်ထပ် ပါရှိသည်။ လှိုဏ်နံရံ၌ ဉာဏ်တော်ကိုးလက်မခန့်ရှိ ဗုဒ္ဓရုပ်ကြွများ ပါရှိသည်။
နံရံမှ စေတီရင်ပြင်ပေါ်သို့ တက်လမ်းသုံးခုရှိပြီး အဝတို့၌ ကျောက်ဆစ်ရုပ်တုကြီးများကို အစောင့်အဖြစ်ထားရှိသည်။ ပစ္စယာများပေါ်တွင် ဉာဏ်တော်ငယ် ကျောက်စေတီများ အစီအရီ ကိန်းဝပ်ကြသည်။ ပုထိုး၏အရှေ့ဘက်တွင်ကပ်လျက် ကျောက်ခုံ ရင်ပြင်ကျယ်တစ်ခု ထိုးထွက်ရှိသေးသည်။
ဤပုထိုးကို ကုသိုလ်သျှင် ဘုရင်မင်းတိက္ခာက ၁၅၅၃ ခု နန်းတက်နှစ်တွင် ခြောက်လနှင့်အပြီး တည်ဆောက်ခဲ့သည်။ နောင်ပွင့်ပွင့်လာမည့် ဘုရားပေါင်းကိုးသောင်းကို ရည်မှန်း၍တည်သဖြင့် ကိုးသောင်းပုထိုးအမည်တွင်သည်။
မြောက်ဘက်အနီးတွင် ဆင်ကျုံးအရပ်၊ အရှေ့မြောက်အနီးတွင် ဦးတော်ဆေးကန်၊ မြောက်မြင့်မိုရ်နန်းတို့ ရှိကြသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် – အောင်လှသိန်း (၂၀၁၅)
End Notes/External Links
- ကိုးသောင်းပုထိုး | Arakan Wikipedia
- Last updated on 5th January 2022

The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter