(The Mog Nation Wiki, an archive)

ရိုးလှသန္တာ
ရခိုင်အမည် – ရိုးလှသန္တာ
ဗမာအမည် – ဆိပ်ဖလူးပန်း / ရိုးနီပန်း
English name – Night-flowering Jasmine / Coral Jasmine
Scientific name ( of the plant) – Nyctanthes arbor-tristis
other names – Parijat, Hengra bubar, Shiuli
ရိုးလှသန္တာပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။ ဗမာလို ဆိပ်ဖလူးပန်း ဟု ခေါ်သည်။ Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။ အပင်သည် အပင်ပုမျိုးဖြစ်ပြီး ၁၀ မီတာအထိ အမြင့်ရှိသည်။ ပင်စည်သည် မီးခိုးရောင်ရှိသည်။ အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ရှည်လျားကာ ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာထိ ဗြက်ကျယ်သည်။
ပန်းပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များ ၅ ခုမှ ၈ ခုအထိရှိပြီးအလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။ အပွင့်များသည် ၂ ပွင့်မှ ၇ ပွင့်ထိ အဆုပ်လိုက် ပွင့်သည်။ ညနေစောင်းမှ စတင်ကာနံနက်အရုဏ်တက်ချိန်ထိ တစ်ပွင့်ချင်း အပွင့်များပွင့်သည်။ အသီးသည် ၂စင်တီမီတာရှိသော အသည်းပုံသဏ္ဌာန်ရှိပြီး ပြားချပ်သည့်သဏ္ဌာန်ရှိသလို လုံးဝန်းသည့်သဏ္ဌာန်လည်းရှိသည်။ အသီးသည် ၂ ခုတွဲဖြစ်ပြီး တစ်ခုစီတွင် အစေ့တစ်စေ့စီပါရှိသည်။
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် နှင့် ထိုင်းနိုင်ငံ ကန်ချနာပူရီပြည်နယ်တို့တွင် ယင်းပြည်နယ်တို့၏ တရားဝင် အမှတ်အသားပန်းများဖြစ်ကြသည်။
End Notes and External links
- source: “ဆိပ်ဖလူး” | ဝီကီပီးဒီးယား
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter