မောင်မောင်ဈာန်​

(The Mog Nation Wiki, an archive)

တေးရေး မောင်မောင်ဈာန်​ (၁၉၅၉ – ၂၀၁၆)

မောင်မောင်ဈာန်​ (အမည်​ရင်း – ​မောင်​​မောင်​ဇံ) ကို ၁၉၅၉ ခုနှစ် စစ်တွေမြို့တွင်မွေးဖွါးခဲ့သည်။ မွေးချင်းလေးယောက်တွင် တတိယမြောက်ဖြစ်သည်။ ၁၉၆၀ ခုနှစ်လွန်တွင် မိဘများ၏ အလုပ်အကိုင်ကြောင့် ရန်ကုန်မြို့ သို့ မိသားစု ပြောင်းခဲ့ကြသည်။ ကနဦးတွင်​ ရန်​ကုန်​မြို့ ကန်တော်ကလေးရပ်ကွက်တွင်နေထိုင်ပြီး၊ ​နောက်​ပိုင်း ရန်ကင်းသို့ ပြောင်းရွေ့ခဲ့သည်။ ရန်ကင်း အထက မှ ၁၉ရရခုနှစ်တွင် အခြေခံပညာအထက်တန်းကိုအောင်မြင်ခဲ့သည်။ ၁၉၈၁ ခုနှစ်​တွင်​ သိပ္ပံဘွဲ့(ဘူမိ​ဗေဒ) ကို ပြီးစီးရရှိခဲ့သည်​။

အဆိုတော်ကိုင်ဇာသီဆိုသော သီချင်းများကို ပင်တိုင်ရေးသားခဲ့သည်။ ၁၉၈၀ ခုနှစ်ပိုင်းတွင် မိုး သီချင်း နှင့် ဂစ္ဆပနဒီလှိုင်းသံ သီချင်းများဖြင့်နာမည်ရလာခဲ့သည်။

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၂ နေ့ တွင် ရန်ကုန်မြို့ တွင် နှလုံးရောဂါ ဖြင့် ကွယ်လွန်သည်။


  • last updated on 28th May 2022

The Mog Nation Wiki