(The Mog Nation Wiki, an archive)

သန်းကျော်ဌေး (၁၉၇၈ – ) (ပန်းချီဆရာ)
ဆရာသန်းကျော်ဌေးကို ၁၉၇၈ ခုနှစ်တွင်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွေးဖွားခဲ့ပြီး
ပန်းချီပညာကို ရန်ကုန်ပန်းချီပန်းပုကျောင်းတွင်
၁၉၉၇ မှ ၂၀၀၀ ခုနှစ်အထိ တတ်ရောက်
သင်ကြားခဲ့ပါသည်။
ဦးစိုးဌေး၊ ဦးထွန်းအေး၊ ဦးဝင်းဖေမြင့်၊ ဦးကျော်သူရ၊
ဦးဝင်းတင့်၊ ဦးသက်ဦး၊ ဦးသန်းကြွယ်တို့၏
လက်အောက်တွင် ပညာသင်ယူခဲ့ပြီးနောက်
New Treasure Gallery မှ member ဖြစ်လာခဲ့သည်။
အဲ့ဒီနောက်တွင်မှ River Gallery ၏ member အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။
ထူးခြားပြီး ခံစားမှုတစုံတရာပေးစွမ်းနိုင်သော
အရောင်များကို အသုံးပြုပြီး မြန်မာနိုင်ငံ
အရှေ့မြောက်ဘက်ရှိ ရှမ်းပြည်နယ်မှ ပအို့ဝ်လူမျိုးတို့ နောက်ကျောပေးထားဟန် ပန်းချီကားများနှင့်
လူသိများထင်ရှားလာခဲ့သော ဆရာ သန်းကျော်ဌေး၏ ပန်းချီကားများကို ပြည်ပမှ ဝယ်ယူစုဆောင်းသူ
များပြားခဲ့သည်။
ထိုပန်းချီကားများတွင် ရေးဆွဲထားသော
ပအို့ဝ်ရောင်စုံ ခေါင်းပေါင်းများက ထူးခြားသလို တစ်ခါတစ်ရံ ကျဉ်းကျပ်သော ရေးဆွဲဟန်က
တိုင်းပြည်တွင်း ကျပ်တည်းမှုနှင့် မတည်ငြိမ်မှု၏ ပဲ့တင်ထပ်ခြင်းဖြစ်သည်ဟု ပန်းချီဆရာက ဆိုသည်။
ဆရာသန်းကျော်ဌေးသည် တစ်ကိုယ်တော်ပန်းချီပြပွဲပေါင်း ၁၀ ကြိမ်နှင့် အဖွဲ့လိုက်ပြပွဲပေါင်းများစွာကို
ပြင်သစ်၊ ဟောင်ကောင် ၊ စင်္ကာပူ၊ အမေရိက၊ ထိုင်း
စသော နိုင်ငံများစွာတွင် ပြသခဲ့ပါသည်။




End Notes and External links
- source: “ဆရာသန်းကျော်ဌေး ကိုယ်ရေးအကျဉ်း“
- Last updated on 28th April 2022
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter