
(The Mog Nation Wiki, an archive)
ဒေါက်တာအေးမောင် သည် ရခိုင်လူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ထို့ပြင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောချက်များသည် နိုင်ငံတော်အား အကြည်ညိုပျက်စေခြင်းနှင့် နိုင်ငံတော်ပုန်ကန်မှုမြောက်ခြင်း တို့ကြောင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁၂ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
Contents
အစောပိုင်း ဘဝ
ဒေါက်တာအေးမောင်ကို ဦးမောင်လှစိန်နှင့် ဒေါ်သွင်ညိုဖြူတို့မှ ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ အခြခံပညာကို ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့ရှိ အထက (၅) နှင့် အထက (၂) တို့တွင် သင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေ အထက (၂) မှ ဂုဏ်ထူး ၃ ဘာသာဖြင့် ၁ဝ တန်းအောင်သည်။ ရန်ကုန် အင်းစိန်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍ ၁၉၈၄ ခုနှစ်အထိ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစတင်၍ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ဒေါ်မြမြသက် (လက်ရှိ အငြိမ်းစား ကျောင်းဆရာမ) နှင့် အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားသည်။ ရခိုင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု (တက္ကသိုလ်များ၊ ရန်ကုန်) အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင်ဝင် ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း၏ ကနဦးတည်ထောင်သူထဲတွင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
နိုင်ငံရေး လုပ်ကိုင်ခြင်း
၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂ဝ၁ဝ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို တည်ထောင်ခဲ့ရာမှ စတင်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာများ အားလုံးကို ဒေါက်တာအေးမောင်၏ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် နေရာ ၄၄ နေရာအနက် ၃၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ဒေါက်တာအေးမောင်သည်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခြင်း
ပါတီအတွင်း သဘောထား ကွဲလွဲမှုများကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်ခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခြင်း
၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။
End Notes / External Links
- Aye Maung
- Kyaw Zaw Oo’s Blog
- Last updated on 15th December 2021
–