(The Mog Nation Wiki, an archive)
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့၊ မြို့အ၀င်ဂိတ်ကို ဧပြီ ၃ ရက် မနေ့ည ၈ နာရီခွဲလောက်က ချင်းပြည်ကာကွယ်ရေးတပ်-ပလက်ဝ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် CNAတို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခံ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန်မိနစ် ၃၀ လောက် အပြန်လှန်ထိတွေ့ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး CDF-Paletwa နဲ့ CAN တို့ဘက်ကတော့ အထိခိုက်မရှိ လုံခြုံစွာပြန်လည် ဆုတ် ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ပြင်း ထန်နေပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
End Notes and External links
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

