(The Mog Nation Wiki, an archive)
မြန်မာကိုယ်စား ဥပဒေ အကျိုးဆောင်ပေးသော Prof. Stefan Talmon (Counsel and Advocate) မှ ICJ ရုံးတော်အနေဖြင့် Gambia နိုင်ငံက မြန်မာနိုင်ငံအား Genocide Convention ချိုးဖောက်သည်ဟု စွတ်စွဲကာ တရားစွဲဆိုရာတွင် Gambia နိုင်ငံသည် နစ်နာသော နိုင်ငံ (Injured State) မဟုတ်သဖြင့် ICJ သို့ ဦးတိုက်လျှောက်ထားချက်များသည် ဥပဒေအရ ရပ်တည်မှု (Legal Standing) မရှိခြင်း၊ လူသားချင်းစာနာထောက်ထားသည့် နိုင်ငံတကာ ဥပဒေ (International Humanitarian Law) ကို အခြေခံပြီး ၎င်းတို့၏ စွပ်စွဲချက်များကို ICJ က ဆုံးဖြတ်မရခြင်း၊ မြန်မာနိုင်ငံအား စွပ်စွဲချက်များအားလုံးသည် ခိုင်မာမှန်ကန်မှု (Meritorious) ရှိစေကာမူ Gambia နိုင်ငံအတွက် (Legal Interest) မရှိခြင်းကြောင့် စွပ်စွဲချက်များ အရာမဝင်ခြင်းစသည်တို့ကို အခြေခံပြီး (Jurisdiction, Admissibility and Legal Standing) ဘောင်မဝင်သဖြင့် ICJ ရုံးတော်မှ အမှုကို ပိတ်သိမ်းရန် ပဏာမကန့်ကွတ်ချက် (Preliminary Objection) အပိုင်း (၂) ကို နှုတ်ဖြင့် လျှောက်လဲချက် ပေးပါသည်။
– Gambia v. Myanmar တွင် Gambia နိုင်ငံသည် မနစ်နာသော နိုင်ငံ (Non-injured State) ဖြစ်သဖြင့် Gambia ၏ တောင်းဆိုချက်များသည် ဥပဒေအရ (Legal Standing) ဘောင်မဝင်ခြင်း၊
– Gambia နိုင်ငံက ပြောဆိုသကဲ့သို့ မည်သည့် နိုင်ငံတကာပဋိညာဉ် သို့မဟုတ် သဘောတူစာချုပ် (Treaties) များက နိုင်ငံတကာ ရုံးတော်ရှေ့တွင် ဥပဒေအရ ရပ်တည်ချက် (Legal Standing) ကို အလိုအလျှောက် ပေးထားမှု မရှိခြင်း၊
– အလားတူ (Genocide Convention) ကလည်း Gambia နိုင်ငံအတွက် (Legal Standing) ကို အလိုအလျှောက်ပေးထားမှု မရှိခြင်း၊
– Gambia နိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံသားများ နစ်နာမှုမရှိသည့် ကိစ္စရပ်တွင် မြန်မာနိုင်ငံအား တာဝန်ရှိသည်ဟု စွတ်စွဲခြင်းသည် နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေ (International Customary Law) နှင့် ကိုက်ညီမှု မရှိသဖြင့် Gambia နိုင်ငံ၏ ကျိုးကြောင်းယူဆချက် (Logic) သည် (Legal Standing) မရှိခြင်း၊
– Gambia နိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံသားမဟုတ်သူများကို နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးရန် ကြိုးပမ်းခြင်းမှာ (International Customary Law) နှင့် ဆန့်ကျင်နေသဖြင့် ICJ ရုံးတော်တွင် ဥပဒေအရ ရပ်တည်ချက် (Legal Standing) မရှိခြင်း၊
– ICJ အနေဖြင့် Gambia နိုင်ငံ၏ ဥပဒေအရ ရပ်တည်ချက် (Legal Standing) မရှိသည်ကို မျက်ကွယ်ပြုပါက နိုင်ငံတကာ ဥပဒေ အရှုပ်တော်ပုံဖြင့် ICJ ကို မဟူရာတောနက်ထဲတွင် ဆယ်စုနှစ်နှင့် ချီကာ ပစ်ချလိုက်ခြင်း (… of standing would cause a scandal and cost the court in a wilderness for decades) ဖြစ်သွားနိုင်ခြင်း၊
– ဥပဒေရှုဒေါင့်မှ ဆန်းစစ်သုံးသပ်ခြင်း (Legal Reading) ပြုလုပ်ရာတွင် အချို့သော စွပ်စွဲချက်များသည် ဖြစ်တည်မှုမရှိသော (Non-existence allegations) များဖြစ်သည်ကို တွေ့ရှိရခြင်း၊
ထို့ကြောင့် မြန်မာဘက်မှ စာဖြင့်တင်သွင်းထားသည့်အတိုင်း Gambia နိုင်ငံ၏ စွပ်စွဲချက်များသည် (Lack of Legal Standing) ဖြစ်ခြင်းကြောင့် Gambia ၏ ဦးတိုက်လျှောက်ထားချက်များသည် ရုံးတော်မှ လက်ခံရန် ဥပဒေနှင့် မညီသဖြင့် ဖယ်ပစ်ရန် မြန်မာနိုင်ငံက တောင်းဆိုသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
=> Link to the post on Facebook

ဆက်စပ် ဖတ်ရှုရန်
The Gambia vs. Myanmar before ICJ (notes by Naing Swe Oo) အပိုင်း (၁)
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter