The Gambia vs. Myanmar before ICJ (notes by Naing Swe Oo) အပိုင်း (၁)

(The Mog Nation Wiki, an archive)

International Court of Justice (ICJ) တွင် မြန်မာကိုယ်စား ဥပဒေ အကျိုးဆောင်ပေးသော Prof. Christopher Staker (Lead Counsel and Advocate) မှ ရုံးတော်အနေဖြင့် Gambia နိုင်ငံက မြန်မာနိုင်ငံအား Genocide Convention ချိုးဖောက်သည်ဟု စွပ်စွဲ တရားစွဲဆိုခြင်းသည့်ဥပဒေနှင့် ညီညွတ်ခြင်း မရှိသဖြင့် ပဏာမကန့်ကွတ်ချက် (Preliminary Objection) အပိုင်း (၁) ကို လျှောက်လဲရာတွင် အရေးကြီးသည့် ဥပဒေ ဆိုင်ရာအချက်များနှင့် ICJ သည် Gambia vs. Myanmar အမှုတွင် တရားစီရင်ခွင့်မရှိကြောင်းကို အောက်ပါအချက်များ ထောက်ပြ လျှောက်လဲ သွားသည်။

– တရားလိုသည် (OIC) အဖွဲ့ဝင် (၅၇) နိုင်ငံဖြစ်သဖြင့် နိုင်ငံတစ်ခုကသာ အခြားနိုင်ငံတစ်ခုကို ICJ တွင် တရားစွဲခွင့်ရှိသည်ဟူ သော အခြေခံမူနှင့် ဆန့်ကျင်နေခြင်း၊

– မြန်မာနိုင်ငံသည် Genocide Convention ကို ချိုးဖောက်သည်ဟု တရားစွဲရန် OIC Submit မှ ဆုံးဖြတ်ခြင်း၊ OIC Committee ကို တာဝန်ပေးခြင်း၊ Gambia သည် အဆိုပါ ကော်မတီ၏ ဥက္ကဌ ဖြစ်ပြီး၊ OIC ကိုယ်စား မြန်မာနိုင်ငံကို တရားစွဲရန် ဆုံးဖြတ်ခြင်း၊

– Gambia Cabinet က OIC ဆုံးဖြတ်ချက်နှင့် အညီ OIC ကိုယ်စား မြန်မာနိုင်ငံကို ICJ တွင် တရားစွဲရန် ဆုံးဖြတ်ခြင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို OIC က လက်ခံခြင်း၊

– ICJ တွင် မြန်မာနိုင်ငံအား Genocide Convention ကျူးလွန်မှုဖြင့် တရားစွဲရာတွင် ကုန်ကျစရိတ် အားလုံးကို Bangladesh, Saudi Arabia, Turkey, Nigeria, Malaysia တို့က ကျခံရန် သဘောတူပြီး Gambia နိုင်ငံက ကုန်ကျစရိတ် ကျခံမှု မရှိခြင်း၊

– Gambia အစိုးရ အနေဖြင့် ICJ တွင် မြန်မာနိုင်ငံအား Genocide Conveniton ကျူးလွန်မှု ဖြင့် တရားစွဲရာတွင် OIC အဖွဲ့ဝင် (၅၇) နိုင်ငံ၏ လုပ်ပိုင်ခွင့် (Mandate) အရ လုပ်ဆောင်ကြောင်းနှင့် Gambia တရားရေးဝန်ကြီးဌာန ကလည်း မြန်မာနိုင်ငံကို တရားစွဲဆိုခြင်းသည် OIC ၏ ဆုံးဖြတ်ချက် (Resolution) အရ လုပ်ဆောင်ကြောင်း တရားဝင် ထုတ်ပြန်ခြင်း၊

– Gambia နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုရန် မည်သည့် အကြောင်းအရာ များကြောင့် စွဲဆိုရခြင်း ဖြစ်ကြောင်းကို အသိမပေးခြင်း သည် တရားစီရင်ပိုင်ခွင့်၏ အခြေခံလိုအပ် ချက် (Fundamental Requirement of Jurisdiction) ကို ချိုးဖောက်ခြင်း၊

– Gambia နိုင်ငံသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်အငြင်းပွားမှု ဖြစ်ကြောင်း ICJ သို့ တင်သွင်းသည့် လျှောက်လဲစာ (Application) တွင် ပြည့်စုံစွာ ထည့်သွင်းရန် ပျက်ကွတ်ခြင်း၊

– ICJ ၏ တရားလိုသည် အချုပ်အခြာအာဏာပိုင်သည့် အဖွဲ့ဝင် နိုင်ငံသာ ဖြစ်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းကြီးများက တရားလို ပြုမရခြင်း၊

– ဥပမာ – နိုင်ငံ (A) သည် Genocide Convention လက်မှတ်ထိုးသည့် နိုင်ငံမဟုတ် ဆိုပါစို့။ သို့သော် နိုင်ငံ (B) နှင့် နိုင်ငံ (C) တို့သည် Genocide Convention ကို ချွင်းချက် (Reservation) မလုပ်ဘဲ လက်မှတ်ထိုးထားသည့် နိုင်ငံနှစ်ခု ဖြစ်သည် ဆိုပါစို့။ နိုင်ငံ (A) က၊ နိုင်ငံ (B) ကို Genocide Convention ချို့ဖောက်မှုဖြင့် နိုင်ငံ (C) အား တရားစွဲဆိုပိုင်ခွင့်မရှိ၊

– နိုင်ငံရေးအကျိုးအမြတ်များကြောင့် အမှန်တကယ် နစ်နာခြင်းမရှိသည့် နိုင်ငံက အခြားကိုယ်ပွားနိုင်ငံ (Proxy State) ကို မိမိနိုင်ငံကိုယ်စား တရားစွဲဆိုခြင်း ထုံးစံမရှိ၊

– နိုင်ငံတကာတရားစီရင်ရေး၏ အနှစ်ချုပ်မှာ ကောင်းမွန်သောယုံကြည်မှု၊ ထိရောက်မှုနှင့် အပြန်အလှန်လက်ခံမှု (Good faith, Effectiveness and Reciprocal Acceptance) ဖြစ်သဖြင့် Gambia v. Myanmar ကဲ့သို့သော အမှုများ ဤ ရုံးတော်တွင် လက်ခံ ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သည့် သာဓကများ (Precedences) များ မရှိခဲ့ခြင်း ဖြစ်ကြောင်း၊

– အချက်အလက်နှင့် သက်သေသာဓက (Facts and Substances) များ ခိုင်မာမှု မရှိသည့် အပြင် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် OIC ၏ ၅၇ နိုင်ငံကိုယ်စား ICJ တွင် Gambia နိုင်ငံက မြန်မာနိုင်ငံ အား Genocide Convention ချိုးဖောက်သည်ဟု ကိုယ်ပွားနိုင်ငံ (Proxy State) အနေဖြင့် တရားစွဲဆိုခြင်းမှာ တရားစီရင်ခြင်းလုပ်ငန်းများကို ရိုင်းစိုင်းသော ပြုမူခြင်း (Abusive Process) သာ ဖြစ်ကြောင်း။

ထို့ကြောင့် ဖြစ်တည်လာသည့် ဥပဒေ မေးခွန်း (Legal Questions) များမှာ –

– Gambia သည် တရားလိုနိုင်ငံ စစ်ဟုတ်မဟုတ်၊

– ICJ သည် ဤ အမှုတွင် ရုံးတော်၏ လုပ်ထုံးလုပ်နည်း နှင့် Genocide Convention တို့အရ တရားစီရင်ပိုင်ခွင့် ရှိမရှိ၊

– OIC နိုင်ငံ ၅၇ နိုင်ငံအစား Gambia နိုင်ငံက (Proxy State) အဖြစ် ရုံးတော်သို့ ဦးတိုက် လျှောက်ထားလာခြင်း အမှု လက်ခံသင့်မသင့် (Admissibility of the Case) စသည်တို့ကို အခြေခံပြီး ဆုံးဖြတ်ရန် ပဏာမကန့်ကွတ်ချက် (Preliminary Objection) ကို နှုတ်တိုက်လျှောက်ထားရခြင်း ဖြစ်ပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

(အပိုင်း (၂) Prof. Stefan Talmon (University of Geneva) ၏ နှုတ်တိုက် လျှောက်လဲချက်ကို ဆက်လက် ဖော်ပြပါမည်။)


=> Link to the post on Facebook



Prof. Christopher Staker

ဆက်စပ် ဖတ်ရှုရန်

The Gambia vs. Myanmar before ICJ (notes by Naing Swe Oo) အပိုင်း (၂)


The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s