စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၄)

(The Mog Nation Wiki, an archive)


စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၄)

အပိုင်း(3)အဆုံးတွင်1984-ခုနှစ်အတွင်း
ကဖြစ်ပွားခဲ့သော မွတ်စလင်ကုလားဆန့်ကျင်
ရေးအုံကြွမှု၏ဇစ်မြစ်ကိုစုံစမ်းရေးကော်မရှင်အ
ဖွဲ့ဝင်များသို့ဆက်လက်ရှင်းပြရန်ဖေါ်ပြထား၏။
ကော်မရှင်အဖွဲ့ဝင်များအထူးစိတ်ဝင်စားစွာ
စူးစိုက်နားထောင်သည်ကိုသတိပြုမိသည်။တွေ့
ဆုံပွဲစကတည်းကမည်သည့်စာရွက်စာတမ်းတွင်
မှရေးမှတ်ထားခြင်းမရှိ။သို့သော်မိမိ၏ဘယ်ဖက်
ထိုင်ခုံမှDr.ဆလိုင်းအင်ဒရူး ငွီကျုန်းလျှံ သည်
မိမိဘယ်ပုခုံးနှင့်ထိလုနီးကပ်ထားသဖြင့်ဖုန်းနှင့်
Record ယူထားနိုင်ဟုနားလည်သည်။
မိမိက1984-ခုနှစ်ကအဖြစ်အပျက်သည်
သံတွဲမှပြည်မသို့သွားမည့်မော်လဝီဆယ်ဦးခန့်
နှင့်တောင်ကုတ်ကားဂိတ် မော်တော်ဆိပ်အနီး
ကျက်စားနေသူများ၏ထိပ်တိုက်တွေ့မှုကစဟု
သိရကြောင်း။ထိုစဉ်ကပြည် ရန်ကုန်အစရှိသည့်
ပြည်မဖက်သို့တိုက်ရိုက်သွားကားများမရှိသေး။
တောင်ကုတ်တောင်ကြားကိုဖြတ်၍ပန်းတောင်း
မြို့သို့ အစိုးရကုန်းလမ်းသယ်ယူပို့ဆောင်ရေး
ကော်ပိုရေးရှင်းပိုင်(RTC)ကားများသာ နံနက်
ပိုင်းတစ်ချိန်ပြေးဆွဲသည်။ပန်းတောင်းမှ ဧရာဝ
တီမြစ်ကို ကူးတို့ကူး၍ပြည်ဖက်ကမ်းသွားရ၏။
ထို့အချိန်သံတွဲဖက်မှနေ့လည်ပိုင်းရောက်
လာကြသူမော်လဝီဆယ်ဦးသည် ကားငယ်တစ်
စီးစင်းလုံးငှားရန်RTCကားဂိတ်နှင့်အနီးရှိမော်
တော်ဆိပ်တွင်မွှေ့ပတ်နေကြသည်။1968ခု
နှစ်ပြဿနာကြောင့်သူတို့တည်းခိုနိုင်သည့်အိမ်
မရှိတော့သကဲ့သို့သူတို့ အဆင်ပြေမည့်ထမင်း
ဆိုင်လည်းမရှိတော့။ထို့ကြောင့်ကားတစ်စီးငှား
၍ရဖို့အရေးကြီးနေသည်။သူတို့၏ဝတ်ရုံဖြူ
နှင့်ခေါင်းပေါ်မှဦးထုတ်ဖြူများသည်အနီးဝန်း
ကျင်မှဒေသခံများအတွက်အနည်းငယ်ထူးခြား
အာရုံရောက်နေစေခဲ့သည်။ကားဂိတ်ဘုတ်ဆိပ်
အနီးဖြစ်သဖြင့်ထမင်းဆိုင်နှင့်အရက်ဆိုင်များ
တန်းစီနေသည်။ #ထိုစဉ်ကတောင်ကုတ်မြို့ထူးခြားအခြေအနေ
ဤရက်မတိုင်မီ တစ်လကျော်ခန့်လောက်က
ဘင်္ဂလားဒေ့နိုင်ငံစစ်တကောင်း ကရုချောင်းအ
စရှိသည့်မြို့များမှဘေထုတ်(လေဘေးထည်)
တောင်ကုတ်သို့ရေကြောင်းခရီး တိုက်ရိုက်တင်
သွင်းသူမြို့့ခံသားကုန်သည်ကြီးဆယ်ဦးကိုဖမ်း
ဆီးကာအင်းစိန်ထောင်ပို့ထားသည်။မြန်မာ့ဆို
ဆိုရှယ်လစ်လမ်းစဉ်ပါတီ မြို့နယ်ကော်မတီကို
ဖျက်သိမ်း၍တပ်မှ ဗိုလ်မှုး ဗိုလ်ကြီး တိုက်ရိုက်
ဦးဆောင်သည့်စည်းရုံးရေးကော်မတီလက်ထက်
ဖြစ်သည်။ကုန်သည်ကြီးများနှင့်ဆက်စပ်သူကုန်
သည်လတ်များသည်လည်းစစ်ထောက်လှမ်းရေး
၏ဖမ်းဆီးနှိပ်စက်စစ်ဆေးမေးမြန်းခံရသည်။
ထိုစဉ်က ဘေထုတ်ကုန်သွယ်ရေးသည် လူ
ပေါင်းစုံအတန်းအစားပေါင်းစုံ၏စားဝတ်နေရေး
အဆင်အပြေဆုံးထွက်ပေါက်ဖြစ်ခဲ့သည်။ကုန်
သည် ပွဲစား ကားသမား မော်တော်ဘုတ်သမား
ဆိုက်ကားသမား ကုန်ထမ်းလုပ်သား လက်လီ
လက်ကားရောင်းသူများ အားလုံးအဆင်ပြေကြ
သည်။ရခိုင်မြောက်ပိုင်းသားကုန်သည်ကြီးများ
နှင့်သာမကဘင်္ဂလားကုန်သည်ကြီးများနှင့်ပါ
စီပွားဆက်ဆံရေးကောင်းခဲံ့သည်။
အစိုးရကဤသို့ စစ်ထောက်လှန်းရေးသုံးပြီး
ြ့ပင်းထန်စွာရိုက်ချိုးလိုက်သောအခါအားလုံးခြေ
ကိုင်မမိလက်ကိုင်မမိဒုက္ခရောက်ကြတော့သည်။
ပွဲကြို ပွဲစား ဆိုက္က္တားသမား ကုန်ထမ်းလုပ်သား
ကားသမား ဘုတ်သမားအစရှိသူများစုဝေးကျက်
စားကြရာထမင်းဆိုင် အရက်ဆိုင်များတွင်မကြေ
မနပ်ပေါက်ကွဲနေကြတော့သည်။
ဤသို့သော အခါသမယ မော်လဝီများကို
တစ်စုတစ်ဝေးမြင်လိုက်ကြသောအခါ မကြေနပ်
ချက်၏ထွက်ပေါက်ဖြစ်သွားတော့သည်။ကား
သမားနှင့်ကားငှားလိုသူအပြန်အလှန်စကားများ
ရာမှအနီးဝန်းကျင်ရှိ လူအများဝိုင်းပါလာကာ
ထိုးကြိတ်မှုအနည်းငယ်ဖြစ်ကြတော့သည်။
ဤအခြေအနေတွင်ပိုးဆိုးဝါးသွားစေသည်
မှာ မော်လဝီတစ်ဦးထံမှထွက်ကျသည့်စာရွက်
များပင်ဖြစ်သည်။သံတွဲကိုနှစ်20အတွင်းမွတ်စ
လင်များကြီးစိုးရမည်။လုပ်ဆောင်ရမည့်အရာ
လမ်းညွှန်ချက် ပေးကမ်းမည့်အထောက်အပံ့
အစရှိသောအကြောင်းအရာများပါနေသည်။
ဤသို့ဖြင့်၎င်းမော်လဝီများကို ဝိုင်းအုံထား
သောလူများကမလှမ်းမကမ်းရှိရဲစခန်းသွားအပ်
ကြသည်။ရဲစခန်းကလည်းအကျိုးအကြောင်း
အပြန်အလှန်ပြော၍လက်ခံထားလိုက်သည်။
နောက်နေ့နံနက်အလုပ်လက်မဲ့များ ထုံးစံအ
တိုင်းကားဂိတ် မော်တော်ဆိပ် ထမင်းဆိုင်
အရက်ဆိုင် ဆုံကြပြန်သည်။ဤတွင်ပြဿနာ
တစ်ခုထပ်ပေါ်လာပြန်သည်။အကြောင်းကိစ္စ
မှာ ကုန်ခဲ့သည့်ညကရဲစခန်းအပ်ထားခဲ့သည့်
မော်လဝီများကို အရေးမယူဘဲတိတ်တဆိတ်
ပြန်လွှတ်ပေးလိုက်သည်ဟုသတင်းထွက်လာ
ပြန်သည်။ဤတွင်အထွေထွေမကြေနပ်ချက်
များပေါက်ကွဲနေသောလူစုလူဝေးများဖြစ်လာ
သည်။မည်သည့်ကုလားမျှမရှိစေရ။အစိုးရဝန်
ထမ်းကုလားလည်းမရှိစေရဟူသောအသံများ
ပေး၍အော်ဟစ်ကြုံးဝါးသံများ ထုရိုက်သံများ
ကိုညသန်းခေါင်အချိန်သုံးရက်ခန့်ကြားလိုက်
ရသည်။နောက်ပိုင်းသံသယရှိသူများရာချီ၍
အဖမ်းခံရဟုလည်းကြားရသည်။
ဤသည်မှာ1984-ခုနှစ်ဖြစ်ရပ်ကိုမိမိ
ကြားသိသလောက် စံစမ်းရေးကော်မရှင်သို့
ထပ်ဆင့်ရှင်းပြခဲ့သောစကားများဖြစ်သည်။ထို
စဉ်ကစာပါအကြောင်းအရာများကိုယ်တိုင်ဖတ်
ရှူနိုင်ရန်အောက်မှဖေါ်ပြပေးပါသည်။


(အပိုင်း 5 တွင်တောင်ကုတ်မြို့နယ်အတွင်း
မွတ်စလင်အိမ်ယာများနေရာချထားရေး။ဖြတ်
သွားဖြတ်လာကိစ္စများကိုDr.ဆလိုင်းအင်ဒ
ရူးငွီကျုန်းလျှံ နှင့်အပြန်အလှန်ပြောကြပုံများ
အပြင်၎င်းက သမတထံတင်ပြပေးမည်ဆို
သောမြိုနယ်ဆိုင်ရာကိစ္စများပါဝင်ပါမည်။)

~ ဈာန်​ခိုင်​ ​တောင်​ကုတ်​



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s