
မောင်တော မေ-၁၃ ထကြွမှုအား သတင်းပုံဖျက်သည့် သင်ခန်းစာ
==========
ငွေစက္ကူများကို တရားမဝင်ကြေငြာခြင်း အစရှိသည့် အထွေထွေပြဿနာများကြောင့် တစ်နိုင်ငံလုံး အရေးအခင်းဖြစ်လာရန် ဦးတည်နေသည့်ကာလ ၁၉၈၈-ခုနှစ် မေလတွင် ရခိုင်လူဦးရေ ခန့်မှန်း (၃) ရာခိုင်နှုန်းမျှသာရှိသည့် မောင်တောမြို့နယ်၌ မြို့နယ်လုံးကျွတ် လူမျိုးတုံးသတ်ဖြတ်ခံရလုနီးကပါး အဖြစ်အပျက်တစ်ရပ် ဖြစ်ပျက်ခဲ့ဖူးပါသည်။
မေလ (၁၂) လောက်ကပင် မောင်တောစျေးအပါအဝင် အရပ်ရပ်စျေးဆိုင်များ၌ လက်နှိပ်ဓါတ်မီးများ အရောင်းထွက်သွားခဲ့သည်။ လိုချင်၍ ရှာမရနိုင်တော့။ မြို့ခံရခိုင်များက ထိုအခြင်အရာကို သတိမထားမိကြ။ ထိုအခြင်းအရာသည် အဖြစ်အပျက်ကြီးတစ်ရပ် သို့ ဦးတည်နေကြောင်း မောင်တောမြို့နေ ရခိုင်လူမျိုးများ မသိနိုင်ခဲ့ပေ။
နောက်တစ်ရက် မေလ (၁၃) ရက်နေ့ နေ့ပိုင်းတွင် မြို့ထဲသို့ အလုပ်လာဆင်းရမည့် ဘင်္ဂါလီ တစ်ဦးတစ်ယောက်မှ အလုပ်လာမဆင်းကြပေ။ ထိုဖြစ်စဉ်ကိုလည်း ရခိုင်လူမျိုးများက သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြလေသည်။
တပြိုင်နက်တည်း ညဉ့်နက်ပိုင်း ထကြွကြရန် စီစဉ်ခဲ့ကြပုံရသော်လည်း ညအစောပိုင်း (၇)နာရီလောက်ကပင် ဘင်္ဂါလီများ စုစု စုစု ဖြင့် စုဝေးဆူပူအော်ဟစ်ခြင်းများ စတင်ဖြစ်လာသည့်အခါကျမှ မြို့သည် ထိတ်လန့်တုန်လှုပ်လေသည်။ “မူဆလာမန် ဇိန်ဒဘတ်”၊ “နာရီယာတိုဘီ ဇိန်ဒဘတ်”၊ “အလာဟု အက္ကဘာ” စသည်ဖြင့် တခဲနက်ကြွေးကြော်ကြသည်။ မြို့ထဲရှိ ရဲအနည်းငယ်တို့က ဓါတ်မီးဖြင့်ထိုးကြည့်ရာ ၎င်းတို့ကို ဓါတ်မီးရာထောင်တို့ဖြင့် အကြမ်ဖက်လူအုပ်က ပြန်ထိုးသည်။ ရဲများ၊ ရခိုင်အရပ်သားများကို ရိုက်သည်။ ဘုန်းကြီးကျောင်း ဆိုင်းဘိုးကို ရိုက်ချိုးခြင်းဖြင့် ဖြိုဖျက်ခြင်းများကို စတင်သည်။
အဓိကလုံခြုံရေးအင်အားဖြစ်သည့် လုံထိန်းတပ်ရှိရာ မောင်တောမြို့ပြင် လေးမိုင်သို့ တာဝန်ရှိသူများက ဖုန်းဆက်ကြည့်ကြရာ မရကြချေ။ ဖုံးလိုင်းများကို ဖြတ်ထားကြပြီးဖြစ်လေသည်။ မြို့နယ်အဆင့် အရာရှိအချို့ပါသော ဟိုင်းလတ်ကားတစ်စီး မြို့ထဲသို့ဝင်အလာတွင် မြို့သူကြီးရွာသား ဘင်္ဂါလီလူအုပ်ကြီးက အော်ဟစ်ဆဲဆိုကာ ခဲများဖြင့် ပစ်ပေါက်ကာ အတင်းတားခြင်းခံရသော်လည်း အတင်းထိုးဖောက်မောင်းကာ မြို့ထဲသို့ လာနိုင်ခဲ့သည်။
မြို့နယ် တရားသူကြီး ဥက္ကဌ ဦးဘသိန်းသည် ညကိုးနာရီခွဲခန့်တွင် သေနတ်တစ်လက်ကိုင်ရောက်လာပြီး အနည်းငယ်သော ရဲသားအင်အားနှင့် လာရောက်ပူးပေါင်းသည်။ အကြမ်းဖက်လူအုပ် ထိန်းမနိုင်သိမ်းမရဖြစ်လာသောကြောင့် ပစ်ခတ်ဖြိုခွင်းရသည်။ ရဲအဖွဲ့ခေါင်းဆောင် ဦးမြထွန်းကျော်နှင့်အဖွဲ့က ကားပေါ်သို့တက်ပြီး လေးမိုင်းလုံထိန်းတပ်သို့ သွားရောက်အကူအညီတောင်းသည်။ ရဲလုံထိန်းတပ်ရင်း ဗိုလ်မှူးသိန်းစိုး ခေါင်းဆောင်သော ရဲလုံထိန်းတပ်ရင်းက မောင်တောမြို့ထဲသို့ ဝင်ရောက်လာသည့် အခါကျမှ အခြေအနေကို စတင်ထိန်းသိမ်းနိုင်တော့သည်။ နံနက်လေးနာရီထိုးသည်အထိ ရှင်းလင်းရန် ကြိုးစားခဲ့ကြရသည်။ ဆရာခိုင်မျိုးစောင့် ပြုစုသော “ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နှင့် စစ်တကောင်းသား ဘင်္ဂါလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု” စာအုပ်ပါစာသားအတိုင်း ပြောရမည်ဆိုလျှင် – “ဗိုလ်မျူးသိန်းစိုးနှင့်အဖွဲ့သည် မောင်တောမြို့ကို မူဆလင်တို့ ညတွင်းချင်း စီးနင်းရန်ကြံစည်မှုဘေးမှ လက်မတင်လေး ကယ်တင်နိုင်ခဲ့ပေသည်။”
နောက်တစ်နေ့ နိုင်ငံတကာ ရေဒီယိုသတင်းဌာနတစ်ခု (ကျွန်တော်မှတ်မိသလောက် BBC ဖြစ်မည်ထင်ပါသည်) က သတင်းကြေငြာသည်မှာ – ယမန်နေ့က မောင်တောမြို့တွင် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရရှိရေး လူထုဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ကြကြောင်း၊ ထိုဆန္ဒပြမှုကို အာဏာရှင်များက ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း စသည်ဖြင့် သတင်းတွင် ကြေငြာသွားခဲ့ပါသည်။
တမြန်နေ့က အေအေတပ်မှူးချုပ် တွစ်တာတွင် ရေးသည်ထဲက အချက်တစ်ချက်ဖြစ်သည့် “using your best tools of disinformation” (သတင်းမှားဆိုတဲ့ လက်နက်ကိုသုံးပြီးတော့) ဆိုသည့်အချက်ကို ထောက်ပြပြောဆိုခြင်း ကား အကြောင်းမဲ့ ပြောခြင်း မဖြစ်လောက်ပေ။ ဖြစ်နေကျပုံစံများကို ကြည့်ရှုလျှင် မြင်နိုင်လောက်ပေသည်။
KZO
(၀၃-၀၈-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၅)]
)]
Tag: လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ

Arakan-related Books and Documents / ရခိုင်ရေးရာ စာအုပ်စာတမ်းများ