ကမ္ဘာ့အရေး၊ မြန်မာ့အရေး နှင့် ရခိုင် | အပိုင်း(၁)

(The Mog Nation Wiki, an archive)


ကမ္ဘာ့အရေး၊ မြန်မာ့အရေး နှင့် ရခိုင်

Written by: ဒေါက်တာအေးမောင်

အပိုင်း(၁) “(က) ပထဝီ နိုင်ငံရေး စစ်ရေး စိန်ခေါ်မှု”

♦ ၁ ♦
၁။ NATO တိုးချဲ့ရာမှ စသည့် ရုရှ ၏စိုးရိမ်စိတ်၊ ပထဝီနိုင်ငံရေးအရ ရုရှတို့ အထိအခိုက်မခံနိုင်သည့် ရုရှနယ်စပ် ယူကရိန်းအထိ NATO ရောက်လာတော့ ယူကရိန်းကို NATO မဝင်စေရေးညှိနှိုင်းမှု၊ တွေ့ဆုံမှုတွေ အလီလီလုပ်၊ နောက်ဆုံး US နဲ့ အပြန်အလှန် စာရေးပြီးအဖြေရှာ၊ ညှိနှိုင်းမှု ငြင်းပယ်ခံရသည်မှစ၊ ဥရောပသည် တတိယအကြိမ် WW သို့ ဝင်ရောက်ရန် စစ်ရိပ်တဖန် သန်းခဲ့ရပြန်သည်ကို တွေ့ရ။
♦ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်မှာဖြင့် ရုရှသည် ယူကရိန်းသို့ စတင်ဝင်ရောက်ခဲ့ရသည်ကိုတွေ့လာရ။ (၅) လ ပြည့်တော့မည့်ယနေ့အဖို့မှာဖြင့် ယူကရိန်းအရှေ့ပိုင်း နှင့်တောင်ပိုင်းရှိ ဒွန်နက်စ် နှင့်လူးဟန့်စ်ဒေသရော ပင်လယ်နက်ထွက်ပေါက်ပါ ရုရှရဲ့ထိန်းချုပ်ခြင်းခံရ။ WW3 သို့ခြေတလှမ်းစဝင် Unipolar မှ Multipolar သို့ ရိပ်ရောင်သန်း၊ စွမ်းအင်၊ စားနပ်ရိက္ခာအကျပ်အတည်း နှင့် ယနေ့ကမ္ဘာ၊ New World Order သို့ စရွေ့လာသည်ကိုတွေ့လာရ။
♦ လက်တင်အမေရိက၊ အာရှ၊ အဖရိကတို့နှင့်စဖွဲ့စည်းခဲ့တဲ့ တရုတ် (BRI) ရဲ့ စီးပွါးရေးအဖွဲ့အစည်း BRICS မှာ ဗဟိုအာရှက ဆော်ဒီ နှင့် အာဖရိက က အီဂျစ်၊ဥရောပက NATO ၊ အဖွဲ့ဝင်တူရကီတို့ ၂၀၂၃ မှာ အဖွဲ့ဝင်သစ်သာ ဖြစ်လာခဲ့ရင်ဖြင့် ပထဝီ စီးပွါးရေးရဲ့ ဩဇာရပ်ဝန်း နှင့် တရုတ်ရဲ့ ခုန်ပျံကျော်လွှား ကမ္ဘာ့စီးပွါးရေးဦးဆောင်ကဏ္ဍ မြန်မြန်မြင်ကြရမည် ထင်ပါရဲ့။
♦ ရုရှရဲ့မဟာဗျူဟာမြောက် မိတ်ဖက်က လက်တင်အမေရိကမှာ ဗင်နီဇွဲလား၊ အရှေ့တောင်အာရှမှာ မဟာအင်အားကြီး နှစ်နိုင်ငံကြားက မြန်မာများ ဖြစ်လာပြီလား၊ ဖြစ်လာတော့မှာလား၊ ဆွေမျိုးပေါက်ဖေါ် တရုတ်-မြန်မာ ဆက်ဆံရေးကလည်း ယခင်ကထက် မဟာဗျူဟာမြောက်မိတ်ဘက် ပိုခိုင်မာလာပြန်သည်ဟု ထင်လာရ။
♦ အိန္ဒိယသမုဒ္ဒရာ ကို မေးတင်ထားသည့် ရခိုင်ပြည် ၏ ကမ်းရိုးတန်းတလျှောက် ကျောက်ဖြူ နှင့် သံတွဲ တို့က မဟာအင်အားကြီးတို့ရဲ့ ပထဝီနိုင်ငံရေး စစ်ရေး စီးပွါးရေး အချက်အချာပိုကျလာ၊ စစ်ရေးအရ နိုင်ငံတကာ တံခါးဝ ပိုဖြစ်လာပုံရ၊ သမုဒ္ဒရာချင်းချီ ခရီးသွားဧည့်သည် နျူ ရေငုတ်သင်္ဘောတွေ၊ ရေပေါ်သင်္ဘောကြီးတွေ တထောက်နားရာ ထောက်ပို့ဆိပ်ခံလိုအပ်ချက်တွေ နှင့် Multipolar ၊ စွမ်းအင်လုံခြုံရေး ရေလမ်းကြောင်း နှင့် စစ်ရေး ရေလမ်းကြောင်းပေါ်က ရေနက်ဆိပ်ကမ်းတွေပိုင်တဲ့ မြန်မာ၊ တရုတ် ရုရှ တို့နှင့် ရွှေလမ်းငွေလမ်းဖေါက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည်လည်း ယခုနှစ်အတွင်း ပိုပိုခိုင်မြဲ လာသည်ထင်လာရ။

♦ ၂ ♦
၂။ US ၏ ကမ္ဘာ့ပုလိပ်ပေါ်လစီ ၊ ကျားကုပ်ကျားခဲနှင့် Unipolar အမြဲဖြစ်ရေးယုံကြည်မှု၊ ကမ္ဘာတဝန်းက စစ်စခန်း ၈၂၀ ကျော်၏ ပိုင်ရှင်၊ လစ်ဘရယ်ဇာတ် အသွင်းမပျက်သော်လည်း မိမိအဆင့်မကျရေး ရုန်းကန်ရင်း ခြေသည်းကျွတ်စပြုနေပြီဖြစ်တဲ့ လင်းယုန်အိုကြီး နှင့် တဖန်ပြန်လည်နိုးထ စိတ်သစ်ခွန်သစ် အားမာန်အပြည့် ဖြစ်လာတဲ့ ပိုလာဝက်ဝံကြီးတို့ နှစ်ဦး ပထဝီနိုင်ငံရေး နှင့် စစ်ရေးအရ ကမ္ဘာ့စစ်ကြီးတွေ ဖြစ်နေကျ ဥရောပ ရဲ့မြေပြင် ရေပြင် လေပြင်မှာ ထိပ်တိုက်တွေ့ဖြစ်ကြခြင်းသည်ပင်လျှင် မရှောင်လွဲနိုင်သည့် ကမ္ဘာ့ကံကြမ္မာ ဟု ထင်ရ။
♦ ကတုံကရီ နှင့်ပြောဟောတာ ရှေ့နောက်မညီတော့တဲ့ သက်ကြားအို ဘိုင်ဒင် ကတမျိုး၊ နုပျိုမာန်ပါ ပိုပိုရင့်ကျက်လာတဲ့ နဂါးကြီးရဲ့မျက်စောင်း အထိုးမခံစကောင်းတဲ့ အပျိုဟိုင်းကြီးရဲ့တိုင်ဝမ်၊ ဉာဏ်ရည်နှင့် ယှဉ်မတွေးဘဲ လွတ်လပ်ရေးကြေငြာရင်ဖြင့် ပြာပုံအဖြစ်ပြောင်းသွားစေရမည်ဆိုတဲ့ အမိန့်ပါသည့် ရာဇသံ၊ မြေရရင်တော်ပြီဆိုတဲ့ ကြိမ်းဝါးသံနှင့် တရုတ်တနိုင်ငံတည်းပေါ်လစီ၊ တစ်နိုင်ငံစနစ်နှစ်မျိုး နှင့် ပိုပိုအသားကျလာတဲ့ စီပီစီ၊ စီးပွါးရေးနှင့် စစ်ရေးအင်အား ပိုခိုင်မာလာခဲ့ပြီဟုထင်ရ။
♦ အထင်ကရ အရွေ့တခုဘွားကနဲပေါ်လာ၊ အမေရိကန် နားကို တံတွေးသွားဆွတ်သလို ခံစားရ၊ ဗင်နီဇွဲလား၊ အီရန်၊ တရုတ်နှင့် ရုရှ (၄) နိုင်ငံ ရေတပ်စစ်ရေးလေ့ကျင့်မှု US ရဲ့ ကမ္ဘာ့အနှံ့ လုပ်နေကျနမူနာ သူ့အိမ်နား ပင်လယ်ပြင်ဆီ ယူလာတော့ WW3 က ပိုပိုနီးလာသလိုပါဘဲ။

♦ ၃ ♦
၃။ ၁၉၇၁ ခုနှစ်မှာ လွတ်မြောက်ရေးတိုက်ပွဲကြောင့် အရှေ့ပါကိစ္စတန်နေ ပြည်သူ (၃) သန်းကျော်ခန့် အသက်စွန့်ခဲ့ကြရတဲ့ ရှိတ်မူဂျီဘာရာမန်ရဲ့ လွတ်လပ်တဲ့ ဘင်္ဂလာဒတ်ရှ်နိုင်ငံသစ် ပြာပုံဘဝနှင့် စခဲ့ရ။
♦ လွတ်လပ်စမှာ နိုင်ငံ့ အရံနိုင်ငံခြားငွေ အကြွေး US$ သန်း ၈၀၀ ခန့်နှင့် အနှုတ်ပြတဲ့ ကာလရှည် ၁၀ နှစ်ကျော် ဖြတ်သန်း၊ သဘာဝပေး ရေဘေး လေဘေး စားနပ်ရိက္ခာဘေး ဒုက္ခစုံက လူးလွန့်ကုန်းထ ခရီးရှည် (၅၁)နှစ် အကြာမှာဖြင့် လူဦးရေ သန်း ၁၀၀ ခန့်တိုးပွါး၊ သန်း ၁၇၀ ခန့် လူဦးရေနှင့် လက်နက်ကိုင်ပဋိပက္ခမရှိတဲ့ တောင်အာရှနိုင်ငံငယ် မြန်မာတို့ရဲ့အိမ်နီးချင်း။
♦ ယခုခါ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီးကပြည့်လျှံ၊ စီမံခန့်ခွဲမှုကကောင်း၊ မိတ်ကပ်မချယ် ဆာရီဝတ် ခေါင်းဆောင်ကောင်းက ဦးဆောင်တော့ နိုင်ငံ့တနှစ် GDP, US$ 480 Billions နှင့် တဦးချင်း တနှစ်ဝင်ငွေက အိန္ဒိယရဲ့နှစ်ဆ၊ ၂၀၃၀ရောက်ရင်ဖြင့် ဖွံ့ဖြိုးပြီးထဲစာရင်းဝင်ကြရန် ရည်မှန်းရည်သန်ကာ ကြိုးစားတည်ဆောက်နေကြ၊ ရွှေမြန်မာတို့ အလွန်အထင်သေးခဲ့သလောက် ကိုယ့်ရှေ့ကိုရောက်သွားပြီဖြစ်တဲ့ နိုင်ငံငယ်၊ အတုယူဖွယ်ချည်းပါကလား။
♦ Padma မြစ်ဖြတ် (၃.၈၈) မိုင်ရှည်၊ အကျယ် (၅၉.၆) ပေ ရှိတဲ့ ၂ထပ်တံတားကြီး၊ မြစ်ကြမ်းပြင် မြေအောက် ၃၀ မီတာအနက်က မြစ်အောက်ဖြတ် (၄) လမ်းသွား ကားလမ်းနှင့် ဥမင်ရှည်ကြီးတို့က မြစ်ဝကျွန်းပေါ်ဒေသ နှင့် စက်မှုမြေကို ဆက်စပ်ပေးရာ၊ ဖွံ့ဖြိုးမှု မျှတစေလိုသည့် ရည်ရွယ်ချက်က ကောင်း၊ လူထုနှင့်အစိုးရ၊ ဟန်ချက်ညီညီ ကြိုးစားကြတာက အသက်။
♦ ကော့ဘဇားအနီးက ကျွန်းတု နှင့် စက်မှုမြို့ပြစီမံကိန်းသစ်၊ ရေနက်ဆိပ်ကမ်း နှင့် တိုးချဲ့မြေဖို့လေယဉ်ကွင်း၊ F-16 တစ်အုပ် ဆင်းတက်နှိုင်သလို၊ Ming Class ရေငုတ်သင်္ဘောကြီးတွေ၊ Frigate တွေ နှင့် ဆိပ်ကမ်းသစ်၊ တစ်ချိန်က ရခိုင်တို့ပိုင်တဲ့ ရှင်မဖြူကျွန်းကြောင့် သည်ဟိုက်မှာ Law of sea နှင့် မြန်မာကို အနိုင်ရ၊ စီးပွါးရေးဇုံ ရေပြင်မျဉ်းသစ် နှင့် ဓါတ်ငွေ့တူးစင်တွေက ထွက်နှုန်းကောင်း၊ အနာဂါတ်လမ်းကြောင်းက ပီပြင်၊ ပညာဉာဏ် အသိသတိ ရှိရင်ဖြင့် မြန်မာတို့ဆင်ခြင်ကြ၊ အိမ်နီးချင်းနိုင်ငံတိုင်းက ကျော်တက်၊ ရှက်ကြရမှန်း ညီညွတ်ကြ ရမှန်း မသိတော့၊ အချိန်တွေနှမြောမိလာ၊ အာရက္ခတို့လည်း အတုယူကြစေချင်၊ ဘင်္ဂလားဒတ်ရှ်ရဲ့ ၂၀၂၃ မှာ ပြီးစီးလည်ပတ်မည့် The Rooppur Nuclear Plant ကလည်း Russia အစိုးရရဲ့ Rosatom ၊ နစက ဥက္ကဌရဲ့ ရှေ့မှောက်မှာ မြန်မာအစိုးရ ကိုယ်စားလှယ်နဲ့ လက်မှတ်ထိုးခဲ့ကြပြီဆိုတဲ့ မြန်မာ့ပထမဆုံး Nuclear Plant ကလည်း Russia အစိုးရရဲ့ Rosatom နဲ့ပါပဲ။
♦ ဘာဆာချာကျွန်း နှင့် အူတူပါလောင်စခန်း (၃၄) ခု မှာ ဒုက္ခသည်အဖြစ်ခံယူ၊ ရခိုင်က လူမျိုး–ဖြတ်ခံခဲ့ရလို့ ထွက်ပြေး လာရပါတယ်ဆိုတဲ့ နိုင်ငံရေးဇွဲအပြည့်နှင့် ပြည်တော်ပြန်ရင် ယခုပေးထားတဲ့အမည်သစ်နှင့် တိုင်းရင်းသား နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရမယ်လို့ အားမာန်အပြည့် တောင်းဆိုနေကြတဲ့၊ တစ်ချိန်က ရခိုင်တို့ စစ်တကောင်းဘင်္ဂလားကလာတဲ့ ဘင်္ဂလီ ခေါ်ကြတဲ့လူမျိုးနွယ်စု၊ ယခုအခေါ် မြန်မာလို ဘာသာပြန်ရယင် ရခိုင်သား လို့အဓိပ္ပယ်ရတဲ့ ရိုဟင်းဂျာ။
♦ သမိုင်းတစ်ပတ်လည်တော့ ယခုအခါ ရခိုင့်မြေမှာ ရခိုင်တို့က ပြုံးပန်းတရာနှင့် အတင်းချစ်ကြည်ပြနေကြရ၊ လူမျိုးချင်းသဟဇာတဖြစ်ရေး၊ ကျိုးနွံစွာကြိုးစားပြနေကြရတဲ့ အခြေအနေ၊ တက္ကသိုလ်တွေအထိ တွေ့နေကြရ။
♦ အဆိုပါ ပုဂ္ဂိုလ်တွေရဲ့စစ်မဲ့ဇုံ တဘက်နိုင်ငံဒုက္ခသည်စခန်းတွေမှာ ယခင် နှင့် ယခု ဒုက္ခစုံခံကြရခြင်း၊ ငိုချင်းရှည်တွေကိုဖြင့် လူသားချင်း ကိုယ်ချင်းစာမိကြမည် အမှန်၊ ရခိုင်တွေ စိုးကြောက်သည်က နိုင်ငံရေးတိုက်စစ်၊ အမည်သစ်နဲ့ နာမည်၊ ဒီမိုကရေစီမှာ Demography က အသက်ပါဘဲ။
♦ ဒုက္ခသည်စခန်းတွေနှင့် ကမ္ဘာ့အနှံ့ ပျံ့နှံ့နေကြပါတယ်ဆိုတဲ့ အဆိုပါ ရဟဂ တွေရဲ့ လူဦးရေက၊ ဘင်္ဂလာဒတ်ရှ် ဒုက္ခသည်စခန်းတွေမှာက (၁.၁) သန်းတဲ့၊ ဗြိတိသျှကြက်ခြေနီက ခန့်မှန်းတာက (၁.၂၄) သန်း၊ ကုလသမဂ္ဂ ပြောတာကဖြင့် (၉၁၈၀၀၀) ဦး၊ FAO စာရင်းအရက (၈၈၄၀၀၀) ဦး၊ စသည်ဖြင့် စာရင်းကမတိကျ ကွဲလွဲနေ၊ ၎င်းတို့အပါဝင် ကမ္ဘာအနှံ့ ပြန့်နှံ့နေတဲ့ လူဦးရေ စုစုပေါင်းရင်ဖြင့် (၂ သန်းကျော် – ၃ သန်းကျော်) ဆိုတာပါပဲ။
♦ ဒီမိုကရေစီရဲ့အခြေခံဟာ ပြည်သူ့ဆီက အာဏာပါပဲ။ ဒါကြောင့်စင်္ကာပူမှာ လီကွန်ယု ဖေါ်မြူလာက တရုတ်၊ မလေး၊ တမိလ် လူဦးရေအချိုး တမျိုးတည်း အမြဲဖြစ်စေမည့် လူနေရပ်ကွက်၊ မဲဆန္ဒနယ်၊ သေချာတွက်ချက် ထားတဲ့၊ အနာဂါတ်အတွက် နိုင်ငံရေးဖေါ်မြူလာက အတုယူစရာအမှန်ပါ။
♦ အနာဂါတ်ကာလ၊ ရခိုင်အများ ပြောနေကြတဲ့ စစ်ပြီးကာလ အာရက္ခပြည်မှာ နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်နှင့် ပြည်ပစစ်မဲ့ဇုံကနေ၊ စစ်ကြီးဖြစ်တော့ ကျဆုံးသွားကြရမည့် သိန်းချီတဲ့ တောနေ မြို့နေ ၊ ဘယ်မှ ပြေးဟယ်သွားဟယ် မစွမ်းနိုင်တဲ့ ဆင်းရဲသားရခိုင်တွေရဲ့ ကွက်လပ်ကို လွယ်လွယ်ကူကူ ပြည်တော်ပြန်ပြီး၊ ရန်ကုန်ရောက်၊ ပြည်မရောက်၊ ပြည်ပရောက် ရခိုင်တွေလို ခိုဝင်၊ လာကြမည် ရည်ရွယ်နေကြသည် ထင်ပါရဲ့။

♦ ၄ ♦
၄။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ နောက်ပိုင်းဟာ နှစ်(၇၀)ကျော် မြန်မာ့လွတ်လပ်ရေးသမိုင်းရဲ့ နိုင်ငံရေး အကျပ်တည်းဆုံးကာလ အဖြစ် မြန်မာတို့ရဲ့လွတ်လပ်ရေး သမိုင်းမှတ်တမ်းမှာ ကြုံဆုံလာရ။
♦ နှစ် (၇၀)ကျော် ကြာလာပြီဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ အမျိုးသားလွတ်မြောက်ရေး နှင့် အမျိုးသားတန်းတူရေး လက်နက်ကိုင် တော်လှန်ရေးဒီရေကလည်း အမြင့်ဆုံးကာလနှင့် ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော် နှင့် နစက အစိုးရ။
♦ ယခုကာလမှာမှ NUG, PDF တွေကလည်း တိုက်ကွက်သစ်နှင့် ထပ်တိုးလာပြန်၊ နည်းမျိုးစုံနှင့် အကွက်ဝင်ပြီဆိုပြီး၊ အဖြူကောင်တွေကလည်း ငွေအား လူအား လက်နက်အား သံတမန်အားနှင့် ပါလိုက်သေး။
♦ ဒါပေမဲ့ ရုတ်တရက် ဒီနှစ်တွင်မှ ကမ္ဘာ့နိုင်ငံရေးရာသီဥတု အပြောင်းအလဲက မြန်မာ့နိုင်ငံရေးကံဇာတာကို မိုးနတ်မင်း ဖေးမပေးသလိုပ အလှည့်အပြောင်းကဖြစ်လာ။
♦ နစက အာဏာစက်တနှစ်ကျော်ကျော်ကာလ ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီ ၂၄ အလွန်မှာအသစ်ဖြစ်ထွန်းလာတဲ့ ကမ္ဘာ့အခြေအနေ Multipolar နှင့် New World Order တွေကြား၊ ကံကောင်းတာလား ဟေ့ ရွှေမြန်မာ၊ ရုရှပူတင်ရဲ့ လက်တင်အမေရိက က ဗင်နီဇွဲလားလို၊ အရှေ့တောင်အာရှမှာ မြန်မာသည် မဟာဗျူဟာမြောက် အမြင့်ဆုံးမိတ်ဘက် အလိုလိုဖြစ်လာလိမ့်။ အချက်အလက်ကို အခြေခံ ကြည့်ရင်ဖြင့် Grand Strategy ပိုင်ရှင်က စာအုပ်ဖတ်နေသူကြီးထင်ပါရဲ့။ ပေါက်ဖေါ်နှင့် အဟမှာ ဘယ်ညာခွကစားတတ်တဲ့ စစ်တုရင်သမား ဆိုတော့ ရုရှနှင့် ရွှေလမ်းငွေလမ်းဖေါက် ပညာတော်သင် သောင်းချီ စေလွှတ်ခဲ့တာ ဆယ်စုနှစ် အတော်ကြာခဲ့ပြီ ထင်ပါရဲ့။
♦ သို့ပေမဲ့ လက်တွေ့မောင်းနှင်သူပဲ့ကိုင်ရှင်ကဖြင့် အများပြောကြတဲ့ ဘုရားတကာကြီးပါဘဲ၊ မကြာခင်လည်း မြစ်ချောင်း၊ ကျောက်မီးသွေးနှင့်သဘာဝဓါတ်ငွေ့ပေါသလောက် လျှပ်စစ်ဓါတ်အား ခက်ခဲပြီး ယူရေနီယံ ထွက်တဲ့နိုင်ငံမှာ နျူရီအက်တာ တည်ဆောက်၊ မကြာမြင့်မီကာလတိုမှာဖြင့် ရာနှုန်းပြည့် လျှပ်စစ်ဓါတ်အား ပေးနိုင်ကြတော့မည် ထင်ပါရဲ့လေ။
♦ ယနေ့ အခြေအနေမှာ ရုရှ-မြန်မာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ ချစ်ကြည်ရေးကလည်း လွတ်လပ်ရေးခေတ် တလျှောက်လုံး အဆင့်အမြင့်မားဆုံးမှာ ရှိနိုင်။
♦ အာတိတ်၊ အန္တာတိတ်၊ ပစိဖိတ် နှင့် အိန္ဒိယ သမုဒ္ဒရာတွေကြား ရေပေါ်ရေအောက်သွား သင်္ဘောကြီးတွေရဲ့ ထောက်ပို့လုပ်ငန်းတွေအတွက် တထောက်နားစရာ ဆိပ်ကမ်းတွေက N W O အရ ပထဝီနိုင်ငံရေး စစ်ရေး အချက်အချာကျ နေရာတိုင်းမှာ ပြိုင်ဘက်တွေအတွက် လိုအပ်လာ။
♦ ရခိုင်ပြည်ရဲ့ ကမ်းရိုးတန်းတလျှောက်က မြင်ကွင်းသစ်တွေကိုဖြင့် တွေးကြည့်ရင် အလိုလိုမြင်နိုင်ကြလိမ့်။ S-400, S-500 မဟာဗျူဟာမြောက် ဒုံးခွင်းဒုံးတွေနှင့် အကာအကွယ်ပေး အနာဂါတ်ရဲ့ မြင်ကွင်းအနီးအဝေးက ပိုပီပြင်လာ။
♦ ကမ္ဘာ့ ပထဝီနိုင်ငံရေး စစ်ရေး စီးပွါးရေး ရေစီးက အလိုလို အချိန်အခါအလျောက် မြန်မာပြည်နှင့် ရခိုင်ပြည် ကမ်းရိုးတန်းဘက်ခြမ်းရောက်လာ။ Multipolar နှင့် New World Order ကြား မဟာမိတ်စုဖွဲ့မှု ပုံသဏ္ဍာန်သစ် ရဲ့ နိဒါန်းပဲ ထင်ရ။
♦ YAK-130 ၊ Mig-29 ၊ Sukoi နှင့် မစ်ဆိုင်းတင်တဲ့ ကားကြီးတွေ မြင်မြင်နေရတော့ မြန်မာ့နိုင်ငံရေးက ပါဝါမာ နှင့် ပါဝါပျော့ အားမပြိုင်ကြဘဲ အသိသတိတွေနဲ့ ညှိနှိုင်းမှ ဖြစ်မည့်အခြေအနေလို့ အလိုလိုထင် မြင်မိ။
♦ နှစ် ၇၀ ကျော်ကြာ ၊ ယခုအချိန်ခါမှာဖြင့် မြန်မာ့နိုင်ငံရေး အရှုပ်ထုတ်ကို အဖြေထုတ်ကြဖို့ အချိန်တန်၊ မိမိကိုယ်ကို စိစစ်ဝေဖန်ကြဖို့ အလွန်လိုအပ်၊ ရောက်နေဖြစ်ပျက်နေကြသည့် နေရာတွင်ရပ်၊ ရှေ့ဆက်အသစ်က ပြန်စနိုင်မည့် နည်းလမ်းသစ်ကိုရှာ၊ အဖြေတွေ့ကြဖို့ မဝေးသေချာ ဟု ခံစားမိ။
♦ တပါးသူကို (ဝါ) တခြားအဖွဲ့အစည်းကို (ဝါ) တခြားပါတီကို အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်းကို ရှောင်ကြည်ကြ။ မိမိကိုယ်ကို (ဝါ) မိမိအဖွဲ့အစည်းကို (ဝါ) မိမိပါတီကို အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်းကိုလည်း နည်းတူ ရှောင်ကြည်ကြ။ အစွန်းတစ်ပါးသာဖြစ်သည်ဟု မှတ်ယူ။
♦ လက်တွေ့မြေပြင်မှာ ပကတိအမှန်ကိုမြင်မှ ပြသနာ၏ ဇစ်မြစ်ကို အဖြေရှာနိုင်ကြမည်ဟု မှတ်ထင်မိ၊ အနာသိပါမှ ဆေးမှန်ကာ၊ လူနာကိုကုသနိုင်မှာမို့၊ ဇစ်မြစ်မှန်သိရန်က ပိုအရေးကြီး၊ နှစ် ၇၀ ကျော်ခရီးက အချီးနှီးဖြစ်ခဲ့ပါပြီ။
♦ ကမ္ဘာ့ပထဝီ နိုင်ငံရေး၊ စစ်ရေး စိမ်ခေါ်မှု အရွေ့သစ်မှာဖြင့် မြန်မာတို့၊ ရခိုင်တို့၊ ရဲရဲကြီးတိုးဝင်ကြည့်ရန်လို၊ သည်အရွေ့မှာ အဖြေက ကပ်လျက်ပါလာသည်ကို တွေ့ရ၊ အချိန်ကာလ နှင့် ဘိုးဘွားပိုင်မြေကြီးက ပေးသည့် မဟာအခွင့်အရေးမို့ သတိနှင့် သတ္တိ ရှိကြရန်သာ လိုပါသည်။
♦ ရှေ့သို့ ရဲရဲ ဆက်လျှောက်ကြပါ၊ ရပ်မပစ်ကြပါနှင့်၊ အချိန်ကကုန်လွယ်လွန်းလှပါသည်၊ နောင်တရကြပြီ ဆိုလျှင်တောင်မှ အတော်နှောင်းမှ သိရသည့် အဖြေမို့ တန်ဖိုးထားကြစေချင်ပါသည်။

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
အပိုင်း(၂) “(ခ) လက်နက်ကိုင်တော်လှန်ရေး၊ ပါတီနိုင်ငံရေး ကြားက AFP” – ဆက်ရေးပါဦးမည်။

~ written by: ​ဒေါက်​တာ​အေး​မောင်


  • source: ” – ” | by Aye Maung | on Facebook

The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s