(The Mog Nation Wiki, an archive)

ဖိနှိပ်ခံပြည်သူအများအတွက် အမှန်တရားကိုသယ်
ဆောင်ပေးခဲ့သူ ဦးဦးထွန်းသိန်း၏သမိုင်းသည်ကား
ရှည်လျှားကာ ထူပြောလှပါပေ၏။
ဦးဦးထွန်းသိန်းသည် တင်းမကျေးရွာသားဆိုစေ
ကာမူလည်း ပြည်ပနိုင်ငံများတွင် နှစ်ကိုဆယ်ချီနေထိုင်ခဲ့ဖူးသူဖြစ်ပြီး ကျေးရွာတွင်လူချမ်းသာမဟုတ်သည့်တိုင် လယ်ယာ၊ကိုင်း၊ကျွန်းဥယာဉ်ခြံမြေများစွာနှင့်ဆန်စက်ပိုင်ရှင်တစ်ဦးလည်းဖြစ်ကာ ၂၀၂၀ မတ် ၂၂ ရက်နေ့တွင်စစ်တပ်က တင်း
မရွာကိုမီးရှိုးစဉ် သူ့ဆန်စက်ပါ မီးလောင်ဆုံးရှုံးခဲ့ရသည် ၂၀၂၀ မတ်လကပင် ယခုအချိန်ထိစစ်ဘေးရှောင်ဒုက္ခသည် အခန်းကျဥ်းတန်းလျှားတွင်နေ
ထိုင်ယင်း အများအကျိုးကို ကိုယ့်အကျိုးဟု ကိုယ်
ကျိုးစွန့်အနစ်နာခံလုပ်ဆောင်မှုသမိုင်းမှာ ရှယ်လျှား
ထူပြောလှကာ ၂၀၂၂ မေလ ၂၄ ရက်နေ့ နေ့လည်
မဟာမုနိစစ်ဘေးရှောင်စခန်းကအပြန် ကျန်းမာရေး
အခြေအနေဖေါက်ပြန်ကာ ကျောက်တော်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူယင်း ၂၀၂၂ မေ
၂၅ ရက်နေ့ နံနက် ၇ နာရီကျော်တွင် ကွယ်လွန်ခဲ့
ပါသည်။
အကျဉ်းချုပ်ပြောရလျှင် တင်းမကျေးရွာအား စစ်
တပ်မှမီးရှိုးခဲ့၍ မီးလောင်ကျွမ်းမှုကို မြို့နယ်အုပ်
ချုပ်ရေးမှူးဦးကျော်ဝင်းနှင့်ဒု-အုပ်မှူး၊ဒုဦးစီး လက်
နက်ကြီးကျ၍ မီးလောင်သည်ဟု လက်မှတ်ထိုးရန် အတင်းပြော၊ထိုးခိုင်းလျှင်လည်း လုံးဝမထိုးဘဲ အ
မှန်ကိုရပ်တည်ပေးခြင်း၊တင်းမသစ်ရွာနှင့်တင်းမကြီးရွာတို့က ၁၈+၃=၂၁ ဦး ဖမ်းဆီးပျောက်ဆုံးမှုအတွက် အမှန်ကိုရပ်တည်ကာ အာဏာပိုင်များကို
မကြောက်မရွံ့ရဲရဲဝံ့ဝံ့ မြို့နယ်အဆင့် ခရိုင်အဆင့် ပြည်နယ်၊ဗဟိုထိထိုးဖေါက်ဝင်ရောက် ရင်ဆိုင်ပြောကြားခြင်၊ကမ္ဘာသိအောင် မီဒီယာများ၊လူ့အခွင့်ရေးအဖွဲ့များသို့ဖြန့်ဝေပြောကြားခြင်း၊စစ်ဘေးရှောင်ပြသူများ မိမိကျေးရွာသို့ပြန်လို့ရရေး မြေမြုပ်မိုင်းရှင်းလင်းပေးရေးအတွက် တင်ပြတောင်းဆိုခြင်း၊
စစ်ဘေးရှောင်ဒုက္ခသည်များ၏အခွင့်ရေးအတွက် အမှန်ကိုရင်ဆိုင်ပြောကြားပြီး အုပ်ချုပ်သူအဖွဲ့အစည်းများသို့ တင်ပြခြင်းများ၊တခြားများစွာသော ကိစ္စအဝဝကိုစွန့်စားပြောကြားဖေါ်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ယခုကဲ့သို့ ဘဝတူဖိနှိပ်ခံပြည်သူ့အခက်အခဲများ၊စစ်ဘေးရှောင်ဒုက္ခသည်အခွင့်အရေးများနှင့်များစွာသောပေးဆပ်အနစ်
နာခံပြုလုပ်မှုများ၊၂၀၁၈၊၂၀၁၉၊၂၀၂၀ တိုက်ပွဲ
တွင်းကလ ပေးဆပ်အနစ်နာခံမှုများကို ကွယ်
လွန်ခဲ့သူ ဦးဦးထွန်းသိန်းအတွက် ကောင်းသောသမိုင်း မည်သည့်အခါမျှ မမေ့ပျောက်နိုင်သော
မှတ်တမ်းအဖြစ် သူကိုယ်တိုင်ရေးထိုးခဲ့ခြင်းပင်
ဖြစ်ပါသည်။
ကွယ်လွန်ခဲ့သူ ဦးဦးထွန်းသိန်း နာရေးအား
ကျောက်တော်မြို့ ဘောလုံးကွင်း(မှန်ကျောင်း)
ကယ်ဆယ်ရေးစခန်းတွင် ထားရှိကာ ၂၆/၅/၂၂
ယနေ့ နေ့လည်တွင် သင်္ဂြိုဟ်မည်ဖြစ်ပါသည်။
မောရမြီ ကျော်လှမြင့်(၂၆/၅/၂၀၂၂)
End Notes and External links
- source: on Facebook | by Kyaw Hla Myint
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

