(The Mog Nation Wiki, an archive)
တရံရောအခါက သမိုင်းအားဖြင့် မကြာသေးသော ကာလတစ်ခုတွင် ဂျာမန်ပညာရှင်အချို့က အကောက်အယူပြုကြသည်မှာ – အိန္ဒိယသို့ ရှေးသမိုင်းအတီတေက ကျူးကျော်ဝင်ရောက်ခဲ့သည့် အာရိယန်တို့သည်ကား ၎င်းတို့ ဂျာမန်များ နှင့် တမျိုးတည်းသာ ဖြစ်ကြသည် ဟု အနုမာန တွက်ဆကြလေသည်။
ဂျာမန်တို့သည် မြင့်မြတ်သော အာရိယန်မျိုးနွယ်ဖြစ်ကြောင်း အလေးအနက် အခိုင်အမာပြုရန်အလို့ငှာ အိန္ဒိယသားတို့ သမိုင်းအတီတေကပင် (အောက်ထစ်ဆုံး အနှစ် ၃၀၀၀ မျှ) သုံးစွဲလာကြသည့် ဆွားစတစ်ကာ (swastika) အမှတ်တံဆိပ်ကို ခိုးယူလျက် အနှစ် (၂၀) မျှ သုံးစွဲလိုက်ကြလေရာ ထိုအမှတ်တံဆိပ်မှာ ဘီလူးသဘက်ပမာ ပုံရိပ်ဖြစ်ထွန်း နာမည်ပျက်သွားခဲ့ရလေသည်။
ဟစ်တလာခိုးယူသွားခဲ့သော ဆွားစတစ်ကာ (swastika) အား အိန္ဒိယတိုက်သားများ အာရှတိုက်သားများနှင့် ကမ္ဘာသူ ကမ္ဘာသားများထံ ပြန်လည်ပေးအပ်ရန် လိုအပ်နေသည်။
Kyaw Zaw Oo
15 April 2022





End Notes and External links
- source: on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter