ဘင်္ဂလားမှ ရခိုင်များ

ဘင်္ဂလားအာဏာပိုင်များတရား၀င်သတ်မှတ်ထားသော ရခိုင်လူဦးရေသည် နှစ်သောင်းနီးပါးသာရှိပါသည်။သက်ထောင် Rangamati ၊ဖလံထောင် Khagrachari ၊ဗိုလ်မင်းထောင်Bandarbanတို့ရှိ ရခိုင်များကို မရမာအဖြစ်သတ်မှတ်ထားပါသည် ။ယင်းလူအများစုတို့ကလည်း မရမာဟုခံယူထားကြပါသည်။အနည်းငယ်တို့ကသာ ရခိုင်ဟုခံယူနေကြပါသည်။ယင်းရခိုင်သားများသည်ရခိုင်စာကိုမတတ်ကြသောသူ ၉၉ ရာနှုန်းရှိပါသည်။အသက်၅၀၊၆၀ကျော် ရခိုင်တို့သာ အနည်းအကျဉ်းတတ်ကြပါတော့သည်။ခုခေတ်လူငယ့်လူလတ်ရခိုင်များရခိုင်စာကို လုံး၀မတတ်ကြတော့ပါ ။၀တ်စားဆင်ယင်မှု၌လည်း လူကြီးပိုင်းတို့ကသာ လုံချည် ထမီ ၀တ်ကြပါသော်လည်း လူငယ်လူလတ်တို့ကား ကုလား၀တ်ကုလားဆင် ၀တ်ကြပါလေပြီ ။ပညာရေးဖက်၌လည်း ထူးချွန်သော
ရခိုင်ရှိပါငြားလည်း တပြည်လုံး၌ရာဂဏန်းပင်မပြည့်ပါ ။
ရခိုင်ဆရာ၀န်၊အင်ဂျင်နီယား၊ကျောင်းဆရာ၊စာရေးစာချီ၊ရှေ့နေ၊စစ်ဗိုလ် လက်ချိုးရေ၍ရပါသည်။စီးပွားရေးဖက်မှာလည်း ဧရာမအပင်ကြီးအောက် နလံမထူနိုင် ခက်မငါးဖြာမထွက်နိုင်သော ပိန်ကြုံချိနဲ့သောအပင်ငယ်သဖွယ်ဖြစ်နေသည်။ရခိုင့်ဗုဒ္ဓဘာသာဖွံ့ဖြိုးရေးအသင်းကြီးဟူ၍ ဖလောင်းချိပ်မြို့ကြီးမှာရှိခဲ့ပါ၏ ။ရခိုင်မှန်တိုင်း ကွဲပြဲအပြိုင်အဆိုင်ဓမ္မတာအရ Rakhine DevelopmentFoundetion , RDF အသစ်ပေါ်လာပြီး
ယခင်ရှိနေသော ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးနှင့်အပြိုင်ကြဲလေ၍ အစိုးရက ထိုအသင်းကြီးကိုပိတ်လိုက်ပါလေ၏။RDF တခုတည်းသာကျန်ပါလေတော့၏။ဘာသာရေးမှာလည်း ရခိုင်မှလာသောဆရာတော်သံဃာတော်တို့ကိုသာအားထားနေရပါ၏။ပရိယတ္တိ နည်းပါးသောဘင်္ဂလာသားဆရာတော်များ
ကား ပရိယတ် ပဋိပတ်အရာတို့၌အားရဘွယ်မရှိပါ။
ခုခါ၌ ရခိုင်ပြည်မှ သံဃာတော်များလည်းမကြွကြပါတော့၍ တရားသံ ဆိတ်သုဉ်းလုလုဖြစ်နေပါပြီ။

ဘင်္ဂလာလွတ်လပ်ရေးမရမီက ကယုချောင်း၊ညလား၊ဖလောင်းချိတ်စျေးများ၌ ရခိုင်များစျေး၀ယ်လာလျှင်ဘင်္ဂလီ တို့ ဖယ်ပေးကြကြောင်း ။ဆော်ဒရီဆပ် နာမာချကာဟု ဆလံပေးပြီး ဖယ်ပေးတတ်ကြကြောင်း။လေးစားမှုပြတတ်ကြကြောင်းယင်း ရွာသားမြိုသားကြီးတို့အကြိမ်ကြိမ်ပြောပြကြဖူးပါ၏ ။

ဘင်္ဂလာလွတ်လပ်ရေးရစ ၁၉၇၅ က၊ရခိုင့်နယ်ပယ်များ၌ ရခိုင် ၉၇ ရာနှုန်းရှိခဲ့ရာ ရခိုင်တို့ကြီးပွားရှေ့တန်းရောက်နေခဲ့ကြရာက ၊၂၀၁၆ အရောက်တွင်ဘင်ဂလီ ၈၅ ရာနှုန်းကြီးထွားလေပြီးသော ရခိုင့်မြို့ရွာများ၀ယ် ၊နောင်အနာဂတ် ရခိုင့်လူမှုရေး စီးပွါးရေးဘာသာသာသနာရေးတို့မည်သို့ရှိလာချေမည်ကို စာဖတ်သူတို့သာထင်ကြေးပေးကြပါလေလော့။

ရခိုင့်နောက်ဖက်ဆုံးမောင်တောမြို့မှ နတ်မြစ်ကိုကူးသော် ဘင်ဂလာဒပ်ခ်ျပြည်ကိုရောက်ပါလေ၏။မောင်တောမြို့မှ တနာရီကျော်ကားဖြင့်သွားရသော စံပယ်ပင်ရင်း ၊ယင်းအနားရှိ ငခူရတို့မှကူးနိုင်ကြပါ၏။ယင်းထက်အဝေး တမြေတည်းစပ်နေရာတို့မှလည်းကူးနှိုင်ကြပါ၏ ။မောင်တောကကူးပါလျှင် နတ်မြစ်ကမ်း
ရှိ ကယုချောင်း ၊Teknaf မြို့ကိုရောက်ပါ၏ ။ယခင်ကရခိုင်အိမ်ခြေထောင်ကျော့် ၊အားလုံးရခိုင်ယခု ရခိုင်အိမ် ဆယ်ကျော်မျှဘင်ဂလီသောင်းကျော့်ပါလေပြီ။အနီးရှိ ဆားပြင်ရွာ ။အယင်က
အိမ်ခြေရာကျော် ။ယခုရခိုင်အိမ်၃ဆောင်သာကျန်ပြီး။ဘုန်းကြီးကျောင်းကိုပင်ကုလားအိမ်လုပ်ပစ်လေပြီ ။ကယုချောင်းမှမြောက်ဖက်ကားလမ်းအတိုင်းလာပါက ၂၀မိုင်တွင် ရွာသစ်ကေ၊နော်ယာဖာရာ ကိုရောက်ပါ၏။ ၈၈ကျနော်တို့ရောက်စက ရခိုင်အိမ် ၃၀ကျော် ။ယခုတဆောင်မှမရှိတော့။ယင်းမှဆက်လာသော် နာရီ၀က်လာက မြစ်နားရွာကြီးကိုရောက်ပါ၏။ ဘုန်းကြီးကျောင်း၂ကျောင်းနှင့် ၊ကျောင်းကွဲရခိုင်ရွာကြီး ။ယင်းမှ ၅မိနစ်ခန့်အကွာ၌ မိုးဖြူရွာ ။ရခိုင်အိမ်မရှိပြီ ၊နံမည်သာကျန်ပါပြီ ၊အိမ်ခြေရာကျော်ရှိခဲ့သောရခိုင်ရွာကြီး ၊ပြောင်ပါလေပြီ ။ ယင်းမှဆက်လာ ။၁၀မိနစ်အကြာ ၌ ။ ညလား ရွာ၊ အယင်ကရခိုင်ရွာအိမ်ထောင်ချီရှိခဲ့။ ယခုရှစ်အိမ်တည်း ။ဘင်ဂလီအိမ်ထောင်ကျော်။ ညလားတောင်တန်းပေါ်ရှိ စေတီ၃ဆူလည်းကွယ်ပလေပြီ။ကားလမ်းအတိုင်းလာပါက ၁၀ မိနစ်ခန်အကြာ ခြံချောင်းရွာခရမ်းခါလီ ရခိုင်ရွာကိုရောက်ပါ၏ခုထိ အိမ်ခြေရာကျော်ရှိသေး၏။ရခိုင့်ရိုးရာဆိုရမလောက်သောကျောင်းကွဲရွာကြီး ၊စုလစ်မွန်းချွန်များဖြင့် ခန့်ညားသောကျောင်း
ကြီးနစ်ဆောင်နှင့် လှပသောရခိုင်ပြည်ကြီးကိုနောက်ခံလျက်သာယာဘွယ်မြင်ကွင်းနင့်နတ်မြစ်ကမ်းနှားရှိ ဘင်ဂလာမှရခိုင်ရွာကြီးတရွာပါ ။

ခြံချောင်းရွာအနီးတောင်ဖက်မှဆယ်မိနစ်ခြေကျင်ခရီး၌
နခေါင်းချောင်းရွာရှိပါ၏။အိမ်ခြေကားခုနစ်ဆောင်သာ
ကျန်ပါတော့သည်။ ရခိုင်ဖက်သို့ပြောင်းကြကုန်ပါပြီ ။
ရွာမှအနောက်ဖက်ဆယ်မိနစ်ခန့်သွားပါက လှပသောဘုန်းကြီးကျောင်းရှိပါ၏ ။အခိုင်အခန့် ၊ဆင်းထုတော်များ၊
ပိဋကတ်တိုက်များဖြင့်တင့်တယ်ပါပေ၏ ၊ကျောင်းပတ်ပတ်လည်၌ ကုလားအိမ်များရာချီဝိုင်းထားပါသည်။သရက်သီး ပိန္နဲသီးကအစ သီးသမျှကုလားစား ။ဟန့်မနိုင်ပြောမရဘဲလက်မှိုင်ချနေကြရပါသည်။ကြာကြာမခံနိုင်ကြပါ၍ ကျောင်းကို ခြံချောင်းရွာ၌ပြောင်းဆောက်ကိုးကွယ်ထားကြပါသည့်။

ယင်းနှင့်မဝေးသောအရပ်၌ ပေါက်ဆိန်ဂေါင်း၊ရှောက်ချောင်းရွာရာများရှိပါ၏။ အိမ်များမရှိပါတော့။

ခြံ​ချောင်းမှကားဖြင့်လာပါက၂နာရီလောက်တွင် နွားရုပ်တောင်၊နရုံတောင်ဟုခေါ်သောရခိုင်ရွာ အိမ်ခြေ ၆၀ကျော်ရှိရွာကိုရောက်ပါ၏ ။၄င်းမှ တနာရီသာသာခရီးတွင်ကား ရခိုင်တို့၏ အင်အားအများ
ဆုံး ဖလောင်းချိပ်မြို့Cox’s bazar ကိုရောက်ပါပြီ ။
ရခိုင်အိမ်ခြေနှစ်ရာခန့်သာကျန်ပါတော့သည်။
ရှေးက ရခိုင့်အိမ်ထောင်ကျော်။ကုလားဟူ၍ ရခိုင်အိမ်မှာ
အလုပ်သမားမျှသာရှိခဲ့ရာကယခုကုလားအိမ် တိုက်အိမ်ပေါင်းသောင်းကျော်တို့ကြား ရခိုင့်အိမ်သေးသေးမွှားမွှားအများစု သိမ်ငယ်စွာရှိနေကြရပါချေပြီ ။အဂ္ဂမေဓာ၊စန္ဒမဉ္စူ၊ဝိမလသာရ၊စေတီရင်း၊မဟာသိမ်တော်ကြီး ၊ပိဋကတ်ကျောင်း ။တောကျောင်း ။မြစ်နားကျောင်းအမည်များဖြင့်ဘုန်းတော်ကြီးကျောင်းများရှိပါ၏ ။ဘင်္ဂလားဒေခ်ျမှ ရခိုင့်ဂုဏ်ဆောင်မြို့ကြီးဖြစ်ပါ၏။ Rakhine Market , Burmese Store များ၂၀၀ကျော်ဖွင့်ထားကြပြီး ဗမာကုန်။ အ၀တ်အထည်များရောင်းနေကြပါ၏။ ကုလားကမ္ဘာကြားမှ ရခိုင်အလှများကိုမြင်နေရပါသေး၏ ။

ဖလောင်းချိတ်၀န်းကျင်သည် ယနေ့ဘင်ဂလာ၏ ရခိုင်လူမျိုးများအထူထပ်ဆုံးနေရာဖြစ်သည်။ဖလောင်းချိပ်အနီး အရပ်လေးမျက်နှာတို့၌ ၊၄င်းမှ စက်လှေဖြင့်
နာရီ၀က်ခရီး၌ မဟားစိုး ၊အောက်ရွာရွာကြီး ၊သံသီးရွာ ၊မဒီချောင်းရွာများ ။ရွာကြီးမဟားစိုးရွာလေးရွာ ။
ဖလောင်းချိတ်မှမြောက်သို့ကားငယ့်ဖြင့်နာရီ၀က်ခရီး၌ကား ရခိုင်သော်ဒီကျော်လေးရွာ ၊အိမ်ခြေရာကျော်ရှိသေးသောရွာများ ရင်လေးဘွယ်ရာအခြေအနေနှင့်တွေ့ရပါမည် ။ရွာကြီးများ ဖြစ်ခဲ့ကြသောဆည်ကြီးရွာ ရွာသစ်ရွာများကိုကားမတွေ့ရကြတော့ပါ၊ပျောက်ပါလေပြီ။ရွာနေရာများက ဖြစ်ကြောင်းကုန်စင်ပြောပြကြသည်ကိုမျက်ရည်စို့စွာကြားကြရပါမည် ။

ဖလောင်းချိပ်အရှေ့ဖက် ၅မိုင်ခန်အကွာ၌သမိုင်းထင်ရှားခဲ့သော ပင်းဝါမြို့ Ramuမြို့ ၊အယင်ကထောင်ကျော်အိမ်ခြေနှင့်
စီးပွားရေးအချက်အချာမြို့ ။ယခုရခိုင်အိမ်ခြေ ၄၀ခန့် ၊ရှေးဟောင်းကျောင်းကြီး ဘုရားကြီးများ တကာတကာမအနည်းအကျဉ်းတို့ဖြင့်ရင်လေးစရာကြီးပါ ။ကုလားများထောင်သောင်းကြား ဤကျောင်း။ ဘုရားတို့ကြာရှည်တည်တန့်ပါမည်လား။
ပန်းဝါမှတောင်ဖက်၆မိုင်ကျော်၌မယှက်ရွာလေးရွာ အိမ်ခြေ တရာ၀န်းကျင်ရှိရွာများ ။၄င်းတို့အပြင် ဖလောင်းချိပ် စစ်တကောင်းကားလမ်းအတိုင်းလာပါကတနာရီခရီး၌ သမိုင်းဝိုင် ဟာရဘင်းရခိုင်ရွာကြီးလေးရွာ ။ ယင်းမှ နာရီ၀က်ခရီး၌ကလားများညပ်နေသော ဇာဒိုးခလီရွာ ။ဟာရဘင်းမှ ကားလမ်းအတိုင်းလာပါက
နာရီ၀က်ခရီး၌ အာဇီနော်ကော်ရွာကြီးစသည်ဖြင့် ရခိုင်ရွာများတို့သည်လက်ငင်းအခြေအနေအရလည်းမလွယ်သောဘ၀အခြေအနေ ၊အနာဂတ်ရပ်တည်ရှင်သန်ကြီးပွါးချမ်းသာရေးမှာလည်းမလွယ်ပါသောအခြေအနေများကြားရုန်းကန်ရပ်တည်နေကြရဆဲပါသောယနေ့ဘင်ဂလာမှ ရခိုင်များဖြစ်ပါသည်။

နတ်ချောင်းဆရီ မြို့နယ်၊အလယ်ခေါ်တောင်မြို့နယ်၊လမားမြို့နယ်၊ ရွာတော်မြို့နယ် ၊စန်ဒရားကုန်းနားမြို့နယ်၊စိန်မြောင် မြို့နယ်မှ မြို့ရွာများရှိလူများသည်လည်းရှေးကရခိုင်များသာဖြစ်ပါ၏။

ရမ်းဗြဲတလွှားက ဗမာအုပ်စိုးမှုမခံလိုသူရမ်းပြည့်သားများ ပင်လယ်ကိုလှေကြီးများဖြင့်ကူးကာသက်စွန့့့်ဆံဖျားတိမ်းရှောင်လာသူတို့ ဘင်္ဂလားအ၀ကျွန်းတခို၀ယ် ရွာပေါင်း၄၀ကျော်
တည်လျက် အခုတိုင် လက်ကျန်ရှိနေပါသေး၏။ ၉၅ ရာနှုန်းတို့ကား သဘာဝဘေးဆိုးကြီးဒါဏ်ကြောင့် ရခိုင်မူရင်းဌာနေသို့ပြန်ကြပါလေပြီ။ဘင်္ဂလာတလွှားမှ ပြန်ကြလေသူ၊ပြောင်းကြလေသူတို့ မပြောင်းကြဘဲ ကြံ့ကြံ့ခံနေခဲ့ကြပါက မျိုးခြားတို့ကြား၀ယ်ဤမျှထိ ရခိုင်တို့ အရုပ်ဆိုးနေကြမည်မဟုတ်။ယခုကားဘာသာခြားတုိ့ ကြား၀ယ်အခက်အခဲများအကြပ်အတည်းများစွာတို့ဖြင့်ရုန်းကန်နေကြပါသေး၏ ။

အိန်ဒိယတြိပူရမှ ရှေးရခိုင်များ

ရခိုင်ပြည်ကြီး ဘုန်းမီးနေလသို့ထွန်းလင်းတောက်ပ စဉ်အခါကပင် ရခိုင်တို့ တြိပူရ၌ အခြေတကျနေထိုင်လာခဲ့ကြသည်မှာယနေ့တိုင်ပါ ။၄င်းတို့ထံ အကြိမ်ကြိမ်သွားခဲ့ရောက်ခဲ့ပါတွေ့ခဲ့ဖူးပါ၏။ရှေးရခိုင်များပီပီ ဖက်လိပ်နားဋောင်းများ ဖြင့်အမျိုးသမီးများ။ရှေးရခိုင်များ၀တ်သော ထမီများဖြင့် ။

အမောင် ရခိုင်ချား ဂျာဂ လကျာလေး
(အမောင်ရခိုင်သား ဇာက လာစာလေး)

ဟုနှုတ်ဆက်တတ်ကြပါ၏ ။ဘင်ဂလာဒပ်ခ်ျ ။ဖလံထောင်ခေါ်
ခါးခရားဆိုရီ မြို့နယ် ရင်ဂေါ်ရွာမှ ၊၆ပေခန့်
ကျယ်သောချောင်းငယ်ကိုကူးလ်ိုက်ပါက အိန်ဒိယနိ်ုင်ငံ တြိပူရပြည်နယ် ရခိုင်တို့နေရာ များကိုရောက်ပါ၏ ။ရင်ဂေါ်စျေးနေ့များဆိုပါက အိန်ဒိယဖက်မှစျေး၀ယ်လာကြသောရခိုင်ရွာသားများနှင့်လိုက်သွားရုံသာ။သို့နှင့်ရှေးကရခိုင်များနေထိုင်ရာရခိုင်ရွာပေါင်း ၄၀ ခန့်ကိုရောက်နှိုင်ပါ၏။ဘားဟုန် ၊ဆပြုံ ၊ရူပိုင် စသဖြင့်၄၀ကျော်ရခိုင်ရွာများကို တြိပူရမြို့တော် အာဂေါ့တလာမြို့ ထိရောက်အောင် အစီအရီတွေ့ရပါ၏ ။ရခိုင်ဟုမခေါ်ကြတော့ဘဲ၊မောဂ်ပြဟုအခေါ်များကြပါလေပြီ ။အ၀တ်အစား ဆင်ယင်ကြရာ၌လည့်း ကုလားးအဆင်များနေပါလေပြီ ၊ဘာသာ စကားပြောဆိုရေးသားကြရာ၌လည်းကလားစကားလွမ်းမိုးထားလေပြီ။သင်းကြန် ဝါကျွတ်စသောအခါကြီးများ၌သာရခိုင့်အ၀တ်၀တ်ခြင်း။ကုလားသံစဉ်ဖြင့်တန်ဆာဆင်ထားသော ရခိုင့်သီခြင်းများဆိုခြင်း၊ကုလားဟန်ပန်လွှမ်းသော ရခိုင်အကများကကြခြင်းများတို့ဖြင့်သာ အ်ိန်ဒိယ၊တြိပူရနယ်၌ ရခိုင်များရှိနေသေးကြောင်းသက်သေပြနှိင်ရုံပါ ။လူငယ်ပိုင်းများက ကုလားပုံစံကုလားဟန်ပန်များဖြစ်ကြကုန်ပါပြီ။လူကြီးပိုင်းများကားး ပကတိရခိုင်များကဲ့သို့၀တ်ဆင်ပြောဆိုနေကြဆဲပါ။ကျနော်က

ဂိုးကြီးလေ ပုလိပ်ဖမ်းဖို့ကြောက်ပါရေဒေ ဟုရပိုင်ရွာသားတချို့ကိုပြောမိရာ။

ဂျာဂိုဘင်လေး ကြို့တေရခိုင်
်ချား င လို့ချီးယေမှုလား ။
ပွလိပ်မွိန်းဂေ ငါ့ဂူချီး ငါ့မျိုးဆား
ဘင်ဂလာဂ အလေလာချွာလို့့
ပြွားဘလိုက်ကေ တခုဘင်
အွာချူးဘီတာ မဟိ ၊မကြုကေ့
ရခိုင်ချား န်ိန် ၊ချား ၊လား။

ဇာကိုပင်လည်း ကြောက်တေရခိုင်
သား။ငါရို့ယှိရေ မဟုတ်လား
ပုလိပ်မေးကေ (?) ငါ့အမျိုး
ဘင်္ဂလာကအလည်လာစွာလို့
ပြောပလိုက်ကေ တစ်ခုပင်
(?) မဟိ မကြောက်ကေ့
ရခိုင်သား နိန်၊စား၊လား

ဟုပြောကြပါ၏ ။
မ်ိန်းမကြီးများး ၊ယောက်ကျားလုံချည်အမဲရောင်ကွက်ကြီးများ၀တ်လျက်သွားလားနေကြပါ၏။စူးစမ်းမိသလောက် ၊ရခိုင့်သမိုင်းကြောင်းကိုမသိကြတော့သောအရာ၌ ဘင်ဂလာကရခိုင် မရမာတို့နှင့်အတူတူသာ။ထူးခြားချက်တခုက ။ နယ်စပ်၊ဘော်ချနော်ပူ၊ပလ၀ မှ တြိပူရမြို့တော်ထိ ရခိုင်ဗုဒ်ဓဘာသာရွာများ၄၀ခန့်တို့၌ ဘုန်းတော်ကြီးကျောင်းများအမည်သည်အတူတူဖြစ်နေခြင်းပါ။အားလုံးကျောင်းတို့အမည်သည် မဟာမုနိကျောင်း ပင်ဖြစ်ပါသည်။ ထူးဆန်းပေစွ။

မင်းဗြားမောင်ပိုစ့်

End Notes and External Links

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s