(The Mog Nation Wiki, an archive)
စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၂)
(ဤအပိုင်းသည်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်
များဟုသိရသူများ၏မေးမြန်းချက်များကိုမြို့ခံ
သားတစ်ဦးအနေဖြင့် မိမိ၏ပြန်လည်ဖြေကြား
ချက်များသာဖြစ်သည်။)
အပိုင်း(1)တွင်မိမိ မြို့နယ်ခန်းမသို့အနည်း
ငယ်နောက်ကျပြီးရောက်သွားသည်။သာသနာ
ရေးဒုဝန်ကြီးဟုနောက်မှသိရသူကအဖွင့်အမှာ
စကားပြောပြီးအခမ်းအနားအစီအစဉ်ကြေညာ
သူဒေါက်တာကျော်ရင်လှိုင် ရှေ့သို့ထွက်လာ၏။
သူက”ယ္ခုဒေသခံ လေးငါးဦးလောက်နဲ့တွေ့ဆုံ
စကားပြောလိုပါသည်။လက်ခံတွေ့ဆုံနိုင်မည့်
သူများစာရင်းပေးစေလိုပါသည်” ဟုဖိတ်ခေါ်
လိုက်သည်။ရုတ်တရက် မည်သူမှစာရင်းမပေး
ကြသည်ကိုတွေ့ရသဖြင့် ကြိုတင်လူရွေးချယ်
ထားခြင်းမရှိဟု သတိပြုမိသည်။
မိမိမှာမူကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးနှင့်
တိုက်ရိုက်ဖုန်းပြော၍တွေ့ဆုံစကားပြောရန်လက်
ခံထားပြီးဖြစ်သဖြင့်လက်ထောင်ပြလိုက်၏။နောံ
သုံးလေးဦးလောက်ဟု စာရင်းတောင်းသံကြား
လိုက်သည်။လေးငါးဦးခန့်စာရင်းယူပြီး ကျန်သူ
အားလုံးခန်းမအပြင်သို့ထွက်ပေးကြရန်မေတ္တာ
ရပ်ခံသည်။မိမိလည်းရှေ့ဖက်သုံးခုန်တန်းလောံ
တွင်တစ်ဦးတည်းထိုင်ကျန်ခဲ့သည်။
ခန်းမအတွင်းအတော်ဝေးဝေးခွာ၍ထိုင်ခုံ
လေးငါးဝိုင်း ချနေကြသည်။ရှေ့ဖက်အထက်
ဆုံးထောင့်ခုံဝိုင်းဖက်ဆီမှမိမိကိုလက်ယပ်ခေါ်
သဖြင့်သွားထိုင်စောင်နေခဲ့သည်။မိမိထိုင်နေ
သောခုံဝိုင်းသည်အတော်သီးသန့်ဆန်နေသည်
ကိုသတိပြုမိ၏။အချိန်အနည်းငယ်ကြာပြီးနောံ
စုံစမ်းရေးကော်မရှင်အဖွဲ့နှင့်ပါလာသူခြောက်ဦး
ရောက်လာပြီးမိမိကိုဝိုင်းထိုင်လိုက်သည်။မိမိ၏
ဘယ်ဖက်ဘေးကပ်၍ထိုင်သူ လူသေးသေးညှက်
ညှက်။ခန္ဓာကိုယ်ရောမျက်နှာပေါက်ပါခပ်လုံးလုံး။
(သမတဦးသိန်စိန်၏အကြံပေးအဖွဲ့ဝင် ဒေါက်
တာဆလိုင်းငွီကျုန်းလျှန်ဟုနောက်မှသိရ) သူ
ကဦးဆောင်စကားပြောမိတ်ဆက်သည်။မိမိ၏
အမည်နှင့်လက်ယှိအလုပ်အကိုင်ကို စမေး၏။
မိမိက ဦးမြင့်ဆွေမောင် အလွတ်သင်ကျောင်း
ဆရာ။ယ္ခုစာသင်ဝိုင်းဖွင့်စာပြနေကြောင်း။သူ
ကကျောင်းအမည်မေးရာမိမိကမရှိကြောင်း။စာ
သင်ဝိုင်းငယ်မျှသာဖြစ်ကြောင်းရှင်းပြလိုက်၏။
သူ့ဘယ်ဖက်ဘေးကပ်ထိုင်နေသူက အိန္ဒိယ
ကိုယ်စားလည် မိမိ၏ညာဖက်ကပ်ထိုင်နေသူ
ကအစ္စလာန်ဘာသာရေးခေါင်းဆောင်(ဟာဂျီ
တင်မောင်သန်းဟုနောက်မှသိရ) သူ့ညာဖက်
ဘေးမတ်တပ်၍ရပ်စူးစိုက်ကြည့်ရှုနားထောင်
နေသူကနောက်ထပ်အစ္စလာန်ကိုယ်စားလည်
တစ်ဦး။မိမိရှေ့တည့်တည့်၌ထိုင်နေသူကမိမိ
နှင့်2008-ခုမတိုင်မီကရခိုင်ဒီမိုကရေစီအဖွဲ့
ချုပ်၏လုပ်ဖေါ်ကိုင်ဖက်ဟောင်း ဦးအေးသာ
အောင်နှင့်တရုတ်ဘာသာရေးကိုယ်စားလည်
ဆိုသူ တို့ဖြစ်ကြောင်းအကြမ်းဖျဉ်းမိတ်ဆက်
ပေးသည်။အဓိကမေးခွန်းထုတ်ဦဆောင်မေး
မြန်းသူက ဒေါက်တာဆလိုင်းငွီကျုန်းလျန်ဖြစ်
၏။ဘေးမှတစ်ချက်တစ်ချက်လိုက်ထောက်၍
မေးမြန်းသူက ဟာဂျီတင်မောင်သန်း။ ကျန်သူ
များကနားထောင်သူများ။တရုတ်ကိုယ်စားလည်
ဆိုသူကမိမိကို ဗမာစကားပီပီသသပြောတတ်
လားဟုမေးပြီးပြန်ထွက်သွားသည်။နောက်ပိုင်း
ပြီးခါနီးမှစကားတစ်ခွန်းနှစ်ခွန်းလာမေးသူက
ဟာသလူရွှင်တော်သရုပ်ဆောင်ဇာဂနာဖြစ်၏။
(အဓိကမေးခွန်းမေးသူ နှစ်ဦးကိုအတိုကောက်
ဆလိုင်းနှင့်ဟာဂျီဟုဖေါ်ပြပါမည်။)
ဆလိုင်း=ယခုဖြစ်ပွားခဲ့တဲ့ကိစ္စကိုဘယ်လိုမြင်
သလဲ ဟုစတင်မေးခွန်းထုတ်သည်။
သူ့မေးခွန်းက အကြောင်းအရာတစ်ခုကိုကွက်
၍မေးခြင်းမဟုတ်၍ မိမိက 1971-ခုနှစ်ဘင်္ဂ
လားဒေ့ရ်ှနိုင်ငံအိန္ဒိယလက်အောက်ကခွဲထွက်
စတုန်းက လူဦးရေ85သန်းရှိပြီး ယ္ခု—ဟု
ဆက်ပြောနေစဉ် ဆလိုင်းကစကားဖြတ်၍
ခင်ဗျား အဲဒီသမိုင်းကြောင်းတွေပြောမနေနဲ့ ဒီမှာပါနေသူတွေအားလုံးပညာရှင်တွေချည်း
ဘဲဟုငေါက်ဆတ်ဆတ်ပြောလိုက်ရာမိမိလည်း
ဒေါသအနည်းငယ်ထွက်သွား၏။ဒါဆိုခင်ဗျားက
ဘာကိုသိချင်တာလဲ ခင်ဗျားသိချင်တဲ့မေးခွန်း
ကိုဖြေဖို့လာတာဟု ခတ်ဆတ်ဆတ်ပြန်ပြော
လိုက်သည်။ ဤနေရာတွင် ဤသို့နိုင်ငံတော်
အဆင့်စုံစမ်းရေးကော်မရှင်ဖွဲ့၍ရခိုင်ဒေသ
မြီု့နယ်အတော်များများသို့ကွင်းဆင်းစုံစမ်းမှု
ှုများပြုနေကြရခြင်း၏ဇစ်မြစ်ကိုသိထားရန်လို
မည်ဟုယူဆသည်။ထိုစဉ်ကဖြစ်ပွားခဲ့မှုင်္ကြီး၏
နောက်ဆက်တွဲပြဿနာကြီးများသည်ယ္ခုတိုင်
ရှင်းမကျင်းသောကမ္ဘာ့ပြဿနာကြီးအသွင်ရှိ
နေသည်။သို့လောသို့လောထင်မြင်ယူဆချက်
အမျိုးမျိုးထွက်ပေါ်ခဲ့သည်။မိမိယ္ခုတင်သော
Postသည် ထူးခြားသည့်ရည်ရွယ်ချက်မပါ။
ဖြစ်ပျက်ခဲ့ပြီးသောအဖြစ်အပျက်များ၏ဇစ်မြစ်
ကိုဖေါ်ပြရန်နှင့်မိမိတို့မြို့နယ်ကိုအရုပ်ဆိုးအ
ကျည်းတန်ဟု တစ်ဖက်သတ်စွပ်စွဲခံနေစေရ
သော ယ္ခင်နှင့်ယ္ခုဖြစ်ရပ်များကို ပြန်လည်ထု
ခြေထားခြင်းမျှသာ ဖြစ်သည်။
ယ္ခုဖြစ်ရပ်၏ဇစ်မြစ်မှာ 2012ခုမေလ28ရက်
နေ့ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စု သပြေ
ချောင်ရွာသူ သီတာထွေး အသက်26နှစ်ကို
မွတ်စလင်လူငယ်သုံးဦးကလူသူအသွားအလာ
ပြတ်သောတစ်နေရာမှစောင့်ဆိုင်း၍မတရားပြု
ကျင့်လည်လှီးသတ်ဖြတ်ရာမှစတင်သည်။တရား
ခံသုံးဦးကိုသက်ဆိုင်ရာမှချက်ချင်းဖမ်းဆီး၍
ကျောက်ဖြူထောင်သို့ပို့ထားသည်။
အဆိုပါသတင်းမှာချက်ချင်းပြန့်နှံ့သွားပြီး
ပတ်ဝန်းကျင်ရွာများသာမက မြှိုနယ်အသီးသီး
ရှိရခိုင်လူမျိုးများကိုဒေါသပေါက်ကွဲစေခဲ့သည်။
မွတ်စလင်များရှိသောမြို့နယ်တိုင်းတွင်ကုလား
နှင့်ရခိုင်နှစ်ဖက်ပတိပက္ခအားယူနေချိန်ဖြစ်၏။
မိမိတို့မြို့နယ်၌မွတ်စလင်များမရှိခဲ့သည်မှာ
1984-ခုနှစ်ကသံတွဲမြို့နယ်ကိုနှစ်20အတွင်း
မွတ်စလင်နယ်မြေဖြစ်စေရမည်ဆိုသောစာတစ်
ရွက်ကြောင့်အုံကြွမှုဖြစ်ကတည်းကပင်ဖြစ်သည်။
ယ္ခုလည်းသပြေချောင်သူကလေးကိစ္စ
ကြောင့်တောင်ကုတ်မြို့နယ်အတွင်းမွတ်စလင်
များဝင်ထွက်သွားလာမှု အိမ်တည်းလက်ခံမှု အ
ဆက်အဆံပြုလုပ်မှုများအားလုံးရှောင်ရှားကြရန်
ဖြန့်ဝေစာများပြန့်နှံ့နေသည်။မည်သူတို့ကဖြန့်ဝေ
ကြောင်းမသိရအောင်ပစ်စာသဘောမျိုးအများ
အပြားပစ်ချထားသည်။ဖတ်ရသူတိုင်း မကြေမ
နပ်ရှိနေကြသည်။
ဤရက်ပိုင်းအတွင်း ပြည်မမြို့နယ်များ
ကဟုသိရသော မွတ်စလင်ကြေးရည်တတ်8ဦး
တောင်ကုတ်ကိုဖြတ်၍ကျောက်ဖြူထောင်သို့သွား
ကာတရားခံများကိုထောက်ပံ့ကူညီသည်။ပြီးနောံ
ကျောက်နီမော်ရှိတရားခံမိဘများကိုသွားရောက်
ထောက်ပံ့သည်။ထိုမှမော်တော်နှင့်သံတွဲမြို့နယ်
တွင်းဝင်ရောက်သွားသည်။ပြီးနောံတောင်ကုတ်
ကိုပြန်ဖြတ်ပြီးပြည်မသို့ပြန်ရန်လာနေသည်ဆို
သောသတင်းများရောက်ရှိကာ ဇွန်လ3ရက်နေ့
သံတွဲလမ်းဆုံ၌လူအုပ်ကြီးတစ်အုပ်ကရိုက်နှက်
သတ်ဖြတ်လိုက်သောဖြစ်ရပ်ဖြစ်သည်။အဆိုပါ
့ဖြစ်ရပ်ကတစ်ဆင့်မွတ်စလင် လူများစုနေထိုင်
ရာဘူးသီးတောင် မောင်တောအစရှိသဖြင့်မြို့
အတော်များများသို့ပြန့်နှံ့သွားတော့သည်။
ယ္ခု ဤပတိပက္ခ၏ဇစ်မြစ်ကိုစုံစမ်းရန်မြို့
နယ်အနှံ့ကွင်းဆင်းစစ်ဆေးနေကြခြင်းဖြစ်၏။
မိမိ၏Post အပိုင်း(3)တွင်စုံစမ်းရေးကော်မ
ရှင်နှင့်မိမိ၏အမေးအဖြေစကားများကိုဆက်၍
ဖေါ်ပြပါမည်။သပြေချောင်ဖြစ်ရပ်နှင့်သံတွဲလမ်း
ဆုံဖြစ်ရပ်သည် ကြား5ရက်သာခြားကြောင်းသ
တိပြုမိသည်။လာ၍ထောက်ပံ့သောသတ်ဖြတ်
ခံပုဂ္ဂိုလ်များသည် ရက်ပိုင်းအတွင်းရောက်လာ
ကြ၍သံသယရှိကြောင်း စကားလည်းကြားရ၏။
(မဖေါ်ပြလိုသော်လည်းမလွှဲမရှောင်သာဖေါ်ပြရ
မည့်အောက်ပါအကဲဆတ်လွန်းသည့်အထောက်
အထားစာရွက်နှစ်ရွက်အတွက်ခွင့်လွှတ်စေလို။)


End Notes and External links
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter



