ဆရာကြီး ဒေါက်တာအေးကျော်နှင့် ဧရာဝတီ သတင်းဌာန အင်တာဗျူး

(The Mog Nation Wiki, an archive)


2009 October

ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊ နိုင်ငံရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာအေးကျော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏ ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။
မေး။ ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။ ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ အမြဲတမ်းရှေ့က ပါဝင်ခဲ့တယ်၊ အင်္ဂလိပ်ကို တော်လှန်တဲ့နေရာမှာရော ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကို လိုချင် လို့ တော်လှန်ရေးမှာ ရှေ့တန်းက ပါရသလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာသီဟ၊ ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေးလောကက ထိတ်ထိတ်ကြဲတွေပဲပေါ့၊ မြန်မာတနိုင်ငံလုံးအတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။

အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွဲစိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့ အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ ့ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကို လည်း တွေ ့ရပါမယ်။

ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ ရခိုင်အသိုင်းအဝိုင်းမှာရော ဗမာအသိုင်းအဝိုင်းမှာပါ လူသိများတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးပါ၊ ဒီကနေ ့မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နေ ့ကို တော်လှန်ရေးနေ့ရယ်လို ့သတ်မှတ် ထားကြတယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့ ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား (၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိတော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ထဲမှာ လည်း ပါပါတယ်။ မေမြို ့မိုးကြည့်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန် ့ခွန်းများထဲမှာ ရှာဖွေတွေ ့ရှိနိုင်ပါတယ်။ လေ့လာကြည့်ပါ။

မေး။ ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။ ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပြောခဲ့ပြီးပြီ၊ အဲသလို ဗမာအပါအဝင် အခြားသော တိုင်းရင်းသားတွေနဲ ့အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင် ရခိုင်တွေဟာ မိမိတို ့ရခိုင်ပြည် ကို ရဖို့ပါပဲ၊ တန်းတူအခွင့်အရေး ရဖို ့ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို ့ပါပဲ၊ ဒါပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက် ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့် လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊ ရခိုင်တွေ မွန်တွေဟာ ဦးနုကို ပြည်နယ်ပေးဖို ့တောင်းဆိုပေ မယ့် ဦးနု ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့ ရည်မှန်းချက်မပြည့်ဝခဲ့ရဘူး၊ ဦးနုဟာ သူ ့ပါတီအကျိုးကိုသာ ကြည့်ခဲ့လို ့တကယ်အရေးပါတဲ့ National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးရှုံး စေခဲ့တယ်။

မေး။ ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ ဖြစ်နေခဲ့ပါသလဲ။

ဖြေ။ ။ ဦးနုရဲ့ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့ ပါတီကြီးနှစ်ခုရှိတယ်၊ ဖဆပလ နဲ ့ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တွေပါ၊ ရတညရဲ့ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင် တို့လည်း နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါတယ်၊ ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင် စတာတွေက ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ (ဖဆပလ)နဲ ့သန် ့ရှင်း (ဖဆပလ) ဆိုပြီး ရှိလာတယ်၊ ဒီတော့ သန် ့ရှင်းဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဦးနုဟာ တိုင်းပြည်ရဲ့ အကျိုး ထက် သူ ့ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ ့မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို မဲရဖို ့အတွက် မျက်နှာသာပေးတယ်၊ မှတ်ပုံတင် ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်ကို အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။ ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို ့အတွက် မျက်နှာသာပေးတာနဲ ့ဘင်္ဂါလီတွေဟာ နိုင်ငံရေးအဆင့်ထိကို တိုးတက် လုပ်ဆောင်လာတာကို တွေ ့လာရတယ်။ သူတို ့အထဲက စူလတန် မာမွတ်ဆိုတာ ဟာ ထင်ရှား တဲ့သူ တဦး ပါ၊ ရခိုင်တွေရဲ့ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ဆက်လုပ်လာခဲ့တယ်။

မေး။ ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။

ဖြေ။ ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာတယ်၊ အဲဒီမှာ ဦးနုက သူ ့ပါတီ အနိုင်ရဖို ့မေယုခရိုင်ကို ဘင်္ဂါလီ တွေကို ဝင်ခွင့်ပြုတယ်၊ အဲဒီလို ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံထွက်နေ တဲ့ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။

မေး။ ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ သိပါသလား။

ဖြေ။ ။ ၁၉၆၀ ဝန်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို ့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စူလတန် မာမွတ် ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့် တခါမှ ရိုဟင်ဂျာဆိုတဲ့ စကား ကို သုံးစွဲခဲ့တာ မတွေ ့ရပါဘူး၊ လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာရော ရခိုင်သမိုင်းမှာရော ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီးခါစမှာရော မရှိခဲ့ပါဘူး။

မေး။ ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။

ဖြေ။ ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်းပေအကြောင်း သမိုင်းအကြောင်း တွေကို ဆွေးနွေးတယ်၊ အဲဒီ အခါမှာ ဒီဝေါဟာရကို ဆရာကြီး ဦးသာထွန်းက အခုလို ဆိုပါတယ်။ ရိုဟင်ဂျာ ဆိုတာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာတဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့ အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက သစ်ရွက်တွေကြွေရင် လေထဲ မှာ ဝဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုတယ်၊ ဒီ ဘင်္ဂါလီတွေကိုမှ အခုလို ဆိုလိုတာမဟုတ်ပါဘူး၊ ရည် ရွယ်ချက် ဦးတည်ချက်မရှိဘဲ လွင့်နေတဲ့ဘယ်သူ ့ကိုမဆို ရခိုင်ဘာသာစကားနဲ ့လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ ့ဆန်းစစ်ကြည့်ရင်လည်း လွင့်ဂျာကနေ ရိုဟင်ဂျာလို ့ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ် လို ့ကျနော် တက္ကသိုလ် ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဲ့ဖူးတယ်။ ယရလဝ ဆိုတဲ့ ဗျည်းတွေဟာ အသံပြောင်းလဲတဲ့ သဘောရှိ တယ်။

(ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ ပညာရှိကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင်
ပဏ္ဍိတ် (ပညာရှိ) ဘွဲ့ အပ်နှင်းခဲ့ဖူးကြောင်း သိရသည်။ အယ်ဒီတာ)

မေး။ ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင် မကြားချင်လောက် အောင်ဖြစ် နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို ့ရခိုင်ပြည်မှာ အရင်းခံတာက မူဂျာဟစ်တွေဖြစ်တယ်။ သူတို ့ဟာ ရခိုင်ပြည်မှာ နေရာရဖို ့မြေရဖို ့သူပုန်ထကြတယ်။ သူတို ့ဟာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို ့နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေပေါများလွန်းလို့ နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားတဲ့ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင် ပြည်နယ် ထူထောင်ဖို့ ့မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ် ရိုဟင်ဂျာကို တင် သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊ မိမိတိုင်းပြည်ရဲ့ နယ်မြေတွေကိုရော ဘာသာ သာသနာ ကိုပါ အန္တရာယ်ပြုနိုင်တဲ့ ဒီ ရိုဟင်ဂျာဆိုတာကို ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။

မေး။ ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းတရားက ဘာတွေများဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့ ဒီရိုဟင်ဂျာဆိုတာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက“အစ္စလမ်ဝါဒ လွှမ်းမိုး ပြန့်ပွားရေး”ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည် တွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့် လိုအပ်တာတွေကို ထုနဲ့ ထည်နဲ ့ပံ့ပိုးပြီး လုပ်ဆောင်နေတာကို တွေ ့ရတယ်၊ အရှေ ့တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို ့လွှမ်းမိုးဖို ့နယ်မြေရရှိစေဖို ့အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို ့ဟာ ရိုဟင်ဂျာအမည်ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို ့အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊မြန်မာတိုင်းရင်းသား လည်းမဟုတ်ဘူး။

မေး။ ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်း မပြုဘူး၊ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေမယ့် ပြည်ပမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများကောင်စီမှာ တိုင်းရင်း သား အခွင့်အရေးရဖို့ ကြိုးစားနေတာတွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက ကန့်ကွက်လို ့အခု အချိန် ထိတော့ အောင်မြင်မှုမရသေးပါဘူး။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့ သလဲ ဆိုတာ ကို သိချင်ပါတယ်။

ဖြေ။ ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသားလူမျိုးများနဲ ့ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို ့ဆရာဒေါက်တာမောင်မောင်ရယ်၊ ဆရာကြီး ဦးစံသာအောင် ရယ်။ ကျနော်တို ့တွေ ့ဆုံဆွေးနွေး ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်က ဥပဒေ ပညာရှင်၊ ကျနော်က သမိုင်း၊ ဦးစံသာအောင်က အဲဒီတုန်း က အထက်တန်းပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။

အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက်ဆိုရင် ဘိုးတော်ဘုရား စစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်လောက်က စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံ တယ်၊ အဲဒီမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လာတဲ့ လူမျိုးတွေ အားလုံးကို ကျကျနန စစ်တမ်းကောက်ထား တာရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့ တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်ပြီးရင် ဆုံးဖြတ်ရင် မကောင်းဘူးလားလို့ ကျနော်က အကြံပေးတယ်။

အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင် သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က စသင့်တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည် ကို အင်္ဂလိပ်တွေစသိမ်းတဲ့ နှစ်ပါ၊ ဒါကို ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီမတိုင်မီက နေထိုင်ခဲ့တဲ့ လူမျိုးတွေကို တိုင်းရင်းသားလူမျိုးများ အဖြစ် သတ်မှတ်တယ်လို ့ ဥပဒေ ပြုခဲ့တယ်။ ဒါပေမယ့် ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း မရှိခဲ့ဘူး။

ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ –

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၄။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s