တိုက်ပွဲနီရာတိမှာ အသက်ဘေးကို ကာကွယ်နိုင်ဖို့ အဓိက သတင်းစကား ရှစ်ခု

(The Mog Nation Wiki, an archive)


written by: Larn Htart | 16-9-2022

တိုက်ပွဲဖြစ်ပွားနီရေ နီရာတိ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြီဟိရေ နီရာတိမှာ နီထိုင်ကတ်တေ လူတိ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်ကယ်တင်နိုင်ဖို့ အဓိက သတင်းစကား (၈)ခု

၁။ နီထိုင်ရေအိမ်ကို လုံခြုံအောင် ပြင်ဆင်ထားပနာ အရေးတကြီးလိုအပ်စွာတိ၊ အရေးကြီးစာရွက်စာတမ်းတိကို အဆင်သင့်ပြင်ထားပါ။

၂။ ဗုံးခိုကျင်း တူးထားပါ။

၃။ ပစ်ခတ်မှုအကြားကျရောက်နီချိန် – လုံခြုံရေနီရာကို ရွိပြောင်းရေအခါ စနစ်တကျ ဟိပါစီ။

၄။ ဆုံးဖြတ်ချက်တိမမှားစီဖို့ စိတ်ကို တတည်ငငြိမ်ဖြစ်အောင် ထိမ်းပါ။

၅။ မိမိ၏ သိလိုစိတ်ပြင်းပြမှုသည် အန္တရာယ် မိမိကို အန္တရာယ်ဖြစ်စီရေ ဆိုစွာကို အမှတ်ရပါ။

၆။ ယာယီပုန်းခိုနီရေ နီရာကနီ အခြားတနီရာကို ပြီးရဖို့ဗျလ်ဆိုကေ လလုံခခြုံ ပြောင်းရွိပါ။

၇။ မိသားစု ကွဲထွက်လားစွာတိ မဖြစ်အောင် ကြိုတင်ပြင်ဆင်ထားပါ။

၈။ အဆောက်အဦးပျက်တိ နန့် မပေါက်ကွဲသိမ့်ရေ လက်နက်တိကို ရှောင်ကြည်ပါ။


၁။ ကိုယ့်အိမ်မှာ ထရံ ထထူ/အမာ ဟိရေ အခန်း (သို့) နီရာ တစ်ခုကို ကြိုတင်ပြင်ဆင်ထားပါ။ ထရံ ထထူ/အမာ မဟိကေ ဆာလာအိတ်၊ ဘိလပ်မြေအိတ်တိမှာ သဲထည့်ပြီးကေ အကာအရံ အဖြစ် ပြင်ဆင်ထားပါ။ အဘိဓာန်ရို့ပိုင် စာအုပ်အထူတိကိုလည်း ကြိုးနန့် နောင်းပါအောင် ချိုင်ပနာ အသုံးပြုနိုင်ပါရေ။ အနည်းဆုံး ၁ပေကနီ ၁ပေခွဲလောက် အထူးဆိုကေ သာမန်ကျဉ်လောက်ကို အကာအကွယ် ဖြစ်စီပါရေ။ ကြမ်းပြင်ကနီ အနည်းဆုံး ၃ပေလောက်အမြင့်ကို ဒေအတိုင်း ကြိုတင်ပြုလုပ်ထားပီးပါ။ ပြတင်းပေါက်စွာ မှန်ပြတင်းပေါက်ဆိုကေ ကျဉ်ဆန် နန့် ဗုံးစတိ ထိမှန်ကေ မှန်စကွဲ လွင့်စိုင်မှုတိ သက်သာစီဖို့အတွက် ပြတင်းပေါက်တိကို တိပ်နန့် ကပ်ထားပီးပါ။ အရေးကြီး စာရွက်စာတန်းတိ၊ တန်ဖိုးဟိ ပစ္စည်းတိ၊ သောက်နီကျဆီးဝါးတိနန့် အရေးပေါ်ဆီးဝါးတိကို ရီလုံအောင် အသီအချာ ထုပ်ထားပနာ တိုက်ပွဲဖြစ်လာကေ အလွယ်တကူ ယူလားလို့ ရအောင် အဆင်သင့်ပြင်ထားဖို့ လိုပါရေ။


၂။ လက်နက်ကြီး ပစ်ခတ်မှုတိ ဟိလာကေ ဗုံးခိုတွင်းတိစွာ လုံခြုံမှုကို ပိုပီးနိုင်ပါရေ။ မြီပြန့်မှာ တူးဖို့ဆိုကေ အနည်းဆုံးအနက် ငါးပေနန့် ပုန်းဖို့လူတိအားလုံးကန်အောင် တူးရပါဖို့။ ထိုင်လိုက်ကေ ခေါင်းလုံနီဖို့လိုပါရေ။ တွင်းအထက်မှာ ခိုင်ခန့်ရေ သစ်သားတုံးတိကို ပထမတဆင့် ဖြန့်ခင်းပနာ အထက်မှာ သဲအိပ်တိ အနည်းဆုံး သုံးထပ်လောက် ဆင့်ထားပါ။ သဲမဟိပါက မြေကြီးကိုလဲ အသုံးပြုနိုင်ပါရေ။ တောင်စောင်းတိမှာ တူးဖို့ဆိုကေ လူဝင်ပေါက်ကို တစ်ဆစ်ချိုးပနာ တူးရပါဖို့။ လီဝင်ပေါက်ကို ဝါးဖြစ်စီ၊ ပလက်စတိတ်ပိုက်ဖြစ်စီကို အစောင်းလိုက်ထားပါနာ လီဝင်လီထွက်ကောင်းအောင် ပြုလုပ်ထားဖို့လိုပါဖို့။ အစာခြောက်၊ ရီ၊ အရီးပေါ်ဆီး၊ ဓါတ်မီး၊ ပါဝါဘန့်၊ ဖုန်း၊ ရေဒီယို၊ ဓါး၊ အဝတ်အထည်၊ ပုဆိုးတိကို ဗုံးခိုကျင်းထဲမှာ အဆင်သင့်ပြင်ဆင်ထားပါ။ ပုန်းနီရေအချိန်မှာ ဒေအတိုင်းမနီဘဲ ထွက်ပြီးသင့်ရေအချိန်နန့် ထွက်ပြီးလွတ်မြောက်နိုင်ဖို့ နည်းလမ်းတိကို စိုင်းစားပြင်ဆင်ထားဖို့ လိုအပ်ပါရေ။


၃။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရုတ်တရက် ပစ်ခတ်မှုတိ ဖြစ်ပွားလာကေ ကြမ်းပြင် (သို့) မြေကြီးထက်မှာ မှောက်ချလိုက်ပါ။ အိမ်ထဲမှာ ပိတ်မိနီပါက ပြတင်းပေါက်၊ ကျဉ်ဖောက်ဝင်နိုင်ရေ ထရံနားတိ၏ အဝီးမှာ နီထိုင်ပါ။ ယပြီးကေ လုံခြုံရေနီရာကို လဲလျောင်းရေအနီအထားနန့် ဘေးတိုက် (သို့) မီးကျောင်းတွား (အနောက်ခြီထောက်တစ်ချောင်းစီကို တစ်ဖက်တစ်ချက်စီကျောက်ပနာ လက်ဖျံနန့် တဖက်တချက်စီ ဖိဆွဲပါ) ပုံစံနန့် လိုအပ်တေဘက်ကို လားပါ။ ယင်းပိုင်လားနိန်ချိန်မှာ မိမိ၏ ခေါင်းနန့် ခန္ဓာရေ အထက်ကို မမြင့်တက်လာစီဖို့ အရေးကြီးပါရေ။


၄။ ရုတ်တရက် ပစ်ခတ်မှုတိ ဖြစ်လာကေ လုံခြုံရေ နီရာမှာ ပုန်းပြီးကေ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် ထိမ်းပါ။ လိုအပ်ကေ ၁ ကနီ ၁၀၊ ၁၀ ကနီ ၁ ထိ အစီအစဉ်ကျအောင် ရွတ်ဆိုခြင်း၊ အသက်ကို ဝအောင်ရှုပြီးကေ စိတ်တည်ငြိမ်အောင်လုပ်တေ နည်းလမ်းတိကို အသုံးပြုပါ။ ကိုယ့်အနားမှာ ဟိနီရေ မိသားစုဝင်တိ အခြားလူတိ အလွန်တရာ စိတ်လှုပ်ရှားနီပါက ယင်းလူကို လုံခြုံရေနီရာကို ဆွဲခေါ်ပနာ ဖက်ထားပီးပါ။ ပြီးကေ အထက်ပါအတိုင်း နံပါတ်တိကို ရွတ်ဆိုခိုင်းပါ။ လိုအပ်ကေ အရင် ကိုယ့်နောက်ကလိုက်ဆိုခိုင်းပြီးမှ ယင်းသူ့ကို ကိုယ့်စွာကိုယ် ပြန်ဆိုခိုင်းပါ။ အနားမှာ ရီဟိကေ ရီတခွက်လောက် ကုန်အောင် သောက်ခိုင်းပါ။ အချေတိအတွက် (နားကြပ်တပ်ပနာ) တေးခြင်းနားထောင်စွာ၊ သူကြိုက်တတ်တေ အရုပ်ချေတိကို ဖက်ထားခိုင်းစွာတိ လုပ်ပီးလို့ရပါရေ။


၅။ လက်နက်ပစ်ခတ်သံတိကြားပါက မိမိ၏ သိလိုစိတ်ပြင်းပြမှုကို ထိန်းချုပ်ပါ။ မိမိလုံခြုံမှုမဟိဘဲ ဇာနားမှာ ဇာဖြစ်နီလဲ ဆိုစွာကို သိအောင် အကာကွယ်မဲ့ ကြိုးစားခြင်းရေ အသက်အန္တရာယ် ဟိစီပါရေ။ ဓါတ်ပံ၊ ဗွီဒီယို မှတ်တမ်းရိုက်ယူလိုပါက မိမိကိုယ်ကို လုံခြုံသည့် အနီအထားဟိအောင် အရင်ကြိုးစားပြီးမှ ယင်းအခြီအနီပေါ်မူတည်ပနာ ဆုံးဖြတ်ပါ။ လိုအပ်လျှင် ရိုက်ကူးရေး ဒုတ်ချောင်းတိကိုရာ အသုံးပြုပါ။


၆။ အနီးအနားမှာ ပစ်ခတ်မှုတိဟိနီကေ လုံခြုံရေ ပုန်းခိုနီရာက ထွက်မပြီးသိမ့်ဘဲ ပစ်ခတ်မှု အတိုင်းအတာတစ်ခုအထိ ငြိမ်လားအောင်ထိ စောင့်သင့်ပါရေ။ ပေါက်ကွဲသံ ပစ်ခတ်သံတိစွာ အပါးချေမှာလား အဝီးမှာလား ဆိုစွာကို နားစိုက်ထားပါ။ တခါခါမှာကိုယ်ဟိနီရေနီရာစွာ လုံခြုံယင့်သားနန့် စိတ်လှုပ်ရှားပြီးကေ မလုံခြုံရေနီရာကို (သို့) ပိုလုံခြုံဖို့လို့ ထင်ရရေ နီရာကို အယင်စလို ရွိပြောင်းခြင်းကြောင့် အသက်အန္တရာယ် ဟိနိုင်ပါရေ။ ပုန်းခိုနီရေနီရာကို စွန့်လွှတ်ပြီးကေ ထွက်ပြီးရဖို့ အခြီအနီတိမှာ မျက်ကွယ် နှင့် ကျဉ်ကွယ်ကို သတိရပါ။ မျက်ကွယ်ဆိုစွာက ပစ်ခတ်တေလူတိ မမြင်နိုင်ရေ အနီအထား ဥပမာ – မီးခိုးဗုံး၊ မြက်ပင်ရှည်၊ အမှောင်ထု ယင်းချင့်တိကို ဆိုလိုပါရေ။ ကျဉ်ကွယ်ဆိုစွာက အနည်းဆုံး တစ်ကိုယ်စာ အကာအကွယ်ရနိုင်သည့် သစ်ပင်၊ ကွန်ကရစ်တုံးနန့် အခြား ခိုင်ခန့်ရေ အကာအကွယ်တိကို ဆိုလိုပါရေ။ ပြီးရေ အခါမှာ ကျဉ်ကွယ်နီရာတိကို ဦးစားပီး ရွီးချယ်ပနာ ပြီးဖို့ လိုအပ်ပါရေ။ ပစ်ခတ်နီရေအချိန်မှာ ပြီးရဖို့ဆိုကေ ‘ဝပ်၊ ကြည့်၊ ပြီး’ စကားလုံး သုံးလုံးကို သတိရပါ။ ယင်းအခြီအနီမှာ ပြီးရေအခါ ကိုယ်တစ်ပိုင်း ခါးကုန်းပြီးကေ ပြီးပါ။


၇။ ထွက်ပြီးရရေ အခြီအနီမှာ အချေနန့် သက်ကြီးရွယ်အိုတိစွာ ပြီးယင်းလွှားယင်းနန့် အချိန်မရွီး ကွဲကွာလားနိုင်ရေ အန္တရာယ်ဟိပါရေ။ မတော်တဆ မိသားစုကွဲကွာလားကေ လလုံခခြုံဟိရေ ပြန်ဆုံနိုင်ဖို့ နီရာတိကို ကြိုတင် ရွီးချယ် သတ်မှတ်ထားပနာ မိသားစုဝင်တိအားလုံး နားလည်သိဟိအောင် ပြောပြထားပါ။ ပြောင်းရွိရေအခါ အချေလက်နန့် ကိုယ့်လက်နန့်ကို လက်တိကို ထိခိုက်မှု နည်းနိုင်ရေ ကြိုးအရှည် တစ်လံ နှစ်လံလောက်နန့် ချိုင်ထားပီးပါ။ ပိတ်စတစ်ခုမှာ ရီစွတ်ကေလဲ မပျက်နိုင်ရေ မှင်ကို အသုံးပြုပနာ အချေ နန့် သက်ကြီးရွယ်အိုရို့၏ နှာမေ၊ သွီးအမျိုးအစား၊ နာတာရှည်ရောဂါ၊ မတည့်ရေဆီး၊ မိသားစုကို ဆက်သွယ်လို့ရဖို့ ဖုန်နံပါတ်၊ လူကွဲလားကေ ကိုယ်ဟိနိုင်ဖို့ နီရာတိကို ရွီးပြီးကေ အချေနန့် သက်ကြီးရို့၏ ခန္ဓာမှာ ချိုင်ထားပီးပါ။ (သို့) တွယ်အပ်နန့် အင်္ကျီထက်မှာ အလွယ်တကူ ပြုတ်မကျစီအောင် ချိတ်ထားပီးပါ။ ဝတ်ထားရေ အဝတ်ထက်မှာ ရွီးလိုက်ကေလေ့ အဆင်ပြေပါရေ။


၈။ အဆောက်အဦးပျက်တိကို ရှောင်ကြည်ပါ။ မပေါက်ကွဲဘဲ ကျန်ဟိနီရေ လက်နက်ခဲယမ်းတိကို ယူလာစွာ၊ ကိုင်တွယ်စွာ ကဇတ်စွာတိကို လုံးဝမလုပ်ပါကေ့။ ယင်းချင့်တိကိုမြင်ကေ အဝီးက (၁၀-၁၅ ပေခန့်) ကြက်ခြီခတ်အမှတ်အသား ပြုလုပ်ထားပီးပါ။ အချိန်ရကေ ယင်းနီရာကို မလားဖို့ အတားအဆီးလုပ်ပီးပါ။

~ Larn Htart



The Mog Nation Wiki
Kyaw Zaw Oo

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s