ဘင်္ဂလာထဲတွင် ဌာနေတိုင်းရင်းသား ဟူ၍ မရှိကြောင်း ဘင်္ဂလာအစိုးရဆို

(The Mog Nation Wiki, an archive)


၂၀၀၈ ခုနှစ်အထိ ဘင်္ဂလာအစိုးရသည် ချက္ကမာ နှင့် မရမာ အပါအဝင် စစ်တကောင်းကောင်တန်းသားများ အား ဌာနေတိုင်းရင်းသားများ (indigenous peoples) အဖြစ် ခိုင်ခိုင်မာမာ ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့ရာတွင် ယခုမူကား ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဌာနေတိုင်းရင်းသား ဟူ၍ မရှိ ဟု ဆိုလာခြင်းသည် ဌာနေတိုင်းရင်းသားများအဖို့ လူမျိုးပျောက်ရမည့် အနေအထားအခင်းအကျင်း သို့ ရွေ့လျားလာခြင်းပင် ဖြစ်လေသည်။ ထိုကဲ့သို့ စကားပြောင်းလဲ ပြောဆိုခြင်းသည် စစ်တကောင်းတောင်တန်းဒေသတွင် ဘင်္ဂါလီအခြေစိုက်သူများ (Bengali settlers) များ နေရာချထားနေထိုင်စေခြင်းကို လွတ်လွတ်ကင်းကင်း အရှိန်တိုး လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြစ်ပုံရသည် ဆိုကြသည်။

၁၉၉၇ ခုနှစ်တွင် ရှန်တီဘာဟီနီ (ချက္ကမာ အများစုပါဝင်သည့် တောင်တန်းသားများ ပုန်ကန်မှု) အား လက်နက်ချစေနိုင်ရန်အတွက် Chittagong Hill Tracts Peace Accord စာချုပ်ဆိုကြသည့်အခါ စစ်တကောင်းတောင်တန်းဒေသတွင် စစ်တကောင်းတောင်တန်းသားများမှအပ အခြားအခြေစိုက်သူများ လာရောက်အခြေစိုက်ခြင်း မပြုစေနိုင်ရန် ဆိုသည့် သဘောတူညီချက်များပါဝင် ချုပ်ဆိုခဲ့ကြပါသည်။ သို့ရာတွင် သူပုန်များ လက်နက်ချပြီးနောက်ပိုင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံရေးသမားများသည် ထိုစာချုပ်ကို လွှတ်တော်က အတည်ပြုခြင်း၊ လိုက်နာဆောင်ရွက်ခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်အပြင် ဘင်္ဂါလီအခြေစိုက်သူများ၏ လူဦးရေမှာ တိုးသထက်တိုးလာသည် ဟု ဆိုလေသည်။

ဘင်္ဂလာတွင် ဌာနေတိုင်းရင်းသားများ (indigenous peoples) မရှိ ဆိုသည့် အစိုးရဘက်က ပြောဆိုချက်နှင့် ပတ်သက်၍ ချက္ကမာလူမျိူးများ၏ ဘုရင် (သက်ထောင် အကြီးအကဲ) Devasish Roy ၏ တုံ့ပြန်ရေးသားချက်ကို ပြီးခဲ့သည့် သြဂုတ်လ ကိုးရက်နေ့က ဖတ်ကြရပါသည်။



The Mog Nation Wiki

Leave a comment