သမိုင်းကို မမေ့ပါနှင့်

(The Mog Nation Wiki, an archive)


သမိုင်းကို မမေ့ပါနှင့်

ဒီကနေ့ဟာ တရုတ်ပြည်ကို ဂျပန်တွေကျူးကျော်မှု စတင်ခဲ့တဲ့ နေ့ရက်ရဲ့ (၈၅) နှစ်မြောက် နေ့ရက် ဖြစ်တယ်။ ဒီနေ့ရက် အထိမ်းအမှတ်အဖြစ် တရုတ် Global Times သတင်းစာက Remember history. Cherish peace. သမိုင်းကို သတိရပါ။ ငြိမ်းချမ်းရေးကိုလည်း မြတ်နိုးပါ လို့ ဆိုပါတယ်။

ပစ္စုပ္ပန် နဲ့ အနာဂတ်ကို ကောင်းစွာတည်ဆောက်နိုင်ကြတဲ့လူမျိုးတွေဟာ မိမိတို့ရဲ့သမိုင်းကို စဉ်ဆက်မပြတ် ကောင်းစွာအမှတ်ရ သင်ခန်းစာယူ အသုံးချနေကြသူတွေဖြစ်ပါတယ်။

တကယ်လို့များ သမိုင်းထဲက တချို့ဟာတွေကို မေ့ပစ်ပါ တော့ ဆိုတဲ့ အသံတွေ မိမိတို့ လူမျိုးထုကြားမှာ ကျယ်လောင်လာပြီဆိုရင် (မတတ်သာ လို့ပဲ ဖြစ်ဖြစ်) ကျွန်ဖြစ်ရာ လမ်းကြောင်းကို လျှောက်နေကြရပြီလို့ သတိပြုမိကြရမှာ ဖြစ်ပါတယ်။

KZO
7th July 2022



The Mog Nation Wiki

Leave a comment