(The Mog Nation Wiki, an archive)

(၁၀)တန်းဆိုတာ ပြည့်စုံနေတဲ့သူမှမဟုတ်ဘူး ကြိုးစားရင် သမီးတို့လို ဆင်းရဲတဲ့သူတွေလည်း ဘာသာစုံဂုဏ်ထူးထွက်နိုင်ပါတယ်ဟု ပြောလာခဲ့သည့် ကျောက်ဖြူမြို့မှ (၆)ဘာသာဂုဏ်ထူးရှင် မဖြိုးစုစုသွယ်၏ ရင်တွင်းစကားသံများ
ကျောက်ဖြူ ၊ ၂၀၂၂ ဇွန် ၂၀
မင်္ဂလာပါရှင့်
သမီးရဲ့နာမည်ကတော့ မဖြိုးစုစုသွယ် ဖြစ်ပါတယ်၊ သမီးက ကျောက်ဖြူမြို့၊အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်ရှင့်၊ သမီးရဲ့အဖေ က အရင်တုန်းက ကျောက်ဖြူကားဂိတ်မှာ ထော်လာဂျီမောင်းပါတယ်ရှင့်၊ အခုနောက်ပိုင်းမှာ အမေနဲ့အတူ နဂါးကျောင်းရှေ့ကွင်းမှာ ဈေးဆိုင်ရောင်းပါတယ်ရှင့်၊
သမီးအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးဆိုတာ မမျှော်လင့်ခဲ့ပါဘူး၊ ပြည်နယ်စစ်စာမေးပွဲ စစ်တဲ့အခါမှာလည်း လေးဘာသာပဲထွက်ပါတယ်၊ မြန်မာစာနဲ့ BIO အဲ့တုန်းက မရခဲ့ပါဘူး၊ ဒါပေ မယ့် ကျောင်းတွင်းစာမေးပွဲ ပြန်စစ်တဲ့အခါမှာ ခြောက်ဘာသာနဲ့အောင်မြင်ခဲ့တော့ ငါလုပ်နိုင်ပါ လားဆိုပြီး ကိုယ့်ကိုကိုယ် ပြန်အားမွေးပြီးတော့ စာတွေကိုပိုလို့လုပ်ဖြစ်သွားတယ်၊
အတန်းတင် မှာပါ ခြောက်ဘာသာထွက်ရမယ်ဆိုပြီး ကြိုးစားခဲ့ပါတယ်၊ သမီးမှန်းထားတာက ငါးဘာသာပါ၊ မြန်မာစာဘာသာကို သိပ်စိတ်မချဘူးပေါ့၊ အင်္ဂလိပ်စာထွက်မယ်ဆိုတာတော့သိတယ်၊ ဒါပေမယ့် အမှတ်နည်းမှာကို စိတ်ပူခဲ့တယ်၊ ကျန်တဲ့ဘာသာတွေကတော့ အစတည်းကယုံ ကြည်ထားတာ ဖြစ်လို့ သိပ်စိတ်မပူခဲ့ပါဘူး၊ သမီးတစ်ကယ်အောင်စာရင်းသိရတဲ့အချိန်က မနက်လေးနာရီမှာပါ၊ သမီးရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်က screenshoot နဲ့ massage ပို့လာတယ်၊ အဲ့ဒီအခါမှ All-D ပါတယ်ဟေ့လို့ အော်ပြီး ပျော်လွန်းလို့ ထိုင်ရာက ထခုန်မိပါတယ် ရှင့်၊
သမီးထင်ပါတယ်၊ အဖေနဲ့အမေက ပိုပြီးတော့ပျော်နေကြလိမ့်မယ်လို့ ထင်မိပါတယ်၊ အမီးရဲ့ အဖေနဲ့အမေက အရမ်းဆင်းရဲပါတယ်၊ ဒါပေမယ့် လူအများကြားမှာမျက်နှာပွင့်အောင် လုပ်နိုင်ခဲ့လို့ သမီးအရမ်းဘဲ ပျော်ရွှင်ခဲ့ရပါတယ်ရှင့်၊ သမီးတို့မှာက မောင်နှမတွေများတော့ ကိုးတန်းဖြေပြီးချိန်ကစလို့ စာကြိုးစားခဲ့ပါတယ်၊
ကိုဗစ်ဖြစ်လို့ ကျောင်းတွေပိတ်ထားတော့ သမီးအရမ်းစိတ်ဓာတ်ကျခဲ့ပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူများတွေက Social Media မှာ Zoom နဲ့သင်ကြတယ်၊ တစ်ချို့က အိမ်မှာ Guide တွေနဲ့ ဝိုင်းဖွဲ့သင်ကြတယ်ပေါ့နော်၊ သမီးတို့က အဲ့လိုမျိုးလည်း မတတ်နိုင်တော့ အထူးထုတ်စာအုပ်တွေနဲ့ဘဲဖတ်မှတ်ပြီး အိမ်မှာ ထမင်းချက် ရင်း စာကျက်ခဲ့ပါတယ်၊
မေးခွန်းဟောင်းတွေကို တစ်အုပ်လုံးတစ်ပုဒ်မကျန်ကျက်မှတ်ခဲ့ပါတယ်၊ သင်္ချာမှာ အမှတ်(၁၀၀)ရရမယ်ဆိုပြီးတော့ ကြိုးစားခဲ့ပါတယ်၊ ကျောင်းတွေပြန်ဖွင့်တော့ အရမ်း ဝမ်းသာခဲ့ရပါတယ်ရှင့်၊
သမီးငယ်ငယ်လေးကပင် ဆုတွေရခဲ့ပါတယ်၊ စာစီစာကုံးပြိုင်ပွဲတွေနဲ့ ကျောင်းတွင်းစာ မေးပွဲတွေမှာ ဆုတွေရခဲ့ပါတယ်၊ (၈) တန်းနှစ်နှင့် (၉) တန်းနှစ်ကတော့ သမီးဘဝတစ်လျှောက် လုံးမှာ အခက်ခဲဆုံးနှစ်လို့ ပြောရပါမယ်၊ သမီးက သူငယ်ချင်းတွေစာနားမလည်တဲ့အခါ စာတွေ ရှင်းပြပေးပါတယ်၊ စနေ၊ တနင်္ဂနွေနေ့တွေဆို သမီးရဲ့အိမ်မှာ သူငယ်ချင်းတွေကို စာရှင်းပြပေးပါ တယ်ရှင့်၊ သမီးငယ်ငယ်က ကျောင်းဆရာမဖြစ်ချင်ခဲ့ပါတယ်၊ ခုတော့ ဘာလုပ့်ရမယ်ဆိုတာ စဉ်းစားနေပါတယ်ရှင့်၊
သမီးအနေနဲ့ပြောချင်တာကတော့ (၁၀)တန်း ကျခဲ့တဲ့ သူငယ်ချင်းတွေကို သမီးပြန်လို့ Guide ပြပေးပါမယ်ရှင့်၊ ပြီးတော့ ဒီနှစ်(၁၀)တန်းတက်မယ့် မောင်လေး၊ညီမလေးတွေကို သမီးပြောချင်တာက (၁၀)တန်းဆိုတာ ပြည့်စုံနေတဲ့သူမှ မဟုတ်ပါဘူး ကြိုးစားရင် သမီးတို့လို ဆင်းရဲတဲ့သူတွေလည်း ဘာသာစုံဂုဏ်ထူးထွက်နိုင်ပါတယ်လို့ ပြောချင်ပါတယ်၊
တွေ့ဆုံမေးမြန်းသူ- တင်ထွန်းဦး၊ ဖြိုးဝေလင်း
(ခရိုင် ပြန်/ဆက်)
End Notes and External links
- source: –
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter