လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းက​နေ ရလဒ်ကောင်းထွက်အောင် ဘယ်လိုရွှေ့ကြမလဲ၊ အပိုင်း (၁)

(The Mog Nation Wiki, an archive)


မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးပြီး ဖြေရှင်းရခက်ခဲသည့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းက လက်ရှိအရွေ့ကို ရလဒ်ကောင်းထွက်အောင် ဘယ်လိုရွှေ့ကြမည်လဲ၊ ရွှေ့သင့်သလဲ၊ ရွှေ့ကြမှဖြစ်မည်လဲ အပိုင်း(၁)

မြန်မာ့နိုင်ငံရေးဖြစ်စဉ်၌ ထည့်သွင်းစဉ်းစားသင့်သည့်အချက်အချို့ –

-တိုင်းပြည်တည်ငြိမ်အေးချမ်းခြင်းနှင့်နိုင်ငံ့စီးပွါးဖွံ့ဖြိုးတိုးတက်ခြင်း၊ပြည်သူများချမ်းသာကြွယ်ဝခြင်းတို့သည်
တိုက်ရိုက်ဆက်စပ်ပါသည်။တိုင်းပြည်တည်ငြိမ်ရေးသည်
နိုင်ငံအတွက်သာမန်ပြည်သူတိုင်းအတွက်ပါအလွန်အရေးပါသည်။
-ယနေ့မြန်မာနိုင်ငံသည် နိုင်ငံပြိုကွဲနိုင်ခြေအရှိဆုံး အနေအထားနှင့် အနီးကပ်ဆုံး အချိန်ကာလသို့ ရောက်နေသည်
ကို သတိပြုရန်လိုသည်။Covid-19 ဖြစ်စဉ်နှင့်တဆက်စပ်
တည်း နိုင်ငံရေးဖြစ်စဉ်၊ဖွဲ့စည်းပုံ ခြေဥ အကျပ်အတည်း၊အာဏာထိမ်းမှုဖြစ်စဉ်နောက်၊ဗမာပြည်မပြိုကွဲ၊ပြီးနောက်
လူမှုရေး၊စီးပွါးရေး၊ယဉ်ကျေးမှု၊ပညာရေး၊ကိုးကွယ် ယုံကြည်မှု၊နိုင်ငံရေးစံများ၊လျင်မြန်စွာ ကျဆင်း လာခြင်းသည်ခေတ်အဆက်ဆက်မြန်မာအစိုးရများ၏ညံ့ဖျင်းသည့်
စီမံခန့်ခွဲမှု၊အုပ်ချုပ်ရေးစနစ်နှင့်အလွန်အကျွံနိုင်ငံရေးကစားမှု၊တို့ကြောင့်ဟုအချို့သုံးသပ်ကြသည်။ခွဲခြမ်းစိပ်
ဖြာကြည့်ရန် ၊အချက်အလက်စီစစ်သုံးသပ်ရန်နှင့်အဖြေ
ထုတ်ရန်လိုပါသည်။

နိုင်ငံရေးအလွန်အကျွံကစားခဲ့မှုများ-

(၁)ပင်လုံဂတိကဝတ်များ၊ဗိုလ်ချုပ်အောင်ဆန်း၏မြန်မာပြည်ကြားဖြတ်အစိုးရ၊ဖဆပလပဏာမပြင်ဆင်မှုညီလာခံ၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမှု(၁၄)ချက်၊ဗိုလ်ချုပ်အောင်ဆန်း၏မူ(၇)ချက်တို့ကိုအလေးထားခဲ့လျင်
၁၉၄၇-ခြေ/ဥ သည်တပြည်ထောင်မဖြစ်ခဲ့သင့်၊လွတ်လပ်
သည့်ပြည်ထောင်များဖြင့်အတူဖွဲ့စည်းပြီး၊စုပေါင်း တည်
ထောင်ထားသောဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်(ဆွစ်
ဇာလန်နိုင်ငံ)ကဲ့သို့စုပေါင်းပြည်ထောင်စုနိုင်ငံသာဖြစ်ခဲ့သင့်ပါလျက်ပြည်ထောင်စုအမည်ခံကာတပြည်ထောင်စံနစ်
ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်ရေးဆွဲကာ တမင်နိုင်ငံရေးအလွန်အကျွံ ကစားခဲ့ကြသည်ကိုတွေ့ရပါသည်။
(၂)၁၉၄၇-ဖွဲ့စည်းပုံအခြေခံဥပဒေအရ(၁၀)နှစ်ကြာလျှင်
ခွဲထွက်ခွင့်၊အခန်း(၁၀)ပုဒ်မ(၂၀၁)အရရှိသော်လည်းတိုင်းရင်းသားခေါင်းဆောင်များသည် တပြည်ထောင်စနစ်မှသည်ပင်လုံကတိကဝတ်အတိုင်းပြည်ထောင်စုစစ်စစ်ဖြစ်
ရန်သာကြိုးစားခဲ့ကြသည်၊ခွဲထွက်ရန်မကြိုးစားမတောင်းဆိုခဲ့ကြပေ၊၁၉၆၁-တောင်ကြီးညီလာခံ(ပြည်နယ်ပေါင်းစုံညီလာခံ)မှစတည်ထောင်သည့် ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်သည်လည်းပြည်ထောင်စုမြန်မာနိုင်ငံတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြည်ထောင်စုစစ်စစ်(Fedral )မူဖြင့်ပြင်ဆင်ရန်အတွက်သာတိုင်းရင်းသားခေါင်းဆောင်များ(Fedral)မူအားစုပေါင်းရေးဆွဲ၊အ
တည်ပြုကာစာတမ်းကိုပြည်ထောင်စုအစိုးရနှင့်ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီးသမိုင်းဝင် Fedral Seminar ၌ဆွေးနွေးတင်ပြ၊ခဲ့ကြခြင်းသာဖြစ်သည်။ရှမ်းမူ(ဝါ)ပြည်ထောင်စုစစ်စစ်မူ(ဝါ)
ရှစ်ပြည်ထောင်(Fedral)မူကိုကျိုးကြောင်းလေ့လာ၊အကျိူးအပြစ် သုံးသပ်ပြီး-
ပြည်ထောင်စု ကိုပိုမိုခိုင်မာစေသည့်တခုတည်းသောနည်း
လမ်းအဖြစ်အတည်ပြုခဲ့သင့်ပါလျှက်ဖဆပလ၊ပမညတ၊
ခေါင်းဆောင်များကိုယ်တိုင် အလွန်အကျွံနိုင်ငံရေးကစား
ခဲ့ကြခြင်း၊နိုင်ငံရေး၊စစ်ရေးခေါင်းဆောင်များ၊ပူးပေါင်းလျက် တပ်မတော်အာဏာသိမ်းသည်အထိအလွန်အကျွံနိုင်ငံရေးကစားခဲ့ကြခြင်းကြောင့်သာယနေ့အခင်းအကျင်းကဲ့သို့အလွန်ပြင်းထန်သည့် အမျိုးသားလွတ်မြောက်ရေး တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခနွံထဲသို့ရုန်းထွက်၍မရနိုင်လောက်အောင်ကိုနက်နက်ရှိုင်းရှိုင်းစူးဝင်၊
နာနာကျဉ်းကျဉ်း၊မျိုးဆက်တဆက်မှတဆက်သယ်ဆောင်၊သက်ရောက်မှုပြင်းထန်ခဲ့ရခြင်းဖြစ်သည်။
(၃)အမည်ခံဆိုရှယ်လစ်စံနစ်နှင့်တပါတီအာဏာရှင်စံနစ်
သည်နိုင်ငံ့စီးပွါးရေးကိုချွတ်ခြုံကျစေကာနိုင်ငံ့စီးပွါးရေး
လုံးလုံးပြိုလဲစေပြီးနောက် ၈၈ အရေးအခင်းဖြစ်၊နဝတ နှင့် ၉၀ ရွေးကောက်ပွဲ၊နယက နှင့်ညောင်နှစ်ပင်၊၂၀၀၈ခု
နှစ်အခြေခံဥပဒေ၊နိုင်ငံရေးနွံထဲသို့ရောက်မှန်းမသိရောက်
စေခဲ့ရသည့်တပ်မတော်ရဲ့အခန်းကဏ္ဍနှင့်၂၀၀၈ခြေဥ၊ရည်ရွယ်ချက်ရှိရှိ(ဝါ)မရည်ရွယ်ဘဲအမျိုးသားနိုင်ငံရေး
ဦးဆောင်မှုအခန်းကဏ္ဍကိုဥပဒေဖြင့်ပြဌာန်းပြီးတာဝန်
အပ်နှင်းခံခဲ့ရသည့်ဖြစ်ရပ်၊ရုန်းထွက်၍မရလောက်အောင်ကို တပ်မတော်အားတာဝန်ပိ၊တာဝန်လေးစေသည်က၊
၂၀၀၈ခြေဥ ကိုကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိ
သည်ဟုတပ်မတော်အားတာဝန်အပ်နှင်းထားခြင်းပင်ဖြစ်
ရာနိုင်ငံရေးအကျပ်အတည်းရောက်တိုင်းပြည်သူ ကလက်ညိုးထိုး၊ပြည်သူ့အမုန်းခံ၊ပြည်တွင်းစစ်နွံထဲဆင်း
မှန်းမသိဆင်းခဲ့ရ၊နိုင်ငံရေးနှင့်ပြည်တွင်းစစ်နွံထဲမှရုန်းထွက်မရ၊အခက်ကြုံနေရသည့် ၂၀၀၈ခုနှစ်အခြေခံဥပဒေနှင့်တပ်မတော်၏အခန်းကဏ္ဍကိုပြန်လှန်သုံးသပ်လျှင်နိုင်ငံ
ရေးအလွန်အကျွံကစားခဲ့ကြ၍သာဟုမှတ်ချက်ပြုလိုပါသည်။ရုန်းထွက်မရသည့်နိုင်ငံရေးနွံ၊ရုန်းထွက်ရန်ကြိုးစားရင်းနွံထဲတဖြေးဖြေးပိုပိုနစ်လာစေခဲ့သည့်ပြည်တွင်းစစ်၊ပြိုင်တူးရုန်းမှ လွတ်မြောက်နိုင်မည့် လက်ရှိနိုင်ငံရေးအခြေအနေကို တပ်မတော်ရောတိုင်းရင်းသားလက်နက်

ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါနှစ်ဘက် သဘောပေါက်ကြစေလိုပါသည်။
(၄)ဗမာနှင့်တိုင်းရင်းသားအင်အားစုများအကြား၊ဗမာနှင့်ဗမာအချင်းချင်းကြားလည်းအလွန်အကျွံနိုင်ငံရေးကစားမှု၊စစ်ရေးကစားမှု၏နောက်ဆက်တွဲလွန်ဆွဲပွဲများအကြား
စစ်ရေးတင်းမာမှု၊စစ်ရေးပဋိပက္ခ၊လူမျိုးအခြေပြုမုန်းတီး
မှုများ၊နာကျဉ်းမှုများ၊လက်စားချေမှုများ ၊တော်လှန်စိတ်
များ စသည်စသည်တို့သည် နိုင်ငံရေးအလွန်အကျွံပြုမှုမှူများကြောင့်ဟုသာသုံးသပ်၍ရပါသည်။

အထက်ပါအချက်များသည် မြန်မာ့နိုင်ငံရေး၏လွတ်လပ်
ရေး သမိုင်းစဉ် တလျှောက်အချင်းချင်း မယုံကြည်တော့
လောက်အောင် နိုင်ငံရေးအလွန်အကျွံကစားခဲ့မှုများထဲမှ
အချို့သာဖြစ်ပါသည်။
ထို့ကြောင့် လွတ်လပ်ရေးနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှု
သည်ဒွန်တွဲဖြစ်တည်လာခဲ့သည်ဟုယူဆ၍ရပါသည်။နိုင်
ငံရေးမတည်ငြိမ်လျင် နိုင်ငံ့စီးပွါးရေး၊ကြီးပွါး တိုးတက် ရေး၊ကိုမည်ကဲ့သို့တည်ဆောက်၍ရကြမည်နည်း။ကျွန်ုပ်တို့အတွက်အဖြေရှိသည့်မေးခွန်းသာဖြစ်ပါသည်။နိုင်ငံ
ရေးတည်ငြိမ်အောင်ညီညီညွတ်ညွတ်ကြိုးစားဖြေရှင်းကြရုံသာဖြစ်ပါသည်။

လက်ရှိနိုင်ငံရေးအခြေအနေ၏အခြေခံ ပေးထားချက်
များ-

လက်ရှိနိုင်ငံရေးအခြေအနေကိုဖြေရှင်းလိုလျှင်ဖြစ်စေ၊
လက်ရှိအခြေအနေများမှရုန်းထွက်လိုလျှင်ဖြစ်စေ၊လွတ်
မြောက်လိုလျှင်ဖြစ်စေ၊ကျော်လွှားလိုလျှင်ဖြစ်စေ-လက်
ရှိနိုင်ငံရေးဖြစ်တည်နေမှု၊အခြေခံပေးထားချက်များကို
ပြန်လှန်စီစစ်အထပ်ထပ်အခါခါသုံးသပ်ကြည့်ရန်လိုအပ်
ပါမည်။အောက်ပါ(၂)ချက်အားတွေ့ရပါသည်။

(၁)ပြည်ထောင်စုနာတာရှည်၊အနာဟောင်း၏နိုင်ငံရေးပြ
ဿနာ၊တနည်းလွတ်လပ်ရေးနှင့်အတူဖြစ်တည်လာသည့်
အခြေခံပင်မနိုင်ငံရေးပြဿနာ၊

-အမျိုးသားတန်းတူညီမျှရေး၊ကိုယ်ပိုင်အုပ်ချုပ်ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေး၊အမျိုးသားလွတ်မြောက်ရေးအား
အခြေခံသည်ဖြစ်ရာ ၊မဖြစ်မနေအဓိကဖြေရှင်းပေးကြရမည့်ပင်မပြဿနာဖြစ်သည်။

(၂)လတ်တလောဖြစ်ပျက်မှုအပေါ်အခြေခံသည့်နိုင်ငံရေး
ပြဿနာသစ်၊တနည်း ပြည်ထောင်စု၏အနာသစ်၊

-၁၊၂၊၂၁ ရက်နေ့ နစက အာဏာရယူခြင်းအပေါ်အခြေခံ
လျက်ပေါ်ပေါက်လာသည့်အနာသစ်သည် ၂၀၀၈ခုနှစ်ခြေ/ဥ၏အရေးပေါ် ကာလပြဌာန်းချက်များကိုရည်ညွှန်းလျက်အာဏာထိမ်းခြင်းသာဖြစ်သည်။တဘက်၏စွပ်စွဲချက်သည်ရွေးကောက်ခံအစိုးရတရပ်အားအဏာသိမ်းခြင်း
ဖြစ်သည်။၂၀၀၈ခုနှစ်ခြေ/ဥ တွင်-
ဤကဲ့သို့အခြေအနေပေါ်ပေါက်လျင်ဤကဲ့သို့နိုင်ငံ့အာဏာအားခေတ္တရယူရန်ပြဌာန်းထားပြီးဖြစ်သဖြင့်အပြစ်မမြင်သင့်၊အပြစ်မတင်သင့်ပေ၊မြင်မဲ့မြင်လျှင်ဤကဲ့သို့ခြေ/ဥကို-
ရေးဆွဲခဲ့သူများကိုသာအပြစ်တင်သင့်သည်၊မြင်သင့်သည်။အာဏာထိမ်းရခြင်းသည်အခြေခံဥပဒေဆိုင်ရာပေးထားချက်၏ပြဿနာသာဖြစ်ပါသည်။
-နစက သည် ၃၁၊၁၊၂၃ တွင် (၂)နှစ်ပြည့်လျှင် ကာ/လုံသို့
ခြေ/ဥအရအာဏာပြန်လည်အပ်နှံရမည်ဖြစရာ၊နစက မှ
ဖွဲ့စည်းပေးသည့်အိမ်စောင့်အစိုးရသည်၊ကာ/လုံမှဖွဲ့စည်း
ပေးရမည့်ကြားဖြတ်အစိုးရအဖြစ်အသွင်ပြောင်းမည်၊မ
ပြောင်းက၊ကာ/လုံနှင့်သာဆိုင်၊နည်းတူ နစက မှဖွဲ့စည်းပေးသည့် ရွေး/ကော်သည်၊ကာ/လုံ မှဖွဲ့စည်းပေးရမည့်
ရွေ/ကော်အဖြစ်အသွင်ပြောင်းမပြောင်းက၊ကာ/လုံနှင့်သာဆိုင်ပါသည်။
-မည်သို့ပင်ဆိုပါစေရွေးကောက်ပွဲအလွန်ရွေးကောက်ခံအစိုးရသို့ခြေ/ဥအရအာဏာလွှဲအပ်ခြင်းသည်ခြေ/ဥ၏
ပေးထားချက်ဖြစ်သလို၊နစက ၏ Exit Strategyဖြစ်
သည်ဟုယူဆပါသည်။
-၂၀၂၃ ခုနှစ် ဧပြီ(ဝါ)မေ ပွင့်လင်းရာသီတွင်ကျင်းပနိုင်
ခြေရှိသည့်ရွေးကောက်ပွဲနှင့်၂၀၂၃ခုနှစ်ဩဂုတ်တွင်ဖြစ်
ထွန်းပေါ်ပေါက်လာနိုင်ခြေရှိသည့်ရွေးကောက်ခံအစိုးရ
သည်လက်ရှိကာလအစိုးရ၏နိုင်ငံရေးအခြေအနေအကျပ်အတည်းကိုဆက်ခံရမည်ဖြစ်ရာယနေ့ကာလထက်ပိုမို
တည်ငြိမ်၊လုံခြုံ၊အေးချမ်းဖွံ့ဖြိုးတိုးတက်အောင်အသွင်
ပြောင်းနိုင်မည်လားဆိုသည့်မေးခွန်းသည်၊နစက ၏အ
ထက်တင်ပြပါ Exit Strategy အောင်မြင်မှု၏နောက်ဆက်တွဲအရေးပါသည့်မေးခွန်းဖြစ်ပါသည်။
-၂၀၂၃-၂၀၂၈တွင်ဖြစ်ထွန်းပေါ်ပေါက်လာမည့်ရွေးကောက်ခံအစိုးရ၊တည်ငြိမ်စွာစီမံအုပ်ချုပ်နိုင်ရန်ယခုကာလ၌
အသွင်ကူးပြောင်းရေးဖြစ်စဉ်အချို့သည်လိုအပ်ပါသည်။
လက်ရှိကာလ နစက/အိမ်စောင့်အစိုးရနှင့်နောင်ပေါ်ထွန်းလာမည့်ရွေးကောက်ခံအစိုးရသည်နိုင်ငံရေးအရဆက်စပ်
နေသည်ဖြစ်ရာ၊နောက်အစိုးရ၏နိုင်ငံရေးတည်ငြိမ်မှုအား
ယခုကာလမှ စစဉ်းစား ပြင်ဆင်ရမည်ဖြစ်သည်၊နစက ၏ Exit Strategy သည်ယနေ့နိုင်ငံရေးအကျပ်အတည်း
အားဖြေရှင်း ကျော်လွှားနိုင်ရန် အလွန်အရေးပါ သဖြင့် ကျယ်ပြန့်စွာသုံးသပ်လျက် ပြည့်ပြည့်စုံစုံ ထဲ့သွင်းရေးဆွဲရန်လိုအပ်ပါလိမ့်မည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းအပေါ်သုံးသပ်လျက်
အနာဂါတ် ၌ ဖြစ်နိုင်ခြေမြင်ကွင်းအားပုံဖေါ်ကြည့်ခြင်း၊

-နိုင်ငံဖြတ်ကျော်ခဲ့ရသည့်အတိတ်သမိုင်းသင်ခန်းစာများ၊
ပစ္စုပ္ပန်၌ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများနှင့်ပဋိပက္ခများ၊အခန့်မသင့်လျှင် ပြိုကွဲ နိုင်ငံ ဖြစ်နိုင်ခြေများ၊အပေါ်အချက်အလက်အခြေပြုစီစစ်သုံး
သပ်ကြည့်လျှင်အင်အားပိုပိုကောင်းလာသည့်တိုင်းရင်း
သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊သူတို့၏နိုင်ငံ
ရေးအနာဂါတ်ရေမျှော်ချက်များ၊Hardliners များ၏နောက်ကြောင်းပြန်လိုသည့်တင်းမာမှုများ၊နိုင်ငံရေး ပါတီများ
၏ရပ်တည်ချက်များနှင့်ဦးတည်ရာများ၊ကိုပြန်လှန်သုံးသပ်လျက်အနာဂါတ်၌ဖြစ်နိုင်ခြေမြင်ကွင်းအားပုံဖေါ်ကြည့်ရာ မြင်ကွင်း(၃)မျိုးတွေ့ရသည်။

မြင်ကွင်း(၁)၊

-နိုင်ငံ့အာဏာကိုအသွင်တမျိုးမျိုးနှင့်တပ်မတော်အား
ဆက်တာဝန်ယူစေလိုသည့် Hardliners အင်အားစုများ
၏ကြိုးပမ်းမှုအောင်မြင်သည့်မြင်ကွင်း။
-(တစ်ပြည်ထောင်စနစ်ပြန်အသက်သွင်း၊ ၂၀၀၈ခုနှစ်
ခြေ/ဥ ဖျက်သိမ်း၊ယခင်အာဏာသိမ်းစစ်အစိုးရများကဲ့
သို့စီမံအုပ်ချုပ်၊ငြိမ်ဝပ်ပိပြားအောင်နည်းမျိုးစုံသုံး၊တိုင်း
ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားတင်းတင်းမာမာ ဆက်ဆံ၊ပြည်တွင်းစစ်သက်ဆိုးရှည်၊နိုင်ငံရေးမတည်ငြိမ်၊စီးပွါးရေးပြိုလဲ၊အဆိုးကျော့ သံသရာ
လည်၊ပြည်တွင်းစစ်နွံ၊နိုင်ငံရေးနွံတို့မှ တပ်မတော် ရုန်း ထွ
က်မရဖြစ်သည်ထက်ဖြစ်လာ။)

မြင်ကွင်း(၂)၊

-စစ်မှန်သည့် Federal နိုင်ငံအဖြစ်ဖွဲ့စည်းပုံအခြေခံဥပ
ဒေအသစ်ကိုရေးဆွဲကာ၊တိုင်းရင်းသားများ၏၊ပြည်နယ် သစ်များနှင့်အတူဗမာတို့သည်လည်းပြည်နယ်(၁)ယူနစ်
ကိုလက်ခံကာသဘောထားပျော့ပျောင်းသူများ၏အနာ
ဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်
ကြသည့်မြင်ကွင်း။
-(တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၊တပ်မတော်နိုင်ငံရေးမှလုံးဝနောက်ဆုပ်၊ပြည်ထောင်စုတပ်မတော်ရုပ်လုံးကြွပေါ်ထွန်းလာ၊EAOs များနှင့်တပ်မတော်
နှစ်ဘက်ညှိနှိင်းမှုအောင်မြင်၊ပြည်နယ်ခြေ/ဥများရေးဆွဲ
ပြဌာန်း၊တည်ငြိမ်အေးချမ်းမှုစရ၊နိုင်ငံ့စီးပွါးဖွံ့ဖြိုးတိုးတက်မှုစရ။)

မြင်ကွင်း(၃)၊

-နိုင်ငံပြိုကွဲနိုင်ခြေကိုမရပ်တန့်နှိင်ခဲ့သဖြင့်တိုင်းရင်းသား
ဒေသများ လွတ်လပ်သည့် သီးခြားနိုင်ငံများ အဖြစ်ပေါ်
ထွန်းလာသည့်မြင်ကွင်း။
-(ဖြစ်ထွန်းပေါ်ပေါက်လာသည့်နိုင်ငံငယ်များသည်သီးသန့်ရပ်တည်ကြမည်လား၊EU နိုင်ငံများကဲ့သို့တွဲချိတ်
ကြမည်လား၊ဓနသဟာယနိုင်ငံများကဲ့သို့တွဲချိတ်ကြမည်
လား၊ဆွစ်ဇာလန်နိုင်ငံကဲ့သို့ကွန်ဖက်ဒရိုက်ဖြင့်တွဲချိတ်ကြမည်လား၊ဆွေးနွေးညှိနှိုင်းသဘောတူညီမှုရကြသည်။)

ဆက်ပါဦးမည်။

~ written by: ​ဒေါက်​တာ​အေး​မောင်​



The Mog Nation Wiki

Leave a comment