ရခိုင်လူမျိုးများ၏ မိုးလေဝသ သီအိုရီ

(The Mog Nation Wiki, an archive)


ရခိုင်လူမျိုးများ၏ မိုးလေဝသ သီအိုရီ…


ရခိုင်ပြည်သည် ပင်လယ်ကမ်းစပ် ဒေသတစ်ခု ဖြစ်သည်နှင့်အညီ ရခိုင်လူမျိုးတို့သည် ပင်လယ်မြစ်ချောင်း များနှင့် ယဥ်ပါးသူများ ဖြစ်ကြသည် ။

ထိုသို့ ယဥ်ပါးသူများ ဖြစ်သည်နှင့်အညီ ပင်လယ် မြစ်ချောင်းများတွင် အဓိက ကြုံရသော သဘာဝဘေး လေကြီး မိုးထန် စသည့် မိုးလေဝသ ဖြစ်စဥ်များကိုလည်း ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်၏ အနေအထားပေါ် လိုက်ပြီး အနီးစပ်ဆုံး ခန့်မှန်း တတ်ကြသည် ။

ရခိုင်လူမျိုးများ၏ သဘာဝမှ သင်ကြားတတ်မြောက်ထားသော မိုးလေဝသ သီအိုရီ များမှာ ယခုအခါ တစ်ဖြည်းဖြည်း ပျောက်ကွယ် လာနေပြီ ဖြစ်သဖြင့် ရခိုင်လူမျိုးများ၏ မိုးလေဝသ သီအိုရီအား ယနေ့ခေတ် လူငယ်များ သိရှိမှတ်သားနိုင်စေရန်နှင့် နောင်အရှည် တည်တံ့ သီရှိနိုင်ကြစေရန် ရည်ရွယ်ပြီး ဤ post အား ရေးသား
လိုက်ရပါသည် ။

ရခိုင်လူမျိုးများ၏ လေတိုက်ခတ်သည့် အရပ်ကို လိုက်၍ လေအမည် သတ်မှတ် ခေါ်ဆိုခြင်းများ…

၁ ။ ရာဟုလီ ( ရာဟု လေ )
၂ ။ စုန်လီ ( စုန် လေ )
၃ ။ ရန်းပေါက်လီ ( ရန်းပေါက် လေ )
၄ ။ ကတ်တရံလီ ( ကတ်တရံ လေ )
၅ ။ ဆင်ခေါင်းလီ (ဆင်ခေါင်း လေ )
၆ ။ တောင်လီ ( တောင် လေ )
စသည်တို့ ဖြစ်သည် ။

၁ ။ ရာဟုလီ (ရာဟု လေ)

နွေအကုန် မိုးအကူး ရာသီဦးတွင် တိုက်ခတ်တတ်သော လေဖြစ်သည် ။
အနောက်မြောက်ထောင့် အရပ်မှ လျှပ်စီးလက်
မှိုင်းညို့ အုံဆိုင်း လေပြေနည်းနည်း စတိုက်ခတ် ရာမှ စပြီး တခဏအတွင်း လေပြင်း ဆယ်မိနစ် မိနစ် နှစ်ဆယ်ခန့် တိုက်ခတ်တတ်သည် ။
ရာဟုလေ တိုက်ခတ်နေစဥ်အတွင်း လေတိုက်နှုန်း ပြင်းသဖြင့် မြစ်ချောင်းပင်လယ်အတွင်း သွားလာ နေကြသော လှေ သင်္ဘောများ သတိထား သွားလာကြရသည် ။
ရာဟုလေ တိုက်ခတ်ရန်စချိန်နှင့် လေတိုက်၍ပြီးဆုံးချိန်သည် တိုတောင်းသည် ။

၂ ။ စုန်လီ ၊ ၃ ။ ရန်းပေါက် ၊ ၄ ။ ကပ်တရံ

အထက်ပါ စုန်လီ ၊ ရန်းပေါက် ၊ ကတ်တရံ စသည့် လေများသည် တစ်နေ့တည်းတွင် ဖြစ်တတ်ပြီး လေတိုက်နှုန်းပြင်းအား နှင့် လေတိုက်ခတ်ရာ အရပ်အပေါ် မူတည်ပြီး အခေါ်အဝေါ်ကွဲပြားရခြင်း ဖြစ်သည် ။

ဆောင်းအကုန် နွေအကူး တပိုးတွဲ၊တပေါင်း၊တန်းခူး၊ကဆုန် လများတွင် တိုက်ခတ်တတ်သည် ။

မိုးထက်စုန်လီ_ညဇာရမ်းပေါက် ဟု ဆိုရိုးပြုကြသည် ။

စုန်လေသည် ဆောင်းတွင်းတိုက်ခတ်သော လေအမျိုးဖြစ်သည့် မြောက်ဖက်မှ တိုက်ခတ်သော မြောက်လေ ဖြစ်သည် ။
လေမှာ ဖြေးဖြေးမှန်မှန် ခပ်အေးအေးလေး တိုက်ခတ်ပြီး နေ့လည် ၁၁ .နာရီ ၊ ၁၂ .နာရီ ထိ တိုက်ခတ် တတ်သည် ။
ကုန်းတွင်းပိုင်းမှာရှိသော မိုးရိပ်များအား ပင်လယ်ပြင်ဖက်သို့ ပြန်လည် ခါထုတ်ပေးသော လေဖြစ်သည် ။

ရန်းပေါက် လေသည် နေ့လည် တစ်နာရီခန့်မှ စတင် တိုက်ခတ်ပြီး ညနေ နေဝင်သည်အထိ တိုက်ခတ်တတ်သည် ။ အနောက်တောင် အရပ်မှ တိုက်ခတ်ပြီး အေးအေး ငြိမ့်ငြိမ့်လေး တိုက်ခတ်သော လေဖြစ်သည် ။

ကတ်တရံ လေသည် ရမ်းပေါက် တိုက်ခတ်ခြင်းမျိုးဖြစ်ပြီး လေအေးအေးလေး တိုက်ခတ်လျှင် ရန်းပေါက် ဖြစ်ပြီး ၊ လေပြင်းလျှင် ကတ်တရံ ဖြစ်သည် ။ ပင်လယ် ရေလုပ်သားများအနေနှင့် ကမ်းကပ်လေဟု ခေါ်ကြသည် ၊ ကတ်တရံ လေ တိုက်လျှင် အအေးပိုပြီး နေ့လည်မှ ညနေ နေဝင်သည်အထိ ခပ်ပြင်းပြင်းလေး တိုက်ခတ်တတ်သည် ။
ကပ်တရံလေ သည် လဆန်း ၁၁. ၁၂ . ရက် နေ့များတွင် တိုက်ခတ်တတ်ပြီး ။ ၁၀.ရက် ၁၅. ရက်ထိ နေ့စဥ် တိုက်ခတ်နေကျ အချိန်အတိုင်း ရက်ကြာရှည် တိုက်ခတ် တတ်သည် ။

၅ ။ ဆင်ခေါင်းလီ
ဆင်ခေါင်း လေသည် အရှေ့တောင် အရပ်မှ တိုက်ခတ်တတ်သော လေဖြစ်ပြီး ၊ ဆင်ခေါင်းလေ နှင့် အတူ မိုးရိပ် မိုးသားများ ကုန်းတွင်းပိုင်းသို့ ပါလာတတ်သည် ၊ ဆင်ခေါင်းလေ သုံးလေးရက် ဆက်တိုက် တိုက်ခတ်လျှင် မိုးရွာတတ်ပြီး ၊ မိုးရာသီ မိုးလေမှန်သော အချိန်တွင် တိုက်ခတ်တတ်သည် ။
မြန်မာအခေါ် မုတ်သုန်လေ ဖြစ်သည် ။

၆ ။ တောင်လီ
အပေါ်မှ ဖော်ပြထားသော ဆင်ခေါင်းလေနှင့် ပူးတွဲ ဝင်ရောက် တို်ကခတ်တတ်ပြီး ၊ မိုးရာသီ မိုးမှန် လေမှန်သော အချိန်မှသာ တိုက်ခတ်တတ်သည် ။
ပင်လယ်တွင်းမှ မိုးရိပ် မိုးသားများအား ကုန်းတွင်းပိုင်းသို့ ပို့ဆောင်သော လေဖြစ်သည် ။

အထက်ပါကဲ့သို့ လေတိုက်ခတ်မှု့များအပြင်
မိုးရွာမည် မရွာမည်ကို ခန့်မှန်းသော ခန့်မှန်းပုံလည်းရှိသည် ။

အရှေ့မြောက်အရပ်မှ လျှပ်စီး ရပ်စောက်ခွပ်(တည့်မတ်စွာ လက်) ပြီး မဲမှောင်လာလျှင် မကြာမှီ မိုးရွာတော့မည် ဟု မှတ်သား ပြောဆိုကြသည် ။

ထို့အပြင် ပင်လယ်တွင်းမှာ ပင်လယ်ရေ အခြေအနေ ကြည့်၍လည်း မိုးလေဝသ အခြေအနေကို ခန့်မှန်းကြပုံများ ၊ တိရစ္ဆာန် ၊ ပိုးကောင် စသည်များ၏ နေထိုင်မှု့ပုံစံကို ကြည့်ပြီး မိုးလေဝသ အခြေအနေ ခန့်မှန်းပုံများ စသည်ဖြင့် သဘာဝမှပေးသော အတွေ့အကြုံများအား မှတ်သားပြီး ကြုံတွေ့ရသော သဘာဝအခြေအနေများနှင့် ချိန်ထိုးကာ သက်ကြီးစကား သက်ငယ်ကြားပုံစံဖြင့် မိုးလေဝသ သီအိုရီများအား လက်ဆင့်ကမ်းလာခဲ့ကြသည် ။

အချုပ်ဆိုရသော် ကျွန်တော်တို့ရခိုင်လူမျိုးများသည် ယဥ်ကျေးမှု့အခြေမြင့်မားစွာနှင့် နေထိုင်ခဲ့ကြသော လူမျိုးများဖြစ်သည်နှင့်အညီ ၊ လူသားများအား ဘေးအန္တာရယ် ကျရောက်စေသည့် မိုးလေဝသ ခန့်မှန်းချက်သီအိုရီများ ဖေါ်ထုတ်ပြီး ကျရောက်လာမည့် ဘေအန္တာရယ်များအား လျှောင်လွှဲပြီး နေထိုင်ခဲ့ကြမည် ဖြစ်သည် ။

ထိုသို့ သဘာဝဘေးအန္တာရယ် များအား သီအိုရီထုတ်ပြီး လျှောင်လွှဲခဲ့ကြပုံများကို မှတ်တမ်းမှတ်ရာများ မထားရှိဘဲ တစ်ဆင့်စကား တစ်ဆင့်နားဖြင့်သာ လက်ဆင့်ကမ်းခဲ့ကြသဖြင့် ၊ ယခုအခါ ကျွန်တော်တို့ ဘိုးဘေးဘီဘင်များ မှတ်သားထားခဲ့သော မိုးလေဝသ ခန့်မှန်းပုံ ခန့်မှန်းနည်းများသည် တဖြည်းဖြည်းနှင့်ပျောက်ပါ လာနေပြီ ဖြစ်သည် ။

သို့အတွက် ကျွန်တော်တို့၏ သမိုင်းအမွေ ရခိုင်လူမျိုးများ၏ မိုးလေဝသ ခန့်မှန်းချက် သီအိုရီအား စာတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် ရေးသား တင်ပြလိုက်ရ ပါသည် ။

Ps. နောက်ထပ် သင်တို့သိသော ကျွန်တော်မသိသော အကြောင်းအရာများရှိက အကြံပြု ရေးသား ပေးကြပါရန် ။

ကျွန်တော် ဆည်းဆာဦး ပါ…(၂၁ . ၅ . ၂၀၂၂)



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s