ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အား အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

(The Mog Nation Wiki, an archive)


ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အား အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်

Western News- မေ ၂၀ ရက်

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုအား ယနေ့ မေလ ၂၀ ရက်နေ့ တွင် သံတွဲမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သည်ဟု အမှုလိုက်ပါဆောက်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ယနေ့ရုံးချိန်းတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦး နှစ်ဦးလုံးကို သံတွဲမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ပြီး ချုပ်ရက်ကို တစ်ပေါင်းတည်းခံစားခွင့်ရှိသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။

“ဒီနေ့မှာတော့ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦး နှစ်ဦးလုံးကို တရားစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုတော့ တစ်ပေါင်းတည်း ခွင့်စားခွင့်ရှိတယ်။ အယူခံတက်ဖို့ရှိ မရှိတော့ ကျွန်မရဲ့ အမှုသည်တွေနဲ့ မပြောကြရသေးဘူး” ဟုပြောသည်။

ဦးစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ငပလီမြို့ ၅၅ တပ်ရင်းမှဗိုလ်ကြီးနေဇော်ထက်မှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုအပါဝင် လိုပြသက်သေ ၁၃ ဦးနှင့် ရုံးခေါ်သက်သေတစ်ဦးပါဝင်သည်။ ရခိုင်ပြည်နယ်တွင် PDFနှင့် ဆက်စပ်သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ ၇ ဦးရှိပြီး ဖမ်းဆီး တရားရင်ဆိုင်ခဲ့ရသူ ၁၀ ဦးခန့်နီးပါးရှိခဲ့သည်။

Western News-WN



The Mog Nation Wiki

Leave a comment