ဆေးခါးကြီးနှစ်ခွက်

(The Mog Nation Wiki, an archive)


ဆေးခါးကြီးနှစ်ခွက်

(ဦးမောင်မောင်စိုး ရေးတဲ့ ငြိမ်းချမ်းရေး post မှာ ကိုယ်ကလည့် ငြိမ်းချမ်းရေးလိုချင်ဇောနဲ့
comment ရေးလိုက်တာ ဗမာမိတ်ဆွေတွေအတွက် ဆေးခါးကြီးတစ်ခွက်ဖြစ်သွားပုံရတယ်။ငြိမ်းချမ်းရေးဆိုတာ တဘက်တည်းကလုပ်လို့ရတာမျိုးမဟုတ်တဲ့အတွက် ရခိုင်အမျိုးတွေအတွက်လည့်ဆေးခါးကြီးတခွက်တိုက်ရမယ်လို့ သဘောရတဲ့အတွက် ထပ်ရေးလိုက်တယ်။ဝေဖန်နိုင်တယ်၊
ငြင်းခုန်နိုင်တယ်၊ဆဲလိုကဆဲနိုင်
တယ်။ဗမာအတွက် ဆေးခါးကြီးကို ဒီ post မှာပြန်လည်ဖော်ပြပြီး၊ ရခိုင်တွေအတွက်ဆေးခါးကြီးကို ဖော်ပြရေးသား
ထားပါတယ်။

ဗမာတွေအတွက်ဆေးခါးကြီး

(ကိုယ်ချင်းစာတရား လက်ကိုင်
ထားပြီး ဖြေရှင်းရင်ကျင်းတယ်။
ဘယ်လိုကိုယ်ချင်းစာရမလဲ?
အိန္ဒိယနဲ့ခွဲရေးတွဲရေးမှာတုန်းက တွဲရေးသာဖြစ်မြောက်သွားခဲ့ရင်
ဗမာတွေ အာသံ၊မဏိပူရတို့လို ဒီနေ့ထိ အိန္ဒိယကိုတော်လှန်ပုန်ကန်နေရမယ်။
နောက်တချက်က ကုန်းဘောင်မင်းဆက်ကနေ လက်ရှိဗမာအုပ်ချုပ်ရေးစံနစ်ကိုဆက်ခံလာတာမဟုတ်ဘူး၊ အဂ်လိပ်အောက်ကိုကျရောက်သွားပြီး ဗမာလည့်ကျွန်၊တိုင်းရင်းသားလည့်ကျွန်
ဘဝတူကျွန်တွေစုပေါင်းပြီးလွတ်လပ်ရေးယူခဲ့ကြတယ် ဆိုတဲ့အသိမျိုး ဗမာတွေမေ့နေကြတယ်။
ခေတ်အဆက်ဆက်ဗမာတွေကြီးစိုးအုပ်ချုပ်တဲ့နိုင်ငံ၊ဆက်လက်ပြီးလည့်
ဗမာသာတရားဝင်ကြီးစိုးရမယ်ဆိုတဲ့အသိတရားမျိုးစွဲနေကြတယ်။တချို့ဗမာတွေဆိုရင် ဘုရားပေးတဲ့အခွင့်ရေးလို့ပြောကြတယ်။ဒီအသိမျိုးတွေကိုပယ်မှငြိမ်းချမ်းရေးရလာမယ်။
နောက်ဆုံးအနေနဲ့တင်ပြချင်တာက ၊ တိုင်းရင်းသားလူမျိုးတွေများလွန်းလို့ ဗမာပြည်မှာပြဿနာများလွန်တယ်အားလုံးဗမာတစ်မျိုးတည်းဖြစ်သွားမှအေးမယ်လို့ ဗမာတွေက မှတ်ယူနေကြတယ်။အဲဒီအစွဲနဲ့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးပပျောက်ရေးကိုလုပ်လာကြတယ်။အမှန်ကတိုင်းရင်းသားလူမျိုးတွေဆိုတာ နိုင်ငံရဲ့ဘေးပတ်လည်မှာရှိနေပြီး တံတိုင်းကြီးသဘွယ်ကာရံထားတာဖြစ်တယ်။
ဒီတံတိုင်းကိုဖြိုဖျက်နေတာက ဗမာတွေ ကိုယ့်သေတွင်းကို ကိုယ်တူးနေကြတာဖြစ်တယ်။လက်တွေ့ပဲကြည့်လိုက်
ဗမာလူမျိုးကြီးထဲစိမ့်ဝင်မှုမရှိပဲ လူမျိုးသစ်တစ်ခုပဲကြီးထွားလာတယ်ဆိုတာ ၊
အဲဒီဟာတွေကို တူညီတဲ့အမြင်နဲ့ဆွေးနွေကြမယ်ဆိုရင်တော့ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးဆိုတာမုချရလာမယ်။
25/4/2022)

ရခိုင်အမျိုးများအတွက်ဆေးခါး

ဆေးခါးကြီးက အဝင်ဆိုးသည်။
သို့သော် ရောဂါပျောက်စေလိုလျှင် အောင့်အီးပြီး
အတင်းမျိုချရသည်။ယခုရေးသားချက်ကို ဆေးခါးကြီးနှင့်နှိုင်းရသည်က ရခိုင်အများစုက
သဘောကျနိုင်မည်မထင်၍ဖြစ်
သည်။ရခိုင်အများစုက လွတ်လပ်ရေးအထိလိုလားနေကြသည်။ဤသို့အဆင့်အမြင့်ဆုံးထိ လိုလားနေကြလျှင် ညှိနှိုင်းဆွေးနွေးသောနည်းဖြင့်ရ
ရှိနိုင်မည်မဟုတ်။နောက်ဆုံးတိုက်ပွဲအထိတိုက်ယူကြရမည်။
ထိုသို့ပြုရပါက ထိခိုက်ပျက်စီးမှု
များရုံမက အနောက်ရန်ကိုထပ်မံ
တွန်းလှန်ရန် လူသူ၊စီး ပွားကင်းမဲ့
သွားနိုင်သည်။ ယင်းကြောင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းသောနည်းဖြင့် ကိုယ့်ကံကြမ္မာဖန်တီးနိုင်ခွင့်အဆင့်တစ်ခုကိုသာရယူ
သင့်သည်ဟုယူဆသည်။

Ba Aye
29/4/2022 မြောက်ဦး



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s