အထပ်ချေ

(The Mog Nation Wiki, an archive)


ရခိုင်စာ အထပ်ချေ

(“ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း” တွင်​​ဖော်​ပြထားသည့် ဤ​ဆောင်းပါး၏ နဂိုမူရင်း​ခေါင်းစဉ်​မှာ “ရခိုင်စာ အထပ်ချေ” ဖြစ်​ပါသည်​။)


ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

“အထပ်ချေ”ဆိုစွာက ရခိုင်ပိုင် ခေါ်ရေ ဝေါဟာရတစ်ခုပါ။ ဒေဝေါဟာရကို နားလည်အောင်ရှင်းပြရကေ မိုးထပိုင်းစားရေ အစားစာတစ်မျိုး လို့ ပြောရပါဖို့။ ရှရှင်းချေပြောရဖို့ဆိုကေတော့ ထမင်းတစ်မျိုးပါရာ။ ယကေလေ့ အထပ်ချေလို့ခေါ်ရေ ဒေထမင်းကိုအဝပိုင်မျိုးစားကတ်စွာ မဟုတ်ဘဲ ပိုင်စရာနေရာမှာ အစားထိုးစားသုံးကတ်စွာ ဖြစ်ပါရေ။

အထပ်ချေစားရေ ဓလေ့ကို ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာတွိရပါရေ။ စစ်တွေမြို့မှာဆိုကေတော့ ဒေဓလေ့ရေ အတိုင်းတာတစ်ခုထိ ကျယ်ပြန့်ပြီးကေ လူကြိုက်လေ့များပါရေ။
ဒေမိုးထစာကို မိုးထအရုဏ် ၄၊ ၅ နာရီလောက်ကပင်စလို့ မိုးထပိုင်း ၈ နာရီ၊ ၉ နာရီဝန်းကျင်လောက်ထိ လာရောက်စားသုံးကတ်ပါရေ။ ဒေပိုင်ပဲ စားသုံးသူတိအပေါ်မူတည်ပြီးကေ ရောင်းချသူတိကလေ့ အချိန်ပီးရပါရေ။ ယကေလေ့ ပုံမှန်ရောင်းချရေ ထမင်းဆိုင်တိ ဖွင့်ရေ အချိန်၊ နေ့လည်စာစားရေအချိန်ထိတော့ မရောင်းချကတ်ပါ။

“ဆီးခန်းလာပြရေလူတိက ဆီးခန်းဖွင့်ချိန် မွန်းတည့်ဖို့ဆိုကေ နိခင်း ၃၊ ၄ နာရီလောက်မှ ဖွင့်ဖို့ဆိုကေ အထပ်ချေစားပြီး ပန်းခြံထဲမှာ ထိုင်စောင့်ကတ်သူတိလေ့ရှိပါရေ။ ယကေလေ့ အရီးက ထမင်းဆိုင်ပုံစံမျိုး မရောင်း။ အထပ်ချေကို အထပ်ချေသဘောမျိုးရာ ရောင်းရေ။”
အခုပြောပြလားရေ စစ်တွေမြို့ မင်းဂံရပ်ကွက်က အရီးဒေါ်ခင်လှနုဆိုကေ စစ်တွေမြို့လယ် ဦးဥတ္တမပန်းခြံရှိမှာ လာရောင်းစွာပါ။ ရောင်းချစွာ ၂ နှစ်ဝန်းကျင် လောက်ရာရှိသိမ့်ကေလေ့ စားသုံးသူပရိသတ် အခိုင်အမာရရှိထားဗျာလ်လေ့ ဖြစ်ပါရေ။

ဒေါ်ခင်လှနု ဆက်ပြောစွာက “မိုးထပိုင်းဆိုကေ ၁ နာရီလောက်ကနီထပနာ ထမင်းချက်၊ ဟင်းချက်ရရေ။ ငါးတိ၊ ဟင်းတိ ချက်လို့ ပြင်ဆင်ပြီးကေ မိုးထပိုင်း ၅ နာရီ၊ တစ်ခါတစ်ခါ ၅ နာရီကျော်လားရေ။ ဒေနားကိုရောက်ကေ ဆိုင်ခင်းရရေ။ ချိုင်ရည်တယ်ရရေ။ စားဖို့လူလာကေ ရောင်းဗျာလ်။ အရင်က ဆိုကေ ၃ နာရီ၊ ၄ နာရီလောက်ကပင်ရောင်းဖြစ်တေ။ အခုက ခေတ်မကောင်းလို့ ၅ နာရီ၊ ၅ နာရီကျောက်လောက်မှ ရောင်းဖြစ်တေပေါ့။”

အထပ်ချေကို များသောအားဖြင့်တော့ ဆောင်းတွင်းရာသီမှာ ရောင်းလေ့ရှိကတ်ပြီးကေ ဆောင်းရာသီမှာဆိုကေ မိုးထပိုင်းလမ်းလျှောက် တေလူတိ စားသုံးကတ်ပိုင် တစ်ခြားရာသီတိမှာတော့ စောစောစီးစီးအလုပ်လားရရေ ဝန်ထမ်းတိကလေ့ စားသုံးကတ်ပိုင် အမြဲလိုလို စားသုံးသူတိလေ့ ရှိပါရေ။

“စစောစစီးအလုပ်လားရေလူတိ၊ မိုးထပိုင်း မုန့်စားတတ်သူတိက အဆာပြေ သဘောမျိုးစားကတ်တေလေ။ မုန့်မစားဘဲနဲ့ ထမင်းစားတတ်သူတိပေါ့။ ရုံးလားကတ်တေလူတိ စစောစစီး ၆ နာရီဝင်ရရေ အလုပ်တိရှိရေ။ ယင်းလူတိ ကျောင်းဆရာ၊ ဆရာမတိ၊ အ လုပ်လားရေ အချေတိကျကေ ထမင်းချိုင့်ယူလားရေ။ တခါပြင်စားလားလူ စားလားရေ။ ယင်းပိုင်မျိုးပေါ့။”

မိုးထပိုင်းမှာရာ ရောင်းချရရေ ဒေအလုပ်ကို သူမတစ်ယောက်တည်းဆိုကေ လက်မလည်ပါ။ ယင်းကြောင့် အိမ်က အမျိုးသားအပါအဝင် သား၊ သမီးတိကလေ့ တတ်နိုင်သလောက် ဝိုင်းအုံလုပ်ပီးကတ်ရပါရေ။ ယင်းထဲမှာ ကိုသန်းမောင်လေ့ ပါဝင်ပါရေ။

ကိုသန်းမောင်က “ဝေရာဝိစ္စတိပေါ့။ စားနေရေ customer တိလေ့ အဆင်ပြေအောင် လာလုပ်ပီးနီစွာ။ ပြောရဖို့ဆိုကေ အားလုံးက ဝမ်းဆာလို့ လာကတ်စွာပါလေ။ တစ်ပြိုင်တည်း မိုးထစောစော ရောက်လာကတ်တေ မေမေကလေ့ တစ်ယောက်တည်း လက်မလည်ဆိုခါ မေမေကို အရီး ဇငါးနဲ့ ထည့်ပီးပါ။ ဇာဟင်းနဲ့ထည့်ပီးပါ။ ရှေ့က ထိုင်ပြီးကေ တောင်းနီကတ်တေ လူတိကိုလေ့ မေမေက လုပ်ပီးရရေ။ ဆိုခါ နောက်က ရပ်ပနာ နေရာလပ်လေ့ မရှိဆိုခါ အရီးဇာနဲ့ထည့်ပီးပါဆိုစွာတိကို ပီးဖို့ မရစွာလေ့ရှိရေ။ ဝမ်းဆာလို့လာကတ်တေလူတိကို စိတ်တိုလို့ ထွက်လားဖို့ဟော် စိုးရိမ်ရေ။ အားပီးဖို့လာရေလူတိကို စိတ်ချမ်းသာသာနဲ့ရာ ဖြစ်စီချင်ရေ။ ယင်းတွက်နန့် ထိုင်ခုံတိ၊ ရပူတိ၊ တို့စားတိ ပြုပြင်ရေ။ ယင်းပိုင် လုပ်ပီးရေပေါ့။ ကျနော်က အမိကိုကူညီပေးစွာပါ။”

ဒေပိုင်ရောင်းချရေအခါမှာ ဟင်းတိကို စားသုံးသူတိရဲ့ အကြိုက်လိုက်ချက်ရပြီးကေ အဓိက ဟင်းလျာတိဖြစ်တေ အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဥနဲ့ ကလီစာတိ၊ ပုစွန်တိ၊ ပြည်ကြီးငါးတိကတော့ မပါမဖြစ်ပါ။ တစ်ခါတစ်ခါမှာလေ့ တောင်းဆိုသူတိရှိကေ ရှိပိုင် သူရို ့အကြိုက်လိုက်ချက် ပီးရစွာလေ့ ရှိပါရေ။

“ဘူးသီးတောင်၊ မောင်တောဖက်မှာဆိုကေ ကြက်သားဆိုကေ ကြက်သားတစ်မယ်။ ခုံ ၂၀ ဆိုကေ ၂၀။ လူအယောက် ၂၀၀ ဆိုကေ ၂၀၀ စာ ယပိုင်ရောင်းရေ။ အန်ရီးရို ့မှာကျကေ ၉ မယ်၊ ၁၀ မယ်ရောင်းရေ။ ပုစွန်၊ ရဂက်၊ ငါး၊ ငါးခြောက်။ အသားမှာဆိုကေ အမဲသား၊ ဝက်သားနဲ့ အမဲအူ၊ ဝက်နံကိုင်း၊ ကြက်သား၊ ကြက်ကလီစာရို ့ဆိုကေ မပါမဖြစ်။ ယင်းချင့်တိက နိတိုင်း လုပ်ပီးရရေ။ လူစားများလို့ပေါ့။ ကြက်သားဆိုကေလေ့ ဒေအတိုင်းဗျလ်။ ကြက်ဥဆိုကေ သရေစာပိုင်မျိုး ကြက်သားနဲ့စားကေလေ့ ကြက်ဥတစ်လုံးထည့်ပီးပါ။ ငါးနဲ့စားကေလေ့ ကြက်ဥတစ်လုံးထည့်ပီးပါ။ ယပိုင်မျိုးစားကတ်တေ။” လို့ အရီးဒေါ်ခင်လှနုက ပြောပါရေ။

အရံဟင်းလျာတိ အနေနဲ့လေ့ သာမာန်ထမင်းစားပွဲတိမှာပိုင် ချိုင်ရည်နဲ့ တို့စရာတိကိုလေ့ အသင့်ပြင်ထားရရေလို့ ဆိုပါရေ။ နောက်ပြီး ချိုင်ရည်မကြိုက်သူတိလေ့ ရှိစွာကြောင့် ရပူကိုလေ့ အသင့်ထားရှိရပါရေ။

ကိုသန်းမောင်က “တချို့ဆိုကေ ညပိုင်းကျန်းမာရေးအရ ထမင်းမစား။ မိုးထစစောထမင်းလာစားကတ်တေ။ တချို့က ပြောရေပေါ့။ မုန့်စားစွာ ထက်တော့သာရေ။ မုန့်လားစားဖို့ဆိုကေလေ့ ၇၀၀၊ ၈၀၀၊ ၉၀၀ ကုန်ရေလတ်။ ဒေပိုင်ပုံစံမျိုးဆိုကေ ထမင်းလာစားလိုက်ကေ အားရှိလားရေပေါ့။ နောက်ပြီးကေ ဟင်းရည်၊ တို့စရာတိနဲ့ မြိန်ရေချက်ရေ ပပူလလောင်စားရခါ စားကတ်စွာလို့ ပြောကတ်တေ။ ကျနော်ကတော့ ကိုယ်ကြိုက်လို့ ကိုယ်လာစားကတ်တေလို့ပဲ ထင်ရေ။” ပြောပါတယ်။

အထပ်ချေမှာ အားသားချက်တိအများကြီးရှိပါရေ။ ကျန်းမာရေးအရ ညဖက်တိမှာ ထမင်းမစားဖြစ်တေ သက်ကြီးပိုင်းတိကလေ့ မိုးထပိုင်းရောက်ချိန်မှာ လာစားလို့ရပိုင် လမ်းလျှောက်သူတိ၊ အလုပ်လားသူတိအတွက်လေ့ အဆင်ပြေပြီးကေ ငွေကြေးလေ့ အများကြီး မကုန်ကျပါ။

“ထမင်းဆိုင်မှာဆိုကေ ငါးတစ်တုံးကို ၁ ထောင်ဆိုကေ ၁ ထောင်။ ၁၅၀၀ ဆိုကေ ၁၅၀၀ ပေါ့။ ငါးတစ်ပွဲချပီးလိုက်ကေ ထမင်းတစ်ပွဲကို ၃၀၀ ဆိုကေ ၃၀၀ ပေါ့။ အရီးရို ့မှာက ယင်းပိုင်မဟုတ်လေ။ ထမင်းတစ်ပွဲကို ၂၀၀ ရရေ။ ထမင်းတစ်ပွဲနဲ့ ငါးတစ်တုံး ဆိုလို့ရှိကေ ဝက်သား၊ အမဲသား၊ အမဲအူရို့ဆိုကေ ၁ ထောင်။ ထမင်းတစ်ပွဲနဲ့ ငါးနဲ့ပေါ့။ ကြက်သားနဲ့ဆို ၁၂၀၀။ နိခင်းထမင်းဆိုင်မှာဆိုကေ ကြက်သား ၁ ပွဲကို ၁၅၀၀၊ ထမင်းတစ်ပွဲကို ၃၀၀ ယင်းပိုင်ရောင်းရေ။ အရီးရို ့မှာက ယင်းပိုင်မရ။ ကြက်ဥနဲ့ဆိုကေ ၅၀၀။ အခု ကြက်ဥစျီးတက်နီလို့ ၆၀၀ ရောင်းရရေ။ ယင်းပိုင်ရောင်းရစွာ။ ဟိုပိုင်ထမင်းဆိုင်ပုံစံမျိုးရောင်းလို့ မရ။ အထပ်ချေမှာ အထပ်ချေ သဘောမျိုးရောင်းရရေ။” လို့ အရီးဒေါ်လှခင်နုက ဆိုပြန်ပါရေ။

ယင်းကြောင့်လေ့ အထပ်ချေကို လူကြိုက်များရေလို့ ဆိုရပါဖို့။ နောက်ပြီးကေ အထပ်ချေကို သရေစာတစ်ခုအဖြစ်စားသုံးကတ်တေ ဆိုကေလေ့ တစ်ချို့ကလေ့ အဝစားကတ်စွာလေ့ ရှိပါရေ။ အသူရို့အတွက် ပိုပြီးကေအဆင်ပြေရေဆိုရေအကြောင်းကိုလေ့ အခုပိုင် ပြောပါရေ။

“အဝလေ့ စားခါ စားကတ်တေပေါ့။ ဥပမာ ကားမောင်းကတ်တေ။ ဟိုင်းဂျက်၊ ဆိုင်ကယ်တက္ကစီတိပေါ့။ သူရို ့ အငှားကျ လားကေ နိခင်း ၁ နာရီ၊ ၂ နာရီထိုးလားစွာတိရှိရေ။ ယင်းနိတိကျကေ နယ်ပိုင်းတိမှာဆိုကေ ထမင်းဝယ်စားဖို့ကလေ့ အချိန်လိုက်မမှီ။ ဇာစားရဖို့လေ့ မသိဖြစ်နီခါတော့ ဒေနားက တခါတည်းစားလားကတ်တေပေါ့။ အရင်တကဆိုကေ ပိုရောင်းကောင်းသိမ့်ရေ။ ဘုရားဖူး လားကတ်တေ။ ငှက်ခေါင်း၊ ဆံတော်ရှင်ရို့ကို လားကတ်ဖို့ဆိုကေ အရီးက ပိုရောင်းရရေပေါ့။ ပါဆယ်တိနဲ့ ဝယ်လားကတ်လို့လေ။ ဒံပေါက်၊ ခေါက်ဆွဲရို့ပိုင် အထပ်ချေကလေ့ ရောင်းရရေ။ ယင်းပိုင်ကားမောင်းရေ လူတိဆိုကေလေ့ အထပ်ချေကို ဝအောင်စားလား ကတ်ပြီးကေ ရောက်တေနေရာမှာ စားရရေနိစားရရေ။ မစားရရေ နိတိဆိုကေ ငတ်ကေလေ့ ငတ်ဖို့ပေါ့။ သူရို့ကလေ့ ပြောရေ။ အထပ်ချေစားလားခလို့ရာ အရီး မဟုတ်ကေ ကျနော်ရို့ ထမင်းငတ်ပါရေလတ်။”

စားသုံးသူတွေထဲမှာ လူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမရွီး ပါဝင်ပါရေ။ ယကေလေ့ အမျိုးသားတိအများကြီး လာရောက်ကတ်စွာ ကြောင့် တချို့အမျိုးသမီးတိဆိုကေ တစ်ယောက်တည်း မလာကတ်ဘဲ အဖွဲ့လိုက်ဖြစ်ဖြစ်၊ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတိမှာဆိုကေ အမျိုးသားနဲ့ ဖြစ်ဖြစ် လာရောက်ကတ်ပါရေ။

“အပျိုအအိုရယ်လို့မရှိပါ။ မိန်းမတိလေ့ လာစားရေ။ မိန်းမရာများလားကေ သူရို့ကို သီးသန့် တစ်ဝိုင်းပြင်ပီးရရေ။ တစ်ချို့ဆိုကေ အိမ်ရှင်မနဲ့ အိမ်ရှင်နဲ့ လာစားကတ်တေ။ ယပိုင်ဆိုကေ သူရို့ကို သီးသန့်လုပ်ပီးရေ။ အပျိုချေတိကလေ့ တစ်ခါတစ်လီ အခုပိုင် ဆောင်းတွင်းမျိုးမှာဆိုကေ လမ်းလျှောက်ရင်းနဲ့ ဝင်စားလားကတ်တေ။ မမချေတေိကလေ့ ကြိုက်ကတ်တေ။ ယကေလေ့ တစ်ခါ တစ်လီကျကေ ယောက်ျားများနီလို့လား မသိ။ သူရို့ မဝင်ခကတ်စွာရာဖြစ်ဖို့။”

အခုပိုင် အားသာချက်တိရှိပြီးကေ အာဟာရဖြစ်တေ အထပ်ချေကို စစ်တွေမြို့ပေါ်က ဒေသခံတိရာမက တစ်ခြားမြို့နယ်က ဧည့်သည်တိ ကလေ့ အချက်ကြုံကေ ကြုံရေပိုင် စားကတ်စွာလေ့ ရှိပါရေ။ တစ်ချို့လူငယ်တိဆိုကေ မိုးထစောစောကထပြီးကေ သူ့ရို့ပါးကို အလည် ရောက်နီရေ သူငယ်ချင်းတိကို အရေးတယူလုပ်ပြီးကေ အထပ်ချေလိုက်ကျွေးစွာလေ့ ရှိပါရေ။ စစ်တွေမြို့မှာနီထိုင်ရေ ပေါက်တော မြို့နယ်က ကိုကျော်တင်ဝင်းက အခုပိုင် ပြောပါရေ။

“ကျနော်ဆိုလို့ရှိကေ ပေါက်တောမြို့နယ်ကပါ။ နယ်ဖက်ဆိုခါ ဒေချင့်တိ မရှိပေါ့။ ဆိုခါ ကျနော် စစ်တွေမှာစနီတုန်းက သူငယ်ချင်းတိခေါ်လို့ လိုက်စားဖူးရေ။ နောက်ပိုင်းဆိုကေ ကျနော်က မကြာမကြာစားဖြစ်တေပေါ့။ အခုလေ့ တစ်ခြားမြို့နယ်က သူငယ်ချင်းတိအလည်လာကေ မိုးထအစောကြီး လမ်းလျှောက်လားကေဖြစ်ဖြစ်၊ သီးသန့်ဖြစ်ဖြစ် ခေါ်ကျွေးဖြစ်တေပေါ့။”

အရီးဒေါ်ခင်လှနုနဲ့ ကိုသန်းမောင်ရို့ မိသားစုတိကတော့ အခုပိုင် စားသုံးသူပရိသတ်တိ အခိုင်အမာရရှိနီဗျာလ်ဖြစ်စွာကြောင့် အခါကြီး နိတိမှာ ဆိုင်ပိတ်ရဖို့စွာကိုတောင် ပရိသတ်တိကို အားနာမိရေလို့ ဆိုပါရေ။ ဇာကြောင့်လဲဆိုကေ ပရိသတ်တိရဲ့ တောင်းဆိုမှုကြောင့်ပါ။

“Decoration ပိုင်းနဲ့ ဆင်ပြင်ပြီးကေ လုပ်ကေလေ့ လာကတ်ဖို့လို့တော့ ထင်ပါရေ။ ကျနော့်စိတ်ထဲမှာတော့ မိုးထပိုင်းသား ဆိုင်ကြီးကြီးမားမားနဲ့ အထပ်ချေသီးသန့်ရောင်းဖို့ဆိုကေလေ့ လာစားကတ်ဖို့လို့ ထင်ပါရေ။ ယကေလေ့ လူတိကတော့ နည်းနည်းရှိန်လားဖို့ပေါ့။ ဇာလို့ဆိုကေ သူရဲ့ခင်းကျင်းမှုအပိုင်းနဲ့ဖြစ်လို့လေ။ ယကေလေ့ တစ်ခါ ၂ ခါစားဖူးကေတော့ တစ်ယောက်စကား တစ်ရာနားဆိုပိုင် လာစားကတ်ဖို့။ အများအားဖြင့်တော့ အထပ်ချေဆိုစွာကို အရုဏ်ကို ဦးစားပီးလို့ ရောင်းစွာပါ။ မွန်းတည့်နဲ့ မတူပါလေ။”လို့ ကိုသန်းမောင်က ဆိုပြန်ပါရေ။

အထပ်ချေမစားဖူးသိရေ တစ်ခြားမြို့နယ်က ဧည့်သည်တိအနေနဲ့လေ့ စစ်တွေကို ရောက်ကေဖြစ်ဖြစ် မိုးထပိုင်းအစောကြီးထပြီးစားရရေ အထပ်ချေကို မြည်းစမ်းကြည့်ရင်း ဒေချစ်စရာကောင်းရေ ဓလေ့ရဲ့အရသာကို ခံစားကြည့်ကတ်ပါဦး။


The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s