နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅-၁၉၈၀) အခန်း  ၁၀   အပိုင်း  ၆၉

(The Mog Nation Wiki, an archive)


#memo_mms75      နှင်းဆီနီနီ အိပ်မက်များ
10/2/2018                    ( ၁၉၇၅-၁၉၈၀ )
                                  အခန်း  ၁၀   အပိုင်း  ၆၉

CPB ရခိုင်ပြည်နယ်

                CPB ရခိုင်ပြည်နယ်သည် ၁၉၄၈ ခုနှစ်ကစပြီး တည်ရှိခဲ့သည့် အခြေခံဒေသဟောင်းဖြစ်သည်။ ထို့ပြင် CPB ရခိုင်ပြည်နယ်၏ အဓိက ခေါင်းဆောင်များ ကေဒါများသည် ရခိုင်တိုင်းရင်းသားများကိုယ်တိုင်ဖြစ်ကြ
သည်။ ၁၉၇၇ ခုနှစ်ဝန်ကျင်က CPB ရခိုင်ပြည်နယ်အတွင်းရေးမှူ းအဖြစ်
တာဝန်ယူထားသည့် CPB ရခိုင်ပြည်နယ်၏အဓိကခေါင်းဆောင်မှာ ရဲဘော်
ကျော်မြဖြစ်သည်။ သူ့အား ၁၉၇၅ ခုနှစ်ပြန်လည်ဖွဲ့စည်းသော ဗဟိုကော်မတီ
တွင် ပေါလစ်ဗျ ူ ရိုအဖွဲ့ဝင်အဖြစ်တင်မြှောက်ထားပြီဖြစ်သော်လည်း ရခိုင်၌
တာဝန်ယူဆဲဖြစ်သည်။

         တိုင်းရင်းသားပြည်နယ်များတွင် CPB အစောဆုံးအခြေပြု နိုင်ခဲ့သည့်
ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်သည်။ ဤသို့ဖြစ်ခြင်းမှာ CPB ၏ စည်းရုံးမှု ဆိုသည်ထက် ရခိုင်သားတို့ကိုယ်တိုင်၏ စိတ်အားထက်သန်မှု နှင့်ရေခံမြေခံ
ကြောင့်ဟုဆိုနိုင်သည်။ ရခိုင်သည် အင်္ဂလိပ်လက်အောက်ရောက်ပြီးနောက်
ခေတ်ပညာတတ်များအစောဆုံးထွက်သည့် ဒေသတခုဖြစ်ရာ ထိုစဉ်ကာလက
တိုးတက်သောအယူအဆဖြစ်သည့် လက်ဝဲဝါဒကို လိုလိုလားလားလက်ခံကြ
ခြင်းလည်းဖြစ်သည်။ ထို့အတူ ရခိုင်တွင် နယ်ချဲ့ စနစ်နှင့်အတူ မြေရှင်စနစ်
ကြီးထွားဖွံ့ဖြို းမှု ကြောင့် သိန်းချီ သောလယ်ဧကများသည် လက်တဆုပ်စာ
မြေရှင်ကြီးများလက်ထဲတွင် ရှိနေပြီး လယ်သမားအများစုမှာ လယ်မဲ့ယာမဲ့
များဖြစ်နေခြင်းက ကွန်မြူ နစ်တို့ အားကောင်းစေဖို့ ရေခံမြေခံလည်းဖြစ်ခဲ့
သည်။

          အင်္ဂလိပ်ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးတို့တွင် တက်ကြွစွာလှုပ်ရှား
ခဲ့ကြသော ရခိုင်လူငယ်များသည် ကွန်မြူ နစ်ပါတီကို တက်ကြွစွာဖွဲ့စည်းခဲ့ကြ
သည်။ ၁၉၄၆ ခုနှစ် တောကံရွာ လူထုညီလာခံတွင် ဦးကျော်မြက အခွန်တော်
မပေးရေး၊ သီးစားခမပေးရေး၊ လယ်မြေကို ကြွေးဖြင့်မသိမ်းရေး၊ အမတော်
ကြေးတိုးမြှင့်ပေးရေးစသည့် လယ်သမားများနှင့် ပတ်သက်သည့်အဆိုကို
တင်သွင်းခဲ့ရာ ညီလာခံတခဲနက်ထောက်ခံခဲ့သည်။ ထိုတောကံညီလာခံအပြီး
၁၉၄၇ ခုနှစ် ဧပြီလ၌ မြောက်ဦးမြို့ နယ် အထုတ်သည်ကျေးရွာတွင် ရဲဘော်
ကျော်မြခေါင်းဆောင်သည့် တက်ကြွသည့် ရခိုင်လူငယ်များက ဗမာပြည်
ကွန်မြူ နစ်ပါတီ CPB ( စစ်တွေခရိုင်)ကိုဖွဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းရာ
တွင် ရဲဘော်ကျော်မြ၊ ဦးမောင်တူ၊ ဦးစံတင့်(ဗမာ)၊ ဦးသာထွန်းဦး၊ ဦးဘော်
လီ၊ ဒေါ်မညွန့်( ဦးကျော်မြ၏ဇနီး)၊ ဦးဦးကျော်ဇံ ခေါ် ဦးမောင်ဖြူ သံ၊ ဦးစံ
ဘော်ဦး၊ ဦးဦးစိန်ကျော်၊ ဦးမောင်စိန်၊ ဦးငပုချေ ခေါ် ဦးသန်းမြင့်၊ ဦးဖထော်
ဦး ခေါ် ဦးရဲမြင့် နှင့် ဦးထွန်းအောင်ဖြူ ခေါ် ဦးရဲထွန်းတို့ ပါဝင်သည်ဟု သိရ
သည်။ CPB ဗဟိုမှ လာရောက်ဖွဲ့စည်းခြင်းမဟုတ်ဘဲ မိမိဘာသာဖွဲ့စည်းခဲ့ပြီး
CPB ဗဟိုနှင့်ဆက်သွယ်ခဲ့ကြခြင်းဖြစ်သည်။ CPB နှင့်အလံနီအကွဲတွင်
လည်း CPB ဘက်က ရပ်တည်ခဲ့ကြသည်။ နောင် CPB ရခိုင်တိုင်းအဖြစ်
ပြောင်းလဲဖွဲ့စည်းသည်။ ၁၉၄၈ ခုနှစ်လက်နက်ကိုင်ပုန်ကန်မှု  စရာတွင်လည်း
ဗဟိုညွှန်ကြားချက်မရဘဲ ပါတီကော်မတီဆုံးဖြတ်ချက်ဖြင့် လက်နက်ကိုင်ပုန် ကန်မှု ကို စတင်ခဲ့ကြသည်။

          CPB ရခိုင်ပြည်နယ်ခေါင်းဆောင် ရဲဘော်ကျော်မြအား ၁၉၅၅ ခုနှစ်တွင်
CPB အရံဗဟိုကော်မတီဝင်အဖြစ်တာဝန်ပေးခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဗဟို
ကော်မတီဝင်အဖြစ်တိုးမြှင့်တာဝန်ပေးခဲ့သည်။ ၁၉၄၈ ခုနှစ်က စတင်ခဲ့သော
ရခိုင်ပြည်နယ်၏ ပုန်ကန်ထကြွမှု များသည် အစောပိုင်းကာလများတွင် အရှိန်
အဟုန်ကောင်းခဲ့သော်လည်း ၁၉၅၅ ခုနှစ်နောက်ပိုင်း ပါတီလမ်းစဉ်ကြောင့်
၎င်း အစိုးရ၏ထိုးစစ်များကြောင့်၎င်း အရှိန်အဟုန်ကျလာသည့်အပြင် ၁၉၅၈
ခုနှစ်၌ ပြည်နယ်တပ်မှူ းများဖြစ်သည့် ဗ်ိုလ်လှစိန်နှင့် ဗိုလ်အောင်ကျော်ဇောတို့
က ပြည်နယ်တပ်အများစုကို ခေါ်သွားပြီး အစိုးရထံလက်နက်ချ ခဲ့ရာ ရခိုင်
ပြည်နယ် CPB သည် အင်အားလျော့ကျခဲ့သည်။ ရခိုင်ပြည်နယ်အနှံ့လှု ပ်ရှား
ရာမှ တောင်ပေါ်ချောင်ဖျားများတွင် ခိုအောင်းရသည့်အခြေသို့ ဆိုက်ရောက်ခဲ့ ရသည်။

          CPB ဗဟို မှ ၆၄ လမ်းစဉ်ချ ပြီးနော် ပါတီဗဟိုမှ ဗိုလ်ဇေယျ (ရဲဘော်သုံး
ကျိပ်) သည် ရခိုင်နှင့်အနောက်မြောက် သို့ ၁၉၆၆ ခုနှစ်တွင် ရောက်ရှိလာပြီး နိုင်ငံရေးစစ်ရေးသင်တန်းများဖွင့်လှစ်ပြီးနောက် ရခိုင်ပြည်နယ်တွင်း တပ်နှင့်
ပါတီတည်ဆောက်ရေးအရှိန်ပြန်တက်လာသည်။ ထိုသို့တိုးတက်လှု ပ်ရှားစဉ်
CPB ရခိုင်ပြည်နယ်၏ ဒုတိယခေါင်းဆောင် ဦးမောင်တူသည် ၁၉၆၉ ခုနှစ်
တွင် ကျဆုံးခဲ့သည်။ ရခိုင်ပြည်နယ်တပ်ဖွဲ့များ တိုးချဲ့ ဖွဲ့စည်းလာသော်လည်း
အခက်အခဲမှာ လက်နက် ခဲယမ်းမီးကျောက်အခက်အခဲရှိနေသည်။ လက်နက်
အများစုမှာ ရိုင်ဖယ်၊ ဘရင်းဂန်းစသည့် ခေတ်မမီသည့်လက်နက်များဖြစ်နေ
ပြီး ရိုင်ဖယ်တလက်တွင် ကျည် ၅ တောင့်၊ ဘရင်းဂန်းတလက်တွင် ကျ ည်
၂၅ တောင့်ခန့်သာရှိပြီး တိုက်ပွဲများဆင်နွှဲရာတွင် အကန့်အသတ်ရှိနေသည်။
၁၉၇၁ ခုနှစ် အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရ်ှအဖြစ်ခွဲထွက်ရာမှ ဘင်္ဂ
လားဒေ့ရ်ှအတွင်း မငြိမ်သက်မှု များဖြစ်လာချိန်တွင် ဘင်္ဂလားဒေ့ရ်ှမှ လက်
နက်ခဲယမ်းများဝယ်ယူရရှိ၍ အခြေအနေအတန်အသင့်ကောင်းလာခဲ့သည်။
တပ်ဖွဲ့ဝင်များအားလည်း တဦးလျင် ကျ ည် ၁၀၀ ခန့်စီတပ်ဆင်လာနိုင်ခဲ့ သည်။

           ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရ်ှအစိုးရနှင့် အိန္ဒိယအစိုးရ ဆက်ဆံရေး
ကောင်းမွန်လာပြီးနောက် အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် မီဇိုရမ်သူပုန်
အင်အား ၂၀၀၀ ခန့် ရခိုင်ပြည်နယ်တွင်းသို့ဝင်ရောက်လာပြီး CPB ရခိုင် ပြည်နယ်အား အကူအညီတောင်းခံ၍ အကူအညီပေး ရိက္ခာထောက်ပံ့ပေးခဲ့ရ သည်။ ထိုမီဇိုအဖွဲ့နှင့်ပေါင်း၍ တိုက်ပွဲများ တိုက်ခဲ့ရသေးသည်ဟုဆိုသည်။
၂ နှစ်ကျော်ခန့်အကြာတွင် ထိုမီဇိုတပ်ဖွဲ့များသည် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းမှု
အဆင်ပြေပြီး အိန္ဒိယ မီဇိုရမ်ပြည်နယ်တွင်းသို့ ပြန်လည်ထွက်ခွါသွားခဲ့သည်။
၎င်းတို့ပြန်လည်ထွက်ခွါရာတွင် CPB ရခိုင်ပြည်နယ် ပလက်ဝတိုးချဲ့ မြို့ နယ်
တပ်မှ ရဲဘော် ၁၀ ဦးခန့်ကို သတ်ဖြတ်သွားခဲ့သည်ဟုဆိုပါသည်။ 

           ထိုမီဇိုရမ်သူပုန်အဖွဲ့များသည် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းမှု အဆင်ပြေ
ပြီးနောက် မီဇိုရမ်ပြည်နယ်တွင် အစိုးရဖွဲ့ခွင့်ရပြီးနောက် CPB ရခိုင်ပြည်နယ်
မှ အရံပြည်နယ်ကော်မတီဝင်တဦးဖြစ်သူ ဦးစောထွန်းဦးအား ၁၉၇၃ ခုနှစ်
တွင် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဆက်သွယ်ရန်စေလွှတ်ခဲ့သည်။ မြန်မာ၊ အိန္ဒိ
ယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံဆုံရာ နယ်စပ်အနီး ငုံးဖျားရွာတွင် မီဇိုရမ်ပြည်
နယ်ကာကွယ်ရေးဝန်ကြီးမှ ဦးစောထွန်းဦးလာရောက်တွေ့ဆုံဆွေးနွေးခဲ့
သည်။ လက်နက်အကူအညီအဖြစ် ရိုင်ဖယ် ၁၀ လက်ခန့်နှင့် ၃.၅ လောင်ချာ
တလက်သာ ရရှိခဲ့သည်။ ထိထိရောက်ရောက်အကူအညီမရရှိခဲ့ပေ။

       ၁၉၇၃ ခုနှစ်တွင် အစိုးရမှ ရခိုင်ပြည်နယ်သို့  အထွေထွေထွေထိုးစစ် တရပ်ဆင်နွဲခဲ့ရာ CPB ရခိုင်ပြည်နယ်တပ်ဖွဲ့များအနေနှင့် အပြင်းအထန်ရုန်း
ကန်ခဲ့ရသည်ဟုဆိုသည်။ ၁၉၇၇ ခုနှစ်ကာလပိုင်း CPB ရခိုင်ပြည်နယ်ဖွဲ့စည်း
ပုံမှ ပြည်နယ်ကော်မတီတွင် အတွင်းရေးမှူ းရဲဘော်ကျော်မြ၊ ကော်မတီဝင်
များအဖြစ် ဦးရဲထွန်း၊ ဦးထွန်းလှအောင်၊ ဦးသာထွန်းဦး အရံကော်မတီဝင် ဦးစောထွန်းဦး ပါဝင်ကြသည်။ CPB ရခိုင်ပြည်နယ် ဌာနချ ုပ်အား ဘူးသီး
တောင်မြို့ နယ် စိုင်းတင်ချောင်းဖျားတွင် အခြေပြု ထားသည်။ ရခိုင်ပြည်နယ်
ပါတီကော်မတီအောက်တွင် စစ်တွေခရိုင်ကော်မတီ၊ သံတွဲခရိုင်နှင့်ကျောက်ဖြူ  ရမ်းဗြဲကျွန်းတိုးချဲ့တပ်ဖွဲ့များရှိသည်။ CPB ရခိုင်ပြည်နယ်၏ အဓိကအင်အား
မှာ စစ်တွေခရိုင်ဟုဆိုသည်။

              ပြည်နယ်တပ်၏ တပ်မှူ းအဖြစ် ဦးသာထွန်းဦးကတာဝန်ယူသည်။
ပြည်နယ်ဌာနချ ုပ်တွင် အင်အား ၃၀ ခန်ရှိ ကင်းတပ်စု တစုသာထားရှိသည်။ ဦးသာထွန်းဦးက ကျောက်ဖြူ ရမ်းဗြဲ တိုးချဲ့ တာဝန်ကို အဓိကယူထားသည်ဟု ဆိုသည်။ စစ်တွေခရိုင်အတွင်းရေးမှူ းအဖြစ် ဦးရဲထွန်းက တာဝန်ယူပြီး တပ်၏နိုင်ငံရေးမှူ းတာဝန်အားလည်းယူသည်။ ခရိုင်တပ် တပ်မှူ း ဦးထွန်း လှအောင်၊ဒုတပ်မှူ းဦးစောထွန်းဦးတို့က တာဝန်ယူသည်။ ခရိုင်တပ်တွင် တပ်ခွဲ ၂ ခွဲ ဖွဲ့ထားပြီး ခွဲ ၁ နိုင်ငံရေးမှူ း ဦးကျော်မောင်၊ ခွဲမှူ း ဦးထွန်းမောင် (ခမီလူမျ ိုး)၊ ခွဲ ၂ နိုင်ငံရေးမှူ း ဦးသာဒိုးအောင်၊ ခွဲမှူ း ဦးသာစိန်တို့ဖြစ်ကြ သည်။ (၁၉၇၈ ခုနှစ်တွင် နိုင်ငံရေးမှူ း ဦးထွန်းစိန်ချေ ၊ ခွဲမှူ း ဦးမောင်လှ တို့ ဦးစီးသည့် ခွဲ ၃ အားတိုးချဲ့ ဖွဲ့စည်းခဲ့သည်)။ စစ်တွေခရိုင်တပ်၌ တပ်ခွဲတခွဲ
လျင် တပ်စု ၃ စု ပါဝင်ပြီးစုစုပေါင်းအင်အား ၁၈၀ မှ ၂၀၀ ခန့်နီးပါးရှိခဲ့ သည်။

            စစ်တွေခရိုင်အောက်တွင် မြို့ နယ် ၉ မြို့ နယ်ဖွဲ့စည်းထားသည်။

၁။ ဘူးသီးတောင်       မြို့နယ်အတွင်းရေးမှူ း ဦးအောင်ကျော်ခိုင်
၂။ ရသေ့တောင်                        ။                    ဦးဖိုးသာဦး
၃။ ပုဏ္ဏားကျွန်း                         ။                    ဦးသာဟန်
၄။ ကျောက်တော်                       ။                    ဦးမောင်လွန်း
၅။ မင်းပြား                               ။                    ဦးအေးလှိုင်
၆။ စစ်တွေ                                 ။                    ဦးနီသန်း
၇။ မြောက်ဦး                             ။                    ဦးစိန်ကျော်
၈။ မောင်တော (တိုးချဲ့)              ။                    ဦးသံသီးအောင်
၉။ ပလက်ဝ(တိုးချဲ့)                   ။                    ဦးစံလှဖြူ     တို့ဖြစ်ကြသည်။

         မြို့ နယ်တိုင်းတွင် မြို့ နယ်ပါတီကော်မတီများကို ဖွဲ့စည်းထားရှိပြီး ဒေသ
လုပ်ငန်းအလုပ်အဖွဲ့ရှိသည်။ မြို့ နယ်တပ်များကို တပ်စိတ် ၂ စိတ်မှ ၃ စိတ်ထိ
ပါသော တပ်စုတစုစီဖွဲ့စည်းထားရှိသည်ဟု ဆိုပါသည်။ မြို့ နယ်လက်အောက်
လက်လှမ်းမီသည့် တိုက်နယ်၊ကျေ းရွာအထိ ပါတီအမာခံကလပ်စည်းများ၊ လယ်သမားသမဂ္ဂများ၊ ကျေးရွာအုပ်ချ ုပ်ရေးများတည်ဆောက်ထားကြသည်။
လယ်ယာစာရင်းဇယားများကောင်းစွာပြု စုထားပြီး အခြေခံလယ်သမားများ
၏ပြသနာကို အလေးထားဆောင်ရွက်သဖြင့် ကျေ းလက်လယ်သမားထု၏
ထောက်ခံမှု ရရှိပြီး ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တွေခရိုင်တခုလုံး၏
မြို့ နယ်ကျေးရွာများစာရင်း၊ အိမ်ထောင်စုဦးရေစာရင်း၊ မြေယာစာရင်း၊ စိုက်
ပျ ုိးမှု စာရင်းများကို စစ်တွေခရိုင်ပါတီရုံးတွင် စနစ်တကျ မှတ်တမ်းတင်ထား
နိုင်ခဲ့သည်ဟုဆိုပါသည်။

          စစ်တွေခရိုင်တွင်းတွင် စံပြမြို့ နယ်အဖြစ်ရပ်တည်လျက်ရှိသောမြို့ နယ်
မှာ ပုဏ္ဏားကျွန်းမြို့ နယ်ဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ နယ်အတွင်းရေးမှူ းဦးသာ
ဟန်မှာ ရန်ကုန်အမှု ထမ်းပေါင်းစုံသမဂ္ဂတွင်လုပ်ကိုင်စဉ်ကထဲက CPB ပါတီ
မြေအောက်ရဲဘော်တဦးဖြစ်ပြီး ၁၉၆၃ ခုနှစ်ခန့်တွင် CPB ရခိုင်ပြည်နယ် လက်နက်ကိုင်တိုက်ပွဲတွင်းသို့ ရောက်ရှိလာသည့် တက်ကြွပြတ်သားသည့်
ရဲဘော်တဦးဖြစ်သည်ဟု ဆိုကြပါသည်။

          ကျောက်ဖြူ ရမ်းဗြဲ တိုးချဲ့အဖွဲ့မှာ အင်အား ၁၀၀ ခန့်ရှိသော်လည်း ထိုဒေ
သသို့ ထိုးဖေါက်ရန်ခက်ခဲနေသေးသည်။ ကျောက်ဖြူ  ခရိုင်တွင် မူလတာဝန်
ယူထားသူ ရဲဘော်ဘဟန်ကျဆုံးပြီးနောက် ပြည်နယ်တပ်မှူ း ဦးသာထွန်းဦး
က ဆက်လက်တာဝန်ယူသည်။ သို့သော် ထိုးဖေါက်၍မရဘဲ ရမ်းဗြဲတိုးချဲ့အဖွဲ့
တွင် ပါဝင်သည့် ကိုးကိုးကျွန်းပြန်များဖြစ်ကြသည့် ကိုအောင်ထီ၊ ကိုသိန်းမြ
တို့ ကျဆုံးခဲ့ကြသည်။ ရမ်းဗြဲတိုးချဲ့ အဖွဲ့မှာ ရခိုင်ရိုးမတွင်သာ အခြေပြု နေခဲ့ရ
သည်ဟုဆိုပါသည်။

          သံတွဲခရိုင်အား ဦးသန့်ညွန့်မှ ဦးဆောင်သည်။ သို့သော် CPB ရခိုင်ပြည်
နယ်နှင့် အလှမ်းကွာဝေး၍ ဆက်စပ်မှု မရှိဘဲ သီးခြားရပ်တည်၍၎င်း မြစ်ဝ
ကျွန်းပေါ်တိုင်းနှင့်ဆက်စပ်၍သော်၎င်း ရပ်တည်လှု ပ်ရှားခဲ့သည်။ မြစ်ဝကျွန်း
ပေါ်တိုင်းကျဆုံးပြီးနောက် သံတွဲခရိုင်လည်း လှု ပ်ရှားမှု အားလျော့သွားခဲ့
တော့သည်။

           စစ်တွေခရိုင်တွင် အဓိက အားကောင်းသော CPB ရခိုင်ပြည်နယ်သည်
၁၉၇၇ ခုနှစ်တွင် စုစုပေါင်း အင်အား ၁၀၀၀ ခန့်ရှိသည် လက်နက်ကိုင်တပ်ဖွဲ့
တခုအဖြစ်ရှိနေခဲ့သည်။ အခြေခံလူထု၏ ထောက်ခံမှု ကိုရရှိထားသော်လည်း
လက်နက်ကိုင်တပ်ဖွဲ့တခုအဖြစ်ဖွဲ့စည်းတည်ဆောက်ရာတွင် ရုပ်ဝတ္ထု လိုအပ်
ချက်များရှိနေသည်။ အထက်တွင်ဖေါ်ပြပြီးသကဲ့့ ခေတ်မမီသော လက်နက်
များသာကိုင်နိုင်သည့်အခြေအနေတွင်ရှိနေသေးသည်။ ၁၉၄၈ ခုနှစ် လက်နက်
ကိုင်ပုန်ကန်မှု စတင်စဉ်က ရိုင်ဖယ်ကိုင်ရသည်က ပြသနာမကြီးသော်လည်း
၁၉၆၂ ခုနှစ်နောက်ပိုင်း အစိုးရတပ်များက ခေတ်မီမောင်းပြန်လက်နက်များ
တပ်ဆင်လာသည့်နောက်ပိုင်း စစ်မြေပြင်တွင် ရင်ဆိုင်ရာတွင် အခက်ခဲရှိလာ
နေသည်။

         ထို့ပြင် အရေးကြီးသည့်အခြားပြသနာတခုမှာ ဆက်သွယ်ရေးစနစ်ဖြစ်
သည်။ CPB ရခိုင်ပြည်နယ်တွင် ယခင်ဗမာ့တပ်မတော်မှ တောခိုလာသော ဆက်သွယ်ရေးအရာရှိများရှိ၍ ဆက်သွယ်ရေးအဖွဲ့ထားရှိသော်လည်း ထို
ဆက်သွယ်ရေးအဖွဲ့မှ အစိုးရတပ်များ၏ လှုပ်ရှားမှုများကို ကြားဖြတ်နား
ထောင်သည့် ဆက်သွယ်ရေးအဖွဲ့သာဖြစ်သည်။ CPB ပါတီဗဟိုနှင့်၎င်း CPB
ရခိုင်ပြည်နယ်နှင့် ခရိုင်ပါတီနှင့် ခရိုင်တပ်များကို၎င်း၊ မြို့ နယ်ပါတီနှင့်မြို့ နယ်
တပ်များကို၎င်း ဆက်သွယ်ရန် ဆက်သွယ်ရေးစက်များမရှိသဖြင့် လူစေလွှတ်
သည့်ဆက်သားစနစ်ကိုသာ အသုံးပြုနေရသည်။ ပြည်နယ်မှ အစိုးရတပ်လှု ပ်
ရှားမှု သတင်းရသော်မှ အောက်ခြေအဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ သတင်းမပို့နိုင်၊ ညွှန်ကြားပေးနိုင်ခြင်းမရှိပေ။ အလားတူ CPB ပါတီဗဟိုနှင့်
ဆက်သွယ်၍ မရရှိပေ။ ထို့ကြောင့် လက်တွေ့စစ်မြေပြင်လှုပ်ရှားမှု တွင် ဆက်
သွယ်ရေးစနစ်ကြောင့် တပမ်းရှုံ းနေသည်။

         ရခိုင်ပြည်နယ် ပါတီကော်မတီသည် ပဲခူးရိုးမပါတီဗဟို၏ လမ်းစဉ်
အတိုင်း ပါတီတွင်းတိုက်ပွဲများကို ၁၉၇၀ ခုနှစ်နှောင်းပိုင်းတွင်ပြု လုပ်ခဲ့ သည်။ ၁၉၇၂ ခုနှစ်တွင်း၌ ပါတီစည်းကမ်း တပ်စည်းကမ်းဖေါက်ဖျက်သူများ
ကို အရေးယူမှု ရှိခဲ့ရာ ထိပ်ပိုင်းခေါင်းဆောင်ထဲမှ ဗိုလ်မှူ းတင်အေး( ယခင်
တော်လှန်သော ဗမာ့တပ်မတော်၊ ဆက်သွယ်ရေးတပ်မှ) နှင့် ဗိုလ်မှူ းအောင်
မြတ်( ဘေကျင်းပြန်၊ ပြည်နယ်တပ်မှူ း) တို့အား အရေးယူ သေဒဏ်ပေးခဲ့
သည်။ ထို့နောက် ၁၉၇၃ ခုနှစ်တွင်း အစိုးရ၏ ထိုးစစ်ဝင်လာပြီးနောက် ထို
သို့သော အရေးယူမှု များ ရပ်ဆိုင်းသွားခဲ့သည်ဟုဆိုသည်။

               ၁၉၇၅ ခုနှစ် သခင်ဗသိန်းတင် ခေါင်းဆောင်သည့် ဗဟိုကော်မတီ အသစ်ဖွဲ့စည်းပြီး သခင်ဗသိန်းတင်၏၁၉၇၅ ခုနှစ်မေမိန့်ခွန့်ထွက်လာပြီး
နောက် ပါတီဗဟို၏ လမ်းစဉ်အပြောင်းအလဲရှိပြီဟူ၍ အနောက်မြောက်တိုင်း
နှင့် ရခိုင်ပြည်နယ်မှ ခေါင်းဆောင်များ တွေ့ဆုံသုံးသပ်ကြပြီး ပါတီတွင်း တိုက်ပွဲဆင်မှု များအား ရပ်ဆိုင်းထားခဲ့ကြသည်။ ထို့အတူ စစ်ရေးအရ ဂွင်ထဲ
ကမထွက်ရေးဆိုသည်ကိုလည်း လိုက်နာကျင့်သုံးခြင်းမပြု ကြဟုဆိုသည်။

           ၁၉၇၇ ခုနှစ်တွင်း CPB ရခိုင်ပြည်နယ် ပါတီကော်မတီသည် ရခိုင်ပြည်
နယ်မြောက်ပိုင်းအား အခြေပြု ၍ လက်နက်ကိုင် အင်အား ၁၀၀၀ ခန့်ဖြင့် အခြေပြု ထားနိုင်ခဲ့သော်လည်း အရှေ့မြောက်ပါတီဗဟိုနှင့်လည်း အဆက်အ သွယ်မရ။ တပ်ဖွဲ့တွင်း ရုပ်ဝတ္ထု နှင့်နည်းပညာပိုင်း တပ်ဆင်တည်ဆောက်ရာ တွင်လည်း ပြောင်းလဲနေသောအခြေအနေနှင့်အမီမလိုက်ပါနိုင်ဘဲ ခက်ခဲစွာ ရပ်တည်ရုန်းကန်နေရသည်ဟုဆိုရပါမည်။ လွတ်လပ်ရေးမရမီကထဲက ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့သည့် ဦးကျော်မြ၏ အရှိန်သြဇာ ၊ ရဲဘော်များ၏
လုံးပမ်းတိုက်ခိုက်မှု ၊ ရခိုင်လယ်သမားတို့၏ ထောက်ခံမှု ဖြင့်သာ ရပ်တည်
နေခဲ့ကြသည်ဟုဆိုရမည်။ မည်သို့ဆိုစေ အစိုးရအတွက်တော့ CPB ရခိုင်ပြည်
နယ်သည် ဆူးကြီးတချောင်းဖြစ်ပြီး CPB အတွက်တော့ တိုင်းရင်းသားပြည်
နယ်တခုတွင်ရှိသည့် အင်အားကြီးတခုဖြစ်၍နေပေသေးသည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး

photo  ရဲဘော်ကျော်မြ ( ရခိုင်ပြည်နယ် )  ကွယ်လွန်



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s