ပထမအကြိမ် မရာပြည်သူ့ညီလာခံတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတွင် ဌာန ၁၁ ခု ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ကြေညာ
၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်။
ပထမအကြိမ် မရာပြည်သူ့ညီလာခံ (The First Mara People’s Congress) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉-၃၀ ရက်နေ့အထိ အိန္ဒိယ – မြန်မာနယ်စပ် တစ်နေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတွင် ဌာန ၁၁ ခု ဖွဲ့စည်းခဲ့ကြောင်းပထမအကြိမ်မရာပြည်သူ့ညီလာခံမှ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
မရာပြည်သူ့ညီလာခံသည် ချင်းပြည်နယ် အတွင်းရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်းတွင် ပိုင်းခြားအုပ်ချုပ်ခြင်းခံရသော မရာနယ်မြေများကို ကြားကာလ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ အုပ်ချုပ်မှု တစ်ခုတည်းအောက်တွင် တစ်စုတစ်စည်းတည်း ထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များကို စုစုပေါင်း ၁၅ ဦး ရွေးချယ်တင်မြှောက်ကြပြီး ဌာနပေါင်း ၁၁ ခုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဆက်လက်၍ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် အုပ်ချုပ်မှုစနစ် အသွင်သဏ္ဌာန်အမျိုးမျိုးအောက်တွင် နှစ်ပေါင်းစွာ ပိုင်းခြားအုပ်ချုပ်ခံရသော မရာမျိုးနွယ်စုတို့၏ ရှည်လျားလှသော သမိုင်းကြောင်းတွင် အဖိနှိပ်ခံ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရေးနှင့် ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်ရေးအတွက် စည်းလုံးညီညွတ်မှုကို ပထမဦးစွာ မှတ်ကျောက်တင် ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် Chinland Defense Force – Mara Page တွင် ဖော်ပြထားသည်။
Source: https://www.facebook.com/chinworldmedia/posts/311419877687017


