လေကြောင်းဖြင့် ခရီးသွားလာခြင်းမပြုရန် အသိပေးခြင်း

(The Mog Nation Wiki, an archive)


လေကြောင်းဖြင့် ခရီးသွားလာခြင်းမပြုရန် အသိပေးခြင်း

နေ့စွဲ။ ။၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်နေ့။

အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော် အချုပ်အခြာ အာဏာကို လက်နက်အားကိုး အကြမ်းဖက် သိမ်းယူလိုက်သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင့်ငံဘဏ္ဏာငွေနှင့် ဘဏ္ဏာငွေ ဝင်သည့် အရင်းအမြစ် များဖြစ်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အားလုံးကို အကြမ်းဖက်စစ်အုပ်စုမှ ထိန်းချုပ်လိုက်ပြီး ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် ထိုစီးပွားရေး လုပ်ငန်းများမှရရှိသော ဘဏ္ဏာ ငွေများ ကို အသုံးပြု၍ စစ်ဗျူရိုကရက်ယန္တရားကို လည်ပတ်စေပြီး ပြည်သူလူထုကိုဖိနှိပ်ခြင်းနှင့် တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ဖြိုခွင်းခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာ့အမျိုးသားလေကြောင်းလှိုင်းသည် နိုင်ငံပိုင် လေကြောင်းလှိုင်းဖြစ်ရာ အဆိုပါ လေကြောင်း လှိုင်း မှ အကြမ်းဖက်စစ်အုပ်စုများသည် ဝင်ငွေများရရှိလျက်ရှိပါသည်။ ထို့အပြင် မြန်မာ့ အမျိုးသား လေကြောင်းလှိုင်းသည် လွိုင်ကော်မြို့သို့ ပျံသန်းလျက်ရှိပြီး ထိုခရီးစဉ်များတွင် ကရင်နီပြည်မှ ပြည်သူ များ စီးနှင်းလိုက်ပါလျက်ရှိပါသည်။ ထို့အပြင် စစ်ရေးဘက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီသည် ကရင်နီပြည်အတွင်းသို့ တပ်အင်းအားများ၊ လက်နက်ရိက္ခာများကို ခရီးသည်တင် လေယာဥ်များဖြင့် သယ်ယူပို့ဆောင်လျက်ရှိသည်။

ထို့ကြောင့် မြန်မာ့အမျိုးသားလေကြောင်းလှိုင်းမှ အကြမ်းဖက်စစ်ကောင်စီ ဝင်ငွေရသည့် အပြင် စစ်ရေးအရ အသုံးပြုသည့် လေကြောင်းလှိုင်းဖြစ်သည့်အလျှောက် ပြည်သူများလိုက်ပါစီးနှင်းခြင်းမပြုရန် အသိပေးတိုက်တွန်းအပ်ပါသည်။ ထို့အပြင် လွိုင်ကော်လေဆိပ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်လေယာဥ်များဆင်းသက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် လုံခြုံရေးအသိဖြင့် လေကြောင်းဖြင့် ခရီးမထွက်ရန် အထူးတိုက်တွန်းအပ်ပါသည်။

KNDF သတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန်။ ၀၉ ၄၂၅ ၅၁၇ ၅၉၄၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈၊ ၀၉ ၈၉၉ ၁၁၉ ၂၁၀၊ ၀၉ ၇၇၄ ၈၁၀ ၆၈၄။



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment