စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၅)

(The Mog Nation Wiki, an archive)


2012/2013-ခုကမိမိ၏ မှတ်တမ်းဓါတ်ပုံတစ်ပုံ။

စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၅)

ဒေသတစ်ခု၏ဖွံဖြိုးတိုးတက်ပြောင်းလဲမှုများသည် ထိုဒေသ၌နေထိုင်သူတို့၏တစ်ဦးချင်းသော်
၎င်း အစုအဖွဲ့လိုက်သော်၎င်းလုပ်ဆောင်ချက်များ
၏ရလာဒ်အသီးအပွင့်များပင်ဖြစ်သည်။သို့သော်
မိမိအတွက်တစ်ထောင်ကျန်အောင်အများတွက်
တစ်ရာစွန့်ပြခြင်းသည်စေတနာမှန်မဟုတ်ချေ။
(ထောင်ကိုမြင်လို့ ရာကိုစွန့်)ဟုဆိုစကားရှိ၏။
ယ္ခု-ရည်စူးမျှော်လင့်မထားဘဲစုံစမ်းရေးကော်မ
ရှင်နှင့်တွေ့ဆုံစကားပြောခွင့်ရသည့်အတွက်ဒေ
သကိုအကျိုးကျေးဇူးဖြစ်စေခဲ့သည်ကအမှန်။
အပိုင်း(4)တွင်1984-ခုကမြို့နယ်တွင်း
ထူးခြားဖြစ်စဉ်များကိုရှင်းပြခဲ့သည်။မေးခွန်းမေး
သူက နိုင်ငံတော်သမတ၏အကြံပေးအဖွဲ့ဝင်
Dr.အင်ဒရူးဆလိုင်းငွီကျုန်းလျှံဖြစ်၏။အတို
ကောက်Dr.ဆလိုင်းဟုဖေါ်ပြပါမည်။
Dr.ဆလိုင်း—ခင်ဗျားကိုတစ်ခုထပ်မေးမယ်။
ခင်ဗျားတို့မြို့နယ်တစ်နေရာမှာမွတ်စလင်ဒုက္ခ
သည်အိမ်ခြေတစ်ရာ နေရာချမယ်ဆိုရင်ဘယ်
လိုသဘောထားမလဲ။
(မိမိမည်သို့ဖြေရမည်ကိုစဉ်းစားသည်။ဤကိစ္စ
သည်တစ်မြို့နယ်လုံးနှင့်သာမကဆက်စပ်နေ
သောဒေသတစ်ခုလုံး၏အရေးဖြစ်နေသည်။
လက်မခံနိုင်ဟုတုံးတိတိဖြေလိုက်ပါကသဘော
ထားတင်းမာသူဖြစ်သွားနိုင်သဖြင့်မိမိအနည်း
ငယ်တုန့်ဆိုင်းနေ၏။မိမိရှေ့ထိုင်ခုံမှအိန္ဓိယဘာ
သာရေးကိုယ်စားလည်က မဖြေချင်လဲရတယ်
နှော် ဟုဝင်ပြောသည်။မိမိကဖြေမယ် ဟုဆိုရင်း
Dr.ဆလိုင်းဘက်သို့ခေါင်းငဲ့၍။)
မိမိ—ဒါဆိုခင်ဗျားကိုပြန်မေးချင်တယ်။
အခုဖြစ်ခဲ့တဲ့ကိစ္စကလူ ဆယ်/ကိုးယောက် မြို့
ဆင်ခြေဖုန်း သံတွဲသွားလမ်းဆုံမှာသတ်ခံရတဲ့
ကိစ္စ။တောင်ဘက်သိပ်မဝေးလှတဲ့နေရာမှာ စစ်
တပ်ရှိတယ်။မြို့တွင်းကရဲစခမ်းနဲ့လဲဘဲဝေးလွန်း
လို့မဆိုနိုင်ဘူး။အချိန်မီမထိန်းသိမ်းမဟန့်တားနိုင်
လို့ဖြစ်ရတဲ့ကိစ္စ။အခုလည်းအိမ်ခြေတစ်ရာဆို
အနည်းဆုံးလူတစ်ထောင်ပါမယ်။ဒေသခံတွေ
နဲ့ ပတိပက္ခဖြစ်ရင်ဘယ်သူဟန့်တားထိန်းသိမ်း
မလဲ။ဘယ်သူတာဝန်ယူဖြေရှင်းမလဲ။သွေးချောင်း
စီးဖြစ်ရပ်တွေနဲ့ဒေသခံတွေကိုဒုက္ခရောက်စေမှာ။
Dr.ဆလိုင်း—(အလွန်စိတ်ပျက်သော
အသံ အမူအယာဖြင့်)ဒါဆိုဘယ်လိုလုပ်ကြမလဲ
သူတို့တွေနေလို့လဲမရဖြတ်သွားဖြတ်လာလဲမရ။
(ဤဖြတ်သွားဖြတ်လာလုပ်လို့မရဆိုသည့်
ကိစ္စကိုစကားရှည်မည်စိုး၍မရှင်းပြလိုက်ရ။မိမိတို့
ဒေသခံများ၌ဟန့်တားပိတ်ဆို့ရန်အမိန့်အာဏာ
လုပ်ပိုင်ခွင့်မရှိ။ရိုးမပေါ်ရှိသက်ဆိုင်ရာစစ်ဆေး
ရေးဂိတ်များ၏စည်း/ဥပဒေအပေါ်မူတည်သည်။
ထို့အတွက်မိမိ၏အမြင်ကိုသာပြောလိုက်သည်။)
မိမိ—ဒါတွေအားလုံးကဒေသတစ်ခုလုံးတိုး
တက်ဖွံဖြိုးမှုအဆမတန်ကြီးမားလာရင်သူ့အလို
လိုဖြစ်လာတာဘဲ။ဘာမှတကူးတက လုပ်နေစ
ရာမလိုပါဘူး။ဒေသကိုကြီးကြီးမားမား ဖွံဖြိုးတိုး
တက်အောင်လုပ်ပေးဖို့သာလိုပါတယ်။
Dr.ဆလိုင်း—(သူ့အမြင်နှင့်ထပ်တူကျ
၍လားတော့မသိ အားရပါးရနှစ်ကြိမ်အော်ပြော
လိုက်သည်။)
“ဟား-ခင်ဗျားပြောတာသဘောကျတယ်ဗျာ”
ခင်ဗျားပြောတာသဘောကျတယ်ဗျာ။ကျနော်က
သမတအကြံပေးအဖွဲ့ဝင်ပါ။သမတ ကိုတင်ပြဖို့
မေးချင်တာတွေရှိတယ်။ဖြေပေးနိုင်မလား။
မိမိ—ဖြေပေးနိုင်ပါတယ်။
(ဟု-ပြောလိုက်ရာမိမိ၏အနီးကပ်ထိုင်သူသုံးဦးး
ကတယ်လီဖုန်းကိုRecordလုပ်၍မိမိရှေ့၌ချ
ထားလိုက်ကြသည်။)
Ps; ယ္ခုဖေါ်ပြသော အပြန်အလှန်ပြောစကား
များသည် ပြောကြစဉ်ကအတိုင်းတစ်ထပ်တည်း
တော့မကျနိုင်ပါ။
(နိဂုံးပိုင်း-တွင်သမတထံတင်ပြမည့် မြို့နယ်
ဆိုင်ရာကိစ္စရပ်အကြောင်းများပါဝင်ပါမည်။)

~ ဈာန်​ခိုင်​ ​တောင်​ကုတ်​

Dr. အင်ဒရူးဆလိုင်းငွီကျုန်းလျှံ


The Mog Nation Wiki

Leave a comment