စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၃)

(The Mog Nation Wiki, an archive)


စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၃)

အပိုင်း(2)တွင်စုံစမ်းရေးကော်မရှင်အဖွဲ့မှ 6ဦးနှင့်ဝိုင်းဖွဲ့သည်။ အဓိကမေးခွန်းထုတ်သူ
2ဦးမှာ ဥပဒေပါရဂူDr.ဆလိုင်းငွီကျုန်းလျှန်
နှင့်ဟာဂျီတင်မောင်သန်းတို့ဖြစ်၏။
Dr.ဆလိုင်းကလတ်တလောဖြစ်ရပ်၏ဇစ်
မြစ်ကိုမေးသည်။ဟာဂျီကသူကြားဖူးထားသော
တောင်ကုတ်မြို့နယ်တွင်းယ္ခင်ကဖြစ်ရပ်များကို
မေးသည်။Dr.ဆလိုင်းမေးခွန်း၏အဖြေများ
မှာအပိုင်း(2)တွင်ပါဝင်ပြီးဖြစ်သဖြင့်ထပ်မံ၍
မဖေါ်ပြတော့ပါ။
ဟာဂျီတင်မောင်သန်းကဤကဲ့သို့အဖြစ်
အပျက်မျိုးတောင်ကုတ်၌ဖြစ်ဖူးဟု ကြားဖူး
သည် ဟုတ်ပါသလား။ထို့ပြင်ဤမြို့ထဲတွင်
မွတ်စလင်များဝတ်ပြုရန်ဗလီတစ်ခုရှိသည်
ဟုကြားဖူး၏။ဟုတ်ပါသလားဟုမေးသည်။
မိမိကဤကဲ့သို့သောအဖြစ်အပျက်မျိုး
တောင်ကုတ်၌နှစ်ကြိမ်ဖြစ်ဖူးသည်။ဖြစ်ပျက်
ခြင်းဇစ်မြစ်ကို 2ကြိမ်ခွဲ၍ ရှင်းပြသည်။
မိမိသည် ဤမြို့၌မွေး၍ ဤမြို့၌ယ္ခု
အသက်60တိုင်ကြီးပြင်းနေထိုင်သူတစ်ဦး
ဖြစ်၏။ဗလီတစ်ခုရှိခဲ့သည်ဆိုခြင်းမှာမဟုတ်
ပါ။မိမိတို့ဒေသအခေါ်သံတွဲကုလားမိသားစု
2စုရှိသည်။ကွမ်းယာတစ်ဆိုင်နှင့်ထမင်းဆိုင်
တစ်ဆိုင်ဖြစ်ကြသည်။နောက်မည်သည့်ဒေ
သမှရောက်လာမှန်းမသိသောနွားလှီးကုလား
3ယောက်ခန့်ရှိသည်။၎င်းတို့ဝက်လည်းမွေး
ကြ၏၎င်းတို့ထံမှီခိုနေထိုင်ယင်းရေထမ်းရောင်း
သူအမျိုးအနွယ်မသိကုလားတစ်ဦးရှိသည်။
ဗလီဟုပြောသောအိမ်ငယ်မှာ ပထမတွင်
မော်လဝီများဖြတ်သွားဖြတ်လာလုပ်စဉ် တည်း
ခိုရန်ငှားထားခြင်းဖြစ်၏။နောက်ပိုင်းအပိုင်ဝယ်
လိုက်ဟန်တူသည့်အိမ်ကုပ်ကုပ်တစ်အိမ်မျှသာ။
မိမိတို့ငယ်စဉ်ကပင်အိန္ဒိယနွယ်ဖွားမြို့နယ်
ဆရာဝန်ကြီးများနှင့်အမြဲထိတွေ့ဆက်ဆံဖူးသ
ကဲ့သို့မြို့မအထက်တန်းကျောင်းအုပ်ဆရာကြီး
Mr.ဘီဘီပေါလ်ကို မူလတန်းမှအလယ်တန်း
ကျောင်းသားဘဝထိ ထိတွေ့ဖူးခဲ့သည်။မည်
သည့်ပြဿနာမှမရှိဖူး။ဆေးရုံလုပ်သားအိန္ဒိယ
နွယ်ဖွားများ ဒေသခံချင်းအမျိုးသမီးများနှင့်
အိမ်ထောင်ကျကြသည်။၎င်းတို့သားများနှင့်
မိမိတို့ကစားဖက် ချောင်းဆင်းရေကူးဖေါ်များ
ဖြစ်ခဲ့ကြသည်။မည်သည့့်ပြဿနာမျှမရှိ။
ယ္ခင်ကအဖြစ်အပျက်2ခုကိုရှင်းပြမည်။
ပထမ အကြိမ်က1968-ခုခန့်ကဖြစ်သည်။
အစောပိုင်းကပြောခဲ့သောနွားလှီးကုလားအုပ်စု
မှငွေကြေးအနည်းငယ်တတ်နိုင်ဟန်တူသည့်
ခေါင်းဆောင်ကုလားဖြစ်သည်။မြို့မှ3မိုင်ခန့်
အကွာ မီးချောင်းထိုးရွာမှသက်ကြီးပိုင်းမုဆိုးဖို
တစ်ဦးထံနွားဝယ်ပေးရန် ငွေများအပ်ထား
သည်။တစ်နှစ်ကျော်ခန့်ကြာမှနွားယူရန်ရောက်
လာဆို၏။မုဆိုးဖိုကြီးအသုံးလွန်၍ပြန်မပေးနိုင်
သောအခါတစ်ဦးတည်းသောသမီးကိုတောင်း
သည်။ဆင်းရဲပြီးရိုးအသူဖြစ်သဖြင့်လက်ခံရာ
သမီးဖြစ်သူကရွာမှသူငယ်ချင်းလူငယ်များအ
ကူအညီဖြင့်မြို့သို့ပြေးလာသည်။မြို့ပေါ်နေ
လူငယ်လူရွယ်များထံသတင်းပြန့်သွားပြီးလူစု
လူဝေးဖြစ်ကာ ညသန်းခေါင်အချိန်ရိုက်နှက်
နှင်ထုတ်မှုဖြစ်တော့သည်။မြို့ခံကျောင်းသား
သုံးဦးနှင့်မီးသတ်ရဲဘော်တစ်ဦး သံသယဖြင့်
စွပ်စွဲဖမ်းဆီးခံရသည်။သက်သေမခိုင်လုံသ
ဖြင့်ပြန်လွတ်လာသည်။ထမင်းဆိုင် ကွမ်းယာ
ဆိုင်မိသားနှစ်စုလုံးကပ်ပါသွား၏။နောင်ဗလီ
အသွင်ပြောင်းရန်ရည်စူးထားသောမြို့လည်
ခေါင်ကအိမ်ကုပ်ငယ်သည်လည်းတစ်ဝက်
တစ်ပျက်ပြိုကာမည်သူမျှမကပ်ရဲတော့။
ဒုတိယအကြိမ်အဖြစ်အပျက်မှာ1984 ခု
နှစ်ကသံတွဲမှလာသောမော်လဝီ10 ဦးနှင့်ကား
ဂိတ် မော်တော်ဆိပ်အနီးကျက်စားနေကြသူ
များခိုက်ရန်ဖြစ်ရာမှစသည်။

အပိုင်း(4)တွင်ဆက်လက်ဖေါ်ပြပါမည်။

~ ဈာန်​ခိုင်​ ​တောင်​ကုတ်​



The Mog Nation Wiki

Leave a comment