စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၁)

(The Mog Nation Wiki, an archive)


စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၁)

2013-ခုနှစ် နှစ်လည်ပိုင်းဖြစ်မည်။

မိမိ အိမ်၌9တန်း10တန်းစာသင်ဝိုင်းကလေး
2ဝိုင်းကိုနံက်တစ်ချိန်ညနေတစ်ချိန် စာပြနေ
သည်။နေ့လည်ပိုင်း၌တစ်ပြည့်များ၏လေ့ကျင့်
ခမ်းစာအုပ်များကိုစစ်ဆေး၏။ပြီးစီးကအားလပ်
နေသဖြင့်ကောင်းနိုးရာရာစာများဖတ်နေမြဲ။
တစ်နေ့ စစ်တွေဝံလက်ဖေါင်ဒေးရှင်းမှ
ကိုသိန်းထွန်းအေးကဖုန်းခေါ်မိတ်ဆက်၍မေး
ခွန်းတစ်ခုမေးသည်။”ဆရာ-စုံစမ်းရေးကော်မ
ရှင်အဖွဲ့ကိုမြို့ခံသားတစ်ဦးအနေနဲ့လက်ခံတွေ့့
ဆုံစကားပြောပေးနိုင်မလား?”ဟုဖြစ်သည်။
ထိုစဉ်ကမိမိတောင်ကုတ်မြို့နယ်RNDPပါတီ
ဥက္ကဋ္ဌအဖြစ်မှနှတ်ထွက်ထားပြီးဖြစ်၏။လက်ခံ
ကြောင်းပြောလိုက်သောအခါ 88-ကျောင်း
သားခေါင်းဆောင် ဦးကိုကိုကြီးကဆက်သွယ်
ပြောပြပါလိမ့်မည်ဟုဆို၍ဖုန်းချသွားသည်။
မိမိ 2012-ခုနှစ်လည်လောက်ကပင်
အစပြုခဲ့သောရခိုင်ပြည်နယ်တွင်းကုလားရခိုင်
ပတိပက္ခကိစ္စရပ်များကို စုံစမ်းမှတ်တမ်းတင်
တင်မည့် နိုင်ငံတော်အဆင့်စုံစမ်းရေးကော်မ
ရှင်အဖွဲ့နှင့်ရင်ဆိုင်ရမည်ဟုသတိပြုမိသည်။
ပေါ့ပေါ့တန်တန်သဘောထားတွေ့ဆုံ၍မဖြစ်။
မည်သို့သောပုဂ္ဂိုလ်များနှင့်မည်သို့သော မေး
ခွန်းမျိုးမေးကြမည်ဟုလည်းမသိ။အစပြုဖြစ်
စဉ်နှင့်မိမိတို့မြို့အစပ်သံတွဲလမ်းဆုံကအဖြစ်
အပျက်များကိုအကြမ်းဖျဉ်းသိထားပြီးဖြစ်သည်။
ပြင်ထွက်ကွင်းဆင်းလေ့လာမှုပြုရသည်။ထိုင်
နေကျ အမ်းလမ်းမထက်က မြို့စားကြီးလ္ဘက်
ရည်ဆိုင်ထိုင်၍နားစွင့်သည်။ထင်မြင်ယူဆချက်
များကိုတီးခေါက်ထားသည်။တရားခံဖြစ်သွား
သောရှေ့နေဟုကြားဖူးသည်။ယ္ခုလည်းမြို့ကို
ကိုယ်စားပြုရှေ့နေများဖြစ်နေပြီလား?ဟုတွေးမိ။
နှစ်ရက်ခန့်အကြာ နေ့လည်ပိုင်းနားနေ
ချိန်88-ကျောင်းသားဦကိုကိုကြီး(ယ္ခုပြည်သူ့
ပါတီဥက္ကဋ္ဌ)ထံမှဖုန်းဝင်လာသည်။
UKKK-ဆရာကော်မရှင်နဲ့တွေ့ဆုံဖြစ်မလား?
မိမိ—-ဖြစ်ပါတယ်။UKKK-ကျနော်ရောက်
ရင်ဖုန်းခေါ်လိုက်ပါမည်။ဆရာနဲ့အတူပြောနိုင်ဆို
နိုင်သုံးလေးယောက်လောက်စုခေါ်လာပါ။
မိမိ–ဒါဆိုရောက်မလာခင်လူစုဖို့အချိန်ရအောင်
ကြိုဖုန်းဆက်ပေးပါ။သူက ဟုတ် ဆိုပြီးဖုန်းချ။
မိမိ သတင်းထောက်နေရသည်။သတင်း
အရ ဤကော်မရှင်တွင် သမတဦးသိန်းစိန်၏
အကြံပေးအဖွဲ့ဝင်များပါဝင်ကာ သာသနာရေး
ဒုဝန်ကြီးကဦးဆောင်လာသည်။နိုင်ငံရေးပါတီ
အချို့ကခေါင်းဆောင်များနှင့်ဟိန္ဒူ အစ္စလာန်
တရုပ် အစရှိသည့်ဘာသာရေးခေါင်ဆောင်
များပါဝင်သည်။ယ္ခု ရခိုင်မြောက်ပိုင်းမြို့များသို့
တစ်မြို့ပြီးတစ်မြို့ရဟတ်ယာဉ်ဖြင့်သွားရောက်
စုံစမ်းစစ်ဆေးမှတ်တမ်းယူနေသည်။ပြီးလျှင်
ရခိုင်အလယ်ပိုင်းမြို့များသို့ဝင်မည်။ပြီး တောင်
ပိုင်းကိုရောက်လာမည်။မည်သည့်နေ့မည်သည့်
အချိန်ရောက်မည်ဟုအတိအကျမပြောနိုင်။
မြို့စားကြီးလ္ဘက်ရည်ဆိုင်ထိုင်၍ ဆိုင်ရှင်
ကိုမောင်ချေ(ကွယ်လွန်)နှင့်တိုင်ပင်သည်။သူ
အပါဝင်နှစ်ဦးလောက်ထပ်ခေါ်ရန်ပြောကြ၏။
သို့သော်ကော်မရှင်မည်သည့်အချိန်ဘွားကနဲ
ရောက်လာမည်ကိုမသိ။ကိုယ့်အလုပ် မပျက်
အောင် လုပ်ယင်းကိုင်ယင်း နေကြသည်။
နောက်တစ်ရက်ကုန်ပြီး နံက် 11း00
နာရီခန့်အချိန် ပက်လက်ကုလားထိုင် ထိုင်ကာ
စာဖတ်နေစဉ် မိမိအထက်တည့်တည့်မှရဟတ်
ယာဉ်ကြီးတစ်စီး ကျယ်လောင်စွာမြည်ဟီး၍
မြို့တောင်ဘက်စစ်တပ်ရှိရာသို့ဆင်းသွားသံ
ကြားလိုက်ရသည်။စစ်တပ်ဝင်းခြံတွင်း၌ရဟတ်
ယာဉ်ဆင်းနေကျကွင်းရှိသည်။မကြာခဏဆင်း
နေကျဖြစ်သည်။မိမိကိုလည်းကြို၍အသိပေးမ
ထားသောကြောင့် ကော်မရှင်ကိစ္စမဟုတ်ဟုယူ
ဆပြီးအေးအေးဆေဆေး စာဆက်ဖတ်နေ၏။
15-မိနစ်ခန့်ကြာသော်ဖုန်းဝင်လာသည်။ဟလို
ဆရာ ကျနော်ကိုကိုကြီးပါ။ရောက်နေပါပြီ။ဒီကို
အလာဖြစ်မယ်မဟုတ်လား?။မိမိက ဟုတ်ပါ
တယ်မျှော်နေတာ ကြိုမသိလို့ပါ။ဘယ်နေရာကို
လာခဲ့ရမလဲ။သူရောက်နေသောနေရာကိုမပြော
တတ်သဖြင့်ဘေးလူများကိုမေးပြီးမှ မြို့နယ်ခမ်း
မကိုပါ။အဖေါ်ခေါ်ချိန်မရရင်တစ်ယောက်တည်း
သာလာခဲ့ပါတော့။မိမိလည်းကမန်းကတန်းအ
ဝတ်လဲ ဆိုင်ကယ်ဆွဲထုတ်အမ်းလမ်းအတိုင်း
မောင်းထွက်လာသည်။မြို့စားကြီးလ္ဘက်ဆိုင်က
မောင်ချေကို ဖြစ်နိုင်ကနောက်တစ်ယောက်နှစ်
ယောက်ခေါ်ပြီးလိုက်လာရန်မှာခဲ့သည်။
မြို့နယ်ခမ်းမရှေ့လမ်းမကြီးတစ်ဖက်
တစ်ချက်၌သံဆူးကြိုးများပိတ်၍လက်နက်ကိုင်
ရဲများစောင့်ကြပ်နေကြသည်။မိမိက ခမ်းမသို့
လက်ညှိုးညွှန်ပြ၍ဆိုင်ကယ်မောင်းဝင်ခဲ့သည်။
မိမိမြို့နယ်ခမ်းမဝင်ပေါက်ဝသို့ရောက်၍လှမ်း
ကြည့်လိုက်ရာအပ်ကျသံကြားရလောက်အောင်
ပင်တိတ်ဆိတ်နေသည်။သာသနာရေးဒုဝန်ကြီး
အဖွင့်စကားပြောနေကြောင်းနောက်မှသိရ၏။
ခမ်းမ၏ငါးပုံသုံးပုံခန့်ထိုင်ခုံများတွင်ပရိဿတ်
အပြည့်ထိုင်နေသည်။အလယ်ကလမ်းပေးထား
သည်။နေရာလပ်ပင်မမြင်။မိမိဝင်လာရာဘက်
၏ဘယ်ခြမ်းတွင်ဌာနဆိုင်ရာဝန်ထမ်းများချည်း
ဖြစ်ကြောင်း၎င်းတို့၏ဝတ်စုံကာလာများကဖေါ်
ပြနေသည်။မိမိဝင်ထိုင်၍မဖြစ် ထိုင်ခုံအလွတ်
လည်းမရှိ။ညာဘက်ခြမ်းဖက်၌ထိုင်ခုံအလွတ်
ရှိမည်လားကြည့်သည်နောက်ဖက်ပိုင်း၌မရှိ။
ဤအပိုင်းတွင်ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့်
ရာအိမ်ဆယ်အိမ်မှုးများ။အရှေ့သို့ဆက်လျှောံ
လာရာသုံးတန်းမြောက်တွင်ထိုင်ခုံတစ်လုံးလွတ်
နေသည်။ဘေးဘီကိုမည်သူတွေများပါလိမ့်ဟု
စူးစမ်းရာ ထိုစဉ်ကမြို့မျက်နှာဖုံး ဒေသဖွံဖြိုး
ရေးကော်မတီဝင်များနှင့်စီးပွားရေးလုပ်ငန်းရှင်
များဖြစ်ကြသည်။မိမိထိုင်ရန်နေရာတစ်နေရာရ
၍ထိုင်လိုက်သည်နှင့်မကြာသာသနာရေးဒုဝန်
ကြီး၏အဖွင့်မိန့်ခွန်းအဆုံးသတ်သွားသည်။
အခမ်းအနားမှုးဒေါက်တာကျော်ရင်လှိုင်
ရှေ့သို့ထွက်လာ၍အခမ်းအနားအစီအစဉ်များ
ကိုဆက်ပြောပြနေသည်။
(မိမိနှင့်သမတအကြံပေးပုဂ္ဂိုလ်တစ်ဦး
အစ္စလာန်ဘာရေးခေါင်းဆောင်နှစ်ဦး ဟိန္ဒူ
ဘာသာရေးခေါင်းဆောင်တစ်ဦး တရုတ်ဘာ
သာရေးခေါင်းဆောင်တစ်ဦး ရခိုင်နိုင်ငံရေး
ခေါင်ဆောင်တစ်ဦး နိုင်ငံရေးဟာသသရုပ်
ဆောင်တစ်ဦး ပါဝင်သောစုံစမ်းရေးကော်မရှင်
စကားဝိုင်းကို “အပိုင်း(2)” တွင်ဆက်ပါမည်။)
=======

~ ဈာန်​ခိုင်​ ​တောင်​ကုတ်​



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s