ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၇)

(The Mog Nation Wiki, an archive)


Read the author’s original post

ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၇)

ရခိုင်ပြည်နယ်၏လမ်းပန်းဆက်သွယ်ရေး (Transportation of Rakhine State)
(လေကြောင်းလမ်းနှင့်ကုန်းကြောင်းလမ်းများ)

ဒေါက်တာမျိုးမြင့်

နိဒါန်း

ရခိုင်ကမ်းရိုးတမ်း၏ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသမြောက်ပိုင်းသည်မြေပုံမြိုမှမြောက်ဘက်ပိုင်းအရပ်တွင်ရှိနေပြီး မြစ်ကြောင်းရှိမြစ်ဝကျွန်းပေါ်ဒေသ (river dominated delta) နှင့် ဂစ္ဆပနဒီမြစ်၀ ကျွန်းပေါ်ဒေသတောင်ဘက်ပိုင်းသည်မြေပုံမြိုမှတောင်ဘက်ပိုင်းအရပ်တွင်ရှိနေပြီးဒီရေရှိမြစ်ဝကျွန်းပေါ် ဒေသ (tide dominated delta) များဖြင့် ဖြစ်တည်နေကြသည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် သဘာဝကပေးသောမြစ်ချောင်းများကိုအသုံးပြုပြီး၊ ရေကြောင်းလမ်းဖြင့်သွားလာနိုင်ကြသည်။ လေ ကြောင်းလမ်းဆက်သွယ်ရေးမှာလည်းနှေးကွေးနေဆဲဖြစ်သည်။ကုန်းလမ်းသွားလမ်းကြောင်းများလည်း တိုးတက်မှုရှိလာသော်လည်း၊ ကောင်းမွန်သောစီးပွါးရေး လမ်းတစ်ခုတော့ (အမြန်လမ်း) ဖြစ်မလာနိုင် သေးပါ (ယိုးဒယာ၊ မလေးရှား စံနှုန်းခန့်)။
လေယာဉ်ကွင်းအဖြစ် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင် နှင့် သံတွဲတို့တွင်ရှိနေကြသည်။ ပြည်မမှရခိုင်ပြည်နယ်ထဲသို့ကုန်းလမ်းဖြင့်ဝင်ရောက်သွားလာနိုင်သောလမ်းမကြီးသုံးခုရှိသည်။ မြောက် မှတောင်သို့ဆိုပါလျှင် (၁) အမ်း-မင်းဘူးလမ်း၊ (၂) တောင်ကုတ်တောင်ကြားလမ်း နှင့် (၃) ဂွ-ငသိုင်း ချောင်းလမ်းတို့ဖြစ်ကြသည်။
စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးတွင်လမ်းပန်းဆက်သွယ်ရေးသည်ပင်မအခြေခံလိုအပ်ချက်ဖြစ်သည်။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ နှင့် အရှေ့ဘက်တွင်မြင့်မားသောရခိုင်ရိုးမတောင်တန်းရှိနေသည့်အ ပြင်၊ မြစ်၊ ချောင်းများပေါများသည့်အတွက်၊ ကုန်လမ်းဆက်သွယ်မှုသည် တံတားများ၊ မြေဖို့ခြင်း လုပ် ငန်းများ (reclamation works) နှင့် တခြားသောနည်းပညာရင်းနှီးမြုတ်နှံမှုများကိုလည်းလုပ်ဆောင် ရန်လိုအပ်နေသည်။

ရခိုင်ပြည်နယ်၏ လေကြောင်းလမ်း နှင့် ကုန်းကြောင်းလမ်းပန်းဆက်သွယ်ရေး
(Transportation of Rakhine State)

ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးသည် ပြည်မနှင့်ပြည်နယ်အတွင်းဆက်သွယ်ရေးနှင့် ကုန်စည်ကူးသန်း သွားလာရေးကိုဆိုလိုသည်။ အဓိကအားဖြင့်လေကြောင်လမ်း၊ ရေလမ်းကြောင်း နှင့် ကုန်းလမ်းကြောင်း တို့ပါဝင်သည်။ ရခိုင်ပြည်နယ်၏အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်နှင့် အရှေ့ ဘက်တွင် ရခိုင်ရီုးမတောက်တန်းမှာတံဒိုင်းသဘွယ်ရှိနေကြသည်။ မြစ်၊ ချောင်းများပေါများသည့်အ လျှောက်၊ မြစ်ဝကျွန်းပေါ်ဒေသတည်ရှိနေခြင်းကြောင့်၎င်း၊၊ လမ်းပန်းဆက်သွယ်ရေးမှာ၊ ခက်ခဲမှုရှိနေ သော်လည်း၊ရေကြောင်းလမ်းကိုသာအဓိကအသုံးပြုနေကြရသည်။လေကြောင်းလမ်းမှာလည်း ကောင်း မွန်သော်လည်း၊ အရေအတွက်အားဖြင့်အားနည်းနေသည်ကိုတွေ့ရသည်။ ကုန်းလမ်းကြောင်း မှာလည်း အရေအတွက်အားဖြင့်အားနည်းနေသေည်လည်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်ပိုမိုကောင်းမွန်တိုးတက် လာနေသည်ကိုတွေ့ရသည်။ ရေကြောင်းလမ်းမှာလည်းအသုံးပြုယာဉ်များမှာခေတ်မှီရန်လိုအပ်နေဆဲ ဖြစ်သည်။

လေကြောင်းလမ်းဆက်သွယ်ရေး
Air Transportation

လေယာဉ်ကွင်းအဖြစ် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင် နှင့် သံတွဲတို့တွင်ရှိနေကြသည် (ပုံ ၁)။ အမ်းလေယာဉ်ကွင်းသည် ၁၉၈၈ခုနှစ်နောက်ပိုင်းမှတည်ဆောက်သော လေယာဉ်ကွင်း အ သစ်တစ်ခုဖြစ်သည် (ပုံ၂)။ မြောက်ဦးတွင် လေယာဉ်ကွင်းတစ်ခုတည်ဆောက်ရန်လည်းစီမံကိန်းရေး ဆွဲထားပြီးကို DICA ၏ရင်းနှီးမြုတ်နှံမှုဆိုင်ရာစာတန်းတွင်တွေ့ရသည်။

ကုန်းကြောင်းလမ်းဆက်သွယ်ရေး
Road Transportation

ပြည်မမှရခိုင်ပြည်နယ်ထဲသို့ကုန်းလမ်းဖြင့်ဝင်ရောက်သွားလာနိုင်သောလမ်းမကြီးသုံးခုရှိသည်။ မြောက်မှတောင်သို့ (၁) အမ်း – မင်းဘူးလမ်း၊ (၂) တောင်ကုတ်တောင်ကြားလမ်း နှင့် (၃) ဂွ – ငသိုင်း ချောင်းလမ်း တို့ဖြစ်ကြသည် (ပုံ၁)။ သေးသွယ်ကျဉ်းမြောင်းသော၊ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ နှင့် အရှေ့ဘက်တွင်မြင့်မားသောရခိုင်ရိုးမတောင်တန်းရှိနေသည့်အပြင်၊ မြစ်၊ ချောင်းများ ပေါများသည့် ကုန်လမ်းဆက်သွယ်မှုအတွက် တံတားများ၊ မြေဖို့ခြင်းလုပ်ငန်းများ (reclamation works) နှင့် တခြားသောနည်းပညာရင်းနှီးမြုတ်နှံမှုများကိုလည်း တိုး၍လုပ်ဆောင်ရန်လိုအပ်နေသည်။

ပုံ ၁။ ပြည်မနှင့်ရခိုင်ပြည်နယ်ဆက်သွယ်ထားသောအဓိကကားလမ်းများ၊ မြို့များ နှင့် လမ်းကွန်ယက်ပုံ၊ (အနီရောင်လိုင်း = ကားလမ်းများနှင့် အနီရောင်ဂဏန်းများ = မိုင်၊ ဖါလုံအကွာအဝေး)

(၁) အမ်း – မင်းဘူးလမ်း

မြန်မာမြည်အလယ်ပိုင်း၊မင်းဘူးနှင့် မကွေး မှတဆင့်ရခိုင်ပြည်နယ်အလယ်ပိုင်း ဖြစ်သော အမ်း မြို့သို့သွားနိုင်သောလမ်းတစ်ခုဖြစ်သည်။ အမ်းမြို့မှတဆင့် တပ်တောင်၊ ကျောက်ဖြူသို့၎င်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ သို့ဆက်သွယ်သွားရောက်နိုင်သည် (ပုံ ၁၊၂၊၃၊၄)။ ၁၉၈၀ခုနှစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည်။ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ဆက်သွယ်ထားသောလမ်းမကြီးတစ်ခုဖြစ်လာသည်။ အမ်းမှမင်းဘူးသို့ ၉၅ မိုင်ကွာဝေးသည်။ ရန်ကုန်မှ မကွေး၊ မင်းဘူးမှ တဆင့် အမ်းအထိ ၄၂၆မိုင်ကွာဝေးပြီး စစ်တွေသို့ ဆိုလျှင် ၆၂၀/၃ မိုင်ကွာဝေးသည်။
၎င်းပြင်၊ မအီ၊ တောင်ကုတ်မှတဆင့် သံတွဲ၊ ဂွ သို့လည်း သွားရောက်နိုင်သည် (ပုံ ၁၊၄)။

ပုံ ၂။ အမ်း – မင်းဘူးလမ်းတစ်နေရာ (ဘယ်) နှင့် အမ်းချောင်းနှင့်အမ်းမြို့၏မြောက်ဘက်ပိုင်း ကိုလေ ယာဉ်ပေါ်မှမြင်ရစဉ် (ညာ)။

ပုံ ၃။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်၏မြောက်ဘက်ပိုင်းဒေသ (မြစ်ကြောင်းရှိမြစ်ဝကျွန်းပေါ်ဒေသ (river dominated delta) ၏ မြို့များ ကုန်းလမ်းဆက်သွယ်ရေး နှင့် ကွန်ယက် (အနီရောင်လိုင်း = ကားလမ်း များနှင့် အနီရောင်ဂဏန်းများ=မိုင်၊ ဖါလုံအကွာအဝေး)

(၂) တောင်ကုတ်တောင်ကြားလမ်း
Taunggoke Pass

ပြည်မနှင့်ဆက်သွယ်ထားသော ရှေးအကြဆုံးနှင့်အသုံးပြုအများဆုံးလမ်းတစ်ခုဖြစ်သည်။ ပန်း တောင်းမြို့မှတောင်ကုတ်မြို့သို. ၉၉မိုင် နှင့် ပြည်မြိုမှ ၁၀၀မိုင်ကွာဝေးသည် (ပုံ ၁၊၄)။
နောက်ခံသမိုင်းအကျဉ်း။ ။ အရှေ့မုဆိုးနှင့် အနောက်မုဆိုးတို့ကဖေါက်လုပ်ခဲ့ကြသည်ဟူ၍ စာ ပေထဲတွင်တွေ့ရသည်။ သို့သော်။ မည်သည့်အချိန်ကာလကဖေါက်လုပ်ခဲ့သည်ကိုတော့တပ်အပ် ပြော ရန်ခက်ပါသည်။ လမ်းတလျှောက်လုံးတွင်ရှိ အရပ်ဒေသ၏နာမည်အားလုံးသည်၊ မဟာမြတ်မုနိရုပ်ပွါး တော်ကိုမြောက်ဦးမှအမရပူရသို့ ပင့်ဆောင်စဉ် ရပ်တန့်သွားလာခဲ့ ခြင်းကြောင့် ဖြစ်ပေါ်လာသောအ ခေါ်အဝေါ်များပင်ဖြစ်နေသည်။ သို့သော် ထိုကာလသည်၊ မြန်မာကုန်းဘောင်မင်းဆက်ဖြစ်သောဘုရင် ဘိုးတော်မောင်ဝိုင်းက ရခိုင်ကိုသိမ်းပိုက်ပြီး ၁၇၈၄ ခုနှစ် နောက်ပိုင်းကာလမှဖြစ်ပေါ်လာခြင်းဖြစ်သည်။ မဟာမြတ်မုနိရုပ်ပွါးတော်ကိုမြောက်ဦးမှတောင်ကုတ်အထိရေလမ်းခရီးဖြင့်သယ်ဆောင်လာပြီး၊ တောင် ကုတ်မှပန်းတောင်းသို့တောင်ကုတ်တောင်ကြားလမ်းအတိုင်းသယ်ယူခဲ့ပြီး၊ ထိုမှတဆင့်ဧရာဝတီမြစ်အ တိုင်းအမရပူရသို့သယ်ဆောင်သွားခဲ့သည်။ ထိုမှတဆင့် ဒုတိယကမ္ဘာစစ်တွင်စစ်လမ်းအဖြစ်တွင် ကျယ် စွာအသုံးပြုလာပြန်သည်။ တောင်ကုတ်တောင်ကြားလမ်း မှတဆင့် မအီ၊ မင်းပြား၊ စစ်တွေ၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော။ စစ်တကောင်းထိကုန်းလမ်းရောက်ရှိခဲ့သည်။ အဂ်လိပ်စစ်တပ် များ ထိုလမ်းတလျှောက်နေရာယူလှုပ်ရှားခဲ့သလို၊ ဂျပန်စစ်တပ်များလည်းထိုလမ်းတလျှောက် နေရာယူ လှုပ်ရှားခဲ့ကြသည်။ ဂျပန်စစ်တပ်များအိန္ဒိယရှိ အဂ်လိပ်စစ်တပ်ရှိရာသို့သွားရန်ဖြစ်သော်လည်း၊ စစ်တ ကောင်း အထိနောက်ဆုံးရောက်ရှိပြီး၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားခဲ့သည်။ ထို့ကြောင့်၊ ဂျပန်စစ်တပ်နှင့် ၈ျပန်လူမျိုးတို့သည် ရခိုင်ပြည်နယ်အတွင်းမှာအဆုံးသတ်ပြီးဆုံးသွားကြသည်။

ပုံ ၄။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်၏တောင်ဘက်ပိုင်းဒေသ (ဒီရေရှိမြစ်ဝကျွန်းပေါ် ဒေသ (tide dominated delta)၊ ကုန်းလမ်းဆက်သွယ်ရေးနှင့်ကွန်ယက် (အနီရောင်လိုင်း=ကားလမ်းများနှင့်အနီရောင်ဂဏန်း များ=မိုင်၊ ဖါလုံအကွာအဝေး)

ပုံ ၅။ တောင်ကုတ်တောင်ကြားလမ်းတစ်နေရာ (စွတ်ပျက်နှင့်ကျွဲကလေးအကြား?)၊ လမ်းသည်တောင် မှမြောက်သို့ သွယ်တန်းနေသည်။

ပါလီမန်ခေတ်တွင်၊ရခိုင်တိုင်း၏ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများထဲမှတစ်ခုဖြစ်သောတောင်ကုတ် တောင်ကြားလမ်း ကိုပြုပြင်တိုးချဲ့ုပြီး၊ နိုင်လွန်ကတ္တရားခင်းနိုင်ခဲ့သည်။ ထိုခေတ်ကတောင်ကုတ်မှပန်း တောင်းသို့ကားဖြင့်သွားလျှင်ပုံမှန်အားဖြင့်သုံး၊ လေးညခန့် လမ်းတွင်အိပ်ရသည်။ ထို့နောက်၊ ၁၉၇၀ ခုနှစ်နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်း (Road Transportation Corportation RTC) မှဦးဆောင်ပြီးဆောက်ရွက်ခဲ့ခြင်းကြောင့် ၇-၈နာရီ အတွင်းပန်းတောင်းသို့ရောက်နိုင်ခဲ့သည်။ ပန်းတောင်းမှ မော်တော်ဖြင့် ဧရာဝတီမြစ်အတိုင်း၊ ပြည် သို့သွား ရောက်ရသည်။ ပြည်မှတဆင့်ညကားဖြင့်၎င်း၊ ညမီးရထားဖြင့်၎င်း ရန်ကုန်သို့အရောက်သွား နိုင်သည်။
၁၉၈၀ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်ပိုင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်း ကား များသည်အင်အားချိနဲ့လာခြင်းကြောင့်၊ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များထွန်းကားလာပြန်သည်။ အ ဆင်းလမ်းတွင်၊ ထိုကားများသည်ရန်ကုန်မှစထွက်ပြီး၊ ရွှေတောင် (ပြည်) သို့ရောက်ရှိပြီး၊ မော်တော် ယာဉ်ကိုသဘောၤဖြင့်တင်ဆောင်ပြီး၊ဧရာဝတီမြစ်တဘက်ကမ်းရှိဆင်တဲဆိပ်သို့ကူးဖြတ်ရသည်။ ဆင်တဲ မှ ပန်းတောင်း၊ တောင်ကုတ်သို့၎င်း၊ သံတွဲသို့၎င်းဆက်သွယ်သွားရောက်နိုင်သည်။ အဆင်းလမ်းတွင် လည်း၊ သံတွဲ၊ တောင်ကုတ်မှ ပန်းတောင်း၊ ဆင်တဲ၊ ရန်ကုန်သို့သွားလာနိုင်သည် (ပုံ ၆)။

ပုံ ၆။ ရွှေတောင်မှဆင်တဲသို့ ဧရာဝတီမြစ်ကို ကားတင်ကတို့ယာဉ်ဖြင့်ဖြတ်ကူးနေစဉ် (၁၉၉၅ ခုနှစ်) (ဘယ်) နှင့် တောင်ကုတ်တောင်ကြားလမ်းတစ်နေရာ (ပတ်လည်)။ ပုဂ္ဂလိကယာဉ်ဘီအမ်များပြေး ဆွဲသည့်ခေတ်ကာလ (၁၉၉၅ခုနှစ်) (ညာ)

၂၀၀၀ခုနှစ်နောက်ပိုင်းတွင်နဝဒေးဧရာဝတီမြစ်ကူးတံတားပြီးစီးသွားခြင်းကြောင့်လမ်းခရီးသည် ပို၍ပင်လွယ်ကူ၊ မြန်ဆန်လာခဲ့သည်။ ယခုအခါတွင် အကြီးစားဘီအမ်များ နှင့်လေအိပ်ကားများသည် ရန်ကုန်မှတဆင့်တောင်ကုတ်နှင့်သံတွဲသို့၎င်း၊ ကျောက်ဖြူ၊ စစ်တွေသို့၎င်းသွားရောက်နိုင်ပြီဖြစ်သည်။
ရန်ကုန်မှတောင်ကုတ်သို့၂၇၈မိုင်ကွာဝေးသည်။ ရန်ကုန်မှရခိုင်ပြည်နယ်သို့သွားနိုင်သောအဓိက လမ်း ကြီး တစ်ခုဖြစ်သည်။ လမ်းကြောင်းကိုသုံးသတ်ကြည့်လျှင်၊ အနောက်မုတ်ဆိုးသည် တောင်ကုတ်မှ အရှေ့ဘက်သို့ တောင်ကုတ်ချောင်းနှင့်အပြိုင် (လက်ယာတွင်ရှိပြီး၊ လက်ဝဲတွင်သူဌေးချောင်း) ၏ southeast အတိုင်း တူရူတန်းမှုကိုဦးတည်ပြီး၊ တောင်ပုံကြီး (အနောက်ဘက်မှအမြင့်ဆုံးနေရာ) သို့ ရောက်ရှိလာပုံဖြစ်သည်။ အရှေ့မုတ်ဆိုးသည်ပန်းတောင်း၊ ဥသျှစ်ပင်မှတဆင့် အနောက်စူးစူး သို့လမ်း ရွေးတက်လာပြီး၊ အမြင့်ဆုံးနေရာဖြစ်သော ကျွဲကလေးကို ရောက်ရှိလာမည်ဖြစ်သည် (ပုံ ၄၊၅)။ ထို့နောက်၊ လမ်းသည် တောင်-မြောက် တူရူတန်းအနေအထား သို့ပြောင်းလဲသွားပြီး။ ကျွဲကလေးနှင့် တောင်ပုံကြီး ကိုတောင်ထိပ်များအတိုင်းဆက်သွယ်ထားသည် (ပုံ ၄၊၅)။ လမ်းသည် တောင်မှ မြောက်သို့ သွယ်တန်းနေခြင်းသည်လည်းချောင်းများ၏စီးဆင်မှုသည်မြောက်မှတောင်သို့သွယ်တန်းစီး ဆင်းမှုကြောင့်ဖြစ်သည် (ပုံ ၄၊၇)။ ထိုကဲ့သို့ဖြစ်နေခြင်းသည် မြေအောက်ဘူမိဗေဒဆိုင်ရာအချက်အ လက်များမှထိမ်းချုပ်ထားသည်။
လမ်းတစ်ခုလုံးကိုကြည့်လျှင် ရခိုင်ရိုးမတောင်တန်း၏ အရှေ့ဘက်အပိုင်းသည် အဓိကအားဖြင့်၊ မာကြောသောသဲကျောက်များဖြင့်ဖွဲ့စည်းထားပြီး၊ အနောက်ဘက်အပိုင်းသည် အဓိကအားဖြင့်၊ ရေနှင့် ထိတွေ့မှုကြောင့်ပျော့ညံ့လာပြီး (less strength due to highly weathered)၊ ကြေမွလွယ်သော (brecciated) ရွံ့ကျောက် (mudstone) သို့မဟုတ် ယှေလကျောက် (shale) များဖြင့်ဖွဲ့စည်းထားသည်။ ၎င်းပြင်၊ရခိုင်ဒေသဖြစ်သော၊ အနောက်ဘက်အခြမ်းသည် မိုးများခြင်း၊ မိုးဥတုရှည်လျားခြင်း တို့ကြောင့် တောင်ပြိုခြင်း၊ ရေတိုက်စားခြင်းကြောင့် လမ်းပျက်စီးခြင်းများပြသနာများနှင့်ရင်ဆိုင်နေကြရသည်။ ၎င်း ပြင်၊ မူလလမ်းအူကြောင်းရွေးချယ်ထားမှုမှာလည်းနည်းပညာအားနည်းနေခြင်းကြောင့်၊ အတက်လမ်း များနှင့်အဆင်းလမ်းများသည်မလိုအပ်ဘဲပို၍ရှည်လျားနေခြင်းကိုလည်းတွေ့နေရသည်။ ထို့ကြောင့်၊ ခေတ်မီနည်းပညာများအသုံးပြုလေ့လာပြီးလမ်းအူကြောင်းအသစ်များကိုရှာဖွေဖေါ်ထုပ်နိုင်ပါက၊အရည် အသွေးကောင်းသောလမ်းများဖြစ်လာပြီး၊ လမ်းခရီးသည် အန္တရာယ်နည်း၍၊ မြန်ဆန်စွာသွားလာ နိုင် မည်ဖြစ်သည်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိက အချက်အရှာကြသော လမ်းကြီးတစ် ခုဖြစ်နေဦးမည်ဖြစ်သည်။

နေပူတောင်အလှဆင်ကျောက်ထုတ်လုပ်ရေးစီမံကိန်း

နေပူတောင်သည်ထုံးကျောက် (limestone) တောင်တစ်ခုဖြစ်သည်။ ချင်း-ရခိုင်ရိုးမ တောင် တန်းတွင်တစ်ခုတည်းသောနေရာဖြစ်ပြီး၊ တောင်ကုတ်မှ ၃၇မိုင်ကွာဝေးသည် (ပုံ ၇)။ ပါးစပ်ရာဇဝင် သမိုင်းကြောင်းအရတော့ဘီလီယမ်တန်ဘိုးရှိကြောင်းတွက်ချက်ထားသည်ကိုသတင်းများ၊ ဆောင်းပါး များအရသိရှိရသည်။ သယံဇာတ၏ကြမ်းခင်းဈေးတန်ဘိုးတွက်ချက်မှုသည်ရရှိနိုင်မှုနှင့်ရလိုမှု (supply and demand) ပေါ်တွင်မူတည်နေသည်။ တွက်ရေးတော့စက်သူဌေး၊တွက်ကြည့်တော့စက်မရှိဆို တဲ့ စကားပုံက သယံဇာတအခြေခံစီးပွါးရေးလောကအတွက်ချိန်ဆနိုင်ဘို့ရာစကားတစ်ခုဖြစ်သည်။ ရရှိနိုင် မှုနှင့် ရလိုမှုသည်လည်း အမြဲတန်းတသမတ်တည်းအနေဘဲ၊ အချိန်ပေါ်လိုက်၍၎င်း၊ ဈေးကွက် ပေါ် လိုက်၍၎င်းပြောင်းလဲနေကြသည်။ သို့သော်၊ နေပူတောင်ထုံးကျောက် (limestone) သည်လမ်းခင်း ကျောက်မဟုတ်ပါ၊ ကျောက်ခဲမာ (hardness) များရှားပါးလှသောရခိုင်ရိုးမ အနောက်ဘက်ခြမ်းအ တွက်တော့မျက်စိကျစရာတစ်ခုပါ။ ၁၉၇၀ ခုနှစ်နောက်ပိုင်းလောက်က နေပူတောင်ထုံးကျောက်ကို အာ လူးအရွယ် (pebble size) များ ပြုလုပ်ပြီး၊ ၎င်းကိုအောက်ခံကျောက်အဖြစ်သုံး၍ ကတ္တရာ ခင်းထား သည်ကိုနေပူတောင်အနီးပတ်ဝန်းကျင် (နေပူတောင်တောင်တက်နေရာ)တွင်တွေ့နေရသည်။ ကျောက် ၏ဓာတုဖြစ်စဉ်အရ၊ ခွဲခြမ်းသောအခါ၊ လုံးဝိုင်းမှုနှင့်လုံးချောမှု (rounding and sphere) မရှိဘဲ၊ ချွန်ထက်သောဒါးသွားစောင်း (sharp-edge) ကဲ့သို့ဖြစ်နေခြင်းသည်ကျောက်၏သဘာဝသာဖြစ်သည်။ လမ်းခင်းထားသောကတ္တရာ၏ပါးလွာမှုကြောင့်အချိန်တစ်ခုတွင်အောက်ခံကျောက် များပေါ်ထွက်လာ တော့သည်။ ထိုအချိန်တွင်အောက်ခံကျောက်၏ချွန်ထက်သောဒါးသွားစောင်း (sharp -edge) များပေါ် ထွက်လာမှုကြောင့်ကားတာယာများကိုလွန်စွာဒုက္ခပေးလာတော့သည်။ စဉ်းစားဆင်ချင်နိုင်ဘို့ရာပါ။
၁၉၈၀ ခန့်လောက်ကရန်ကုန်တက္ကသိုလ်ဘူမိဗေဒကျောင်းသားဘဝရောက်တော့ ဆရာကြီးဦး ဘသန်းဟက်ကစာသင်နေတုန်း ကျွန်တော်ကို တောင်ကုတ်ကလာတယ်ဆိုလို့ နေပူတောင်ကျောက် တွေကိုလမ်းခင်းကျောက်အဖြစ်အသုံးပြုနေကြလို့၊ သတ္တုတွင်းဝန်ကြီးဌာနမှတဆင့်တားဆီး ခဲ့ကြရ ကြောင်း ပြောပြတာကိုလည်းအမှတ်ရနေမိတယ်။
နေပူတောင်ထုံးကျောက် (limestone) ကိုဘူမိဗေဒအရကြည့်လျှင်၊ အဓိကမူလအိမ်ခံကျောက် ဖြစ် သောရွံ့ကျောက် (mudstone) သို့မဟုတ် ယှေလကျောက် (shale) ပေါ်တွင်မေးတင်လျက်ရှိနေ သည်။ ယှေလကျောက်များသည် အီအိုဆင်း (Eocene) (၃၃-၅၆နှစ်သန်း) သက်တမ်းရှိပြီး၊ သ မုဒ္ဓရာအောက်အလွန်ရေနက်ချိုင့်ဝန်းပိုင်း (Trench) (ဥပမာအားဖြင့် အိန္̔ဒိယသမုဓ္ဒရာ၏ တောင်ဘက် ပိုင်း) တွင်အနယ်ကျရောက်ခဲ့သည်။ ထိုကာလတွင် ခရီတေးချပ် (Cenomanian-Turonian of Cretaceous) (၉၃-၁၀၀နှစ် သန်း) ခန့်ရှိသောနေပူတောင်ထုံးကျောက် (limestone) သည် ဟိမဝန္တာ တောင်တန်းပေါ်တစ်နေရာတွင်ကျောက်အဖြစ်ပေါ်ထွက်ပြီးတည်ရှိနေသည်။ထိုထုံးကျောက်သည်တိုက် စားပဲထွက်ခြင်းခံရပြီး၊ ဟိမဝန္တာတောင်တန်းပေါ်မှ အိန္̔ဒိယသမုဓ္ဒရာ၏ တောင်ဘက်ပိုင်း ချိုင်းဝန်း ဆီသို့ ပင်လယ်အောက်ရေစီးကြောင်းများအတိုင်း သယ်ဆောင် ခြင်းခံရပြီး၊ ရောက်ရှိသွားသည်။ ထိုမှတဖန် မိုင်အိုဆင်း Miocene (၁၀-၁၅နှစ် သန်းခန့်) တွင်မြေထု ချပ်ကြီးများရွေ့လျားတိုက်တွန်းမှုကြောင့် တောင်ဘက်မှမြောက်ဘက် (အနောက်မြောက်ဘက်) သို့ရွေ့လျားလာပြီး၊ ချင်း-ရခိုင်ရိုးမတောင်တန်း ကြီးများဖြစ်ပေါ်လာသည်ဟုပညာရှင်များတွက်ချက်ထားကြသည်။ ကုန်မြေဖြစ်လာပြီးနောက်တိုက်စား ခြင်း (weathering processes) ဖြစ်စဉ်များအတွင်း ယခုမြင်တွေ့ရသောမြေမျက်နှာသွင်ပြင်ကိုဖြစ် ပေါ်ရ ရှိစေသည်။ ကိုကိုးကျွန်းနှင့်ကပ္ပလီကျွန်းစုများ သည်လည်း၊ ချင်း-ရခိုင်ရိုးမ တောင်တန်းကြီးများ၏ တ ဆက်တည်းဖြစ်ပြီး၊ တောင်ဘက်ပိုင်းတွင်တင်ကျန်ခဲ့သောတောင်တန်းများသာဖြစ်သည်။
နေပူတောင်ထုံးကျောက် (limestone) သည် ခရီတေးချပ် (Cretaceous) (၉၃-၁၀၀နှစ် သန်း) သက်တမ်းရှိသည်ဟုသိရသည်။ အလှဆင်ကျောက် အဖြစ်အသုံးပြုသည်။ နိုင်ငံခြားကုမ္ပဏီ များသည် ခေတ်အဆက်ဆက်ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ယခုနောက်ဆုံးမှာ၊ ဗီယက်နန်ကုမ္ပဏီတစ်ခုဝင် ရောက်လုပ်ကိုင်ပြီး၊စီးပွါးရေးအရတွက်ခြေမကိုက်သောကြောင့်ရပ်ဆိုင်းရုပ်သိမ်းသွားပြီးဖြစ်သည်ဟုသိ ရသည် (ပုံ ၇၊၈၊၉)။ နေပူတောင်ထုံးကျောက် (limestone/marble) သည်အနည်းငယ်မာကြောခြင်း နှင့် ကျွတ်ဆတ်ခြင်း (hard and brittle)၊ ဆီလီကာ (silica) အနည်းငယ်ပါဝင်နေ ခြင်း ကြောင့်၎င်း၊ ကြီး မားသောအတုန်အခဲရရန်ခက်ခဲခြင်းကြောင့်၎င်း မန္တလေးအရှေ့မြောက်ဘက်တွင်ရှိစကျင်ကျောက် နှင့် နှိုင်းယှဉ်လျှင်ဈေးကွက်အတွက်စိန်ခေါ်မှုရှိနေသည်။ရမ်းဗြဲကျွန်းရှိကုန်းဘွဲ့ထုံးကျောက်များနှင့်လည်းသက်တမ်းအားဖြင့်တူသည်ဟုသက်သေပြထားကြသည်။
အချုပ်အားဖြင့်၊ စီးပွါးရေးတွက်ချေကိုက်နိုင်ဘွယ်ရှိခဲ့လျှင် မြန်မာ၊ရခိုင်စီးပွါးရေးဂုရု (ပညာရှင်) များပေါင်းစပ်ပြီး၊ ပေါက်တူးကိုင်တူးလိုက်ပါကဆယ်နှစ်အတွင်းနေပူတောင်ပျောက်ကွယ်သွားမည်၊ သစ် ခိုးထုတ်မှုများပို၍တွက်ချေကိုက်လာမည်၊ သစ်တောပြုန်းတီးပြီးသဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေ ဦး မည်ဖြစ် ပြီး၊ လက်စွမ်းထက်လောဘသားများ၏လေလုံးထွားအော်ဟစ်နေကြဦးမည်မှာ လက်ခတ် မ လွဲပါ၊ ရခိုင်သားများဝါးတုတ်ဟင်းနှင့်ဝေးကွယ်သွားဟန်ရှိသည်။ အဲဒီလိုအဖြစ်အပျက်ကိုဘဲ၊ သယံဇာ တကျိန်စာမိတယ်လို့ခေါ်ကြတယ်မဟုတ်ဘူးလား။

ပုံ ၇။ တောင်ကုတ်တောင်ကြားလမ်း၊ နေပူတောင်ကျောက်တောင်ပေါ်ထွက်ပိုင်းကိုဂိုလ်ထုဓာတ်ပုံမှ တွေ့ရစဉ်။

ပုံ ၈။ တောင်ကုတ်တောင်ကြားလမ်း၊ နေပူတောင်စခန်းကိုတွေ့ရစဉ် (ဘယ်)၊ နေပူတောင်ကျောက် တောင်ပေါ်ထွက်ပိုင်းကိုတောင်ကုတ်တောင်ကြားလမ်းမှတွေ့မြင်ရစဉ် (ညာ)။

ပုံ ၉။ နေပူတောင်ကျောက်တောင်ပေါ်ထွက်ပိုင်းကိုမြင်တွေ့ရစဉ် နောက်ခံတောင်တန်းများသည် အီအို ဆင်းသက်တမ်းရှိယှေလကျောက်ဖြစ်သည်(ဘယ်) နှင့် ဗီယက်နန်ကုမ္ပဏီ၏နေပူတောင်ကျောက်ထုတ် လုပ်ရေးစခန်းကိုတွေ့ရစဉ် (ညာ)။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း

သံတွဲမြို့မှ၁၅မိုင်ခန့်ကွာဝေးသည် (ပုံ ၁၀)။ သူဌေးချောင်းကိုရေကာတာဆောက်လုပ်ပြီး၊ ၁၁၀ မီဂါဝပ်လျှပ်စစ်ထုတ်လုပ်ရန်ဖြစ်သည်။အိန္ဒိယနိုင်ငံ၊သွင်းကုန်ထွက်ကုန်ဘဏ်မှမြန်မာနိုင်ငံကုန်သွယ်မှုဘဏ်သို့အမေရိကန်မီလီယန်ဒေါ်လာ၆၀ ချေးငှားပြီးတည်ဆောက်ခြင်းဖြစ်သည်။ (Ministry of Energy and Electricity MoEE) မှဦးဆောင်ပြီး တည်ဆောက်သည်၊ တချို့တဝက်တော့ပြီးစီးပြီး၊ ဖြစ်ဟန်တူ သည် (ပုံ ၁၀)။ သို့သော်၊ လျှပ်စစ်ထုတ်လုပ်နိုင်ပြီဟူ၍တော့ သီတင်းမကြားရသေးပါ။ ဘင်္ဂလားဒေ့ချ် သည်နျူကလီယားစွမ်းအင်ကိုအသုံးပြုပြီး၊ လျှပ်စစ်ထုတ်လုပ်ရန်တည်ဆောက်နေပြီးဖြစ်လို့ နောက် ၁၀ နှစ်အတွင်းတွင် ရခိုင်အတွက်လျှပ်စစ်စွမ်းအင်ကို ရောင်းချနိုင်မည်လော မည်သူမျှမသိနိုင်ပါ။

ပုံ ၁၀။ ဆောက်လုပ်ဆဲသူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကိုဂြိုလ်ထုဓာတ်ပုံမှမြင်ရပုံ(ဘယ်) နှင့် ရေလွဲလမ်းကြောင်း (လှိုင်ခေါင်း) ပြီးစီးမှုကြောင့်ရေလွတ်နေစဉ် (မေလ ၂၀၂၀) ဘယ်ဘက်ပုံတွင် လှိုင်ခေါင်း နေရာကိုခရမ်းရောင်မျှားဖြင့်ပြထားသည် (ညာ)။

(၃) ဂွ – ငသိုင်းချောင်းလမ်း

ရန်ကုန်မှတဆင့်ရခိုင်ပြည်နယ်တောင်ပိုင်း ဖြစ်သောဂွမြို့ သို့သွားနိုင်သောလမ်းတစ်ခုဖြစ်သည်။ ၂၀၀၀ခုနှစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည်။ ရန်ကုန်၊ ငသိုင်းချောင်း၊ ဂွ၊ သံတွဲ ထိ ၂၃၆ မိုင်ကွာဝေး သည်။ ဂွမြို့ထိဆိုလျှင် ၁၅၃မိုင်ကွာဝေးသည်။ တောင်ပေါ်လမ်းသည် မိုင်၃၀ခန့်ရှိသည်။ အတက်အ ဆင်း၊ အနိမ့်အမြင့်သည် ကြီးကြီးမားမားမရှိပါ။ မြေပြန့်လမ်းကပိုများသည် (ပုံ ၁၁)။

ပုံ၁၁။ အံတော်စေတီ၊ သံတွဲချောင်း နှင့် အရှေ့ဘက်ရှိရခိုင်ရိုးမတောင်တန်း (ဘယ်) နှင့် ဂွ – ငသိုင်း ချောင်းလမ်းတနေရာ၊ တောင်တက်လမ်းအသစ်လမ်းဖေါက်လုပ်နေစဉ် (၂၀၁၅ ခု နှစ်) (ညာ)။

(၄) တောင်ကုတ် – သံတွဲ – ငပလီလမ်း

ပါလီမန်ခေတ်တွင်ပေါ်ပေါက်လာသည်။ တောင်ကုတ် မှ သံတွဲသို့၄၂မိုင်ကွာဝေးပြီး၊ သံတွဲမှ ငပ လီသို့ ၄မိုင် ကွာဝေးသည် (ပုံ ၁၊၄)။ ငပလီသည်အရှေ့တောင်အာရှတွင်အလှဆုံးသောကမ်းခြေ တစ် ခု ဖြစ်သည်။ ငပလီသို့သွားခဲ့လျှင်ကုန်းလမ်းကြောင်းကိုအသုံးပြုသူများအဖို့မသုံးမဖြစ်သောလမ်းပိုင်းတစ် ခုဖြစ်သည်။ မြေပြန့်လမ်းဖြစ်သည်။ နည်းပညာအားနည်းသောလမ်းတစ်ခုဖြစ်တွေ့ရသည်။ အကွေ့ အ ကောက်အလွန်များပြီး၊တောင်စွယ်များကိုအခြေခံဖေါက်လုပ်ထားသည်ကိုတွေ့ရသည်။လမ်းကြောင်းတို အောင်ပြုလုပ်နိုင်လျှင်ပို၍ကောင်းမည်ဖြစ်သည်။
သံတွဲမြို့တွင် လှပသောကမ်းခြေများရှိနေခြင်းကြောင့်လူသိများလှသည်။ ဒွါရာဝတီဟုခေါ်သော သံတွဲမြို့သည် မြောက်ဦးနန်းတည်မြို့ကဲ့သို့ ရှေးကျသောမြို့တစ်မြို့ဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှေးကျသော မြို့များဖြစ်သည့် ဆီးရီးယားရှိ ဒမစကတ်မြို့၊ အိန္ဒိယရှိဗာရာနသီမြို့တို့နှင့် မြို့တည်ဆောက်ချိန်အတူတူ ဖြစ်ကြသည် လို့ရခိုင်သမိုင်းတွင်ဖတ်ဘူးခဲ့သည် (နှစ်ပေါ်င်းသုံးထောင်ခန့်)။ ၎င်းပြင်၊ ဒွါရာဝတီဟုခေါ် သော သံတွဲမြို့တွင်နာမည်ကြီးဘုရားသုံးဆူဖြစ်သော အံ့တော်၊ နံတော်၊ ဆံတော်ဘုရားများသည် အေဒီ ၇၅၀ ခန့်တွင်တည်ထားကိုးကွယ်ခဲ့သည်ဟုရခိုင်သမိုင်းတွင်ဖတ်ဘူးခဲ့သည်။ အေဒီ ၈ရာစုမှာတည်ထား သော အင်ဒိုနီးရှား၊ ဘောရိုဘူဒေါ (Borobudur) နှင့် တည်ဆောက်ချိန်တူညီမှုရှိသည်ဟုလည်းသိရ သည် (ပုံ ၁၁)။

(၅) တောင်ကုတ် – မအီ – အမ်း (တပ်တောင်) – မင်းပြား – မြောက်ဦး – ကျောက်တော် – စစ်တွေ လမ်း

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်လမ်းနှင့် တံတားများဆောက်လုပ်ပြီး၊ အသုံးပြုလာကြသည်။ သို့ သော်လည်း၊ဒုတိယကမ္ဘာစစ်တွင်အသုံးပြုခဲ့သောလမ်းတစ်ခုဖြစ်သည်။စစ်လမ်းဆိုပေမဲ့လည်း ကျောက် ခင်းလမ်းဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်က တောင်ကုတ်ပတ်ဝန်းကျင်တွင် သံတံတားများ နှင့် သစ် သားတံတားများကိုမြင်ဘူးခဲ့သည်။ မြေသားလမ်းအရာများကိုလည်းတွေ့မြင်ခဲ့ရသည်။ စစ်တင့်ကားအ ဟောင်းများတွေ့မြင်ရခဲ့ဘုးပါသည်။ သို့သော် လူသားတို့၏ဖျက်စီးနိုင်စွမ်း၊ စွမ်းအားကြောင့် ဆယ်စုနှစ် သုံးနှစ်ခန့်အတွင်းမှာပင် ပျောက်ကွယ်ပျက်စီးသွားတော့သည် (ပုံ ၁၊၃၊၄)။
မြစ်ဝကျွန်းပေါ်ဒေသ၏အဓိကလမ်းမကြီးဖြစ်သည်။ တောင်ကုတ် – မအီသည် ၄၂/၄မိုင်၊ မအီ – တပ်တောင် – အမ်း သည် ၉၄/၄ မိုင်၊ မအီ – အမ်း သည် ၉၀/၀ မိုင်ကွာဝေးသည်။ အမ်း – မင်းပြား သည် ၉၃မိုင်ကွာဝေးသည်။ မင်းပြား – မြောက်ဦး သည် ၂၀/၅မိုင်ကွာဝေးသည်။ မြောက်ဦး – ကျောက်တော် သည် ၂၀/ဝမိုင်ကွာဝေးသည်။ ကျောက်တော်မှ ပုဏ္ဏားကျွန်း သည် ၄၀/၅မိုင်ကွာဝေးသည်။ ပုဏ္ဏား ကျွန်း – စစ်တွေထိ သည် ၂၁/၁မိုင်ကွာဝေးသည်။ အမ်း – စစ်တွေထိ စုစုပေါင်းသည် ၂၀၂/၃ မိုင် ကွာ ဝေးသည် (ပုံ ၃၊၄)။ အမ်းချောင်း၊ ဒလက်ချောင်း၊ ယောချောင်း၊ လေးမြို့မြစ်၊ ကုလားတန်မြစ် နှင့် ဆပ်ရိုးဂျ ချောင်းများတွင်တံတားထိုးဆောင်ရွက်ခဲ့သည် (ပုံ ၁၂၊၁၃)။

ပုံ ၁၂။ ယောချောင်းတံတား (ဘယ်) နှင့် လေးမြို့မြစ်ရှိရာမောင်တံတား နှင့် နောက်ခံရခိုင်ရိုးမတောင် တန်း များ (ညာ)

(၆) တောင်ကုတ် – မအီ – ကျောက်ဖြူ (ရမ်းဗြဲ)

ကျောက်ဖြူ မှ ရမ်းဗြဲသို့ ၄၈မိုင်ကွာဝေးသည်။ ပါလီမန်ခေတ်တွင်ပေါ်ပေါက်လာသည်။ မအီ မှစ နဲသို့ကားလမ်းသည် ၁၉၈၈ခုနှစ် နောက်ပိုင်းတွင်ဆောက်လုပ်ခဲ့သည်။ တောင်ကုတ် မှ မအီသို့ ၄၂/၄ မိုင်ကွာဝေးပြီး၊ မအီမှ စနဲသို့ ၄၀/၇မိုင်ကွာဝေးသည်။ မအီမှ စနဲသို့လမ်းသည် ကျောက်ဖြူ မှ ရမ်းဗြဲသို့ သွားနေသောလက်ရှိလမ်းမကြီးနှင့် ခုံမင်ဘုရား (စနဲ) တွင်ပေါင်းစီးသွားသည် (ပုံ ၄)။

(၇) ကျောက်တော် – ပလက်၀ – မြီး၀ လမ်း

ကျောက်တော် မှပလက်ဝသို့ ၃၃/၅မိုင်ကွာဝေးသည်။ ပလက်ဝမှ မြိတ်ဝသို့ ၇၇/၀ မိုင်ကွာဝေး သည်။ ကုလားတန်မြစ်ဘက်စုံစီမံကိန်းအတွက် ပလက်ဝတံတားမှသည် မီဇိုယမ်ပြည်နယ်ထိ၊ လမ်း ဖေါက်ရန်ကျန်ရှိနေသည် (ပုံ ၁၃)။

ပုံ ၁၃။ ကုလားတန်မြစ်ကူးတံတားများ၊ ပလက်၀ (ဘယ်) နှင့် ကျောက်တော် (ညာ)

(၈) ဘူးသီးတောင် – အငူမော် – မောင်တော လမ်း

ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသမြောက်ပိုင်း၏အနောက်ဘက်ပိုင်းတွင်ရှိသောအဓိကလမ်းများ ဖြစ် သည်။ ဘူးသီးတောင် – မောင်တော လမ်းသည် ၁၆မိုင် ကွာဝေးသည်။ မယူတောင်တန်း ကိုဖြတ်ကျော် ပြီး၊ ရှေးအကျဆုံးသောလမ်းတစ်ခုဖြစ်ပြီး၊ ၁၉၁၈ခုနှစ် တွင်တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လမ်းတွင် ရှိသော ဥမင်လှိုင်ခေါင်းတွင်တွေ့ရသည် (ပုံ ၁၄)။ မောင်တောမှတောင်ပြိုလက်ဝဲ (နယ်ခြားစခန်း) သည် ၄၁ မိုင်ကွာဝေးသည် (ပုံ ၁၊၄)။ မောင်တောမှ အောင်သပြေ (နယ်ခြားစခန်း)သည် ၄၄မိုင် ကွာဝေး သည်။
မောင်တောမှ အလယ်သံကျော်၊ အငူမော်လမ်းသည် နတ်မြစ်နှင့်မယူတောင်တန်းအကြားတွင် ရှိပြီး၊ ၄၇/၂ မိုင်ကွာဝေးသည်။ အငူမော် မှဘူးသီးတောင် ထိလမ်းသည် မယူုမြစ်နှင့်မယူတောင်တန်းအ ကြား တွင် ရှိပြီး၊ ၄၆/၃ မိုင်ကွာဝေးသည် (ပုံ ၁၊၃)။

ပုံ ၁၄။ ဘူးသီးတောင် – မောင်တော လမ်းရှိလှိုင်းခေါင်း (ဘယ်)၊ ပျက်စီးနေသောတံတားများ(ညာ)။

(၉) မလေးရှား၊ ပီနန်ကျွန်းတံတား

၂၀၁၉ နှစ်ကုန်ပိုင်းလောက်ထိ၊ မလေးရှားနိုင်ငံ၊ ပီရပ်ပြည်နယ် (Perak)၊ တြိုနို (Tronoh) နှင့် သီရိအစ်စ်ကန်ဒါမြို့ (seri Iskandar) ကြားတွင်ရှိသော တက္ကသိုလ် (Universiti Teknologi Petronas) တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ပီရပ်ပြည်နယ်၏မြို့တော် အီပိုးမြို့၏ (Ipoh) ၏ အနောက် ဘက် ကီလိုမီတာ ၃၀ခန့် (ကားမောင်းချိန် ၄၅မိနစ်) ဝေးသည်။ အီပိုးမှပီနန်းသို့အမြန်လမ်းအတိုင်း ကိုယ်ပိုင်ကားဖြင့်မောင်းလျှင် တစ်နာရီခွဲခန့်မောင်းရသည်။ အနီးမဝေးဆိုပေမဲ့ ပီနန်ကျွန်းကိုအကြိမ် များ စွာရောက်ခဲ့ပါသည်။ ထိုမှတဆင့်၊ ကဒါ (လန်ကာဝီကတို့သင်္ဘောဆိပ်) သို့ ၃၀-၄၅မိနစ်ခန့် မောင်း ရသည်။ ထိုမှတဆင့်၊ မလေးရှား – ယိုးဒယားနယ်စပ်ကို ၃၀-၄၅မိနစ်ခန့်မောင်ရသည်။ မလေးရှား – ယိုး ဒယားနယ်စပ်ကိုဖြတ်ကူးပြီးလွယ်ကူစွာဖြတ်သန်းသွားလာနိုင်သည်။ ယိုးဒယား၏တောင်ဘက် အ စွန်ဆုံး မြို့ဖြစ်သော ဟတ်ယိုင်မြို့ကိုရောက်ရှိသည်။
ယိုးဒယား၏ ဖူးခက်ကမ်းခြေမှ တောင်ဘက်ရှိ စင်္ကာပူ၊ ဂျိုဟိုးထိသည် ရခိုင်ကမ်းခြေနှင့် တူညီ နေကြသည်။ မလေးရှားနိုင်ငံ၊ ပီနန်းကျွန်းသည်လည်း မလေးရှားကျွန်းမကြီး၏အ နောက်ဘက် တွင်ရှိသော ကျွန်းတစ်ခုဖြစ်သည်။ အလွန်မှတိုးတက်သည်။ မြန်မာဘုန်းတော်ကြီးကျောင်းရှိသည်။ ကျွန်း၏မြောက်ဘက်တွင်ရှိ ပီနန်းမြို့ဟောင်း (ဂျော့မြို့ George Town) ကြောင့် ဧည့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးသည်။ အရှေ့ဘက်အရပ်တွင်စက်မှုဇုံများရှိသည်။ အနောက်မြောက်ဘက်တွင် ကမ်းခြေများ၊ ဟို တယ်များ၊ ပန်းခြံ၊ ဥယာဉ်များ နှင့် အဆင့်မြင့်လူနေအိမ် များရှိနေကြသည် (ပုံ ၁၅)။
မလေးရှားကျွန်းမကြီး (ဘတ်တာဝပ် Butterworth) နှင့်လွယ်ကူစွာဆက်သွယ်နိုင်ရန် လမ်း သုံးသွယ်ရှိသည်။ ကားတင်ကတို့သင်္ဘော နှင့် တံတားနှစ်စင်းရှိသည် (ပုံ ၁၅)။ ပထမပီနန်းတံတားသည် ၁၃.၅ ကီလိုမီတာ (၈.၄ မိုင်) ရှိ နှစ်လမ်းသွားလမ်းဖြစ်သည် (ပုံ ၁၆)။ ရေထဲတွင် ၈.၄ ကီလိုမီတာ (၅.၂ မိုင်) ရှိသည် (ပုံ )။ မလေးရှားနိုင်ငံ ၏ဒုတိယအရှည်ဆုံးတံတားဖြစ်သည်။ ကိုရီးယားနိုင်ငံပိုင်၊ ဟွန်ဒိုင်း အင်္ဂျင်နီယာနှင့်ဆောက်လုပ်ရေး ကုမ္ပဏီမှဆောက်လုပ်ပြီး၊ ၁၉၈၅ခုနှစ်တွင်ဖွင့်လှစ်ပြီး၊ စတင်အ သုံးပြု သည်။ ၂၀၀၈ခုနှစ်တွင် မူလရှိသော စုစုပေါင်းအရှည် ၁၃.၅ ကီလိုမီတာ (၈.၄ မိုင်) ရှိ၊ ရေထဲတွင် ၈.၄ ကီလိုမီတာ (၅.၂ မိုင်) ရှိ၊ ၁.၅ ကီလိုမီတာ (ဝ.၉ မိုင်) သည် ပီနန်းကျွန်းဘက်တီင်ရှိပြီး၊၃.၆ ကီလိုမီတာ (၂.၂ မိုင်) မလေးရှားကျွန်းမကြီး (ပရိုင်း) ဘက်တွင်ရှိသည်။ ၂၂၅ မီတာအရှည်၏ ၃၃ မီတာ သည် ရေမျက်နှာပြင်၏ အထက်တွင် ၁၀၁.၅ မီတာရှိတာဝါတိုင်ပေါ်တွင်ရှိသည်။ တစ်ဘက်လျှင်သုံးလမ်းသွား သို့တိုးချဲ့ဆောက်လုပ်ခဲ့သည် (ပုံ ၁၆၊၁၈)။
ဒုတိယပီနန်းတံတား (Sultan Abdl Halin Muadzam Shah Bridge) သည် စုစုပေါင်း ၂၄ ကီလိုမီတာ (၁၅ မိုင်) ရှိ နှစ်လမ်းသွားလမ်းဖြစ်သည် (ပုံ )။ ရေထဲတွင် ၁၆.၉ ကီလိုမီတာ (၁၀.၅ မိုင်) ရှိသည် (ပုံ )။ မလေးရှားနိုင်ငံ၏ အရှည်ဆုံးတံတားဖြစ်ပြီး၊ အရှေ့တောင်အာရှတွင် ဒုတိယအ ရှည်ဆုံး တံတားဖြစ်သည်။ ၂၀၀၇ခုနှစ်တွင်စတင်ဆောက်လုပ်ပြီး၊ ၂၀၁၄ခုနှစ်မှ ပြီးစီးဖွင့်လှစ်ပြီး၊ စတင်အသုံးပြု သည်။ တရုပ်နိုင်ငံပိုင်၊ China Harbour Engineering Co Ltd ကုမ္ပဏီမှဆောက်လုပ်ပြီး၊ ရင်းဂစ်၄.၅ဘီ လီယမ်ကုန်ကျသည်ဟုသိရသည် (၁ဒေါ်လာ=၄.၁ရင်းဂစ် ညီမျှသည်) (ပုံ ၁၅၊၁၇၊၁၈)။

ပုံ ၁၅။ မလေးရှားနိုင်ငံ၊ မလေးရှားကျွန်းမကြီး (ညာ) ၏အနောက်ဘက်တွင်ရှိသော ပီနန်းကျွန်း (ဘယ်)၊ ပီနန်းတံတား (၁) နှင့် (၂) (အဝါရောင်)၊ ကားတင်ကတို့သယ်ယူပို့ဆောင်ခြင်း (ခရမ်းရောင်)၊ မြေ အောက်၊ ရေအောက် လှိုင်းခေါင်းစီမံကိန်း (အမဲရောင်) (ပြုလုပ်ရန်)။

ပုံ ၁၆။ ပထမပီနန်းတံတားသည် ၁၃.၅ ကီလိုမီတာ (၈.၄ မိုင်) ရှိနှစ်လမ်းသွားလမ်းဖြစ်သည် (ဘယ်)၊ သုံးလမ်း သွားတိုးချဲ့ဆောက်လုပ်ပြီးနောက်တွေ့ရစဉ် (ညာ)။

ပုံ ၁၇။ ဒုတိယပီနန်းတံတား (Sultan Abdl Halin Muadzam Shah Bridge) သည် စုစုပေါင်း ၂၄ ကီလိုမီတာ (၁၅ မိုင်) ရှိသည် ပီနန်းကျွန်းမှမြင်ရပုံ။

ပုံ ၁၈။ ဒုတိယပီနန်းတံတား (Sultan Abdl Halin Muadzam Shah Bridge) ၏တာဝါတိုင်ကိုအဝေးမှ မြင်ရပုံ၊ ၂၀၁၄ တွင်ပြီးစီးသည် (ဘယ်)၊ နှင့် ပထမပီနန်းတံတား ကိုညဘက်မြင်ရပုံ (ညာ)

နောက်အခန်းတွင်
ရခိုင်ပြည်နယ်၏လမ်းပန်းဆက်သွယ်ရေး (Transportation of Rakhine State)
(ရေလမ်းနှင့်သဘာဝဘေးအန္တရာယ်များ)
ကိုတင်ပြမည်။

တချို့သောဓာတ်ပုံများသည် မူလပိုင်ရှင်သို့ အသိမပေးဘဲနှင့် အသုံးပြုထားခြင်းကြောင့်
နားလည်မှုပေးနိုင်လိမ့်မည်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

ဆက်လက်ဖေါ်ပြပါဦးမည်။

~ ဒေါက်တာမျိုးမြင့်

Myo Myint | on Facebook



The Mog Nation Wiki

Leave a comment