(The Mog Nation Wiki, an archive)
(၃၁) ဘုံ အကြောင်း ခေတ်စားလာလို့ ပြောပြပါရစေ။
ဗုဒ္ဓဘာသာ မှာ (၃၁) ဘုံ ဆိုတာ လောကတစ်ခုလုံး ကို ပြောတာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
(၃၁) ဘုံ ဆိုတာ စကြဝဠာ တစ်ခုမှာ ရှိတဲ့ သတ္တဝါ ၃၁ မျိုး ရဲ့ တည်မှီနေထိုင်ရာ ဘုံဌာနတွေ ပါပဲ။
(၃၁) ဘုံ ဆိုတာ ကို အထပ် ၃၁ ထပ်ရှိတဲ့ ကန်ထရိုက်တိုက် တစ်လုံးနဲ့ ပဲ နှိုင်းစာကြည့်ပါ။ အဝီစိက အောက်ဆုံး အထပ် အကနိဋ္ဌဘုံ က အပေါ်ဆုံး အထပ်။ အရူပ လေးဘုံကတော့ တည်နေရာမရှိတဲ့ နာမ်သဘာဝ သက်သက်တွေ။
ဗုဒ္ဓဘာသာမှာ စကြဝဠာကို အရေအတွက် အနန္တလို့ ဆိုထားတဲ့ အတွက် (၃၁) ဘုံ ဆိုတာ ဟာလည်း အနန္တ ပါ။ မရေမတွက်နိုင်လောက်အောင် များပြားလှစွာသော (၃၁) ဘုံ ကန်ထရိုက်တိုက်တွေ ရှိတယ် လို့ မြင်ပေးပါ။
ကန်ထရိုက်တိုက်တွေ တန်းစီနေသလို စကြဝဠာတွေဟာလည်း ဘေးချင်ကပ်ရက် တန်းစီနေတာကြောင့် (၃၁) ဘုံ ဆိုတာ တွေ ကလည်း မရေမတွက်နိုင်အောင် တန်းစီ လို့ နေပါသတဲ့။
အခု ကျွန်တော်တို့ ခင်ဗျားတို့ ရောက်နေတဲ့ (၃၁) ဘုံ ဆိုတာ နံပတ်ဘယ်နှစ်ခုမြောက် (၃၁) ဘုံ ဆိုတာ တော့ ဘယ်သူမှ မသိနိုင်။ အနန္တ(၃၁) ဘုံတွေ ထဲ က တစ်ခု သာပေါ့။
ဇာတိခေတ် ဆိုတာ ဘုရားပွင့်ရာ စကြဝဠာတိုက် ၁၀၀၀၀ ကို ရေတွက်တာမို့ (၃၁) ဘုံ ပေါင်း ၁၀၀၀၀ ရှိပါတယ်။ အာဏာခေတ်ဆိုတာ ဘုရားရှင်ရဲ့ အာဏာစက်တည်ရာ ပျံ့နှံရာ စကြဝဠာကုဋေတစ်သိန်း ကို ရေတွက်တာမို့ (၃၁) ဘုံ ပေါင်း ကုဋေတစ်သိန်း ရှိပါတယ်။ ဝိသယခေတ်ဆိုတာတော့့ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကျက်စားရာမို့ အနန္တစကြဝဠာ ကို ဆိုလိုတာဖြစ်လို့ (၃၁) ဘုံ ဆိုတာ ပေါင်း အနန္တ ပါပဲ။
မဟာဗုဒ္ဓဝင်ကို ဟောတဲ့အခါမှာ ဘုရားရှင်ဟာ စကြဝဠာ တိုက် ၁၀၀၀၀ မှာ ရှိနေတဲ့ (၃၁) ဘုံပေါင်း ၁၀၀၀၀ ထဲက မြင့်မိုရ်တောင် ၁၀၀၀၀ ကို ရတနာတံတားကြီးနဲ့ထိုးဆက်ပြီး တံတားပေါ်မှာ စင်္ကြန်လျှောက်လို့ ဗုဒ္ဓဝင်ကိုဟောတော်််မူတယ် လို့ ပါဠိပိဋကတ်မှာ မှတ်တမ်းတင်ထားပါတယ်။ ယုံချင်ယုံ မယုံချင်နေ ဇာတိခေတ်တစ်ခုလုံး (စကြဝဠာတိုက် ၁၀၀၀၀ စလုံး) ကြားအောင် ဟောတယ်ဆိုတဲ့ သဘော ဆိုလိုရင်း ဖြစ်တယ်။
ပြောချင်တာက (၃၁) ဘုံ ဆိုတာ သိပ် အကြီးကြီးမဟုတ်ဘူး ကန်ထရိုက်တိုက် တစ်ခုလိုသဘောမျိုး ပဲ လို့ မြင်ပေးဖို့ ပါပဲ။ (၃၁) ဘုံ မှာ ငါ အလှဆုံးလို့ ပြောလဲ အနန္တစကြဝဠာထဲက ကန်ထရိုက်တိုက်လေးတစ်လုံးမှာ ငါအလှဆုံး လို့ ပြောတာလောက်ပဲ ရှိတာပဲ ဆိုတာကို နားလည်ရမယ်။
(21st September 2020)

End Notes and External links
- source: on Facebook | by Lynn Htet Swe
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


