(The Mog Nation Wiki, an archive)

`ရခိုင်အမျိုးသားနိ လက်ကမ်းစာစောင်´
ရခိုင်အမျိုးသားနိ
ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံ
ကိုယ်ပိုင်ဘာသာစကား
ကိုယ်ပိုင်ကိုးကွယ်သည့်ဘာသာ
ကိုယ်ပိုင်ဒေသနယ်နမိတ်
ကိုယ်ပိုင်အချုပ်ချာအာဏာ ရို့
ဟိရယ်လူစုကို လူမျိုးလို့ သတ်မှတ်ပါရယ်။
ရခိုင်ဆိုစွာ သာမန်လူမျိုးတမျိုးမဟုပ်။ သမိုင်းအစဉ်အလာနန့် နှစ်ပေါင်းထောင်နဲ့ချီပနာ အဓွန့်ရှည်တည်တန့်ခရယ် လူမျိုးကြီးဖြစ်ပါရေ။ ဒေကနိအထိ လက်ညှိုးထိုးမလွဲသော ငြင်းပယ်ဆန့်ကျင်လို့မရသော သမိုင်းအထောက်ထားတိကို အထင်ရှားတွိနီရတုန်းပါ။
ကိုယ့်ထီးကိုယ့်နန်း၊ကိုယ့်မင်း၊ ကိုယ့်အုပ်ချုပ်ပုံစနစ်၊ ကိုယ့်ပြည်သူနန့် နီထိုင်ခရယ်ကာလမှာ အမျိုးသားနိ´ဆိုစွာ သတ်မှတ်နီဖို့မလိုအပ်ခပါ။ ထီးနန်းပျောက်လို့ သူတပါးလက်အောက်မှာ နီရရယ်အချိန်မှာတော့ခါ ငါရို့ရယ် လူမျိုးတမျိုးဖြစ်တေလို့ မိမိရို့၏ဥပဓိကို အထင်အရှားပြသဖို့အတွက်အမျိုးသားနိ´ဆိုစွာသတ်မှတ်ဖို့လိုအပ်လာပါရေ။
ထီးသုဉ်း၊ နန်းသုဉ်း၊ တိုင်းပြည်ကြီးပျက်ပြုန်းပြီးရေနောက် မင်းဆိုးမင်းညစ် အဆက်ဆက်၏ လက်အောက်မှာ ရခိုင်ဆိုစွာ လူမျိုးတမျိုးအဖြစ် မပီးပြင်ခရပါ။ သူများအိမ်မှာ အယပ်တွဲနီရယ် ရီမျောကမ်းတင် လူတစုပိုင် ဆက်ဆံသတ်မှတ်ခံခကတ်ရပါရေ။
အဂု တဆိတ်ကေလောက် အသက်ယှူဖို့၊ ရုန်းဖို့ရွန့်ဖို့ ရလာရေအခါ ရခိုင်တိစွာ ကိုယ့်ခြီထောက်မှာ ကိုယ်ရပ်၊ ကိုယ့်ခေါင်းကိုကိုယ်မတ်ပနာ `ရခိုင်လူမျိုးဝေး´´ဆိုစွာ ရင်ပွင့်အောင် ဟိန်းဟောက်ရင်း ရင်ကော့ပြကတ်ရပါဖို့ဗျာလ်။ အဂု ကျောက်ဖြူမှာကျင်းပခရေ သမိုင်းတင်ရသောရခိုင်အမျိုးသားညီလာခံ´က မြို့နယ်ပေါင်း ၁၈ ခုနန့် ပြည်တွင်းပြည်ပ အဖွဲ့စည်းအသီးသီး၏ ဆန္ဒကိုရယူပနာ `ရခိုင်အမျိုးသားနိ´ဆိုစွာကို ထထိန့်ကြိုးအောင် သတ်မှတ်ပီးလိုက်ပါဗျာလ်။
ကဆုန်လပြည့်ကျော်(၁) ရက်နိစွာ ငါရို့ရခိုင်အမျိုးသားတို့၏ အမျိုးသားနိဖြစ်ပါရယ်။ ကဆုန်လပြည့်ကျော် ( ၁ ) ရက်စွာ မဟာမုန်ိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးခရေ နိဖြစ်တေ။
ကဆုန်လပြည့်ကျော် ( ၁ )ရက်ကို အမျိုးသားနိအဖြစ် သတ်မှတ်လိုက်တေ အတွက် ဒေပိုင်အကျိုးကျေးဇူးတိကို ရရှိလာဖို့ဖြစ်ပါရေ။
(၁) ရခိုင်ဆိုစွာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်မင်း၊ ကိုယ့်တိုင်းပြည်နန့် ထိုးအယင်ကပင် တည်တံ့ခိုင်မာလာရေ လူမျိုးဆိုစွာ ပြသနိုင်ဖို့။
(၂) ဒေကန်ိ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံအဖြစ် ၀င့်ထည်နီရယ် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အယင်ဆုံး လက်ခံကိုးကွယ်ခရေ လူမျိုးဆိုစွာကို ပြသနိုင်နိုင်ဖို့။
(၃) မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ဗျာဒိတ်ပီးခရေ တိုင်းပြည်၊ ကိုယ်စားတော်ထားခွင့်ပြုခရေ တိုင်းပြည်အဖြစ် ဂုဏ်ယူနိုင်ကပ်ဖို့။
(၄) ကမ္ဘာမှာထင်ရှားရယ် မဟာမုနိရုပ်ရှင်တော်မြတ် ကိန်း၀ပ်စံပယ်တော်မူရယ် ဒေသအဖြစ် ဗုဒ္ဓဘာသာ၀င်အပေါင်းက ခံ့ညားနိုင်ဖို့။
(၅) မဟာမုန်ိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်နိုင်ခရေအတွက် ထိုးအယင် ဓည၀တီခေတ်ကပင် ကြီးသွန်းအတတ်ပညာ ထွန်းကားခရေတိုင်းပြည်၊ ဗုဒ္ဓရုပ်ပွားတော်တိအပါအ၀င် သာသနိကအဆောက်အဦးတိ အခိုင်အခန့် ဟိနီခရယ်တိုင်းပြည်အဖြစ် ကမ္ဘာက သိစီဖို့။
(၆) ဗုဒ္ဒဘုရားရှင်၏ တရားဒေသနာတော်တိကို ကျောက်ထက်အက္ခရာ၊ ကြီးထက်အက္ခရာ၊ ပီထက်အက္ခရာတိ တင်နိုင်ဖို့အတွက် ကိုယ်ပိုင်အက္ခရာနန့် ကိုယ်ပိုင်စာပီကို တီထွင်ဖန်တီးပနာ လောကီနဲ့ လောကုတ္တရာ နှစ်ဖြာသောစာပီကို ထွန်းပြောစီခရေလူမျိုးဖြစ်တေ ဆိုစွာကို ပြသနိုင်ဖို့။
(၇) နိုင်ငံတကာပညာရှင်တိ လာရောက်လေ့လာနီရယ်ဗိသုကာလက်ရာ၊ စာပေ၊ ယဉ်ကျေးမှု၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ ရီတန်းခါး၊ စသော မြို့ပြအဆောက်အုံတိ ပိုင်ဆိုင်ခရေ လူမျိုးအဖြစ် ဂုဏ်ယူ၀င့်ကြွားနိင်စီဖို့။
ဆိုရေ မွန်မြတ်သော အကျိုးကျေးဇူးတိ ရဟိနိုင်ဖို့ဖြစ်ပါရေ။
ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ချိုးနှိမ်၊ ဖိနင်းခံနီရရယ် ရခိုင်ဆိုရေ အမျိုးသားစိတ်ဓာတ် ပြန်လို့၀င့်ကြွား ပျံ့လွင့်လာစီဖို့အတွက် “အမျိုးသားနိ´´ကို နိုင်ငံရေးအသိ နိုင်ငံရေးခံယူချက် နိုင်ငံရေးရည်ရွယ်ချက်တိနန့် ရခိုင်တမျိုးသားလုံးက အမှတ်ထင်ထင် ထိန့်ထိန့်ကြိုးပနာ ကျင်းပဆင်နွှဲကပ်ရဖို့ဖြစ်ပါရေ။
ရခိုင့်အမျိုးသားနိမှာ ရခိုင့်အလံတော်နန့်အတူ ရခိုင်ရို့၏သွီးသား၊ ရခိုင်ရို့၏အတိတ်သမိုင်း၊ စရိုက်လက္ခဏာ၊ ရခိုင်ရို့၏ဇာတိမာန်၊ ရခိုင်ရို့၏ညီညွတ်မှုတိကို ကမ္ဘာကသိအောင် ပြန်ပနာလွှင့်ထူလားကပ်ပါမယ် ။
ရခိုင်အမျိုးသားနိ ကျင်းပရေးအဖွဲ့
မြောက်ဦးမြို့


End Notes and External links
- source: “ရခိုင်အမျိုးသားနိ လက်ကမ်းစာစောင်“
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

