ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအ‌ကြောင်းရင်း

(The Mog Nation Wiki, an archive)


written by: ခင်မောင်စော (ဘာလင်)

● နိဒါန်း
ကျွန်တော်တို့ရခိုင်တွေဟာ ပညာကိုတန်ဖိုးထားသူများဖြစ်ခဲ့ကြလို့ အင်္ဂလိပ်ခေတ်အတွင်းကလည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစအချိန်ကလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ထိပ်တန်းရာထူးများကို ရခိုင်အများစုက ရယူထားခဲ့ကြပါ တယ်။ မျက်မှောက်ခေတ်မှာကတော့ ရခိုင်ပြည်ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံနေရလို့ ပညာတတ်များအလွန်နည်း ပါးသွားပါတယ်။ မြန်မာအစိုးရရဲ့ တရားဝင်စာရင်းအရ ချင်းပြည်နယ်ကို အဆင်းရဲဆုံးပြည်နယ်၊ ရခိုင်ပြည်နယ်ကို ဒုတိယ အဆင်းရဲဆုံးပြည်နယ်လို့သတ်မှတ်ထားပေမဲ့ စာရေးသူရဲ့အမြင်မှာ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများဟာ လက်ရှိအခြေ အနေမှာ မြန်မာပြည်ရဲ့အဆင်းရဲဆုံးပြည်နယ်၊ ပညာရေးအဆင့်အတန်း အနိမ့်ကျဆုံးပြည်နယ်လို့ ထင်မြင်မိပါတယ်။ အ ကြောင်းကတော့ ချင်းတိုင်းရင်းသားအများစုဟာ နိုင်ငံခြားမှာရောက်ရှိနေပြီး လူငယ်အများစုမှာလည်း သက်ဆိုင်ရာ ခရစ် ယာန်အသင်းများရဲ့ထောက်ပံ့မှုများကြောင့် နိုင်ငံတကာတွင် ပညာသင်ကြားလျက်ရှိကြလို့ ချင်းပညာတတ်ဦးရေဟာ ရခိုင် များထက် များစွာသာနေပေလိမ့်မယ်။

ယခုခေတ်ရခိုင်လူငယ်များဟာ ပညာကောင်းစွာမသင်ခဲ့ရလို့ ဗဟုသုတလည်းနည်းပါးပြီး မိမိတို့၏သမိုင်းကိုမှ မိမိတို့မသိ တော့တဲ့အဖြစ်ကိုရောက်နေကြောင်း ဝမ်းနည်းစွာသိ ရှိရပါတယ်။ စာရေးသူူ ရေးသားထားတဲ့စာတမ်းများစွာရှိပေ မဲ့ အဲဒီစာ တမ်းများဟာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားလို့ ပညာတတ်အလွန်နည်းပါးနေတဲ့ ယခုခေတ် ရခိုင်ပြည်သူပြည်သားများ အတွက် အလှမ်းဝေးနေပေလိမ့်မယ်။ ဒါ့ကြောင့်စာရေးသူဟာ ဒီစာတမ်းကို မြန်မာဘာသာဖြင့် တခါပြန်လည် ရေးသားရ ခြင်းဖြစ်ပါတယ်။

● ရခိုင်ပြည်တွင်းရှိ မူဆလင်များ
ရခိုင်ပြည်ထဲမှာရှိတဲ့ မူဆလင်တွေကို အကြမ်းအားဖြင့် သုံးစုခွဲလို့ရပါတယ်။ အကြမ်းအားဖြင့် ရမ်းဗြဲကျွန်းနဲ့ သံတွဲဘက်က ကမန်၊ သံတွဲခရိုင်ထဲမှာရှိတဲ့ မြေဒူးမူဆလင်တွေနဲ့ ရခိုင်တပြည်လုံးက ဘင်္ဂလီတွေဖြစ်ပါတယ်။ ဘင်္ဂလီတွေကိုလည်း ရခိုင်ဘုရင်ခေတ်ကတည်းကရှိနေတဲ့ဘင်္ဂလီ၊ ရခိုင်ပြည်ကိုအင်္ဂလိပ်သိမ်းပြီးမှရောက်လာတဲ့ ဘင်္ဂလီ၊ ဒုတိယကမ္ဘာ စစ်အပြီးနဲ့ မြန် မာပြည်လွတ်လပ်ရေးရပြီးမှ ထပ်ဝင်လာတဲ့ဘင်္ဂလီ၊ အရှေ့ပါကစ္စတန်လွတ်လပ်ရေးစစ်ပွဲအတွင်း ရောက်လာတဲ့ဘင်္ဂလီ၊ ဘင်္ဂလားဒက်ရှ် လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်းရောက်လာတဲ့ဘင်္ဂလီ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံထူထောင်ပြီး မှလူဦးရေပေါက်ကွဲမှု ကြောင့် ရောက်လာတဲ့ဘင်္ဂလီဆိုပြီး ထပ်ခွဲခြားနိုင်ပါသေးတယ်။

● ရခိုင်ပြည်ထဲကို မူဆလင်များ ဘယ်ခေတ်က စတင်ရောက်ရှိသလဲ
ရခိုင်ပြည်ထဲကို မူဆလင်တွေ ဘယ်အချိန်ကစရောက်သလဲဆိုရင် အစောဆုံး ၁၆ ရာစု အလယ်ပိုင်းလောက်ကဘဲ ရောက် လာပါတယ်။ “ရိုဟင်ဂျာ” ဆိုသူများဘက်ကပြောနေကြတဲ့ ၈ ရာစု ၉ ရာစုက သင်္ဘောပျက် ဇာတ်လမ်းတွေဟာ ထိုးဇာတ် တွေဘဲ ဖြစ်ပါလိမ္မယ်။ ဘာဖြစ်လို့လဲဆိုရင် အနောက်ဘင်္ဂလားနယ်ကို မူဆလင်ဘာသာရောက်တာဟာ ခရစ်နှစ် ၁၂၃ဝ နောက်ပိုင်းမှ ရောက်ပါတယ်။ အဲသလိုဆိုတော့ အရှေ့ဘင်္ဂလားနယ်ကို မူဆလင်ဘာသာ ဒီ့ထက် ပိုနောက်ကျပြီးမှ ရောက် လာမှာ သေချာပါတယ်။

ဘင်္ဂလားနယ်မှာ ခရစ်သက္ကရာဇ် ၇၅ဝ ပြည့်နှစ်၌ ဗုဒ္ဒဘာသာဝင် “ပါလာ” မင်းများက “ပါလာအင်ပါရာ” ကို ထူထောင်ခဲ့တယ်။ ၁၂ ရာစုတွင် ဗုဒ္ဒဘာသာဝင် “ပါလာမင်းဆက်များ” ကို ဟိန္ဒူဘာသာဝင် “သေနမင်းဆက်” က ဖြုတ်ချပြီး ဟိန္ဒူအင်ပါရာကို ထူထောင်တယ်။ မူဆလင်များက ဟိန္ဒူ သေနမင်းဆက်ကိုဖြုတ်ချပြီး မူဆလင်နိုင်ငံထူထောင်သူများဖြစ်လို့ ဘင်္ဂလားဒေသ တခုလုံးကို မူဆလင်တို့သိမ်းပိုက်ချိန်မှာ ၁၄ ရာစု အကုန်ပိုင်းမှသာဖြစ်ပါတယ်။ ဒီအချက်တွေကိုထောက်ရှုရင် “ရိုဟင်ဂျာ” ဆိုသူများရဲ့သမိုင်းလိမ်လုပ်ဇာတ်မှာပါတဲ့ ၈ ရာစု ၉ ရာစုနှစ်များက သင်္ဘောပျက်ဇာတ်လမ်းများနဲ့ အဲဒီအချိန်ကတည်းက ရခို်င်ပြည်ကို အစ္စလာမ်ဘာသာဝင်များရောက်ရှိနေတယ်ဆိုတဲ့ဇာတ်လမ်းဟာ ယုတ္တိမရှိကြောင်း ထင်ရှားပါတယ်။ ၈ ရာစု ၉ ရာစုက ယခုခေတ် ကမ္ဘာပေါ်မှာ မူဆလင်ဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကိုတောင် မူဆလင်များမရောက်သေးပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အဲဒီအချိန်က သီရိဝိဇယနိုင်ငံတော်အဖြစ်ထင်ရှားခဲ့ပြီး ဗုဒ္ဒဘာသာနိုင်ငံတော်ဖြစ်ခဲ့ပါတယ်။ ခရစ် သက္ကရာဇ် ၈၂၅ ကတည်ထားခဲ့တဲ့ “များလှစေတီ” လို့ အဓိပ္ပါယ်ရတဲ့ Borobudur စေတီကြီးဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဗုဒ္ဒဘာသာစေတီကြီးဖြစ်ပြီး ယခုခေတ်အထိတည်ရှိနေပါသေးတယ်။ အင်္ဂလိပ်ခေတ်က ရခိုင်ပြည်မှာ ကိုလိုနီအရာရှိကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာကြီး မောရစ်ကောလစ်ကလည်း “ဘင်္ဂလားနယ်ကို အစ္စလမ်ဘာသာ ၁၂ဝ၃ ခုနှစ်က စတင်ရောက်ရှိခဲ့ပေမဲ့ (မြန်မာပြည်ပါဝင်တဲ့) အင်ဒိုချိုင်းနားကျွန်းဆွယ်မှာတော့ ၁၄၃ဝ ခုနှစ်အထိ မူဆလင်ဘာသာ အငွေ့အသက်များလုံးဝမရှိခဲ့” လို့ အတိအလင်းရေးထားခဲ့ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာဝါဒဖြန့်ချိရေးသမားများ သမိုင်းလိမ်ပြီးရေးခဲ့တဲ့ ၈ ရာစု ၉ ရာစုက ရခိုင်ကမ်းရိုးတန်းမှာ အာရပ်သင်္ဘော ပျက်ခဲ့တယ်ဆိုတဲ့ဇာတ်လမ်းကို ပုံပြင်လို့သာ သဘောထားကြစေလိုပါတယ်။

● ကမန် မူဆလင်များ
ပါရှားစကားမှာ ကမန်ဆိုတာ “လေး” ကိုခေါ်တာပြစ်ပြီး “ကမန်ချီ” ဆိုတာ လေးသည်တော်လို့ အဓိပ္ပါယ်ရပါတယ်။ ရခိုင် ဘုရင်တွေဟာ နိုင်ငံခြားသားတွေကို ကြေးစားစစ်သည်တော်တွေအဖြစ် ငှားရမ်းထားကြောင်းကို ၁၆၃ဝ မှာ မြောက်ဦးမြို့ တော်ကို ဘရင်ဂျီဘာသာ သာသနာပြုရန် ရောက်ရှိလာတဲ့ ပေါ်တူဂီ ခရစ်ယန်ဘုန်းကြီး မန်နရိကေး (Manarique) က မှတ်တမ်းတင်ထားခဲ့ပါတယ်။ ပါရှန်နဲ့အာဖဂန် ကြေးစားစစ်သည်တော်တွေဟာ လေးသည်တော်တွေဖြစ်လို့ သူတို့ကို “က မန်” လို့ ခေါ်ကြတယ်။ လူဇင်ဘတ်နိုင်ငံသား ရခိုင်သမိုင်းပါရဂူ ယတ်ခ်လိုက်ဒါ (Jacques Leider) က ရခိုင်ဘုရင်များ ပါရှန် နဲ့အာဖဂန် ကြေးစားစစ်သည်တော်တွေ စတင်ခန့်ထားချိန်ကို ၁၇ ရာစု အစပိုင်းလောက်ကသာအစောဆုံးဖြစ်နိုင်ကြောင်းရေးထားပါတယ်။

၁၆၆ဝ မှာ မဂိုအင်ပါယာမှာ မင်းသားတွေနန်းလုပွဲဖြစ်ပြီး ညီတော် အော်ရန်ဇစ် အနိုင်ရတယ်။ ရှုံးတဲ့နောင်တော် ဘင်္ဂလားစား ရှာရှူဂျာဟာ မိသားစု၊ နောက်လိုက်နောက်ပါတွေနဲ့အတူ ရခိုင်ပြည်မှာ လာပြီးခိုလှုံတယ်။ ရခိုင်ဘုရင် စန္ဒသုဓမ္မက အစပိုင်းမှာ လှိုက်လှိုက်လဲလဲကြိုဆိုဧည့်ခံပြီး ခိုလှုံခွင့်ပေးထားပေမဲ့ ၃ နှစ်လောက်ကြာလာတော့ မဂိုမင်းသမီး အမီနာကို တော်ကောက် မိဖုရားမြှောက်လိုကြောင်း တောင်းဆိုရာမှာ ပြဿနာတက်ကြပြီး မဂိုတွေဟာ ဘာသာတူ ကမန် ကြေးစားစစ်သည်တော်တွေ စည်းရုံးကာ မြောက်ဦးနန်းတော်ကို မီးရှုှိ့ဖိုကြံတာ မအောင်မြင်ဘဲ မဂိုတွေလည်း အသတ်ခံရတယ်။ ကမန်တွေကတော့ ရမ်းဗြဲကျွန်းနဲ့ သံတွဲဘက်ကို ထွက်ပြေးသွားရတယ်။ အခုခေတ်မှာလည်း ဒီကမန်များကဆင်းသက်လာသူတွေကို ရမ်းဗြဲ ကျွန်းနဲ့ သံတွဲဘက်မှာတွ့နိုင်တယ်။ သူတို့ဟာ မဂို ပါရှားရုပ်နဲ့ အစ္စလမ်ဘာသာကိုးကွယ်တာကလွဲရင် အဝတ်အစား၊ စကား၊ ဓလေ့အားလုံးမှာ ရခိုင်တွေနဲ့ခွဲမရပါဘူး။ ကမန်တွေဟာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါပါတယ်။

● မြေဒူးမူဆလင်တွေ
ဝါရင့်ရခို်င်နိိုင်ငံရေးသမားကြီး ဘုံပေါက်သာကျော်က မြေဒူးမူဆလင်များကို ရခိုင်ပြည်အတွင်းသို့ ပထမဆုံးရောက်ရှိတဲ့ မူဆ လင်အုပ်စုလို့ ယူဆတယ်။ မြေဒူးမူဆလင်အများစုဟာ သံတွဲခရိုင်အတွင်းမှာ နေကြတယ်။

အများသိထားတဲ့သမိုင်းက ရခိုင်ပြည်ကို ဘိုးတော်ဦးဝိုင်းရဲ့စစ်တပ်များ ၁၇၈၄ ခုနှစ်က ဝင်ရောက်သိမ်းပိုုက်ချိန်မှာ ရွှေဘိုမြို့ အနီးရှိ မြေဒူးမြို့ကလေးက မူဆလင်စစ်သား တပ်တတပ်ပါလာပြီး ၎င်းတို့ကို သံတွဲခရိုင်အတွင်း၌ နေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကဆင်းသက်လာသူများကို မြေဒူးမူဆလင်များလို့ခေါ်တယ်။ သူတို့ဟာ သံတွဲခရိုင်မှာနေပေမဲ့ သံတွဲဒေ သသုံး ရခို်င်စကားကိုမသုံးဘဲ မြေဒူးဒေသမှာပြောတဲ့ အညာသုံးဗမာစကားကိုသာ ပြောကြတယ်။ သူတို့မှာ မူဆလင်နာမည် ရှိပေမဲ့ ဗမာနာမည်များဖြင့်သာ နေလေ့ရှိတယ်။ အဝတ်အစားမှာလည်း အထက်အညာမှဗမာများ ဝတ်ဆင်သလို ဝတ်ဆင်ကြ တယ်။

● မြေဒူးမူဆလင်များရဲ့ဇစ်မြစ်ကို လိုက်လံစိစစ်ကြည့်ကြပါစို့
(၁) ခရစ်နှစ် ၁၅၃၃ မှာ ရခိုင်ဘုရင် မင်းဗာကြီး အနောက်ဘင်္ဂါ ၁၂ မြို့ကို ပြန်သိမ်းစဉ်မှာ ဘင်္ဂလီ မိသားစုအပါအဝင် စုစု ပေါင်း ၃ဝဝဝ ကျော်လောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်လာခဲ့တယ်။ သူတို့ကို သံတွဲမြို့မှာရှိတဲ့ ဆံတော်၊ အံတော်၊ နံတော်၊ စေတီသုံးဆူမှာ အလုပ်အကျွေးပြုဖို့ ဘုရားကျွန်အဖြစ် လှူထားခဲ့တယ်။ နောက်နှစ်ပေါင်း ၆ဝ ကျော် ရဝ လောက်အကြာမှာ ရခိုင်ဘုရင်ရာဇာကြီးရဲ့သား အိမ်ရှေ့မင်းသား သံတွဲစား မင်းခမောင်းဟာ သံတွဲမြို့ကနေပြီး ခမည်းတော်ကို ပုန်ကန်ဖို့ ကြံတယ်။ သူ့စစ်တပ်မှာ စစ်သားလိုတော့ ဘုရားကျွန်တွေကို ထည့်သုံးခဲ့တယ်။ ဒါပေမဲ့ မင်းခမောင်းရဲ့စစ်တပ်ဟာ အမ်းမြို့ အနီးမှာ ရခိုင်ဘုရင့်တပ်မတော်ရဲ့ ချေမှုန်းခြင်းကိုခံခဲ့ရပြီး တပ်ပျက်သွားတယ်။ မင်းခမောင်းနဲ့ အကြံပေး ဥက္ကာပျံကို အရှင် ဖမ်းမိသွားပြီး တပ်ပျက်သွားတဲ့ ဘုရားကျွန်တွေဟာ ဗမာပြည်ကို ထွက်ပြေးသွားတယ်။ ဗမာပြည်ထဲရောက်တော့ ဗမာဘုရင် က သူတို့ကို မြေဒူးမြို့မှာ နေစေတယ်။ ဒါကြောင့် သူတို့ကို မြေဒူးမူဆလင်လို့ ခေါ်တယ်။ သူတို့က ဆွေစဉ်မျိုးဆက် မြန်မာ ဘုရင်ကိုသစ္စာခံကြပြီး စစ်မှုထမ်းကြတယ်။

ဒီတော့ မြေဒူးမူဆလင်များရဲ့ဘိုးဘေးဘီဘင်များဟာ သံတွဲမြို့က ဘင်္ဂလီဘုရားကျွန်များပေါ့။

(၂) “ရွေဘို ဒစ်စရိတ် ဂေဇက်တီးယား” (Shwebo District Gazetteer) အပိုင်းတစ် အခန်း ၃ တွင် ရေးထားတာကတော့ မြေဒူးမူဆလင်တွေဟာ တပင်ရွှေထီး သံတွဲကဖမ်းခေါ်သွားတဲ့ ဘင်္ဂလီဘရားကျွန်တွေရဲ့ အဆက်အနွယ်လို့ ယူဆကြတယ်။

ဗမာရာဇဝင်တွေမှာ တပင်ရွှေထီး သံတွဲကိုသိမ်းနိုင်ကြောင်း၊ မြောက်ဦးတိုက်ပွဲရှုံးလို့ တပ်ဆုတ်ခဲ့ရကြောင်းရေးထားပေမဲ့ ရ ခိုင်ရာဇဝင်တွေမှာ တပင်ရွှေထီး သံတွဲကို မသိမ်းနိုင်ကြောင်း၊ တပင်ရွှေထီးရဲ့ ကြည်းတပ်ဟာ တောင်ကုပ်တောင်ကြား လမ်းမရောက်မီနဲ့ရေတပ်ဟာလည်း နဂရေအငူလို့လည်းခေါ်ကြတဲ့ “နဂါးရစ်” အငူ (မော်တင်စွန်း) မှာ ရခိုင်တပ်တွေရဲ့ အ တိုက်ခံရပြီး တပ်ပျက်လုနီးနီးဖြစ်တာကြောင့် ရဟန်းတော်တွေကိုအကူအညီတောင်းပြီး တနိုင်ငံနဲ့တနိုင်ငံ မကျူးကျော်ရေး စာချုပ်ချုပ်ပြီး တပင်ရွှေထီးနဲ့ယောက်ဖတော် ကျော်ထင်အနော်ရထာတို့ ပြန်သွားရကြောင်း ရေးထားပါတယ်။

ဘာဘဲဖြစ်ဖြစ် ရွှေဘိုဂဇက်တီးယားကလည်း မြေဒူးမူဆလင်များဟာသံတွဲက ဘင်္ဂလီဘုရားကျွန်များရဲ့ အဆက်အနွယ် သာဖြစ်ကြောင်း ထောက်ခံထားပါတယ်။

(၃) ဝါရင့်နို်င်ငံရေးသမားကြီး ဘုံပေါက်သာကျော်က မြေဒူးမူဆလင်များဟာ ရခိုင်ဘုရင်မင်းဘာကြီး ခရစ်နှစ် ၁၅၃၃ မှာ သောင်းထီးကျွန်းမှဖမ်းခေါ်လာတဲ့ ဘင်္ဂလီများဖြစ်ပြီး သူတို့ကို ဆံတော်၊ နံတော်နှင့် အံတော်ဘုရားများတွင် ဘုရားကျွန် များအဖြစ်လှူထားခဲ့ကြောင်း၊ ရခို်င်ဘုရင် စန္ဒဝိဇယမင်းလက်ထက် အေဒီ ၁၇၁၃ ခုတွင် မြန်မာပြည်သို့ ထွက်ပြေးကြောင်း ရေးထားပါတယ်။ ရခိုင်ဘုရင် စန္ဒဝိဇယနဲ့နန်းပြိုင်ဟာ အင်းဝက ဗမာဘုရင် စနေမင်းဖြစ်တယ်။ စနေမင်းကိုဆက်ခံတဲ့ တနင်္ဂ နွေမင်းလက်ထက်မှာ မြန်မာရာဇဝင်ကျမ်းကြီး ၃ စောင်ကိုပြုစုခဲ့တဲ့ ရာဇဝင်ဆရာကြီး ဦးကုလား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာဇဝင် ဆရာကြီးကတော့ ထွက်ပြေးလာသောဘုရားကျွန်များအကြောင်း မှတ်တမ်းမတင်ခဲ့ပါဘူး။

ဘုံပေါက်သာကျော်ကလည်း မြေဒူးမူဆလင်များဟာသံတွဲက ဘင်္ဂလီဘုရားကျွန်များရဲ့အဆက်အနွယ်သာဖြစ်ကြောင်းရေး ထားပါတယ်။

(၄) မိုရှေ ယေဂါ (Moshe Yegar)ရဲ့ The Muslim of Burma စာအုပ်မှာ ဗမာဘုရင်စနေမင်းဟာ ခရစ်သက္ကရာဇ် ၁ရဝရ ခု နှစ်တွင် ရခိုင်ပြည်သံတွဲမြို့ကို ဝင်ရောက်သိမ်းပိုက်ကြောင်း၊ ထောင်ပေါင်းများစွာသောမူဆလင်များကို သံတွဲမှခေါ်လာခဲ့ပြီး လူပေါင်း ၃ ထောင်ခန့်ကို မြေဒူးနယ်တွင် နေထိုင်စေခဲ့ကြောင်းရေးထားပါတယ်။ ဒါပေမဲ့ မြန်မာရာဇဝင်ကျမ်းအစောင်စောင်၊ ရခိုင်ရာဇဝင်ကျမ်းအစောင်စောင်နဲ့ မြန်မာမူဆလင် ဗိုလ်မှူးဘရှင်ရေးတဲ့ မြန်မာနိုင်ငံသမိုင်းစာအုပ်၊ မွန်အမျိုးသား ဦးဘ သန်းရေးခဲ့တဲ့ ကျောင်းသုံးမြန်မာရာဇဝင်စာအုပ်နဲ့ ဦးကုလားရဲ့ မြန်မာရာဇဝင်ကျမ်းအစောင်စောင်မှာတော့ စနေမင်း သံ တွဲမြို့ကို သိမ်းပိုက်ကြောင်း ရေးမထားပါဘူး။

မိုရှေ ယေဂါ (Moshe Yegar) ရဲ့အဆိုအရလည်း မြေဒူးမူဆလင်များရဲ့ ဘိုးဘွားဘီဘင်များဟာ သံတွဲမြို့ကဘင်္ဂလီဘုရားကျွန်များဖြစ်ကြောင်း ထောက်ခံနေပါတယ်။

ဒါကြောင့် မြေဒူးမူဆလင်များရဲ့ဇစ်မြစ်ကို ကောက်ချက်ချရင် ….

က။ သူတို့ရဲ့ဘိုးဘွားဘီဘင်များဟာ ဘင်္ဂလီများဖြစ်ကြောင်း၊ အများစုမှာ သံတွဲကဘုရားကျွန်များဖြစ်ကြောင်း၊

ခ။ မင်းဘာကြီးသာမက ၎င်းကို ဆက်ခံတဲ့ရခိုင်ဘုရင်များကလည်း သံတွဲမှာ ဘုရားကျွန်များထပ်မံလှူခဲ့လို့ ဘင်္ဂလီဘုရားကျွန် ဦးရေတိုးပွားလာကြောင်း၊

ဂ။ နောက်ပိုင်းမှာ နောက်ထပ်ဝင်ရောက်လာတဲ ့အုပ်စုများဖြစ်တဲ့ ကမန်၊ မဂို၊ စတာတွေနဲ့ မူဆလင်ဘာသာတူခြင်းဖြစ်လို့ သွေးနှောပြီး လူဦးရေတိုးပွားလာနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မေ့မထားသင့်ပါ။

ဃ။ သူတို့ သံတွဲမြို့က မြန်မာပြည်သို့ ထွက်ပြေးတဲ့အကြိမ်ပေါင်းကလည်း တကြိမ်တည်းမဟုတ်ဘဲ အခွင့်အခါသင့်လျှင် သင့်သလို ဖြစ်နိုင်ကြောင်း၊

င။ မြန်မာစစ်တပ်များ ရခိုင်ပြည်ကို စစ်ချီတဲ့အခါ မြေဒူးမူဆလင်တပ်ရင်းကို ဘာကြောင့် သံတွဲစစ်မျက်နှာကို သာခေါ်လာ ခဲ့ပါသလဲ။ ဗမာဘုရင် ဘိုးတော်ဦးဝိုင်း၊ သားတော် အိမ်ရှေ့မင်းသားနဲ့ မြန်မာစစ်ဗိုလ်ကြီးများဟာ မြေဒူးမူဆလင်များကို မြောက်ဦးစစ်မျက်နှာ၊ အမ်းစစ်မျက်နှာ၊ ရမ်းဗြဲစစ်မျက်နှာ စတာတွေမှာမသုံးဘဲ သံတွဲစစ်မျက်နှာမှာသာ သုံးခဲ့တာ မထူးဆန်း ဘူးလား။

စ။ မြေဒူးမူဆလင်များက မိမိတို့ဘိုးဘွားဘီဘင်များနေခဲ့တဲ့ သံတွဲမြို့ကို ပြန်လည်ရောက်ရှိလိုပါတယ်၊ ပြန်လည်အခြေချ လိုပါတယ်လို့ တောင်းဆိုခဲ့တာ မဖြစ်နိုင်ဘူးလား။ မြန်မာဘုရင့်တပ်များက မြေဒူးမူဆလင်များကို သံတွဲခရိုင်မှာ အခြေတ ကျ ရွာတည်ပြီး၊ နေထိုင်ခဲ့စေခြင်းဟာ စဉ်းစားစရာပါ။

● ဘင်္ဂလီကျွန်များ
ရခိုင်တွေဟာ ဘင်္ဂလားနယ်မှာ ဘင်္ဂလားနယ်သားတွေကို ဝင်ဖမ်းပြီး တချို့ကိုလည်း ရခိုင်ပြည်မှာ ကျွန်အဖြစ်ခိုင်းတယ်။ အချို့ကို ဒတ်ချ်ပိုင် အရှေ့အိန္ဒိယကျွန်းစု (ယခုခေတ် အင်ဒိုနီးရှား) ကို သင်္ဘောတွေနဲ့ တင်ပို့ရောင်းချတယ်။ ဒတ်ချ်သင်္ဘောတွေဟာ ဒီကျွန်တွေကို မြောက်ဦးကနေ ဘာတာဗီးယား (Batavia) ယခုခေတ် ဂျာကာတာကို သယ်သွားတယ်။ ရခိုင်ပြည်ထဲမှာရှိတဲ့ ကျွန်တွေကို ကျောက်တော်နဲ့ မြောက်ဦးနားမှာ ထားတယ်။ အဲဒီ ဘင်္ဂလီအများစုကတာ့ ဗမာစကား၊ ရခိုင်စကားတိို့ကိုကောင် းကောင်းတတ်ကြတယ်။ တချို့ကမြန်မာစာပါရေးတတ်ဖတ်တတ်ြ ကတယ်။

● စတုတ္ထအုပ်စု
စတုတ္ထအုပ်စုကတော့ ၁၈၂၆ခုနှစ် ရန္တပိုစာချုပ်အရ ရခိုင်တိုင်းနဲ့ တနင်္သာရီတိုင်းတို့ အင်္ဂလိပ်ပိုင်ဖြစ်တဲ့အချိန်မှာ အင်္ဂလိပ်တို့ တံခါးမရှိ ဓါးမရှိသွင်းလာတဲ့ အိန္ဒိယတိုင်းသားတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်ကတော့ ဘင်္ဂလားနယ်နဲ့ နယ်ချင်းဆက်စပ်နေတော့ စစ်တကောင်းသား အများစုဟာ အလုပ်ကြမ်းလုပ်ဖို့ ရခိုင်ပြည်ထဲကို တံခါးမရှိ ဓါးမရှိ ဝင်လာကြပါတယ်။ ၁၈၈၆ ခုနှစ်ကစပြီး ဗမာတပြည်လုံးကို ဗြိတိသျှ အိန္ဒိယ အင်ပါယာရဲ့ ပြည်နယ်တခုအဖြစ် အုပ်ချုပ်ခဲ့တဲ့ အချိန်မှာတော့ အိန္ဒိယတိုင်းသားတွေဟာ ရခိုင်ပြည်ထဲကိုရော ဗမာပြည်မကြီးကိုပါ ရေကာတာကျိုးသလို ဝင်လာခဲ့ကြပါတော့တယ်။ အဲဒီနောက်ပိုင်း ဝင်လာတဲ့အိန္ဒိယ တိုင်းသားတွေဟာ ဗမာပြည်ကို သူတို့ရဲ့ ကိုလိုနီနိုင်ငံသဖွယ် ထင်ရာစိုင်းခဲ့ကြတာကြောင့် လူမျိုးရေး ပဋိပက္ခတွေဖြစ်ပြီး အဓိကရုဏ်းတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရဟာ ၁၉၂ဝ ခုနှစ်များမှာ ဆိုင်မွန်ကော်မရှင် ကိုဖွဲ့ပြီး ဗမာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာအတွင်း ဆက်ထားသင့် မထားသင့် စုံစမ်းအစီရင်ခံခိုင်းရပါတော့တယ်။ ဆိုင်မွန်ကော်မရှင်က ဗမာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာထဲက စောနိုင်သမျှ အစောဆုံး ခွဲထုတ်ဖို့ အကြံပေးခဲ့ပေမဲ့ အကြောင်းအမျိုးအမျိုးကြောင့် ၁၉၃၇ ခုနှစ်မှာမှ အင်္ဂလိပ်စကားနဲ့ Crown Colony လို့ခေါ်တဲ့ သီးခြားကိုလိုနီ ဖြစ်လာပါတယ်။ သီဟိုဠ်ကျွန်း (ယခုခေတ် သီရိလင်္ကာနိုင်ငံ)၊ ဟောင်ကောင်ကျွန်း၊ မလေးယားတို့ဟာလည်း Crown Colony များ ဖြစ်ခဲ့ကြပါတယ်။

● အစွန်းရောက်မူဆလင်များ ရခိုင်ပြည်ကို ခွဲထုတ်ရန် ကြံစည်ခြင်း
ဗမာပြည်ကို အိန္ဒိယအင်ပါယာထဲက ခွဲမထုတ်ခင်မှာ ရခိုင်ပြည်မြောက်ပိုင်းက အစွန်းရောက် မူဆလင်ခေါင်းဆောင် တချို့ ဟာ အိန္ဒိယပြည် ကရာချိမြို့ကိုသွားပြီး မူဆလင်လိဂ် Muslim League ခေါင်းဆောင်တွေကို အနည်းဆုံး မောင်တောနဲ့ ဘူးသီးတောင်နယ်တွေဖြစ်နိုင်ရင် ရခိုင်တိုင်းတခုလုံးကို ဗမာပြည်ထဲထည့်မပေးဘဲ အိန္ဒိယထဲမှာထားခဲ့ဖို့ တိုက်တွန်း ကြပါ တယ်။ ဒါပေမဲ့ သူတို့အကြံမအောင်ဘဲ အင်္ဂလိပ်အစိုးရက ရခိုင်တိုင်းဟာ ရန္တပိုစာချုပ်အရ ဗမာပြည်ထဲမှာပါခဲ့တာမို့ ဗမာပြည် ထဲမှာဘဲ ထည့်ပေးလိုက်ပါတယ်။

အဲဒီအချိန်မှာ သီးခြားကိုလိုနီဖြစ်သွားပြီဖြစ်တဲ့ ဗမာပြည်ရဲ့ဝန်ကြီးချုပ် ဦးစောက အိန္ဒိယတိုင်းသားတွေ ဗမာပြည်ထဲကို နိုင်ငံ ကူးလက်မှတ်၊ နိုင်ငံဝင်ခွင့်လက်မှတ် စတာတွေမပါဘဲ မလာရဘူး။ ဗမာပြည်ထဲမှာနေချင်ရင် ဗမာစာ ဗမာစကားတတ်ရမယ်။ ဗမာတိုင်းရင်းသူတယောက်ကိုယူထားပေမဲ့ အထက်အပါအချက်အလက်တွေနဲ့မပြည့်စုံရင် ဗမာပြည်ထဲမှာ နေခွင့်မပေးနိုင် ဘူး စတဲ့ကန့်သတ်ချက်တွေပါတဲ့ U Saw- Shankar စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အိန္ဒိယတိုင်းသားတွေဘက်ကတော့ မကျေ နပ်ဘူးပေါ့။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်လာတာနဲ့ ဗမာပြည်ကိုလည်း ဂျပန်သိမ်း၊ အိန္ဒိယတိုင်းသားတော်တော်များများ လည်း အိန္ဒိယ ပြန်ပြေးဖြစ်သွားတယ်။ ၁၉၄၂ ခုနှစ် ရခိုင်-ဘင်္ဂလီအဓိကရုဏ်းကိစ္စကိုတော့ လူတိုင်းလောက်သိနေတာကြောင့် ကျွန်တော်မပြောတော့ပါဘူး။

စစ်ပြီးတဲ့အချိန်မှာ စစ်တကောင်းသားတွေ ရခိုင်ပြည်ထဲကို ပြန်ဝင်လာတယ်။ သူတို့နဲ့အတူ လူသစ်တွေပါ ခေါ်လာတယ်။ အဲဒီလူသစ်တွေကြောင့် မောင်တောနဲ့ဘူးသီးတောင်နယ်က ရခိုင်အများစုဟာ သူတို့ရဲ့လယ်ယာမြေ စသည်တို့ကို ဆုံးရှုံး သွားပြီး တောင်ပိုင်းကို ဆင်းလာရတယ်။ အဲဒီအချိန်ကစပြီး ဝင်လာတဲ့စစ်တကောင်းသားအုပ်စုကို ဒုတိယကမ္ဘာစစ်အပြီးနဲ့ မြန်မာပြည်လွတ်လပ်ရေးရပြီးမှထပ်ဝင်လာတဲ့ ဘင်္ဂလီအုပ်စုလို့ သတ်မှတ်မယ်။

၁၉၄၇ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယဟာ အိန္ဒိယနဲ့ပါကစ္စတန်ဆိုတဲ့ Dominion နိုင်ငံ နှစ်ခုကွဲသွားတယ်။ ဗမာပြည်မှာတော့ ဗိုလ် ချုပ်အောင်ဆန်းတို့က Dominion အဆင့်ကိုမယူဘဲ လုံးဝလွတ်လပ်ရေးကိုသာ တောင်းဆိုနေတဲ့အချိန်ဖြစ်တယ်။ ၁၉၄၆ ခုနှစ်မှာ ရခိုင်ပြည်မြောက်ပိုင်းက အယူသည်း မူဆလင်အုပ်စုတစုဟာ ကရာချိကိုသွားပြီး နောင် ပါကစ္စတန်ခေါင်းဆောင် ဖြစ်လာမည့် မိုဟာမက် အလီဂျင်းနားနဲဲ့တွေ့ပြီး မောင်တော ဘူးသီးတောင်နဲ့ ရသေ့တောင်နယ်တွေကို အရှေ့ပါ ကစ္စတန် ထဲကို ထည့်ခိုင်းဘို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ဂျင်းနားကို ဗမာပြည် ပြည်တွင်း ရေးကိစ္စမှာ ဝင်မစွက်ဘို့ ခပ်ပြတ်ပြတ်ပြောလိုက်တာကတကြောင်း၊ ဂျင်းနားဟာ အာသံကို အရှေ့ ပါကစ္စတန်နယ်ထဲ ထည့်ဘို့ကြိုးစားရာမှာ အရေးမလှခဲ့တာကတကြောင်းတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်အသွား ဒေလီမှာ နေရူးနဲ့ တွေ့ပြီးနောက် ကရာချိမှာ ဂျင်းနားနဲ့တွေ့ချိန်မှာ ဂျင်းနားက ဗမာပြည်ကိစ္စမှာ သူလုံးဝ ဝင်မစွက်ပါဘူးလို့ ကတိပေးလိုက်ပါ တယ်။ ဒါပေမဲ့ ဗို်လ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပြီးနောက်ပိုင်း ဗမာပြည် လွတ်လပ်ရေးမရမီအချိန်ကလေးအတွင်းမှာ မူဂျာဟစ် သူပုန် (၎င်းအချိန်က ဗမာအခေါ် ကုလားဆိုး) ဆိုတာ ပေါ်လာတယ်။ အဲဒီ သူပုန်တွေကို အင်္ဂလိပ်တပ်မှူး ရော်ဂျာ ကမ်ပက်ညှက် (Lt. Colonel Roger Campagnag) ဦးစီးတဲ့ ဗမာစစ်တပ်တွေ ဘယ်လိုတိုက်ခဲ့ရတယ်ဆိုတာ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးက အင်တာဗျူးမှာ ပြောသွားခဲ့ပြီးဖြစ်လို့ အကျယ်မပြောတာ့ပါဘူး။

လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဗမာ့လက်နက်ကိုင်တပ်ပေါင်းစုက မူဂျာဟစ် သူပုန်တွေကို ဆက်တိုက်နေရဆဲဘဲ ဖြစ်ပါတယ်။ ဂျင်းနား ကွယ်လွန်သွားပြီး နောက်ပိုင်းမှာ အရှေ့ပါကစ္စတန် အုပ်ချုပ်ရေးပိုင်းကရော စစ်ဘက်ကပါ ဒီမူဂျာဟစ် သူပုန်တွေကို ဥပဒေလွတ် လက်တလုံးခြား ကူညီခဲ့တယ်။ ဥပမာပြရရင် ဗမာဘက်ကတိုက်လိုက်ရင် နယ်စပ်ကျော်ပြီး ထွက် ပြေးတယ်။ ဗမာဘက်က ဖမ်းလို့မရဘူး။ သူတို့ကို ဖမ်းပေးပါလို့ပြောရင်လည်း ဖမ်းမပေးဘူး။ နောက်ဆုံး မူဂျာဟစ်သူပုန်ခေါင်း ဆောင် ကာဆင်ဟာ ကော့ဘဇားခေေါ် ဖလောင်းချိတ်မြို့မှာရှိနေတာကို ဗမာအစိုးရက အထောက်အထား အခိုင်အလုံနဲ့ တင်ပြပြီး တောင်းဆိုပေမဲ့ ပါကစ္စတန်အစိုးရက ကာဆင်ကို သူတို့အကျယ်ချုပ်ချထားပါတယ်လို့ဘဲ အကြောင်းပြန်ခဲ့ပါတယ်။ တချိန်တည်းမှာဘဲ အရှေ့ပါကစ္စတန်က တရားမဝင်ခိုးဝင်တဲ့သူတွေဟာလည်း ရခိုင်တိုင်းထဲကို နည်းအမျိုးမျိုးနဲ့ ရောက်ရှိလာ ပါတယ်။ တချို့က နယ်စပ်ကိုဖြတ်ပြီး ခြေလျင်ကူးလာတယ်။ တချို့က လှေသမ္ဗာန်တွေနဲ့ အုပ်စုလိုက် ညအချိန်မှာ ခိုးကူး ကြတယ်။ အဲဒါကို ဒေသခံ ပိုက်ဆံချမ်းသာတဲ့မူဆလင်များက သူတို့ပိုင် အုန်းတောတွေ လယ်တွေထဲမှာ ဝှက်ထားပေးပြီး ဗမာစကားနဲ့ ရခိုင်စကားကို ဖြတ်လမ်းနဲ့ သင်ပေးတယ်။ ဗမာစကား ရခိုင်စကား ထမင်းစားရေသောက်တတ်ပြီဆိုရင် ဒီမူဆ လင်များဟာ အနီးအနားက မြို့ရွာတွေကို ကူးသွားကြတယ်။ လူဝင်မှု ကြီးကြပ်ရေးတို့ နယ်ခြားပုလိပ်တို့က စစ်ဆေးရင်လည်း ရွာခံဘင်္ဂလီများကအစ ဘင်္ဂလီသူကြီးအဆုံး ဝိုင်းပြီး ဒီလူတွေဟာ ဒီရွာမှာမွေး ဒီရွာမှာကြီးတဲ့သူတွေပါလို့ လိမ်ညာပေး ကြတယ်။ အဲဒီလိုနဲ့ ၁၉၅၈ခုနှစ် အမျိုးသား မှတ်ပုံတင် ကဒ်ပြား စပေါ်လာတဲ့အချိန်မှာ ဲဘင်္ဂလီများ အနည်းဆုံး တသိန်းကျော် ဟာ မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်ပြားကို ရသွားကြတယ်။ ဦးနုအစိုးရကလည်း ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်တွေနဲ့ ရတည (ရခိုင်တိုင်းရင်းသား ညီညွတ်ရေး ပါတီ) က အမတ်တွေဟာ ဖဆပလကိုမထောက်ခံဘဲ အတိုက်အခံ ပမညတကို ထောက်ခံကြတာကြောင့် အငြိုးထားပြီး ခိုးဝင်လာတဲဲ့ဘင်္ဂလီများ လိမ်လည်ပြီး မြန်မာနိုင်ငံသားဖြစ်လာကြတာကို မျက်စိ မှိတ်ပြီး ကြည့်နေခဲ့ကြတယ်။ အဲဒါကြောင့် ၁၉၅၆ ရွေးကောက်ပွဲမှာ ဘူးသီးတောင်။ မောင်တော မဲဆန္ဒနယ်တွေမှာ ဦးစံ ထွန်းအောင် (ဒေါက်တာအေးချမ်း၏ဖခင်) နဲ့ ကမန် မူဆလင်အမျိုးသား ရှေ့နေ ဦးဖိုးခိုင်တို့ ရှုံးနိမ့်ကြပြီး အဗ္ဗဒူ ဂါဖါး၊ စူလတန် မာမွတ်၊ အဘူဘော်ရှောနဲ့ အဘူခိုင်ဆိုတဲ့ ဘင်္ဂါလီ အမတ်လေးယောက် ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော် ကို တက်ခွင့်ရသွားတယ်။ သူတို့ကတော့ ရခိုင်ပြည်မှာမွေးပြီး ရခိုင်ပြည်မှာ ကြီးတဲ့သူတွေမို့လို့ ရခိုင်စကားနဲ့ ဗမာစကားအပြင် သူတို့ရဲ့မိခင်ဘာသာဖြစ်တဲ့ ဘင်္ဂလီစကားကိုပါ ကောင်းစွာတတ်ကြပါတယ်။ ဒီအမတ်တွေက ဦးနုအစိုးရကို ထောက်ခံကြပါ တယ်။ ဒါပေမဲ့ ၁၉၅ဝ ခုနှစ် သြဂုတ်လမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုစထွင်ခဲ့တယ်ဆိုတဲ့ အဗ္ဗဒူဂါဖါးကိုယ်တိုင် လွှတ်တော် ထဲမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို မသုံးနိုင်ခဲ့ပါဘူး။ အကြောင်းကတော့ သူတို့လေးဦးထဲမှာ ဝါအကြီးဆုံးဖြစ်တဲ့ စူလတန်မာမွတ် က အဲဒီနာမည်ကို လက်မခံလို့ပါဘဲ။ စူလတန်မာမွတ်ကတော့ ရခိုင်နေ မူဆလင် (Arakani Muslim) ဆိုတဲ့နာမည်ကို ပို သဘောကျပုံ ရပါတယ်။

ဦးနုနဲ့ ဦးဗဆွေတို့ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့စဉ်က ရိုဟင်ဂျာဆိုတဲ့နာမည်ကို မဆင်မခြင် သုံးခဲ့ကြ တယ်။ ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်တွေကိုယ်တိုင်က ဒီနာမည်ကို ပေါက်လွှတ်ပဲစားသုံးလိုက်တော့ တချို့သတင်းစာတွေ စာရေးသူတွေကလည်း လိုက်ရေးလာကြတာပေါ့။ နောက်ဆုံး နာမည်ကျော် မြန်မာ့သမိုင်းဆရာကြီး G. H. Luce ကိုယ်တိုင် ၁၉၅၆ ခုနှစ်က ရေးခဲ့တဲ့စာတမ်းတခုမှာ အဲဒီနာမည်ကို ထည့်သွင်းရေးသားခဲ့တာကို တွေ့ရတယ်။ အင်္ဂလိပ်ခေတ် တခေတ် လုံးမှာတော့ ဒီနာမည်ကို တခါမှ မသုံးဘူးပါဘူး။ အိမ်စောင့်အစိုးရခေတ်မှာတော့ ဒီနာမည်ပျောက်သွားတယ်။

၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်ကြတော့ သန့်ရှင်း ဖဆပလက ဦးနုရော တည်မြဲ ဖဆပလက ဦးဗဆွေရော ဒီနာ မည်ကို မဆင်မခြင် သုံးကြပြန်တယ်။ ရွေးကောက်ပွဲနိုင်ပြီး ဦးနုဝန်ကြီးချုပ်ဖြစ်လာချိန်မှာ ဒီရိုဟင်ဂျာဆိုတဲ့ ဘာသာစကားကို ဗမာ့အသံမှာ အင်္ဂလိပ်နဲ့ ဟင်ဒူနီစတန်နီဘာသာတို့နဲ့အတူ အသံလွှင့်ခွင့်ပြုခဲ့တယ်။ အဲဒါကို ကုလားတွေကဂုဏ်ယူပြီး ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ဦးနုက အသိအမှတ်ပြုတယ်လို့ ပြောနေကြတယ်။ အဲဒီလိုဆိုရင် အင်္ဂလိပ်နဲ့ ဟင်ဒူနီစတန်နီ ဘာသာစကားတွေဟာလည်း အလိုလိုနေရင်း တိုင်းရင်းဘာသာစကားတွေ ဖြစ်ကုန်ကြတော့မှာပေါ့။

၁၉၆ဝ ခုနှစ် ဦးနုအစိုးရခေတ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ မူဂျာဟစ်သူပုန်တွေ လက်နက်ချတယ်။ အဲဒီလက်နက်ချပွဲ အခမ်း အနားမှာ ဒုကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီးက အဲဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုုံးကို မဆင်မခြင် သုံး နှုံးလိုက်ပြန်တယ်။ အဲဒါကြောင့် ရန်ကုန်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ အထက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက သူ့ကို ကောင်းကောင်းဆဲတယ်ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ နောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဦးနုအစိုးရကို ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်တော့ တိုင်းပြည်ထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားမကြားရတော့ဘူး။ ဗမာ့အသံမှာလည်း နိုင်ငံခြားဘာသာ အစီအစဉ်မှာ အင်္ဂလိပ်ဘာသာတခုဘဲ လွှင့်ခွင့်ရတော့တယ်။ ဟင်ဒူနီစတန်နီရော ရို ဟင်ဂျာပါ လွှင့်ခွင့်မပြုတော့ဘူး။ ဒါပေမဲ့ တဘက်မှာလည်း ရခိုင်ပြည်ထဲကို ခိုးဝင်တဲ့ဘင်္ဂလီများက ရှိဆဲဘဲ။ မြန်မာ လူဝင်မှု ကြီးကြပ်ရေးတွေ ဖောက်ပြန်မှုတွေလည်း ပါတာပေါ့။

အကြီးဆုံး လူဝင်မှု လှိုင်းကြီးကတော့ ဘင်္ဂလာဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲလို့ ခေါ်တဲ့ အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန် နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် ဖြစ်ချိန်မှာပါ။ အဲဒီအချိန်က ဘီဘီစီ သတင်းဌာနဲ့ ကြေညာချက်အရ အိန္ဒိယပြည်ထဲမှာ အရှေ့ပါ ကစ္စတန် စစ်ပြေးဒုက္ခသည် ဆယ်သန်းရောက်နေပြီး မြန်မာပြည်ထဲမှာလည်း တသန်းခွဲကနေ နှစ်သန်းအထိ ရောက်နေနိုင် တယ်လို့ ခန့်မှန်းတယ်။ အိန္ဒိယအစိုးရကတော့ ပွင့်ပွင့်လင်းလင်းရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဖော်ပြ လိုက်ပြီး အကူအညီတောင်းတယ်။ ဗမာပြည်ဘက်ကတော့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီဟာ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေဝင်လာမှာကို အရမ်းကြောက်ပြီး ဘယ်သူ့ကိုမှမဖိတ်ခေါ်ဘဲ ရှိတ်မူဂျီဘို ရာမန်ရဲ့ အဝါမီလိဂ် အစိုးရကို ချက်ချင်းအသိအမှတ်ပြုလိုက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြန်ပို့ဖို့လုပ်တယ်။

ရှိတ်မူဂျီဘို ရာမန် ကလက်ခံပါတယ်။ ဒါပေမဲ့ ဗမာပြည်ရဲ့ အရသာကိုသိသွားတဲ့ ဘင်္ဂလီအများစုကတော့ တဖြည်းဖြည်း တရားမဝင် ပြန်လည်ဝင်ရောက်လာကြတာပါဘဲ။ ဒါကြောင့်လည်း ၁၉၇၅ ခုနှစ်က ရန်ကုန်မြို့မှာ ဘင်္ဂလားဒေ့ရှ် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာကိုင်ဇာက မြန်မာနိုင်ငံတွင်းမှာ တရားမဝင်ရောက်ရှိနေသော ဘင်္ဂလာ ဒေ့ရှ် နိုင်ငံ သား ငါးသိန်းကျော်ရှိနေသေးကြောင်း သူ့ကိုပြောတယ်လို့ မြန်မာပြည်ဆိုင်ရာဗြိတိသျှသံအမတ် O’Brien က သူ့အစိုးရဆီနဲ့ ဓနသဟာယနိုင်ငံများအဖွဲ့ဆီကိုပို့တဲ့ အစီရင်ခံစာမှာ ရေးထားပါတယ်။ (ဒီစာရဲ့ဖိုတိုကော်ပီ စာရေးသူဆီမှရှိပါတယ်)။ ဒီ ဘင်္ဂလီတွေကိုတော့ အရှေ့ပါကစ္စတန်လွတ်လပ်ရေးစစ်ပွဲအတွင်း ရောက်လာတဲ့ဘင်္ဂလီ၊ ဘင်္ဂလားဒက်ရှ် လွတ်လပ်ရေးစစ်ပွဲ နောက်ပိုင်းရောက်လာတဲ့ ဘင်္ဂလီလူဝင်မှုလှိုင်းကြီးလို့ ခေါ်နိုင်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဘင်္ဂလာဒေ့ရှ်မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်တယ်။ ပါကစ္စတန်ဘက်ယိမ်းတဲ့ဂိုဏ်းက ဗိုလ်ချုပ်ကြီး ဇီယာ အူရာမန် အာဏာရလာတယ်။ ရှိတ်မူဂျီဘိုရာမန်နဲ့ မိသားစုတစုလုံး အသတ်ခံရတယ်။ အခု လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဟာ လန်ဒန်မှာ ပညာသင်နေဆဲမို့ ကံကောင်းပြီး လွတ်သွားတယ်။ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အ နောက်အုပ်စုနဲ့နီးစပ်တဲ့ အာရပ်နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသိအမှတ်ပြုလာကြတယ်။ ရှိတ်မူဂျီဘို ရာမန် ခေတ် တုန်းကတော့ ဆိုဗီယက် ရုရှား။ အရှေ့အုပ်စုတို့နဲ့ နီးစပ်လွန်းတာကြောင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံကို အနောက် အုပ်စုနဲ့ တရုတ် တို့က အသိအမှတ် မပြုကြပါဘူး။

အဲဒီအချိန်မှာဘဲ ဗမာပြည်မှာ တရုတ်နယ်စပ်က ဗကပပြဿနာတွေကြောင့် မဆလအစိုးရဟာ တရုတ်နဲ့ ပြဿနာတက် နေတယ်။ ဗကပတွေကို ဗုံးကြဲတယ်။ မြန်မာ့လေတပ်က ကိုးရီးယားစစ်လက်ကျန် ခေတ်မမီတော့တဲ့ ဂျက်တိုက်လေယဉ် ငါးစင်းကို တရုတ်ကပစ်ချလို်က်တယ်လို့ ဗမာအစိုးရကိုမကြိုက်သူတွေက သတင်းလွှင့်တယ်။ ဗမာပြည်ထဲမှာတော့ တောင် ကိုတိုက်မိလို့ ပျက်ကျသွားတယ်လို့ဘဲ ကြေညာတယ်။ အဲဒီအချိန်မှာဘဲ မဆလအစိုးရဟာ ရခိုင်ပြည်ထဲမှာ ဘင်္ဂါလီဦးရေ ဖောင်းပွနေတာကိုသတိထားမိပြီး နဂါးမင်းစစ်ဆင်ရေးလုပ်တယ်။ ဘင်္ဂလီများ သိန်းနဲ့ချီပြီး ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးကြတယ်။

ဒါပေမဲ့ ဘင်္ဂလာဒေ့ရှ်နဲ့ အရမ်းအလွမ်းသင့်နေတဲ့ အမေရိကန်။ တရုတ်စတဲ့ နိုင်ငံကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် တ ကြောင်း။ လူဝင်မှုကြီးကြပ်ရေးတွေ လာဘ်စားပြီးထုတ်ပေးထားတဲ့ တရားမဝင် အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေကြောင့် တကြောင်း ထွက်ပြေးတဲ့လူထက် ပိုများတဲ့လူတွေကို ပြန်လက်ခံလိုက်ရတယ်။

နောက်တခါ ၁၉၉၁ ခုနှစ် ဘင်္ဂလားဒက်ရှ်နိုင်ငံထူထောင်ပြီး မှလူဦးရေပေါက်ကွဲမှုကြောင့် ရောက်လာတဲ့ဘင်္ဂလီတွေကြောင့် ပြည်သာယာ စစ်ဆင်ရေးလုပ်တော့လည်း ဒီအတိုင်းဘဲ။ တရုတ်ကတော့ ဖိအားမပေးတော့ပါဘူး။ နဝတနဲ့အရမ်း အလွမ်း သင့်နေလို့ပါဘဲ။ ဒါပေမဲ့ အနောက်အုပ်စုနဲ့ အစ္စလမ်နိုင်ငံတွေရဲ့ ဖိအားက မဆလခေတ်မှာထက် ပိုပြီးပြင်းထန်လာတယ်။ အကြောင်းကတော့ နဝတဟာ မဆလထက်နာမည် ပိုပျက်ခဲ့လို့ပါဘဲ။

တချိန်တည်းမှာ အသားထဲက လောက်ထွက်ဆိုသလို ဗမာအတိုက်အခံတချို့ဟာ ငါနဲ့မတူ ငါ့ရန်သူ။ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ ဆိုတဲ့ထုံးကို နှလုံးမူပြီး ဒီရိုဟင်ဂျာတွေဘက် ဝါဒဝင်ဖြန့်ပေးကြတယ်။ တချို့ အတိုက်အခံ အဖွဲ့အစည်းတွေဆိုရင် အာရပ်နိုင်ငံတွေကပေးတဲ့ ပိုက်ဆံတွေကိုယူပြီး ရိုဟင်ဂျာဆိုသူတွေအတွက် သမိုင်းလိမ်ပြီး ဝါဒဖြန့်စာစောင်တွေ မြန်မာဘာ သာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ရေးသားပေးကြတယ်။ အဲဒါနဲ့ ဒီတခါမှမရှိဘူးတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ ကမ္ဘာကျော် ဖြစ်လာပါတော့တယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့လူဦးရေတိုးပွားမှုဟာ အဆမတန်ကြီးထွားနေပြီး လူဦးရေပေါက်ကွဲမှု ဖြစ်လာပြီး အိမ်နီးချင်းမြန်မာနဲ့ အိန္ဒိယပြည်တွေထဲခိုးဝင်ကြလို့ အိန္ဒိယနယ်ခြားစောင့်တပ်ကပစ်သတ်ခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေ ရာကျော်နေပါပြီ၊ အာသံဒေသခံတိုင်းရင်းသားတွေနဲ့ တရားမဝင်နေထိုင်သူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပြီး အဓိက ရုဏ်းတွေကြောင့် သေကြေပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယဟာ အနုမြူလက်နက် ပိုင်နိုင်ငံကြီးဖြစ်တဲ့အပြင် အိန္ဒိယ အစိုးရအဆက်ဆက်ဟာ ဒီမိုကရေစီနည်းနဲ့အရွေးချယ်ခံထားရတဲ့အစိုးရတွေဖြစ်လို့ ဘယ်နိုင်ငံကမှ ဝင်မစွက်ရဲပါဘူး။

မြန်မာစစ်အစိုးရအဆက်ဆက်ကတော့ နာမည်မကောင်းခဲ့လို့ ဝိုင်းပယ်ခံနိုင်ငံဖြစ်ခဲ့ရပြီး အမှန်ကိုပြောပေမဲ့ ‘ကျားကျား မီး ယပ်’ အလုပ်ခံခဲ့ရတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေလှေနဲ့ထွက်သွားပြီး ရောက်ရာနိုင်ငံမှာ မြန်မာပြည်က ‘ရိုဟင်ဂျာ’ ဆိုပြီး ညာကြတယ်၊ မြန်မာစကားပြန်ခေါ်လာပေးတော့လည်း မြန်မာစကားမတတ်ဘူး။ ဘင်္ဂလီစကားပြန်ပေးပါလို့ပြော လာပြန် တယ်၊ အဲဒီလိုလူတွေကို မြန်မာပြည်ကလူတွေဆိုပြီး မီဒီယာတချို့က ဝင်လိမ်ပေးကြတယ်။ အင်္ဂလန်က လာပါတယ်ဆိုပြီး ရုရှားစကားပြန်တောင်းတဲ့သူတွေကို ကျုပ်တို့က မတရားသက်သေဝင်လုပ်ရင် သူတို့လက်ခံမှာလားလို့သာ မေးချင်ပါတယ်။

အခုအချိန်မှာတော့ “ယာရှင်ကို မျောက်မောင်း” “သူခိုးကလူလူဟစ်” ဆိုတဲ့ စကားပုံတွေအတိုင်း အစွန်းရောက်မူဆလင်များရဲ့ မတရား ဝါဒဖြန့်မှုကို မြန်မာနိုင်ငံအစိုးရ၊ ဗမာတွေနဲ့ ရခိုင်တွေဟာ ကမ္ဘာတဝှမ်းမှာ ခံနေရပါတယ်။ သမိုင်းလိမ် ဓါတ်ပုံ လိမ်တွေကိုပြပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင် အဓိကရုဏ်း ဖြစ်သလိုလို ရခိုင်နဲ့ဗမာတွေကဘဲ အင်မတန် သနားစရာကောင်းတဲ့ ရိုဟင်ဂျာတွေကို သွေးချောင်းစီး သတ်နေသလိုလို ကမ္ဘာအနှံ့မှာ လျှောက်ပြီး ဝါဒဖြန့်ကြ ပါတော့တယ်။ အဲဒီ ဝါဒဖြန့်ချက်ဟာ အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာတော့ ထိရောက်မှုမရှိလှပေမဲ့ မျက်ကန်းမျိုးချစ် များတဲ့ မူဆလင်ကမ္ဘာမှာတော့ အတော်လေးထိရောက်မှုရှိပြီး မြန်မာနိုင်ငံအစိုးရဟာ ဖိအားပေးတာတို့ ခြိမ်းခြောက်တာတို့ လုပ်တာကို ခံနေရပါတယ်။

တရားကို နတ်စောင့်ဆိုတဲ့ စကားရှိပေမဲ့ အဲဒီတရားကိုစောင့်တဲ့နတ်ဟာ မျက်ကန်းမျိုးချစ် အစ္စလမ္မစ်နတ်ဆိုးကို လောလော ဆယ်မှာတော့ နိုင်ဦးမယ်မထင်ပါ။ ရေရှည်မှာတော့ ဓမ္မဟာ အဓမ္မကိုနိုင်တတ်တာ ဓမ္မတာပါ။ ဒါကြောင့် မိမိဘက်က အမှန် ဖြစ်နေသော်လည်း ရခိုင်တွေ ဗမာတွေ ဗုဒ္ဓဘာသာတွေ အားလုံးကို မေတ္တာရပ်ခံချင်တာက ဒေါသကိုရှေ့မထားဘဲ သတိတမံ ဉာဏ်မြေကတုတ် ပညာစွမ်း ချွန်းကဲ့သို့အုပ် ဆိုတဲ့ စကားပုံနဲ့အညီ နေထိုင်ကြပါ။

တချိန်တည်းမှာဘဲ မြန်မာနိုင်ငံထဲမှာရှိတဲ့ မြန်မာ မူဆလင်တွေကို မေတ္တာရပ်ခံချင်တာကလည်း မြန်မာမူဆလင် ကိုမြအေး ပြောသလို မြန်မာမူဆလင်တွေဟာ အမိမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိရမယ်၊ နိုင်ငံခြားသား အစ္စလမ်ဘာသာဝင်တွေဘက် က ရှေ့နေလိုက်စရာ ဝင်ကူစရာမလိုဘူးဆိုတာကို သတိမူကြပါ။ ဆရာကြီး ဦးရာဇတ်တို့ ခေါင်းဆောင်ခဲ့တဲ့ မြန်မာမူဆလင် ကွန်ဂရက်ရဲ့ ၁၉၅ဝခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ပါ ကြေညာစာတမ်းအတိုင်း မြန်မာမူဆလင်များသည် တိုင်းတပါးသား မူဆ လင်များကို ညီရင်းအကိုပမာ ချစ်ခင်မည်ဖြစ်သော်လည်း ၎င်းနိုင်ငံခြားသား မူဆလင်များနှင့် အမိမြန် မာနိုင်ငံတို့ ပြဿနာ ပေါ်လာခဲ့လျှင်ကား ကျွနု်ပ်တို့ မြန်မာမူဆလင်များသည် အမိမြန်မာနိုင်ငံဘက်မှ သစ္စာရှိစွာ ရပ်တည်ကြမည်ဆိုသော ဆောင် ပုဒ်ကို သတိရကြပါ။ ၎င်းဆောင်ပုဒ်အတိုင်း လိုက်နာကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဝင်များ အာရပ်နဲ့မူဆလင်နိုင်ငံတွေမှာနာမည်ပျက်နေရတာ သူတို့နိုင်ငံတွေကို သတင်းမှန်တွေ မ ရောက်လို့ပါ။ မြန်မာပြည်မှာဘာသာပေါင်းစုံချစ် ကြည်ရေးပူးပေါင်းဆောင်ရွက်နေကြတာ၊ မင်းလှမှာမူဆလင်ဘာသာ ဝင် တွေကို ရဟန်းတွေခေါင်းဆောင်တဲ့ဗုဒ္ဓဘာသာ ဝင်တွေကကယ်ပြီးရန်ကုန်အထိလိုက်ပို ့ပေးတယ်ဆိုတဲ့သတင်းမျိုးတွေ အာရပ်နဲ့မူဆလင်နိုင်ငံတွေကိုရောက်ရပါမယ်။ မြန်မာပြည်မှာရှိတဲ့ မူဆလင်ဘာသာရေးအဖွဲ့အစည်းတွေကလည် းတရားဝင် ကြေညာချက်တွေ အင်္ဂလိပ်၊ မြန်မာ၊ အူရဒူ၊ အာရပ် လေးဘာသာနဲ့ထုတ်ဝေပေးသင့်ပါတယ်။ နောက်ပြီးကမ္ဘာပတ်ကာ မြန်မာပြည်၊ မြန်မာတွေနဲ့ ဗုဒ္ဓဘာသာကို နည်းမျိုးစုံနဲ့နာမည်ဖျက်နေ၊ လုပ်ကြံသတင်းတွေလွှင့်နေတဲ့လူတွေကို မြန်မာပြည်က မူဆလင်အသင်းတွေက ရှုံ့ချကြောင်း ဒီကောင်တွေ့နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်ကြေညာချက်တွေ အင်္ဂ လိပ်၊ မြန်မာ၊ အူရဒူ၊ အာရပ် လေးဘာသာနဲ့အတိအလင်းကြေညာသင့်ပါတ ယ်။

အဲဒီကြေညာချက်တွေထွက်လာတာနဲ့ မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဝင်များဟာ အာရပ်နဲ့မူဆလင်နိုင်ငံတွေမှာနာမ ည်မပျက် တော့မည့်အပြင် မြန်မာပြည်ကမူဆလင်အသင်းတွေဟာလည်း မြန်မာပြည်သူလူထုကြီးရဲ့ လေးစားချစ်ခင် ယုံကြည်မှုတွေရ လာမှာ သေချာပါတယ်။

ခရစ်ယာန်၊ ဟိန္ဒူနဲ့ အခြားဘာသာဝင်များအတွက်လည်း အထူးမှာကြားလိုတာကတော့ ဒီကိစ္စဟာ လူများစု ဗုဒ္ဓဘာသာဝင် များနှင့် လူနည်းစု ဘာသာဝင်တခု၏အကြားဖြစ်သည့် ပဋိပက္ခမဟုတ်ပါ။ မြန်မာ နိုင်ငံတွင်းကို ကျူးကျော် ဝင်ရောက်လာတဲ့ တိုင်းတပါးသားများက အရိပ်နေနေ အခက်ချိုးချိုး မြန်မာနိုင်ငံပိုင် တစိတ်တဒေသကို ဖဲ့ထုတ်လိုတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ၁၉၃၇ ခုနှစ် မတိုင်မီကတည်းကပင် စ၍ ကြံစည်နေခဲ့သောကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မည်သည့်ဘာသာဝင် ပင်ဖြစ်စေ အမိမြန်မာနိုင်ငံအား သစ္စာရှိကြပါလို့ အထူးပန်ကြားလိုပါတယ်။

● နိဂုံး
ဗမာစကားမှာ ပွဲလန့်တုန်းဖျာခင်းဆိုတဲ့စကားပုံ ရှိပါတယ်၊ ဒီရိုဟင်ဂျာဆိုတဲ့ပြဿနာဟာလည်း မြန်မာပြည်မှာ နိုင်ငံရေး အကြပ်အတည်းတွေနဲ့အတူပေါ်လာလေ့ရှိတာကို သတိထားမိကြပါလိမ့်မယ်။ လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ လုပ်ချင်တဲ့ သဘောလည်းပါသလို လူသားချင်းစာနာစိတ်၊ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးလှလှလေးတွေသုံးပြီး ပွဲကိုလှန့်ပြီး ဖျာဝင်ခင်း မည့်သဘောလည်း ပါနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သတိရှိကြစေလိုပါတယ်။

ခင်မောင်စော (ဘာလင်)



The Mog Nation Wiki

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s